Premier League Transfer News

ေဈးႏွဳန္းေလ်ာ့ခ်ေပးႏုိင္တဲ့ လက္စတာေနာက္ခံလူကို ေခၚယူႏုိင္ဖို႔ ခ်ဲလ္ဆီး ေမွ်ာ္လင့္ခ်က္ရွိလာ

ခ်ဲလ္ဆီးအသင္းရဲ႕ ကာလၾကာရွည္ပစ္မွတ္တစ္ခုျဖစ္တဲ့ လက္စတာစီးတီးအသင္းရဲ႕ ဘယ္ေနာက္ခံလူ ဘန္ ေခ်းလ္ဝဲလ္ကို လက္ရွိ ကိုဗစ္-၁၉ ေၾကာင့္ က်ဆင္းလာၿပီး အေရာင္းအဝယ္ေအးေနတဲ့ ေဈးကြက္မွာ မူလေခၚေဈးထက္ ေလွ်ာ့ခ်ေပးႏုိင္တာေၾကာင့္ နည္းျပ ဖရန္႔ လမ္းပတ္နဲ႔ တာဝန္ရွိသူေတြ ေမွ်ာ္လင့္ခ်က္ရွိလာခဲ့ပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ အဂၤလန္ဘယ္ေနာက္ခံလူဟာ ပရီးမီးယားလိဂ္ရဲ႕ တိုက္စစ္ပံ့ပိုးမွဳအေကာင္းဆုံး ေနာက္ခံအစြန္လူေတြထဲက တစ္ဦးျဖစ္ၿပီး လက္စတာစီးတီးအသင္းရဲ႕ ငယ္ေမြးၿခံေပါက္ကစားသမားတစ္ဦးျဖစ္သလို သူ႕အတြက္ ေပါင္ ၈၅ သန္း ရမွ ေရာင္းမယ္လို႔ သတ္မွတ္ခံထားရသူလည္းျဖစ္ပါတယ္။

လက္စတာစီးတီးအသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ေႏြရာသီက ဒီေဈးႏွဳန္းအတုိင္းပဲ အဂၤလန္ဗဟိုေနာက္ခံလူ ဟာရီ မက္ဂြဳိင္းယားကို ေရာင္းခ်ထားခဲ့ၿပီး မန္ခ်က္စတာၿမဳိ႕ခံအသင္းေတြက လက္ေလွ်ာ့ထားခဲ့တဲ့ ေခ်းလ္ဝဲလ္ကိုေတာ့ ဘယ္ေနာက္ခံမွာ လိုအပ္ခ်က္ရွိေနတဲ့ ခ်ဲလ္ဆီးအသင္းက လက္ရွိအခ်ိန္အထိ ေစာင့္ၾကည့္ဆဲလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ လာမယ့္ရာသီမွာ ကစားသမားတခ်ဳိ႕ကို ရွင္းထုတ္မွာျဖစ္လို႔ လစာေငြ သက္သာဖို႔ ရွိေနသလို ဒီရာသီကုန္မွာ အက္သလက္တီကို မက္ဒရစ္ကို အၿပီးသတ္ေရာင္းခ်ဖို႔ သေဘာတူညီထားတဲ့ တုိက္စစ္မွဴး အဲလ္ဗာ႐ို မိုရာတာအတြက္လည္း ေျပာင္းေရႊ႕ေၾကးရဲ႕ တစ္စိတ္တစ္ပုိင္း အရစ္တစ္ခုကို ရရွိမွာျဖစ္တာေၾကာင့္ ေခ်းလ္ဝဲလ္အတြက္ ျပန္လည္အသုံးခ်ဖြယ္ရွိေနပါတယ္။

နည္းျပ လမ္းပတ္အေနနဲ႔လည္း ၿပီးခဲ့တဲ့ ဇန္နဝါရီမွာ ကစားသမားသစ္ မရရွိခဲ့တာအတြက္ အသင္းတာဝန္ရွိသူေတြကို ထပ္ၿပီး အစားေတာင္းဆုိဖို႔ ရွိေနသလို ခ်ဲလ္ဆီးအသင္းဘက္ကလည္း ေငြေၾကးအသုံးျပဳဖို႔ စီစဥ္ထားတာေၾကာင့္ ခန္႔မွန္းေျခ ေပါင္သန္း ၅၀ နဲ႔ ၆၀ ၾကားမွာ ေခ်းလ္ဝဲလ္နဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္ နီးစပ္မလား ေစာင့္ၾကည့္ရဖို႔ ေဖာ္ျပေပးလုိက္ပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းရဲ့ ကာလကြာရှည်ပစ်မှတ်တစ်ခုဖြစ်တဲ့ လက်စတာစီးတီးအသင်းရဲ့ ဘယ်နောက်ခံလူ ဘန် ချေးလ်ဝဲလ်ကို လက်ရှိ ကိုဗစ်-၁၉ ကြောင့် ကျဆင်းလာပြီး အရောင်းအဝယ်အေးနေတဲ့ ဈေးကွက်မှာ မူလခေါ်ဈေးထက် လျှော့ချပေးနိုင်တာကြောင့် နည်းပြ ဖရန့် လမ်းပတ်နဲ့ တာဝန်ရှိသူတွေ မျှော်လင့်ချက်ရှိလာခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် အင်္ဂလန်ဘယ်နောက်ခံလူဟာ ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်ပံ့ပိုးမှုအကောင်းဆုံး နောက်ခံအစွန်လူတွေထဲက တစ်ဦးဖြစ်ပြီး လက်စတာစီးတီးအသင်းရဲ့ ငယ်မွေးခြံပေါက်ကစားသမားတစ်ဦးဖြစ်သလို သူ့အတွက် ပေါင် ၈၅ သန်း ရမှ ရောင်းမယ်လို့ သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ နွေရာသီက ဒီဈေးနှုန်းအတိုင်းပဲ အင်္ဂလန်ဗဟိုနောက်ခံလူ ဟာရီ မက်ဂွိုင်းယားကို ရောင်းချထားခဲ့ပြီး မန်ချက်စတာမြို့ခံအသင်းတွေက လက်လျှော့ထားခဲ့တဲ့ ချေးလ်ဝဲလ်ကိုတော့ ဘယ်နောက်ခံမှာ လိုအပ်ချက်ရှိနေတဲ့ ချဲလ်ဆီးအသင်းက လက်ရှိအချိန်အထိ စောင့်ကြည့်ဆဲလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ လာမယ့်ရာသီမှာ ကစားသမားတချို့ကို ရှင်းထုတ်မှာဖြစ်လို့ လစာငွေ သက်သာဖို့ ရှိနေသလို ဒီရာသီကုန်မှာ အက်သလက်တီကို မက်ဒရစ်ကို အပြီးသတ်ရောင်းချဖို့ သဘောတူညီထားတဲ့ တိုက်စစ်မှူး အဲလ်ဗာရို မိုရာတာအတွက်လည်း ပြောင်းရွှေ့ကြေးရဲ့ တစ်စိတ်တစ်ပိုင်း အရစ်တစ်ခုကို ရရှိမှာဖြစ်တာကြောင့် ချေးလ်ဝဲလ်အတွက် ပြန်လည်အသုံးချဖွယ်ရှိနေပါတယ်။

နည်းပြ လမ်းပတ်အနေနဲ့လည်း ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ကစားသမားသစ် မရရှိခဲ့တာအတွက် အသင်းတာဝန်ရှိသူတွေကို ထပ်ပြီး အစားတောင်းဆိုဖို့ ရှိနေသလို ချဲလ်ဆီးအသင်းဘက်ကလည်း ငွေကြေးအသုံးပြုဖို့ စီစဉ်ထားတာကြောင့် ခန့်မှန်းခြေ ပေါင်သန်း ၅၀ နဲ့ ၆၀ ကြားမှာ ချေးလ်ဝဲလ်နဲ့ စတမ်းဖို့ဒ်ဘရစ်ချ် နီးစပ်မလား စောင့်ကြည့်ရဖို့ ဖော်ပြပေးလိုက်ပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.