Match Report Premier League

မန်ချက်စတာယူနိုက်တက်ကို မရှုမလှ အရှက်ခွဲပြီး အိုးလ်ထရက်ဖို့ဒ်မှာ နိုင်ပွဲယူတဲ့ လီဗာပူးလ်

မန်ချက်စတာယူနိုက်တက်အနေနဲ့ သူတို့ရဲ့ အကောင်းဆုံးလူစာရင်းမှာ ပေါ့ဘာတစ်ယောက်ကိုသာ ချန်လှပ်ထားခဲ့ပြီး ကွင်းလယ်မှာ ခံစစ်ကို ပြင်ဆင်တဲ့ မက်တော်မီနေး+ဖရက်ဒ်အတွဲနဲ့ ဒီပွဲကို ချဉ်းကပ်လာခဲ့သလို ခံစစ်မှာ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ လုခ်ရှော၊ ဝန်ဘစ်ဆာကာ၊ တိုက်စစ်မှာ ဘရူနို ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်၊ ရော်နယ်လ်ဒို၊ ဂရင်းဝုဒ်တို့ကို နည်းပြ ဆိုးလ်ရှားက လူစုံထုတ်သုံးလာခဲ့ပါတယ်။

လီဗာပူးလ်တို့ကတော့ ပြီးခဲ့တဲ့ ပွဲတွေမှာ စုတ်ပြတ်သပ်နေခဲ့တဲ့ မာတစ်ပ်ကို အရန်ခုံပို့ပစ်ခဲ့ပြီး ဗန်ဒိုက်နဲ့ ကိုနာတေကို တွဲပေးခဲ့သလို ခံစစ်အစွန်မှာ ရောဘတ်ဆန်နဲ့ အာနိုးလ်ဒ်၊ ကွင်းလယ်မှာ ဖာဘင်ညိုကို မသုံးဘဲ ဟန်ဒါဆန်၊ မီလ်နာနဲ့ ကီတာ၊ တိုက်စစ်မှာတော့ မာနေးကို အရန်ခုံမှာ ထားပြီး ဆာလား၊ ဖာမီနိုနဲ့ ဂျိုတာတို့ကို ကလော့ပ်က သုံးစွဲခဲ့တာပါ။

စောစောစီးစီးမှာပဲ မန်ချက်စတာယူနိုက်တက်တို့ အိမ်ကွင်းမှာ မထင်မှတ်တဲ့ လက်သီးနဲ့ ကြုံခဲ့ရပြီး ကောင်တာကနေ ဖာမီနို ပေးတဲ့ ဘောလုံးကို ဆာလားက လုခ်ရှောဘေးကနေ ခင်းပေးခဲ့ရာမှာ ဂိုးသမား ဒဟေးယားနဲ့ တစ်ယောက်ချင်းတွေ့ခွင့်ရတဲ့ ကီတာက ဘယ်ဘက်ကို ကန်မလို လှည့်စားပြီးမှ ညာဘက်ကို လှိမ့်ဘော အသာအယာကန်သွင်းပြီး လီဗာပူးလ်တို့အတွက် ပွဲချိန် ၅ မိနစ်မှာ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

လီဗာပူးလ်တို့အနေနဲ့ ကစားကွက် အခြေတည်လို့မရဘဲ အထနှေးနေတဲ့ ယူနိုက်တက်တို့ကို ဖိကစားနေခဲ့ပြီး ပွဲချိန် ၁၃ မိနစ်မှာတော့ ခံစစ်မှာ မက်ဂွိုင်းယား အမှားလုပ်ရာကနေ ဆာလား ပြန်ရသွားခဲ့ပြီး ကီးတားကို ပေးရာမှာ အဖွင့်ဂိုးရှင် ဂီနီယာသားက ညာဘက်ကို ထပ်ပို့ပေးခဲ့တာကို အလက်ဇန်းဒါး-အာနိုးလ်ဒ်က ဆွဲဝင်ပြီး အနိမ့်ဘော ဖြတ်ချိုးပေးခဲ့တာကို ဂျိုတာက ဒဟေးယားရဲ့ အဝေးတိုင်ဘက်ကနေ လျှောထိုးပိတ်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

နှစ်ဂိုးပေးလိုက်ရအပြီးမှာတော့ ယူနိုက်တက်တို့ သွေးပူသွားခဲ့ပြီး ကွင်းလယ်နဲ့ တိုက်စစ်မှာ စုဖွဲ့ပြီး ထကြွခဲ့ကြသလို ဂရင်းဝုဒ်က အယ်လစ်ဆန်ကို မကြာခဏ ခြိမ်းခြောက်နေခဲ့ပေမယ့် ရက်ရှ်ဖို့ဒ်ကတော့ ဖြုန်းတီးနေခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်နဲ့ ဖန်တီးမှု တာဝန်ကျ အုပ်စုကလည်း ရော်နယ်လ်ဒိုဆီ ဘောလုံးရောက်အောင် မပေးနိုင်ခဲ့တာကြောင့် အလေအလွင့်တွေပဲ ဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၂၇ မိနစ်မှာ မီလ်နာအစား ကားတစ်ဂျုံးစ် ဝင်ကစားခဲ့ပြီး ၃၂ မိနစ်မှာတော့ ဆာလားရဲ့ ထောင့်ကျဉ်းကန်ချက်ကို ဒဟေးယား ကာကွယ်ခဲ့ရသလို ပွဲချိန် ၃၈ မိနစ်မှာတော့ ဆာလားကပဲ သူကန်ပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ညာခြမ်းကို ခင်းပေးခဲ့ရာမှာ ကီတာက ပြန်ချိုးပေးခဲ့ရာမှာတော့ မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့နှစ်ယောက်ရှေ့က ဦးအောင်ပြေးပြီး ပိတ်သွင်းခဲ့လို့ အီဂျစ်သားရဲ့ ၁၀ ပွဲဆက်တိုက်သွင်းဂိုးနဲ့ သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒီနောက်မှာတော့ ဆာလားကို အဖျက်ကြမ်းတဲ့ လုခ်ရှောနဲ့ လူငယ်ကွင်းလယ်လူ ကားတစ်ဂျုံးစ်ကို မျှမျှတတ မကစားဘဲ ရှုံးမဲမဲပြီး ဘောလုံးလုခဲ့တဲ့ ရော်နယ်လ်ဒိုတို့ အဝါထိခဲ့ကြသလို နာကျင်အချိန်ပို ၃ မိနစ်မှာလည်း ကီတာ ဘောလုံးရယူရာမှာ ခြေထောက်မြှောက်ပြီး ဝင်တဲ့ ဖရက်ဒ်ပါ အဝါထပ်ထိခဲ့ပါတယ်။

နာကျင်အချိန်ပို ၅ မိနစ်မှာတော့ ပေါ့ပေါ့ဆဆ ကစားနေဆဲဖြစ်တဲ့ ယူနိုက်တက်နောက်တန်းရဲ့ ပုံစံကို အခွင့်ကောင်းယူပြီး ရောဘတ်ဆန်က နောက်က ပတ်ပြေးတဲ့ ဂျိုတာကို ထိုးပေးခဲ့ရာမှာ ပေါ်တူဂီသားက ဂိုးရှေ့ကို အနိမ့်ဘော ပြန်ချိုးပေးခဲ့ပြီး ဒါကို ဆာလားကပဲ ဒဟေးယားနဲ့ တစ်ယောက်ချင်း အတွေ့မှာ တည်တည်ငြိမ်ငြိမ် အသုံးသတ်သွားခဲ့လို့ ပထမပိုင်းမှာ လီဗာပူးလ်တို့ လေးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်းအစမှာတော့ ယူနိုက်တက်တို့ ဂရင်းဝုဒ်အစား ပေါ့ဘာကို လူစားလဲပြီး ပြန်လည်စုစည်းကစားခဲ့ပေမယ့် ကံကြမ္မာက သူတို့ဘက်မှာ ရှိမနေခဲ့ဘဲ ဘရူနို ဖာနန်ဒက်စ်ပါ အဝါထပ်ထိခဲ့သလို ပွဲချိန် ၄၉ မိနစ်မှာတော့ ဟန်ဒါဆန်ရဲ့ လှပတဲ့ ပေးပို့မှုကနေ မက်ဂွိုင်းယား တားဆီးဖို့ မမီလိုက်ဘဲ လေးနေတာကနေ ဆာလားက ပြေးထွက်ရယူပြီး ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ သူ့ရဲ့ ဟက်ထရစ်အဖြစ် ဘယ်ခြေနဲ့ ကန်သွင်းယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၅၂ မိနစ်မှာတော့ မက်ဂွိုင်းယားက လီဗာပူးလ်ခံစစ်ပေါ် ကျော်ချပေးခဲ့တဲ့ ဘောလုံးကနေ ရော်နယ်လ်ဒိုက အလက်ဇန်းဒါး အားနိုးလ်ဒ်နဲ့ ကိုနာတေတို့ ကြားက ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် လူကျွံဘောသတ်မှတ်ခံခဲ့ရတာကြောင့် ယူနိုက်တက်တို့ နစ်နာခဲ့ရသလို ပွဲချိန် ၅၅ မိနစ်မှာ မက်ဂွိုင်းယားက ဂျိုတာကို ဂိုးဧရိယာထိပ်မှာ နောက်က ဖျက်ခဲ့လို့ အဝါကတ် ထိခဲ့ပြန်ပါသေးတယ်။

ပွဲချိန်မိနစ် ၆၀ မှာတော့ ကွင်းထဲရောက်တာ ၁၅ မိနစ်ပြည့်ခဲ့တဲ့ ပေါ့ဘာက ကီတာဆီက ဘောလုံးကို လျှောထိုးလုယူရာမှာ ခြေတစ်ချောင်းနဲ့ မဟုတ်ဘဲ ခြေစုံပစ်ဝင်သလိုဖြစ်ခဲ့တာကြောင့် ကနဦးမှာ ဒိုင်လူကြီး အန်ထော်နီ တေလာက အဝါကတ် ပြသခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာတော့ ပြင်သစ်ကွင်းလယ်လူကို ညှာတာဖို့ အကြောင်းမရှိတော့တာကြောင့် အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။

လီဗာပူးလ်တို့ ထမ်းစင်နဲ့ ထုတ်ခဲ့ရတဲ့ ကီတာနေရာမှာ ချိမ်ဘာလိန်ကို လူစားလဲခဲ့ချိန်မှာ ယူနိုက်တက်တို့ကတော့ ရက်ရှ်ဖို့ဒ်အစား ဒါလော့နဲ့ ဘရူနို ဖာနန်ဒက်စ်အစား ကာဗာနီကို လူစားလဲခဲ့ပြီး ၁၀ ယောက်နဲ့ ကစားဖို့ ပြင်ဆင်လာခဲ့ပြီး ရုပ်သံမှာတော့ အိုးလ်ထရက်ဖို့ဒ်ကွင်းကြီးရဲ့ အပြင်မှာ အိမ်ရှင် ပရိသတ်များစွာက ပွဲကို စွန့်ခွာပြီး အိမ်ပြန်သွားခဲ့ကြတာကိုလည်း စိတ်မကောင်းစရာ တွေ့မြင်ခဲ့ရပါတယ်။

ပွဲချိန် ၇၁ မိနစ်မှာ ဖာမီနိုပေးတာကနေ အလက်ဇန်းဒါး-အာနိုးလ်ဒ်က တစ်ချက်ထိန်းပြီး အမြင့်ဘောကန်သွင်းခဲ့တာကို ဒဟေးယားက ဂိုးဒါဇင်ဝက်မပြည့်စေဖို့ ကာကွယ်သွားခဲ့ရပြီး ပွဲချိန် ၇၆ မိနစ်မှာတော့ သွင်းဂိုး ၅ ဂိုးမှာ တစ်ဂိုးမှ ပါဝင်ပတ်သက်နိုင်ခြင်းမရှိဘဲ အဆုံးသတ်ပိုင်းမှာ အားနည်းနေခဲ့တဲ့ ဖာမီနိုအစား မာနေး လူစားဝင်ကစားခဲ့ပါတယ်။

ယူနိုက်တက်တို့ကတော့ တစ်ယောက်လျော့ အနေအထားမှာ လုံးဝကို ခံစစ်သက်သက်ဖြစ်သွားခဲ့ပြီး ရော်နယ်လ်ဒိုပါ ကွင်းလယ်စည်းကို မကျော်တော့ဘဲ ကစားနေခဲ့ရသလို လီဗာပူးလ်ဘက်က လူစားဝင်လာခဲ့တဲ့ ချိမ်ဘာလိန်က ချိတ်ဆက်ကစားမှုတွေက ကီတာလောက် မစွံတာကြောင့် ခံစစ်ကို ကျော်လွန်ဖို့ ခက်ခဲနေခဲ့ပါတယ်။

ပွဲချိန် ၈၃ မိနစ်မှာ ဝန်ဘစ်ဆာကာကြောင့်ရတဲ့ ဖရီးကစ်ကနေ မက်တော်မီနေး ခေါင်းတိုက်ချပေးတာကို ကာဗာနီရဲ့ ပိတ်သွင်းမှုက ဘားထိခဲ့လို့ ယူနိုက်တက်တို့ ချေပဂိုးနဲ့ ဝေးခဲ့ရပြီး ချိမ်ဘာလိန်ကတော့ အသင်းနဲ့ မသက်ဆိုင်ဘဲဖြစ်နေပြီး လီဗာပူးလ်တို့ရဲ့ ကွင်းလယ်မှာ သူ့အနေနဲ့ ပါဝင်ဖို့ မထိုက်တန်တဲ့အကြောင်းကို အမျိုးမျိုး သက်သေပြနေခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ တစ်ဖက်နဲ့တစ်ဖက် ထပ်ပြီး ရင်ခုန်စရာဖြစ်အောင် မလုပ်နိုင်ကြတော့သလို လီဗာပူးလ်တို့ကလည်း ကစားအားကို ချပြီး ဒဏ်ရာအနာတရမဖြစ်အောင် ထိန်းသိမ်းချွေတာကစားသွားခဲ့တာကြောင့် ငါးဂိုး-ဂိုးမရှိရလဒ်နဲ့ပဲ အိုးလ်ထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက်တို့ ရှုံးနိမ့်ခဲ့ရပြီး နည်းပြ ဆိုးလ်ရှားကိုတော့ ထုတ်ပယ်ဖို့ တောင်းဆိုသံတွေ မိုးထိညံခဲ့ရပါတယ်။

ဒီရလဒ်ကြောင့် လီဗာပူးလ်တို့အနေနဲ့ ချဲလ်ဆီးတို့နောက်ကို ထပ်ကြပ်မကွာ လိုက်နိုင်ခဲ့သလို မိုဟာမက် ဆာလားကတော့ အိုးလ်ထရက်ဖို့ဒ်မှာ ၂၀၀၃ ခုနှစ်က ရော်နယ်လ်ဒိုကြီးနောက်ပိုင်း ၁၈ နှစ်အတွင်းမှာ ပထမဆုံး ဟက်ထရစ်သွင်းယူနိုင်သူအဖြစ်လည်း ဝင့်ကြွားနိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်တို့ကတော့ လေးပွဲဆက်တိုက်နိုင်ပွဲပျောက်ပြီး အဆင့် ၇ နေရာအထိ ကျဆင်းသွားခဲ့ပါကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ သူတို႔ရဲ႕ အေကာင္းဆုံးလူစာရင္းမွာ ေပါ့ဘာတစ္ေယာက္ကိုသာ ခ်န္လွပ္ထားခဲ့ၿပီး ကြင္းလယ္မွာ ခံစစ္ကို ျပင္ဆင္တဲ့ မက္ေတာ္မီေနး+ဖရက္ဒ္အတြဲနဲ႔ ဒီပြဲကို ခ်ဥ္းကပ္လာခဲ့သလို ခံစစ္မွာ မက္ဂြိဳင္းယား၊ လင္ဒီေလာ့ဖ္၊ လုခ္ေရွာ၊ ဝန္ဘစ္ဆာကာ၊ တိုက္စစ္မွာ ဘ႐ူႏို ဖာနန္ဒက္စ္၊ ရက္ရွ္ဖို႔ဒ္၊ ေရာ္နယ္လ္ဒို၊ ဂရင္းဝုဒ္တို႔ကို နည္းျပ ဆိုးလ္ရွားက လူစုံထုတ္သုံးလာခဲ့ပါတယ္။

လီဗာပူးလ္တို႔ကေတာ့ ၿပီးခဲ့တဲ့ ပြဲေတြမွာ စုတ္ျပတ္သပ္ေနခဲ့တဲ့ မာတစ္ပ္ကို အရန္ခုံပို႔ပစ္ခဲ့ၿပီး ဗန္ဒိုက္နဲ႔ ကိုနာေတကို တြဲေပးခဲ့သလို ခံစစ္အစြန္မွာ ေရာဘတ္ဆန္နဲ႔ အာႏိုးလ္ဒ္၊ ကြင္းလယ္မွာ ဖာဘင္ညိဳကို မသုံးဘဲ ဟန္ဒါဆန္၊ မီလ္နာနဲ႔ ကီတာ၊ တိုက္စစ္မွာေတာ့ မာေနးကို အရန္ခုံမွာ ထားၿပီး ဆာလား၊ ဖာမီႏိုနဲ႔ ဂ်ိဳတာတို႔ကို ကေလာ့ပ္က သုံးစြဲခဲ့တာပါ။

ေစာေစာစီးစီးမွာပဲ မန္ခ်က္စတာယူႏိုက္တက္တို႔ အိမ္ကြင္းမွာ မထင္မွတ္တဲ့ လက္သီးနဲ႔ ႀကဳံခဲ့ရၿပီး ေကာင္တာကေန ဖာမီႏို ေပးတဲ့ ေဘာလုံးကို ဆာလားက လုခ္ေရွာေဘးကေန ခင္းေပးခဲ့ရာမွာ ဂိုးသမား ဒေဟးယားနဲ႔ တစ္ေယာက္ခ်င္းေတြ႕ခြင့္ရတဲ့ ကီတာက ဘယ္ဘက္ကို ကန္မလို လွည့္စားၿပီးမွ ညာဘက္ကို လွိမ့္ေဘာ အသာအယာကန္သြင္းၿပီး လီဗာပူးလ္တို႔အတြက္ ပြဲခ်ိန္ ၅ မိနစ္မွာ အဖြင့္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

လီဗာပူးလ္တို႔အေနနဲ႔ ကစားကြက္ အေျခတည္လို႔မရဘဲ အထေႏွးေနတဲ့ ယူႏိုက္တက္တို႔ကို ဖိကစားေနခဲ့ၿပီး ပြဲခ်ိန္ ၁၃ မိနစ္မွာေတာ့ ခံစစ္မွာ မက္ဂြိဳင္းယား အမွားလုပ္ရာကေန ဆာလား ျပန္ရသြားခဲ့ၿပီး ကီးတားကို ေပးရာမွာ အဖြင့္ဂိုးရွင္ ဂီနီယာသားက ညာဘက္ကို ထပ္ပို႔ေပးခဲ့တာကို အလက္ဇန္းဒါး-အာႏိုးလ္ဒ္က ဆြဲဝင္ၿပီး အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးခဲ့တာကို ဂ်ိဳတာက ဒေဟးယားရဲ႕ အေဝးတိုင္ဘက္ကေန ေလွ်ာထိုးပိတ္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ႏွစ္ဂိုးေပးလိုက္ရအၿပီးမွာေတာ့ ယူႏိုက္တက္တို႔ ေသြးပူသြားခဲ့ၿပီး ကြင္းလယ္နဲ႔ တိုက္စစ္မွာ စုဖြဲ႕ၿပီး ထႂကြခဲ့ၾကသလို ဂရင္းဝုဒ္က အယ္လစ္ဆန္ကို မၾကာခဏ ၿခိမ္းေျခာက္ေနခဲ့ေပမယ့္ ရက္ရွ္ဖို႔ဒ္ကေတာ့ ျဖဳန္းတီးေနခဲ့ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ဖန္တီးမႈ တာဝန္က် အုပ္စုကလည္း ေရာ္နယ္လ္ဒိုဆီ ေဘာလုံးေရာက္ေအာင္ မေပးႏိုင္ခဲ့တာေၾကာင့္ အေလအလြင့္ေတြပဲ ျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၂၇ မိနစ္မွာ မီလ္နာအစား ကားတစ္ဂ်ဳံးစ္ ဝင္ကစားခဲ့ၿပီး ၃၂ မိနစ္မွာေတာ့ ဆာလားရဲ႕ ေထာင့္က်ဥ္းကန္ခ်က္ကို ဒေဟးယား ကာကြယ္ခဲ့ရသလို ပြဲခ်ိန္ ၃၈ မိနစ္မွာေတာ့ ဆာလားကပဲ သူကန္ၿပီး ျပန္ထြက္လာတဲ့ ေဘာလုံးကို ညာျခမ္းကို ခင္းေပးခဲ့ရာမွာ ကီတာက ျပန္ခ်ိဳးေပးခဲ့ရာမွာေတာ့ မက္ဂြိဳင္းယားနဲ႔ လင္ဒီေလာ့ဖ္တို႔ႏွစ္ေယာက္ေရွ႕က ဦးေအာင္ေျပးၿပီး ပိတ္သြင္းခဲ့လို႔ အီဂ်စ္သားရဲ႕ ၁၀ ပြဲဆက္တိုက္သြင္းဂိုးနဲ႔ သုံးဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ဒီေနာက္မွာေတာ့ ဆာလားကို အဖ်က္ၾကမ္းတဲ့ လုခ္ေရွာနဲ႔ လူငယ္ကြင္းလယ္လူ ကားတစ္ဂ်ဳံးစ္ကို မွ်မွ်တတ မကစားဘဲ ရႈံးမဲမဲၿပီး ေဘာလုံးလုခဲ့တဲ့ ေရာ္နယ္လ္ဒိုတို႔ အဝါထိခဲ့ၾကသလို နာက်င္အခ်ိန္ပို ၃ မိနစ္မွာလည္း ကီတာ ေဘာလုံးရယူရာမွာ ေျခေထာက္ေျမႇာက္ၿပီး ဝင္တဲ့ ဖရက္ဒ္ပါ အဝါထပ္ထိခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၅ မိနစ္မွာေတာ့ ေပါ့ေပါ့ဆဆ ကစားေနဆဲျဖစ္တဲ့ ယူႏိုက္တက္ေနာက္တန္းရဲ႕ ပုံစံကို အခြင့္ေကာင္းယူၿပီး ေရာဘတ္ဆန္က ေနာက္က ပတ္ေျပးတဲ့ ဂ်ိဳတာကို ထိုးေပးခဲ့ရာမွာ ေပၚတူဂီသားက ဂိုးေရွ႕ကို အနိမ့္ေဘာ ျပန္ခ်ိဳးေပးခဲ့ၿပီး ဒါကို ဆာလားကပဲ ဒေဟးယားနဲ႔ တစ္ေယာက္ခ်င္း အေတြ႕မွာ တည္တည္ၿငိမ္ၿငိမ္ အသုံးသတ္သြားခဲ့လို႔ ပထမပိုင္းမွာ လီဗာပူးလ္တို႔ ေလးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့တာပါ။

ဒုတိယပိုင္းအစမွာေတာ့ ယူႏိုက္တက္တို႔ ဂရင္းဝုဒ္အစား ေပါ့ဘာကို လူစားလဲၿပီး ျပန္လည္စုစည္းကစားခဲ့ေပမယ့္ ကံၾကမၼာက သူတို႔ဘက္မွာ ရွိမေနခဲ့ဘဲ ဘ႐ူႏို ဖာနန္ဒက္စ္ပါ အဝါထပ္ထိခဲ့သလို ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ ဟန္ဒါဆန္ရဲ႕ လွပတဲ့ ေပးပို႔မႈကေန မက္ဂြိဳင္းယား တားဆီးဖို႔ မမီလိုက္ဘဲ ေလးေနတာကေန ဆာလားက ေျပးထြက္ရယူၿပီး ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ သူ႔ရဲ႕ ဟက္ထရစ္အျဖစ္ ဘယ္ေျခနဲ႔ ကန္သြင္းယူႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ မက္ဂြိဳင္းယားက လီဗာပူးလ္ခံစစ္ေပၚ ေက်ာ္ခ်ေပးခဲ့တဲ့ ေဘာလုံးကေန ေရာ္နယ္လ္ဒိုက အလက္ဇန္းဒါး အားႏိုးလ္ဒ္နဲ႔ ကိုနာေတတို႔ ၾကားက ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ လူကြၽံေဘာသတ္မွတ္ခံခဲ့ရတာေၾကာင့္ ယူႏိုက္တက္တို႔ နစ္နာခဲ့ရသလို ပြဲခ်ိန္ ၅၅ မိနစ္မွာ မက္ဂြိဳင္းယားက ဂ်ိဳတာကို ဂိုးဧရိယာထိပ္မွာ ေနာက္က ဖ်က္ခဲ့လို႔ အဝါကတ္ ထိခဲ့ျပန္ပါေသးတယ္။

ပြဲခ်ိန္မိနစ္ ၆၀ မွာေတာ့ ကြင္းထဲေရာက္တာ ၁၅ မိနစ္ျပည့္ခဲ့တဲ့ ေပါ့ဘာက ကီတာဆီက ေဘာလုံးကို ေလွ်ာထိုးလုယူရာမွာ ေျခတစ္ေခ်ာင္းနဲ႔ မဟုတ္ဘဲ ေျခစုံပစ္ဝင္သလိုျဖစ္ခဲ့တာေၾကာင့္ ကနဦးမွာ ဒိုင္လူႀကီး အန္ေထာ္နီ ေတလာက အဝါကတ္ ျပသခဲ့ေပမယ့္ VAR ျပန္ၾကည့္ရာမွာေတာ့ ျပင္သစ္ကြင္းလယ္လူကို ညႇာတာဖို႔ အေၾကာင္းမရွိေတာ့တာေၾကာင့္ အနီကတ္နဲ႔ ထုတ္ပယ္ခဲ့ပါတယ္။

လီဗာပူးလ္တို႔ ထမ္းစင္နဲ႔ ထုတ္ခဲ့ရတဲ့ ကီတာေနရာမွာ ခ်ိမ္ဘာလိန္ကို လူစားလဲခဲ့ခ်ိန္မွာ ယူႏိုက္တက္တို႔ကေတာ့ ရက္ရွ္ဖို႔ဒ္အစား ဒါေလာ့နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္အစား ကာဗာနီကို လူစားလဲခဲ့ၿပီး ၁၀ ေယာက္နဲ႔ ကစားဖို႔ ျပင္ဆင္လာခဲ့ၿပီး ႐ုပ္သံမွာေတာ့ အိုးလ္ထရက္ဖို႔ဒ္ကြင္းႀကီးရဲ႕ အျပင္မွာ အိမ္ရွင္ ပရိသတ္မ်ားစြာက ပြဲကို စြန႔္ခြာၿပီး အိမ္ျပန္သြားခဲ့ၾကတာကိုလည္း စိတ္မေကာင္းစရာ ေတြ႕ျမင္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၇၁ မိနစ္မွာ ဖာမီႏိုေပးတာကေန အလက္ဇန္းဒါး-အာႏိုးလ္ဒ္က တစ္ခ်က္ထိန္းၿပီး အျမင့္ေဘာကန္သြင္းခဲ့တာကို ဒေဟးယားက ဂိုးဒါဇင္ဝက္မျပည့္ေစဖို႔ ကာကြယ္သြားခဲ့ရၿပီး ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ သြင္းဂိုး ၅ ဂိုးမွာ တစ္ဂိုးမွ ပါဝင္ပတ္သက္ႏိုင္ျခင္းမရွိဘဲ အဆုံးသတ္ပိုင္းမွာ အားနည္းေနခဲ့တဲ့ ဖာမီႏိုအစား မာေနး လူစားဝင္ကစားခဲ့ပါတယ္။

ယူႏိုက္တက္တို႔ကေတာ့ တစ္ေယာက္ေလ်ာ့ အေနအထားမွာ လုံးဝကို ခံစစ္သက္သက္ျဖစ္သြားခဲ့ၿပီး ေရာ္နယ္လ္ဒိုပါ ကြင္းလယ္စည္းကို မေက်ာ္ေတာ့ဘဲ ကစားေနခဲ့ရသလို လီဗာပူးလ္ဘက္က လူစားဝင္လာခဲ့တဲ့ ခ်ိမ္ဘာလိန္က ခ်ိတ္ဆက္ကစားမႈေတြက ကီတာေလာက္ မစြံတာေၾကာင့္ ခံစစ္ကို ေက်ာ္လြန္ဖို႔ ခက္ခဲေနခဲ့ပါတယ္။

ပြဲခ်ိန္ ၈၃ မိနစ္မွာ ဝန္ဘစ္ဆာကာေၾကာင့္ရတဲ့ ဖရီးကစ္ကေန မက္ေတာ္မီေနး ေခါင္းတိုက္ခ်ေပးတာကို ကာဗာနီရဲ႕ ပိတ္သြင္းမႈက ဘားထိခဲ့လို႔ ယူႏိုက္တက္တို႔ ေခ်ပဂိုးနဲ႔ ေဝးခဲ့ရၿပီး ခ်ိမ္ဘာလိန္ကေတာ့ အသင္းနဲ႔ မသက္ဆိုင္ဘဲျဖစ္ေနၿပီး လီဗာပူးလ္တို႔ရဲ႕ ကြင္းလယ္မွာ သူ႔အေနနဲ႔ ပါဝင္ဖို႔ မထိုက္တန္တဲ့အေၾကာင္းကို အမ်ိဳးမ်ိဳး သက္ေသျပေနခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ တစ္ဖက္နဲ႔တစ္ဖက္ ထပ္ၿပီး ရင္ခုန္စရာျဖစ္ေအာင္ မလုပ္ႏိုင္ၾကေတာ့သလို လီဗာပူးလ္တို႔ကလည္း ကစားအားကို ခ်ၿပီး ဒဏ္ရာအနာတရမျဖစ္ေအာင္ ထိန္းသိမ္းေခြၽတာကစားသြားခဲ့တာေၾကာင့္ ငါးဂိုး-ဂိုးမရွိရလဒ္နဲ႔ပဲ အိုးလ္ထရက္ဖို႔ဒ္မွာ မန္ခ်က္စတာယူႏိုက္တက္တို႔ ရႈံးနိမ့္ခဲ့ရၿပီး နည္းျပ ဆိုးလ္ရွားကိုေတာ့ ထုတ္ပယ္ဖို႔ ေတာင္းဆိုသံေတြ မိုးထိညံခဲ့ရပါတယ္။

ဒီရလဒ္ေၾကာင့္ လီဗာပူးလ္တို႔အေနနဲ႔ ခ်ဲလ္ဆီးတို႔ေနာက္ကို ထပ္ၾကပ္မကြာ လိုက္ႏိုင္ခဲ့သလို မိုဟာမက္ ဆာလားကေတာ့ အိုးလ္ထရက္ဖို႔ဒ္မွာ ၂၀၀၃ ခုႏွစ္က ေရာ္နယ္လ္ဒိုႀကီးေနာက္ပိုင္း ၁၈ ႏွစ္အတြင္းမွာ ပထမဆုံး ဟက္ထရစ္သြင္းယူႏိုင္သူအျဖစ္လည္း ဝင့္ႂကြားႏိုင္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္တို႔ကေတာ့ ေလးပြဲဆက္တိုက္ႏိုင္ပြဲေပ်ာက္ၿပီး အဆင့္ ၇ ေနရာအထိ က်ဆင္းသြားခဲ့ပါေၾကာင္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.