Premier League

အဲဗာတန်ကို အပြစ်ပေးခဲ့တဲ့ ဂျော့ရှ် ကင်းနဲ့ အသင်းဟောင်းကို ခြောက်လှန့်ခဲ့တဲ့ ကြယ်ပွင့် ၈ ဦး

ဂျော့ရှ် ကင်းဟာ ပြီးခဲ့တဲ့ရာသီ အဲဗာတန်အသင်းမှာ ရှိခဲ့တဲ့ ၆ လတာကာလအတွင်း ဆိုးရွားတဲ့ခံစားချက်တွေရခဲ့ပြီးနောက်ပိုင်း စနေနေ့ညနေမှာ အသင်းဟောင်းကို အသည်းခွဲခဲ့တဲ့ နောက်ဆုံး ပရီးမီးယားလိဂ်ကြယ်ပွင့်ကစားသမားဖြစ်လာခဲ့ပါတယ်။

ဂျော့ရှ် ကင်းဟာ စနေနေ့က ဝက်ဖို့ဒ်နဲ့ အဲဗာတန်တို့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဝက်ဖို့အတွက် အမှတ်ရဖွယ် ဟက်ထရစ်သွင်းယူပေးခဲ့တာဖြစ်ပြီး အဲဗာတန်နည်းပြ ကာလို အန်ဆယ်လော့တီက ၎င်းကို ဂွတ်ဒီဆင် ပါ့ခ်မှာတုန်းက ပွဲကစားချိန်နဲ့ပတ်သက်ပြီး လိမ်ညာခဲ့တယ်လို့ စွပ်စွဲပြောကြားခဲ့တာဖြစ်ပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ အဲဗာတန်အသင်းအတွက် ကစားပေးခဲ့တဲ့ ပြိုင်ပွဲစုံ ၁၉ ပွဲမှာ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲမှ ပွဲထွက်ပါဝင်ကစားပေးခွင့်မရရှိခဲ့သူဖြစ်ပြီး ၁၁ ကြိမ် လူစားဝင်ကစားသမားအဖြစ် ကစားပေးခဲ့ရာမှာ တစ်ဂိုးမှ သွင်းယူပေးနိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ကင်းဟာ အသင်းဟောင်းနဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် စိတ်ဓာတ်ခွန်အားတွေ အများကြီး ရရှိခဲ့ပေမယ့်လည်း ၎င်းကို ချစ်ခင်နေကြသေးတဲ့ ပရိသတ်အချို့ရှိနေဆဲဖြစ်ပါတယ်။

Daily Star Sport က ကမ္ဘာပေါ်က အကောင်းဆုံးလိဂ်မှာ သွင်းဂိုးတွေနဲ့ အသင်းဟောင်းကို အပြစ်ပေးခဲ့ကြတဲ့ ကြယ်ပွင့်အများအပြားကို ရှာဖွေခဲ့ပြီး ကစားသမားအများစုကတော့ အသင်းဟောင်းကို ဂိုးသွင်းယူခဲ့တဲ့အတွက် နောက်ပိုင်းမှာ ပြန်လည်တောင်းပန်ခဲ့ကြတာဖြစ်ပါတယ်။

ဂျော့ရှ် ကင်း(အဲဗာတန်)

ဂျော့ရှ် ကင်းဟာ စနေနေ့ညနေက ဂွတ်ဒီဆင် ပါ့ခ်မှာ တစ်ဦးတည်း ၃ ဂိုး ဟက်ထရစ်သွင်းယူခဲ့ပြီး ဝက်ဖို့ဒ်အသင်းဟာ နည်းပြသစ် ရာနီရေးရီလက်အောက်မှာ ပထမဆုံး နိုင်ပွဲ ရရှိခဲ့တာဖြစ်ပါတယ်။ ဝက်ဖို့ဒ်ဟာ တွန် ဒေးဗီးစ်ရဲ့ အဖွင့်ဂိုးကို ခွင့်ပြုခဲ့ရပြီးနောက်ပိုင်း ၁၃ မိနစ်အကြာမှာ ကင်းရဲ့ ချေပဂိုးနဲ့ တစ်ဖက် ၁ ဂိုးစီ ညီမျှသွားခဲ့တာဖြစ်ပြီး ရစ်ချာလီဆန်က ၆၃ မိနစ်မှာ အဲဗာတန်အတွက် ဦးဆောင်ဂိုး ပြန်လည်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၇၈ မိနစ်မှာ ကွတ်စ်ကာက ဝက်ဖို့ဒ်အတွက် ပြန်လည်ချေပပေးခဲ့ပြီး ဒင်းနစ်က ပဥ္စမမြောက်ဂိုးကို မသွင်းယူမီ ကင်းက နောက်ထပ် ၂ ဂိုး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ကင်းက ပွဲအပြီးမှာ “တိုက်စစ်မှူးတစ်ယောက်အတွက် သွင်းဂိုးတွေက ယုံကြည်ချက်ပဲ။ ကျွန်တော် ပြီးခဲ့တဲ့ရာသီမှာ ဆိုးရွားတဲ့ရာသီနဲ့ ကြုံခဲ့ရပါတယ်။ ဘယ်လိုတိုက်စစ်မှူးမျိုးမဆို ခင်ဗျား ဂိုးတွေ စသွင်းယူတာနဲ့ ယုံကြည်ချက်တွေ ရလာမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ရော်ဘင် ဗန်ပါစီ(အာဆင်နယ်)

ရော်ဘင် ဗန်ပါစီဟာ ၂၀၁၂ ခုနှစ် နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို ပေါင် ၂၂.၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် အာဆင်နယ်နဲ့ ရင်ဆိုင်ကစားခဲ့တဲ့ ၎င်းရဲ့ ပထမဆုံး ၃ ပွဲစလုံးမှာ ၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ပထမဆုံး အာဆင်နယ်အသင်းဘက်ကို သွင်းယူခဲ့တဲ့ သွင်းဂိုးကတော့ ရာသီရဲ့ ၁၀ ပွဲမြောက်မှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်း ၂-၁ နဲ့ အနိုင်ရစေခဲ့တဲ့ အရေးပါတဲ့ဂိုးဖြစ်ခဲ့ပါတယ်။ သောမတ်စ် ဗာမယ်လန်ရဲ့ မရှင်းလင်းတဲ့ ဖျက်ထုတ်မှုကနေတဆင့် ဒတ်ချ်တိုက်စစ်မှူးက ညာခြေနဲ့ အပြင်းကန်သွင်းယူပြီးနောက် အဝေးကွင်းပရိသတ်တွေကို လက်မြှောက်ပြီး တောင်းပန်ခဲ့တာဖြစ်ပါတယ်။ ရော်ဘင် ဗန်ပါစီဟာ အာဆင်နယ်ဘက်ကို ဒုတိယအကြိမ်ဂိုးသွင်းယူတဲ့အထိ အောင်ပွဲခံခဲ့ခြင်းမရှိပေမယ့် အာဆင်နယ်ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကိုသာဆက်တိုက်ရရှိခဲ့ပြီးနောက် ၂၀၁၃ နိုဝင်ဘာမှာ တတိယအကြိမ် အာဆင်နယ်ဘက်ကို သွင်းယူတဲ့အလှည့်မှာတော့ အောင်ပွဲခံခဲ့တဲ့အတွက် အာဆင်နယ် ပရိသတ်တွေနဲ့ အမုန်းတရားကို ပိုမိုရရှိသွားခဲ့ပါတော့တယ်။

ဖရန့်ခ် လမ်းပတ်(ချဲလ်ဆီး)

ချဲလ်ဆီးအသင်းပရိသတ်တွေဟာ ၂၀၁၃-၂၀၁၄ ရာသီ အဖွင့်ပွဲစဉ်အတွင်း မန်ချက်စတာစီးတီးအသင်းအတွက် ကစားပေးပြီး အသင်းဟောင်းကို ဖရန့်ခ် လမ်းပတ် ဂိုးသွင်းယူသွားခဲ့ပြီးနောက် ရင်ကွဲပက်လက် ဖြစ်ခဲ့ကြပါတယ်။ ချဲလ်ဆီးနဲ့ မန်ချက်စတာစီးတီးတို့ပွဲစဉ်က သရေရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပြီး လမ်းပတ်ဟာ ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံဖို့ ငြင်းပယ်ခဲ့သလို ပွဲအပြီးမှာလည်း ၎င်းရဲ့ဂိုးအတွက် ဝမ်းသာဝမ်းနည်း ခံစားခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။ “ကျွန်တော် ချဲလ်ဆီးအသင်းနဲ့အတူ အံ့အားသင့်စရာ ၁၃ နှစ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ကျွန်တော် ကိုယ့်အလုပ် ကိုယ်မလုပ်ဘူးဆိုရင် ပရော်ဖက်ရှင်နယ် မပီသရာ ကျသွားမှာပါ။ ကျွန်တော် ပြောဖို့ စကားလုံးတွေ ပျောက်ဆုံးနေပါတယ်။ ကျွန်တော် လူစားဝင်လာပြီး ဂိုးသွင်းယူနိုင်လိမ့်မယ်လို့ မမျှော်မှန်းထားခဲ့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

အဒီဘာယော(အာဆင်နယ်)

၂၀၁၄ ခုနှစ်က အဒီဘာယောရဲ့ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်က အောင်ပွဲခံဟန်ဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက်မှာ အကျော်ကြားဆုံးအောင်ပွဲခံဟန်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ တိုဂိုတိုက်စစ်မှူးဟောင်းဟာ အာဆင်နယ်အတွက် ၂၀၀၆ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ကစားပေးခဲ့ပြီး စပါးအသင်းမှာ ၃ နှစ်ကြာမကစားမီ ၂၀၁၂ ခုနှစ်အထိ မန်ချက်စတာစီးတီးမှာ အချိန်ကုန်ဆုံးခဲ့သူဖြစ်ပါတယ်။ အဒီဘာယောဟာ မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်တို့ကစားခဲ့တဲ့ပွဲစဉ်မှာ ၄-၂ ဖြစ်အောင် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ကွင်းတဖက်ခြမ်းအထိ ပြေးသွားခဲ့ပြီး ဒေါသထွက်နေတဲ့ အာဆင်နယ်ပရိသတ်တွေရှေ့မှာ အောင်ပွဲခံခဲ့ပါတယ်။ အဒီဘာယောဟာ နောက်ပိုင်းမှာ အဲဒီအပြုအမူကြောင့် ၂ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရပါတယ်။

ကားလို့စ် တီဗက်ဇ်(မန်ချက်စတာယူနိုက်တက်)

ကားလို့စ် တီဗက်ဇ်ဟာ ၂၀၀၉ ခုနှစ်မှာ မန်ချက်စတာစီးတီးအတွက် မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာခဲ့တာနဲ့ပတ်သက်ပြီး စိတ်ထဲသိပ်မရှိပုံပြသခဲ့ပြီး မန်စီးတီးနဲ့အတူ ၎င်းရဲ့ တတိယမြောက် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်ခဲ့ပါတယ်။ တီဗက်ဇ်ဟာ မန်စီးတီးအတွက် မန်ယူနိုက်တက်နဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ၎င်းရဲ့ ပထမဆုံးပရီးမီးယားလိဂ် ၇ ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း ၂၀၀၉-၂၀၁၀ ရာသီ လိဂ်ဖလားပွဲစဉ် ၂ ပွဲမှာတော့ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူးဟောင်းက မန်ချက်စတာယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ရှေ့မှာ နား ၂ ဖက်စွင့်နေတဲ့ပုံစံနဲ့ အောင်ပွဲခံခဲ့ပြီး နောက်ပိုင်းမှာ Sky Sports ကို “ဘောလုံးဆိုတာက ပြဇာတ်ပုံစံမျိုးဖြစ်ပြီး ပြက်လုံးပုံစံမျိုးလည်း ဖြစ်ပါတယ်။ ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာမျိုး ဘာမှမရှိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ဝိန်း ရူနီ(အဲဗာတန်)

ဝိန်း ရူနီဟာ ၂၀၀၈ ခုနှစ်တုန်းက ဂွတ်ဒီဆင် ပါ့ခ်က အဲဗာတန်ပရိသတ်တွေရှေ့မှောက်မှာ မန်ချက်စတာယူနိုက်တက်တံဆိပ်ကို နမ်းပြခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က အဲဒီ အောင်ပွဲခံဟန်နဲ့ပတ်သက်ပြီး ဝိန်း ရူနီက “ဟုတ်ပါတယ်။ အဲဒါက အဲဗာတန်ပရိသတ်တွေကို သက်သက် တုံ့ပြန်ခဲ့တာပါ။ ကျွန်တော် အဲဒါကို လုပ်ခဲ့ပြီးမှ ပွဲအပြီးမှာ စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမယ့် အဲဒါက ကြီးမားတဲ့အခိုက်အတံ့ဖြစ်ခဲ့တာ သေချာပါတယ်။ ချဲလ်ဆီးက ဘော်လ်တန်နဲ့ အဝေးကွင်းမှာ ကစားခဲ့ပြီး တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တယ်။ အဲဒီပွဲရလဒ်ကြောင့် ကျွန်တော်တို့တွေ လိဂ်ဖလားကို ရလုနီးပါးဖြစ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

လူကာကူး(အဲဗာတန်)

လူကာကူးကလည်း မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ပြီးနောက်ပိုင်း အဲဗာတန် ပရိသတ်တွေကို ဒေါသထွက်စေခဲ့ပြီး ၂၀၁၇ ခုနှစ်က အိုးထရက်ဖို့ဒ်မှာ အသင်းဟောင်းကို ဂိုးသွင်းအပြီးမှာ နားစွင့်ထားတဲ့အောင်ပွဲခံဟန် ပြုလုပ်ပြခဲ့တာဖြစ်ပါတယ်။ “ဒါက နောက်ထပ်ဂိုးပါ။ တကယ်ပါ။ ဒါပေမယ့် ကျွန်တော် အနိုင်ရလဒ်နဲ့ လိဂ်ရဲ့ထိပ်ဆုံးနားမှာ ရပ်တည်ရတာကို ပျော်ရွှင်ပါတယ်။ အဲဒါက နည်းနည်း ဟာသလုပ်ခဲ့တာပါ။ အလွတ်တည်ကန်ဘော ကျွန်တော် လွဲတော့ သူတို့တွေ လှောင်ပြောင်ခဲ့တယ်။ အဲဒါက ဘောလုံးပဲ”လို့ လူကာကူးက Sky Sports News ကို ပြောကြားခဲ့ပါတယ်။

ဖာဂရီဂတ်စ်(အာဆင်နယ်)

အာဆင်နယ် ပရိသတ်တွေအတွက် နောက်ထပ်နာကျင်စရာ အမှတ်တရအဖြစ် ဖာဘရီဂတ်စ်က ၂၀၁၆-၂၀၁၇ ရာသီ စတမ်းဖို့ဒ် ဘရစ်ဂျ်မှာကစားခဲ့တဲ့ပွဲစဉ်အတွင်း ချဲလ်ဆီးအသင်းအတွက် အာဆင်နယ်အသင်းဘက်ကို ၎င်းရဲ့ ပထမဆုံးဂိုးအဖြစ် သွင်းယူခဲ့ပါတယ်။ ချဲလ်ဆီးဂိုးသမားဟောင်း ပီတာချက်ရဲ့ မသေသပ်တဲ့ ကန်တင်မှုကြောင့် ရရှိလာတဲ့ ဘောလုံးကို ဖာဘရီဂတ်စ်က ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို အသာပင့်ကန်သွားခဲ့တာဖြစ်ပြီး အောင်ပွဲမခံခဲ့ဘဲ တိတ်တိတ်ဆိတ်ဆိတ်သာ နေခဲ့တာဖြစ်ပါတယ်။ စပိန်ကွင်းလယ်ကစားသမားဟောင်းက ပြီးခဲ့တဲ့နှစ်မှာ အာဆင်နယ်အသင်းအပေါ် ၎င်းရဲ့ချစ်မြတ်နိုးမှုနဲ့ပတ်သက်ပြီး ပြောကြားခဲ့ရာမှာ “ကျွန်တော် အာဆင်နယ်အတွက် ကစားပေးခဲ့တဲ့ပွဲစဉ်တိုင်းက အရမ်းကို ထူးခြားပါတယ်။ ကျွန်တော် တာ့တာလို့ ပြောဖို့ အခွင့်အရေးမရခဲ့ပေမယ့် ကျွန်တော့်အတွက် သူတို့လုပ်ပေးခဲ့တဲ့အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့(အာဆင်နယ်ပရိသတ်)အားလုံး ကျွန်တော့်နှလုံးသားထဲမှာ ရှိနေမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေဂ်ာ့ရွ္ ကင္းဟာ ၿပီးခဲ့တဲ့ရာသီ အဲဗာတန္အသင္းမွာ ရွိခဲ့တဲ့ ၆ လတာကာလအတြင္း ဆိုးရြားတဲ့ခံစားခ်က္ေတြရခဲ့ၿပီးေနာက္ပိုင္း စေနေန႔ညေနမွာ အသင္းေဟာင္းကို အသည္းခြဲခဲ့တဲ့ ေနာက္ဆုံး ပရီးမီးယားလိဂ္ၾကယ္ပြင့္ကစားသမားျဖစ္လာခဲ့ပါတယ္။

ေဂ်ာ့ရွ္ ကင္းဟာ စေနေန႔က ဝက္ဖို႔ဒ္နဲ႔ အဲဗာတန္တို႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ဝက္ဖို႔အတြက္ အမွတ္ရဖြယ္ ဟက္ထရစ္သြင္းယူေပးခဲ့တာျဖစ္ၿပီး အဲဗာတန္နည္းၿပ ကာလို အန္ဆယ္ေလာ့တီက ၎ကို ဂြတ္ဒီဆင္ ပါ့ခ္မွာတုန္းက ပြဲကစားခ်ိန္နဲ႔ပတ္သက္ၿပီး လိမ္ညာခဲ့တယ္လို႔ စြပ္စြဲေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေနာ္ေဝတိုက္စစ္မႉးဟာ အဲဗာတန္အသင္းအတြက္ ကစားေပးခဲ့တဲ့ ၿပိဳင္ပြဲစုံ ၁၉ ပြဲမွာ ပရီးမီးယားလိဂ္ပြဲစဥ္တစ္ပြဲမွ ပြဲထြက္ပါဝင္ကစားေပးခြင့္မရရွိခဲ့သူျဖစ္ၿပီး ၁၁ ႀကိမ္ လူစားဝင္ကစားသမားအျဖစ္ ကစားေပးခဲ့ရာမွာ တစ္ဂိုးမွ သြင္းယူေပးနိုင္ခဲ့ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ကင္းဟာ အသင္းေဟာင္းနဲ႔ပြဲစဥ္မွာ ဂိုးသြင္းယူနိုင္ခဲ့တာေၾကာင့္ စိတ္ဓာတ္ခြန္အားေတြ အမ်ားႀကီး ရရွိခဲ့ေပမယ့္လည္း ၎ကို ခ်စ္ခင္ေနၾကေသးတဲ့ ပရိသတ္အခ်ိဳ႕ရွိေနဆဲျဖစ္ပါတယ္။

Daily Star Sport က ကမၻာေပၚက အေကာင္းဆုံးလိဂ္မွာ သြင္းဂိုးေတြနဲ႔ အသင္းေဟာင္းကို အျပစ္ေပးခဲ့ၾကတဲ့ ၾကယ္ပြင့္အမ်ားအျပားကို ရွာေဖြခဲ့ၿပီး ကစားသမားအမ်ားစုကေတာ့ အသင္းေဟာင္းကို ဂိုးသြင္းယူခဲ့တဲ့အတြက္ ေနာက္ပိုင္းမွာ ျပန္လည္ေတာင္းပန္ခဲ့ၾကတာျဖစ္ပါတယ္။

ေဂ်ာ့ရွ္ ကင္း(အဲဗာတန္)

ေဂ်ာ့ရွ္ ကင္းဟာ စေနေန႔ညေနက ဂြတ္ဒီဆင္ ပါ့ခ္မွာ တစ္ဦးတည္း ၃ ဂိုး ဟက္ထရစ္သြင္းယူခဲ့ၿပီး ဝက္ဖို႔ဒ္အသင္းဟာ နည္းျပသစ္ ရာနီေရးရီလက္ေအာက္မွာ ပထမဆုံး နိုင္ပြဲ ရရွိခဲ့တာျဖစ္ပါတယ္။ ဝက္ဖို႔ဒ္ဟာ တြန္ ေဒးဗီးစ္ရဲ့ အဖြင့္ဂိုးကို ခြင့္ျပဳခဲ့ရၿပီးေနာက္ပိုင္း ၁၃ မိနစ္အၾကာမွာ ကင္းရဲ့ ေခ်ပဂိုးနဲ႔ တစ္ဖက္ ၁ ဂိုးစီ ညီမၽွသြားခဲ့တာျဖစ္ၿပီး ရစ္ခ်ာလီဆန္က ၆၃ မိနစ္မွာ အဲဗာတန္အတြက္ ဦးေဆာင္ဂိုး ျပန္လည္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

၇၈ မိနစ္မွာ ကြတ္စ္ကာက ဝက္ဖို႔ဒ္အတြက္ ျပန္လည္ေခ်ပေပးခဲ့ၿပီး ဒင္းနစ္က ပဥၥမေျမာက္ဂိုးကို မသြင္းယူမီ ကင္းက ေနာက္ထပ္ ၂ ဂိုး သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ကင္းက ပြဲအၿပီးမွာ “တိုက္စစ္မႉးတစ္ေယာက္အတြက္ သြင္းဂိုးေတြက ယုံၾကည္ခ်က္ပဲ။ ကၽြန္ေတာ္ ၿပီးခဲ့တဲ့ရာသီမွာ ဆိုးရြားတဲ့ရာသီနဲ႔ ၾကဳံခဲ့ရပါတယ္။ ဘယ္လိုတိုက္စစ္မႉးမ်ိဳးမဆို ခင္ဗ်ား ဂိုးေတြ စသြင္းယူတာနဲ႔ ယုံၾကည္ခ်က္ေတြ ရလာမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ေရာ္ဘင္ ဗန္ပါစီ(အာဆင္နယ္)

ေရာ္ဘင္ ဗန္ပါစီဟာ ၂၀၁၂ ခုႏွစ္ ေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္ကို ေပါင္ ၂၂.၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ အာဆင္နယ္နဲ႔ ရင္ဆိုင္ကစားခဲ့တဲ့ ၎ရဲ႕ ပထမဆုံး ၃ ပြဲစလုံးမွာ ၃ ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။ ပထမဆုံး အာဆင္နယ္အသင္းဘက္ကို သြင္းယူခဲ့တဲ့ သြင္းဂိုးကေတာ့ ရာသီရဲ႕ ၁၀ ပြဲေျမာက္မွာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္း ၂-၁ နဲ႔ အႏိုင္ရေစခဲ့တဲ့ အေရးပါတဲ့ဂိုးျဖစ္ခဲ့ပါတယ္။ ေသာမတ္စ္ ဗာမယ္လန္ရဲ႕ မရွင္းလင္းတဲ့ ဖ်က္ထုတ္မႈကေနတဆင့္ ဒတ္ခ်္တိုက္စစ္မႉးက ညာေျခနဲ႔ အျပင္းကန္သြင္းယူၿပီးေနာက္ အေဝးကြင္းပရိသတ္ေတြကို လက္ေျမႇာက္ၿပီး ေတာင္းပန္ခဲ့တာျဖစ္ပါတယ္။ ေရာ္ဘင္ ဗန္ပါစီဟာ အာဆင္နယ္ဘက္ကို ဒုတိယအႀကိမ္ဂိုးသြင္းယူတဲ့အထိ ေအာင္ပြဲခံခဲ့ျခင္းမရွိေပမယ့္ အာဆင္နယ္ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္မႈကိုသာဆက္တိုက္ရရွိခဲ့ၿပီးေနာက္ ၂၀၁၃ ႏိုဝင္ဘာမွာ တတိယအႀကိမ္ အာဆင္နယ္ဘက္ကို သြင္းယူတဲ့အလွည့္မွာေတာ့ ေအာင္ပြဲခံခဲ့တဲ့အတြက္ အာဆင္နယ္ ပရိသတ္ေတြနဲ႔ အမုန္းတရားကို ပိုမိုရရွိသြားခဲ့ပါေတာ့တယ္။

ဖရန႔္ခ္ လမ္းပတ္(ခ်ဲလ္ဆီး)

ခ်ဲလ္ဆီးအသင္းပရိသတ္ေတြဟာ ၂၀၁၃-၂၀၁၄ ရာသီ အဖြင့္ပြဲစဥ္အတြင္း မန္ခ်က္စတာစီးတီးအသင္းအတြက္ ကစားေပးၿပီး အသင္းေဟာင္းကို ဖရန႔္ခ္ လမ္းပတ္ ဂိုးသြင္းယူသြားခဲ့ၿပီးေနာက္ ရင္ကြဲပက္လက္ ျဖစ္ခဲ့ၾကပါတယ္။ ခ်ဲလ္ဆီးနဲ႔ မန္ခ်က္စတာစီးတီးတို႔ပြဲစဥ္က သေရရလဒ္နဲ႔ ၿပီးဆုံးသြားခဲ့ၿပီး လမ္းပတ္ဟာ ဂိုးသြင္းယူၿပီးေနာက္ ေအာင္ပြဲခံဖို႔ ျငင္းပယ္ခဲ့သလို ပြဲအၿပီးမွာလည္း ၎ရဲ့ဂိုးအတြက္ ဝမ္းသာဝမ္းနည္း ခံစားခဲ့ရတယ္လို႔ ဝန္ခံခဲ့ပါတယ္။ “ကၽြန္ေတာ္ ခ်ဲလ္ဆီးအသင္းနဲ႔အတူ အံ့အားသင့္စရာ ၁၃ ႏွစ္ကို ပိုင္ဆိုင္ခဲ့ပါတယ္။ ကၽြန္ေတာ္ ကိုယ့္အလုပ္ ကိုယ္မလုပ္ဘူးဆိုရင္ ပေရာ္ဖက္ရွင္နယ္ မပီသရာ က်သြားမွာပါ။ ကၽြန္ေတာ္ ေျပာဖို႔ စကားလုံးေတြ ေပ်ာက္ဆုံးေနပါတယ္။ ကၽြန္ေတာ္ လူစားဝင္လာၿပီး ဂိုးသြင္းယူနိုင္လိမ့္မယ္လို႔ မေမၽွာ္မွန္းထားခဲ့ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

အဒီဘာေယာ(အာဆင္နယ္)

၂၀၁၄ ခုႏွစ္က အဒီဘာေယာရဲ့ အာဆင္နယ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္က ေအာင္ပြဲခံဟန္ဟာ ပရီးမီးယားလိဂ္သမိုင္းတေလၽွာက္မွာ အေက်ာ္ၾကားဆုံးေအာင္ပြဲခံဟန္ေတြထဲက တစ္ခုျဖစ္ခဲ့ပါတယ္။ တိုဂိုတိုက္စစ္မႉးေဟာင္းဟာ အာဆင္နယ္အတြက္ ၂၀၀၆ ခုႏွစ္ကေန ၂၀၀၉ ခုႏွစ္အထိ ကစားေပးခဲ့ၿပီး စပါးအသင္းမွာ ၃ ႏွစ္ၾကာမကစားမီ ၂၀၁၂ ခုႏွစ္အထိ မန္ခ်က္စတာစီးတီးမွာ အခ်ိန္ကုန္ဆုံးခဲ့သူျဖစ္ပါတယ္။ အဒီဘာေယာဟာ မန္ခ်က္စတာစီးတီးနဲ႔ အာဆင္နယ္တို႔ကစားခဲ့တဲ့ပြဲစဥ္မွာ ၄-၂ ျဖစ္ေအာင္ ဂိုးသြင္းယူနိုင္ခဲ့ၿပီးေနာက္ ကြင္းတဖက္ျခမ္းအထိ ေျပးသြားခဲ့ၿပီး ေဒါသထြက္ေနတဲ့ အာဆင္နယ္ပရိသတ္ေတြေရွ႕မွာ ေအာင္ပြဲခံခဲ့ပါတယ္။ အဒီဘာေယာဟာ ေနာက္ပိုင္းမွာ အဲဒီအျပဳအမူေၾကာင့္ ၂ ပြဲပယ္ျပစ္ဒဏ္ ခ်မွတ္ျခင္း ခံခဲ့ရပါတယ္။

ကားလို႔စ္ တီဗက္ဇ္(မန္ခ်က္စတာယူနိုက္တက္)

ကားလို႔စ္ တီဗက္ဇ္ဟာ ၂၀၀၉ ခုႏွစ္မွာ မန္ခ်က္စတာစီးတီးအတြက္ မန္ခ်က္စတာယူနိုက္တက္ကို စြန႔္ခြာခဲ့တာနဲ႔ပတ္သက္ၿပီး စိတ္ထဲသိပ္မရွိပုံျပသခဲ့ၿပီး မန္စီးတီးနဲ႔အတူ ၎ရဲ့ တတိယေျမာက္ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္ခဲ့ပါတယ္။ တီဗက္ဇ္ဟာ မန္စီးတီးအတြက္ မန္ယူနိုက္တက္နဲ႔ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ၎ရဲ့ ပထမဆုံးပရီးမီးယားလိဂ္ ၇ ပြဲမွာ ဂိုးမသြင္းနိုင္ခဲ့ေပမယ့္လည္း ၂၀၀၉-၂၀၁၀ ရာသီ လိဂ္ဖလားပြဲစဥ္ ၂ ပြဲမွာေတာ့ ဂိုးသြင္းနိုင္ခဲ့ပါတယ္။ အာဂ်င္တီးနားတိုက္စစ္မႉးေဟာင္းက မန္ခ်က္စတာယူနိုက္တက္ နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္ေရွ႕မွာ နား ၂ ဖက္စြင့္ေနတဲ့ပုံစံနဲ႔ ေအာင္ပြဲခံခဲ့ၿပီး ေနာက္ပိုင္းမွာ Sky Sports ကို “ေဘာလုံးဆိုတာက ျပဇာတ္ပုံစံမ်ိဳးျဖစ္ၿပီး ျပက္လုံးပုံစံမ်ိဳးလည္း ျဖစ္ပါတယ္။ ထိခိုက္ေစလိုတဲ့ ရည္ရြယ္ခ်က္နဲ႔ လုပ္ခဲ့တာမ်ိဳး ဘာမွမရွိပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

ဝိန္း ႐ူနီ(အဲဗာတန္)

ဝိန္း ႐ူနီဟာ ၂၀၀၈ ခုႏွစ္တုန္းက ဂြတ္ဒီဆင္ ပါ့ခ္က အဲဗာတန္ပရိသတ္ေတြေရွ႕ေမွာက္မွာ မန္ခ်က္စတာယူနိုက္တက္တံဆိပ္ကို နမ္းျပခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က အဲဒီ ေအာင္ပြဲခံဟန္နဲ႔ပတ္သက္ၿပီး ဝိန္း ႐ူနီက “ဟုတ္ပါတယ္။ အဲဒါက အဲဗာတန္ပရိသတ္ေတြကို သက္သက္ တုံ႔ျပန္ခဲ့တာပါ။ ကၽြန္ေတာ္ အဲဒါကို လုပ္ခဲ့ၿပီးမွ ပြဲအၿပီးမွာ စိတ္မေကာင္းျဖစ္မိပါတယ္။ ဒါေပမယ့္ အဲဒါက ႀကီးမားတဲ့အခိုက္အတံ့ျဖစ္ခဲ့တာ ေသခ်ာပါတယ္။ ခ်ဲလ္ဆီးက ေဘာ္လ္တန္နဲ႔ အေဝးကြင္းမွာ ကစားခဲ့ၿပီး တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့တယ္။ အဲဒီပြဲရလဒ္ေၾကာင့္ ကၽြန္ေတာ္တို႔ေတြ လိဂ္ဖလားကို ရလုနီးပါးျဖစ္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

လူကာကူး(အဲဗာတန္)

လူကာကူးကလည္း မန္ခ်က္စတာယူနိုက္တက္ကို ေျပာင္းေရႊ႕ၿပီးေနာက္ပိုင္း အဲဗာတန္ ပရိသတ္ေတြကို ေဒါသထြက္ေစခဲ့ၿပီး ၂၀၁၇ ခုႏွစ္က အိုးထရက္ဖို႔ဒ္မွာ အသင္းေဟာင္းကို ဂိုးသြင္းအၿပီးမွာ နားစြင့္ထားတဲ့ေအာင္ပြဲခံဟန္ ျပဳလုပ္ျပခဲ့တာျဖစ္ပါတယ္။ “ဒါက ေနာက္ထပ္ဂိုးပါ။ တကယ္ပါ။ ဒါေပမယ့္ ကၽြန္ေတာ္ အနိုင္ရလဒ္နဲ႔ လိဂ္ရဲ့ထိပ္ဆုံးနားမွာ ရပ္တည္ရတာကို ေပ်ာ္ရႊင္ပါတယ္။ အဲဒါက နည္းနည္း ဟာသလုပ္ခဲ့တာပါ။ အလြတ္တည္ကန္ေဘာ ကၽြန္ေတာ္ လြဲေတာ့ သူတို႔ေတြ ေလွာင္ေျပာင္ခဲ့တယ္။ အဲဒါက ေဘာလုံးပဲ”လို႔ လူကာကူးက Sky Sports News ကို ေျပာၾကားခဲ့ပါတယ္။

ဖာဂရီဂတ္စ္(အာဆင္နယ္)

အာဆင္နယ္ ပရိသတ္ေတြအတြက္ ေနာက္ထပ္နာက်င္စရာ အမွတ္တရအျဖစ္ ဖာဘရီဂတ္စ္က ၂၀၁၆-၂၀၁၇ ရာသီ စတမ္းဖို႔ဒ္ ဘရစ္ဂ်္မွာကစားခဲ့တဲ့ပြဲစဥ္အတြင္း ခ်ဲလ္ဆီးအသင္းအတြက္ အာဆင္နယ္အသင္းဘက္ကို ၎ရဲ့ ပထမဆုံးဂိုးအျဖစ္ သြင္းယူခဲ့ပါတယ္။ ခ်ဲလ္ဆီးဂိုးသမားေဟာင္း ပီတာခ်က္ရဲ့ မေသသပ္တဲ့ ကန္တင္မႈေၾကာင့္ ရရွိလာတဲ့ ေဘာလုံးကို ဖာဘရီဂတ္စ္က ဂိုးသမားမရွိတဲ့ ဂိုးေပါက္ထဲကို အသာပင့္ကန္သြားခဲ့တာျဖစ္ၿပီး ေအာင္ပြဲမခံခဲ့ဘဲ တိတ္တိတ္ဆိတ္ဆိတ္သာ ေနခဲ့တာျဖစ္ပါတယ္။ စပိန္ကြင္းလယ္ကစားသမားေဟာင္းက ၿပီးခဲ့တဲ့ႏွစ္မွာ အာဆင္နယ္အသင္းအေပၚ ၎ရဲ့ခ်စ္ျမတ္နိုးမႈနဲ႔ပတ္သက္ၿပီး ေျပာၾကားခဲ့ရာမွာ “ကၽြန္ေတာ္ အာဆင္နယ္အတြက္ ကစားေပးခဲ့တဲ့ပြဲစဥ္တိုင္းက အရမ္းကို ထူးျခားပါတယ္။ ကၽြန္ေတာ္ တာ့တာလို႔ ေျပာဖို႔ အခြင့္အေရးမရခဲ့ေပမယ့္ ကၽြန္ေတာ့္အတြက္ သူတို႔လုပ္ေပးခဲ့တဲ့အရာအားလုံးအတြက္ ေက်းဇူးတင္ပါတယ္။ ခင္ဗ်ားတို႔(အာဆင္နယ္ပရိသတ္)အားလုံး ကၽြန္ေတာ့္ႏွလုံးသားထဲမွာ ရွိေနမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.