Analysis Premier League

မိနစ် ၃၀ နဲ့ ဘဝခါးတဲ့ ဘရိုက်တန် 1-4 မန်စီးတီးပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7 ချက်

မိနစ် ၃၀ နဲ့ ဘဝခါးတဲ့ ဘရိုက်တန်
ဘရိုက်တန်အသင်းအနေနဲ့ အိမ်ကွင်းမှာ မန်ချက်စတာစီးတီးအတွက် ပြိုင်ဘက်ဖြစ်နိုင်ဖို့ အတတ်နိုင်ဆုံး ပြင်ဆင်ခဲ့ပြီး မာယာများတဲ့ ထရော့ဆတ်နဲ့ ကူကူရဲလားတို့လို ကစားသမားတွေနဲ့ ပြင်ဆင်လာခဲ့ပေမယ့် နာရီဝက်လောက်အတွင်းမှာပဲ သူတို့ရဲ့ ပြိုင်ဆိုင်မှုတွေက ပြီးဆုံးသွားခဲ့ရတာပါ။ ဂိုးသမား ဆန်ချက်ဇ်ရဲ့ ကာကွယ်မှုတချို့ ကောင်းခဲ့ပေမယ့် ဂွန်ဒိုးဝမ်၊ ဖိုဒန်နဲ့ ဂျေဆူးစ်တို့ရဲ့ တိုက်စစ်ပိုင်းနဲ့ ဘာနာဒို ဆေးလ်ဗား၊ ဂရီးလစ်ရှ်တို့ရဲ့ ဖန်တီးမှု အပိုင်းတွေက ဘရိုက်တန်ထက် မယှဉ်သာအောင် သာလွန်ကောင်းမွန်နေခဲ့တာကြောင့် ဂရေဟမ် ပေါ့တာတို့အုပ်စုအတွက် စောစောစီးစီး ပွဲပြီးသွားခဲ့တာ ဖြစ်ပါတယ်။

အထောင်တိုက်စစ်မှာ အသားကျလာတဲ့ ဖိုဒန်
ပြီးခဲ့တဲ့ ကလပ်ဘရုဂျ်နဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ ဖိုဒန်ရဲ့ ဂိုးလာဘ် ပြန်ပေါ်ခဲ့ပြီး တစ်ဂိုးဆို သူမသွင်းရဘဲနဲ့တောင်မှ သူ့နာမည်နဲ့ စာရင်းဝင်သွားခဲ့သေးတာပါ။ အထောင်တိုက်စစ်မှာ False 9 အဖြစ် ကစားရင်း သူ့အတွက် အခွင့်အလမ်းတွေကို ရှာဖွေနိုင်ခဲ့တဲ့ အင်္ဂလန် ကွင်းလယ်လူအနေနဲ့ သွင်းဂိုးနှစ်ဂိုးအပြင် ဖန်တီးမှုတစ်ကြိမ်ကိုလည်း အသင်းဖော် မာရက်ဇ်အတွက် ပြုလုပ်ပေးနိုင်ခဲ့ပြီး ဂွါဒီယိုလာရဲ့ လူငယ်တွေကို ယုံကြည်မှုအတွက် အကောင်းဆုံး ခြေစွမ်းပြနေသလို နှစ်ရာသီအတွင်းမှာ သွင်းဂိုး ၂၀ ရှာဖွေနိုင်ခဲ့ပြီးပြီလည်းဖြစ်ပါတယ်။

အသင်းရဲ့ အမှတ်အသားက အရေးမကြီးတော့ဘူးလား
မန်ချက်စတာစီးတီးတို့အနေနဲ့ ဒီနေ့ပွဲမှာ အင်္ကျီပေါ်မှာ အသင်းတိုင်း သုံးစွဲလေ့ရှိတဲ့ Team Crest လို့ ခေါ်တဲ့ အသင်းတံဆိပ်အမှတ်အသားကို ထည့်သွင်းမထားတဲ့ နက်ပြာရောင်ဝတ်စုံနဲ့ အဝေးကွင်းမှာ ကစားလာခဲ့ကြတာပါ။ အင်္ကျီပေါ်မှာတော့ MAN CITY လို့ စာလုံး ၇ လုံးကို ရင်ဘတ်စပွန်ဆာ အစ်တီဟတ်ရဲ့ အပေါ်ကနေ ထည့်သွင်းထားပြီး အမြင်ဆန်းခဲ့လိုရှိပေမယ့် ဆားမပါတဲ့ ဟင်းလိုမျိုးလည်း ပေါ့ရွှတ်ရွှတ်ဖြစ်ခဲ့သလိုပဲလို့ ဆိုရမှာဖြစ်ပါတယ်။ ဒါဟာ သူတို့အတွက်တော့ ၁၉၇၆ ခုနှစ်နောက်ပိုင်း အမှတ်ပေးပြိုင်ပွဲတွေမှာ ပထမဆုံးအကြိမ်အဖြစ် အသင်းရဲ့ အမှတ်အသားကို ဖြုတ်ချခဲ့တာလည်းဖြစ်ပြီး ခြေစွမ်းပြနိုင်တဲ့အတွက်တော့ ဒါက ဝေဖန်စရာတစ်ခုအဖြစ်ကို ရှောင်လွှဲနိုင်ခဲ့ပါတယ်။

လေးပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တဲ့ ဘရိုက်တန်
ဘရိုက်တန်အသင်းအနေနဲ့ ရှေ့က ၅ ပွဲမှာ ၄ ပွဲနိုင် ၁ ပွဲရှုံးနဲ့ ၁၂ မှတ်ရယူနိုင်ခဲ့ပေမယ့် နောက်ထပ်ကစားတဲ့ ၄ ပွဲမှာတော့ ၃ ပွဲသရေ ၁ ပွဲရှုံးနဲ့ အမြင့်ဆုံးရနိုင်တဲ့ အမှတ် ၁၂ မှတ်ထဲက ၃ မှတ်သာ ရှာဖွေနိုင်ခဲ့ပြီး သူတို့ရဲ့ မှတ်တမ်းကောင်းကို ကွင်းလယ်လူ ဘီဆူးမား ဒဏ်ရာရမှုနဲ့အတူ ဆက်လက် ထိန်းသိမ်းနိုင်စွမ်းမရှိခဲ့တာ ဖြစ်ပါတယ်။ ပဲလေ့စ်၊ အာဆင်နယ်နဲ့ နော့ဝစ်ချ်တို့ သုံးပွဲစလုံးကို အနိုင်ရရှိသင့်ခဲ့သလို အောက်ထစ်တော့ တန်းဆင်းဇုန် အဆင့် ၂၀ မှာ ရပ်တည်နေတဲ့ တန်းတက် ကနေရီငှက်တွေကို သူတို့အနေနဲ့ သုံးမှတ်လုယူနိုင်ခဲ့ဖို့ မလုပ်နိုင်ခဲ့တာက သေချာပေါက် အမှတ်လျော့မယ့် မန်စီးတီးနဲ့ ပွဲမျိုးမှာ ဖိအားတွေနဲ့အတူ ရှုံးနိမ့်ခဲ့ပြီး ဒီတစ်ပတ်မှာ အဆင့် ၄ နေရာကနေ ဖယ်ပေးရဖို့ ဖြစ်လာတော့မှာပါ။

ဂွါဒီယိုလာရဲ့ အလှည့်ကျ လူထုတ်ပုံ
အသင်းရဲ့ Assist King ကီဗင် ဒီဘရိုင်းနားနဲ့ တောင်ပံတိုက်စစ်မှူး ရီယက် မာရက်ဇ်ကို အရန်ခုံမှာထားခဲ့ပြီး ပွဲချိန် ၇၇ မိနစ်နဲ့ ၈၇ မိနစ်တွေမှာမှ အသီးသီး လူစားဝင်ကစားခိုင်းခဲ့တဲ့ နည်းပြ ဂွါဒီယိုလာရဲ့ အလှည့်ကျ လူထုတ်ပုံနဲ့ ကစားသမားတွေကို အနားပေးမှုကတော့ အောင်မြင်ပြီး အကျိုးရှိခဲ့တာပါ။ စတာလင်ကိုတော့ အရန်ခုံမှာတောင် မတွေ့ရတဲ့ ဒီနေ့ပွဲစဉ်မှာ ဘယ်လ်ဂျီယမ်သားရဲ့ ဖန်တီးမှုတွေကို ဘာနာဒို ဆေးလ်ဗားနဲ့ ဂွန်ဒိုးဝမ်တို့က ပေါင်းစပ်ဖြည့်ဆည်းပေးသွားခဲ့သလို လူငယ်ကစားသမား ဖိုဒန်ကလည်း တိုက်စစ်မှာ ဖန်တီးမှုတွေနဲ့ အခွင့်အရေးတွေကို ဂရီးလစ်ရှ်နဲ့အတူ ရှာဖွေနိုင်ခဲ့တာကြောင့် ကောင်းကောင်းအလုပ်ဖြစ်ခဲ့ပြီး လူစားဝင်လာတဲ့ မာရက်ဇ်ကလည်း နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် အတိုင်းထက်အလွန်ဖြစ်ခဲ့ရပါတယ်။

မှတ်တမ်းတွေ ရေးထိုးနိုင်ခဲ့တဲ့ ဂွန်ဒိုးဝမ်
ပြီးခဲ့တဲ့ ရာသီက မန်စီးတီးတို့အတွက် ဂိုးသွင်းဘုရင်ဖြစ်ခဲ့တဲ့ ကွင်းလယ်လူ အစ်လ်ကေ ဂွန်ဒိုးဝမ်ဟာ ဒီနေ့မှာလည်း စံချိန်တွေကို တင်ရှိနိုင်ခဲ့ပြီး သူ့ရဲ့ ပရီးမီးယားလိဂ် ရာပြည့်နိုင်ပွဲကို ပွဲပေါင်း ၁၃၅ ပွဲမြောက်မှာ လက်ရှိရာသီအတွက် ပထမဆုံးသွင်းဂိုးနဲ့အတူ ရယူပေးနိုင်ခဲ့ပါတယ်။ ဒါဟာ သူ့အတွက် ၂၀၂၁ ပြက္ခဒိန်နှစ် တစ်နှစ်အတွင်းမှာ ၁၃ ဂိုးမြောက်လည်းဖြစ်ပြီး သူ့ထက် ဂိုးပိုရထားသူဆိုလို့ လီဗာပူးလ်ရဲ့ မိုဟာမက် ဆာလား (၁၆ ဂိုး)နဲ့ တော့တင်ဟမ်ဟော့စပါးစ်ရဲ့ ဟာရီကိန်း (၁၅ ဂိုး)တို့ နှစ်ဦးသာ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဂွန်ဒိုးဝမ်ဟာ ဂျာမန်ကစားသမားတွေထဲက ဒုတိယမြောက်အဖြစ် ဂိုး ၃၀ သွင်းယူနိုင်ခဲ့သူအဖြစ် အာဆင်နယ်ကစားသမားဟောင်း မီဆွတ် အိုဇေးလ်နောက်မှာလည်း ရပ်တည်နိုင်ခဲ့တာပါ။

စံချိန်နဲ့ မှတ်တိုင်တွေ ရရှိခဲ့တဲ့ စီးတီး
မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ပွဲဟာ သူတို့ရဲ့ ၄၅၀ မြောက် ပရီးမီးယားလိဂ်ပွဲစဉ်လည်းဖြစ်လာခဲ့ပြီး ဒီစံချိန်ကို ရယူနိုင်ခဲ့တဲ့ ဆဌမမြောက်အသင်းလည်းဖြစ်လာခဲ့ပါတယ်။ သူတို့တွေအနေနဲ့ ၁၈၉၂ ခုနှစ်မှာ အင်္ဂလန်အမှတ်ပေးပြိုင်ပွဲတွေကို စတင်ယှဉ်ပြိုင်စဉ်ကတည်းကနေ သွင်းဂိုးစုစုပေါင်း တစ်သောင်းပြည့်နိုင်ဖို့ တစ်ထောင်သာ လိုတော့တဲ့ အနေအထားကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဖိုဒန်က သူ့ရဲ့ ဒုတိယဂိုးနဲ့ ၉၁၀၀ မြောက် အသင်းဂိုးကို ရယူပေးခဲ့သလို မာရက်ဇ်ရဲ့ သွင်းဂိုးကတော့ ၉၀၀၁ ဂိုးမြောက်ဖြစ်ခဲ့တာပါ။ ဒီဘရိုင်းနားဟာ ဒီနေ့ပွဲမှာ လူစားဝင်ကစားမှုနဲ့ အသင်းရဲ့ ပွဲအများဆုံး ကစားထားသူ ၅၀ စာရင်းထဲကို ဝင်ရောက်နိုင်ခဲ့ချိန်မှာ ဘာနာဒို ဆေးလ်ဗားကတော့ သူ့ရဲ့ စီးတီးကစားသမားဘဝမှာ အဝေးကွင်းနိုင်ပွဲ ၅၀ ပြည့်ကို စုဆောင်းနိုင်ခဲ့တာလည်းဖြစ်ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မိနစ္ ၃၀ နဲ႔ ဘဝခါးတဲ့ ဘ႐ိုက္တန္
ဘ႐ိုက္တန္အသင္းအေနနဲ႔ အိမ္ကြင္းမွာ မန္ခ်က္စတာစီးတီးအတြက္ ၿပိဳင္ဘက္ျဖစ္ႏိုင္ဖို႔ အတတ္ႏိုင္ဆုံး ျပင္ဆင္ခဲ့ၿပီး မာယာမ်ားတဲ့ ထေရာ့ဆတ္နဲ႔ ကူကူရဲလားတို႔လို ကစားသမားေတြနဲ႔ ျပင္ဆင္လာခဲ့ေပမယ့္ နာရီဝက္ေလာက္အတြင္းမွာပဲ သူတို႔ရဲ႕ ၿပိဳင္ဆိုင္မႈေတြက ၿပီးဆုံးသြားခဲ့ရတာပါ။ ဂိုးသမား ဆန္ခ်က္ဇ္ရဲ႕ ကာကြယ္မႈတခ်ိဳ႕ ေကာင္းခဲ့ေပမယ့္ ဂြန္ဒိုးဝမ္၊ ဖိုဒန္နဲ႔ ေဂ်ဆူးစ္တို႔ရဲ႕ တိုက္စစ္ပိုင္းနဲ႔ ဘာနာဒို ေဆးလ္ဗား၊ ဂရီးလစ္ရွ္တို႔ရဲ႕ ဖန္တီးမႈ အပိုင္းေတြက ဘ႐ိုက္တန္ထက္ မယွဥ္သာေအာင္ သာလြန္ေကာင္းမြန္ေနခဲ့တာေၾကာင့္ ဂေရဟမ္ ေပါ့တာတို႔အုပ္စုအတြက္ ေစာေစာစီးစီး ပြဲၿပီးသြားခဲ့တာ ျဖစ္ပါတယ္။

အေထာင္တိုက္စစ္မွာ အသားက်လာတဲ့ ဖိုဒန္
ၿပီးခဲ့တဲ့ ကလပ္ဘ႐ုဂ်္နဲ႔ပြဲမွာ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္ ဒီေန႔ပြဲမွာေတာ့ ဖိုဒန္ရဲ႕ ဂိုးလာဘ္ ျပန္ေပၚခဲ့ၿပီး တစ္ဂိုးဆို သူမသြင္းရဘဲနဲ႔ေတာင္မွ သူ႔နာမည္နဲ႔ စာရင္းဝင္သြားခဲ့ေသးတာပါ။ အေထာင္တိုက္စစ္မွာ False 9 အျဖစ္ ကစားရင္း သူ႔အတြက္ အခြင့္အလမ္းေတြကို ရွာေဖြႏိုင္ခဲ့တဲ့ အဂၤလန္ ကြင္းလယ္လူအေနနဲ႔ သြင္းဂိုးႏွစ္ဂိုးအျပင္ ဖန္တီးမႈတစ္ႀကိမ္ကိုလည္း အသင္းေဖာ္ မာရက္ဇ္အတြက္ ျပဳလုပ္ေပးႏိုင္ခဲ့ၿပီး ဂြါဒီယိုလာရဲ႕ လူငယ္ေတြကို ယုံၾကည္မႈအတြက္ အေကာင္းဆုံး ေျခစြမ္းျပေနသလို ႏွစ္ရာသီအတြင္းမွာ သြင္းဂိုး ၂၀ ရွာေဖြႏိုင္ခဲ့ၿပီးၿပီလည္းျဖစ္ပါတယ္။

အသင္းရဲ႕ အမွတ္အသားက အေရးမႀကီးေတာ့ဘူးလား
မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ ဒီေန႔ပြဲမွာ အက်ႌေပၚမွာ အသင္းတိုင္း သုံးစြဲေလ့ရွိတဲ့ Team Crest လို႔ ေခၚတဲ့ အသင္းတံဆိပ္အမွတ္အသားကို ထည့္သြင္းမထားတဲ့ နက္ျပာေရာင္ဝတ္စုံနဲ႔ အေဝးကြင္းမွာ ကစားလာခဲ့ၾကတာပါ။ အက်ႌေပၚမွာေတာ့ MAN CITY လို႔ စာလုံး ၇ လုံးကို ရင္ဘတ္စပြန္ဆာ အစ္တီဟတ္ရဲ႕ အေပၚကေန ထည့္သြင္းထားၿပီး အျမင္ဆန္းခဲ့လိုရွိေပမယ့္ ဆားမပါတဲ့ ဟင္းလိုမ်ိဳးလည္း ေပါ့႐ႊတ္႐ႊတ္ျဖစ္ခဲ့သလိုပဲလို႔ ဆိုရမွာျဖစ္ပါတယ္။ ဒါဟာ သူတို႔အတြက္ေတာ့ ၁၉၇၆ ခုႏွစ္ေနာက္ပိုင္း အမွတ္ေပးၿပိဳင္ပြဲေတြမွာ ပထမဆုံးအႀကိမ္အျဖစ္ အသင္းရဲ႕ အမွတ္အသားကို ျဖဳတ္ခ်ခဲ့တာလည္းျဖစ္ၿပီး ေျခစြမ္းျပႏိုင္တဲ့အတြက္ေတာ့ ဒါက ေဝဖန္စရာတစ္ခုအျဖစ္ကို ေရွာင္လႊဲႏိုင္ခဲ့ပါတယ္။

ေလးပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ခဲ့တဲ့ ဘ႐ိုက္တန္
ဘ႐ိုက္တန္အသင္းအေနနဲ႔ ေရွ႕က ၅ ပြဲမွာ ၄ ပြဲႏိုင္ ၁ ပြဲရႈံးနဲ႔ ၁၂ မွတ္ရယူႏိုင္ခဲ့ေပမယ့္ ေနာက္ထပ္ကစားတဲ့ ၄ ပြဲမွာေတာ့ ၃ ပြဲသေရ ၁ ပြဲရႈံးနဲ႔ အျမင့္ဆုံးရႏိုင္တဲ့ အမွတ္ ၁၂ မွတ္ထဲက ၃ မွတ္သာ ရွာေဖြႏိုင္ခဲ့ၿပီး သူတို႔ရဲ႕ မွတ္တမ္းေကာင္းကို ကြင္းလယ္လူ ဘီဆူးမား ဒဏ္ရာရမႈနဲ႔အတူ ဆက္လက္ ထိန္းသိမ္းႏိုင္စြမ္းမရွိခဲ့တာ ျဖစ္ပါတယ္။ ပဲေလ့စ္၊ အာဆင္နယ္နဲ႔ ေနာ့ဝစ္ခ်္တို႔ သုံးပြဲစလုံးကို အႏိုင္ရရွိသင့္ခဲ့သလို ေအာက္ထစ္ေတာ့ တန္းဆင္းဇုန္ အဆင့္ ၂၀ မွာ ရပ္တည္ေနတဲ့ တန္းတက္ ကေနရီငွက္ေတြကို သူတို႔အေနနဲ႔ သုံးမွတ္လုယူႏိုင္ခဲ့ဖို႔ မလုပ္ႏိုင္ခဲ့တာက ေသခ်ာေပါက္ အမွတ္ေလ်ာ့မယ့္ မန္စီးတီးနဲ႔ ပြဲမ်ိဳးမွာ ဖိအားေတြနဲ႔အတူ ရႈံးနိမ့္ခဲ့ၿပီး ဒီတစ္ပတ္မွာ အဆင့္ ၄ ေနရာကေန ဖယ္ေပးရဖို႔ ျဖစ္လာေတာ့မွာပါ။

ဂြါဒီယိုလာရဲ႕ အလွည့္က် လူထုတ္ပုံ
အသင္းရဲ႕ Assist King ကီဗင္ ဒီဘ႐ိုင္းနားနဲ႔ ေတာင္ပံတိုက္စစ္မႉး ရီယက္ မာရက္ဇ္ကို အရန္ခုံမွာထားခဲ့ၿပီး ပြဲခ်ိန္ ၇၇ မိနစ္နဲ႔ ၈၇ မိနစ္ေတြမွာမွ အသီးသီး လူစားဝင္ကစားခိုင္းခဲ့တဲ့ နည္းျပ ဂြါဒီယိုလာရဲ႕ အလွည့္က် လူထုတ္ပုံနဲ႔ ကစားသမားေတြကို အနားေပးမႈကေတာ့ ေအာင္ျမင္ၿပီး အက်ိဳးရွိခဲ့တာပါ။ စတာလင္ကိုေတာ့ အရန္ခုံမွာေတာင္ မေတြ႕ရတဲ့ ဒီေန႔ပြဲစဥ္မွာ ဘယ္လ္ဂ်ီယမ္သားရဲ႕ ဖန္တီးမႈေတြကို ဘာနာဒို ေဆးလ္ဗားနဲ႔ ဂြန္ဒိုးဝမ္တို႔က ေပါင္းစပ္ျဖည့္ဆည္းေပးသြားခဲ့သလို လူငယ္ကစားသမား ဖိုဒန္ကလည္း တိုက္စစ္မွာ ဖန္တီးမႈေတြနဲ႔ အခြင့္အေရးေတြကို ဂရီးလစ္ရွ္နဲ႔အတူ ရွာေဖြႏိုင္ခဲ့တာေၾကာင့္ ေကာင္းေကာင္းအလုပ္ျဖစ္ခဲ့ၿပီး လူစားဝင္လာတဲ့ မာရက္ဇ္ကလည္း နာက်င္အခ်ိန္ပို ေနာက္ဆုံးမိနစ္မွာ ဂိုးသြင္းယူႏိုင္ခဲ့တဲ့အတြက္ အတိုင္းထက္အလြန္ျဖစ္ခဲ့ရပါတယ္။

မွတ္တမ္းေတြ ေရးထိုးႏိုင္ခဲ့တဲ့ ဂြန္ဒိုးဝမ္
ၿပီးခဲ့တဲ့ ရာသီက မန္စီးတီးတို႔အတြက္ ဂိုးသြင္းဘုရင္ျဖစ္ခဲ့တဲ့ ကြင္းလယ္လူ အစ္လ္ေက ဂြန္ဒိုးဝမ္ဟာ ဒီေန႔မွာလည္း စံခ်ိန္ေတြကို တင္ရွိႏိုင္ခဲ့ၿပီး သူ႔ရဲ႕ ပရီးမီးယားလိဂ္ ရာျပည့္ႏိုင္ပြဲကို ပြဲေပါင္း ၁၃၅ ပြဲေျမာက္မွာ လက္ရွိရာသီအတြက္ ပထမဆုံးသြင္းဂိုးနဲ႔အတူ ရယူေပးႏိုင္ခဲ့ပါတယ္။ ဒါဟာ သူ႔အတြက္ ၂၀၂၁ ျပကၡဒိန္ႏွစ္ တစ္ႏွစ္အတြင္းမွာ ၁၃ ဂိုးေျမာက္လည္းျဖစ္ၿပီး သူ႔ထက္ ဂိုးပိုရထားသူဆိုလို႔ လီဗာပူးလ္ရဲ႕ မိုဟာမက္ ဆာလား (၁၆ ဂိုး)နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္ရဲ႕ ဟာရီကိန္း (၁၅ ဂိုး)တို႔ ႏွစ္ဦးသာ ရွိေနခဲ့တာလည္းျဖစ္ပါတယ္။ ဒါ့အျပင္ ဂြန္ဒိုးဝမ္ဟာ ဂ်ာမန္ကစားသမားေတြထဲက ဒုတိယေျမာက္အျဖစ္ ဂိုး ၃၀ သြင္းယူႏိုင္ခဲ့သူအျဖစ္ အာဆင္နယ္ကစားသမားေဟာင္း မီဆြတ္ အိုေဇးလ္ေနာက္မွာလည္း ရပ္တည္ႏိုင္ခဲ့တာပါ။

စံခ်ိန္နဲ႔ မွတ္တိုင္ေတြ ရရွိခဲ့တဲ့ စီးတီး
မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔ပြဲဟာ သူတို႔ရဲ႕ ၄၅၀ ေျမာက္ ပရီးမီးယားလိဂ္ပြဲစဥ္လည္းျဖစ္လာခဲ့ၿပီး ဒီစံခ်ိန္ကို ရယူႏိုင္ခဲ့တဲ့ ဆဌမေျမာက္အသင္းလည္းျဖစ္လာခဲ့ပါတယ္။ သူတို႔ေတြအေနနဲ႔ ၁၈၉၂ ခုႏွစ္မွာ အဂၤလန္အမွတ္ေပးၿပိဳင္ပြဲေတြကို စတင္ယွဥ္ၿပိဳင္စဥ္ကတည္းကေန သြင္းဂိုးစုစုေပါင္း တစ္ေသာင္းျပည့္ႏိုင္ဖို႔ တစ္ေထာင္သာ လိုေတာ့တဲ့ အေနအထားကို ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ဖိုဒန္က သူ႔ရဲ႕ ဒုတိယဂိုးနဲ႔ ၉၁၀၀ ေျမာက္ အသင္းဂိုးကို ရယူေပးခဲ့သလို မာရက္ဇ္ရဲ႕ သြင္းဂိုးကေတာ့ ၉၀၀၁ ဂိုးေျမာက္ျဖစ္ခဲ့တာပါ။ ဒီဘ႐ိုင္းနားဟာ ဒီေန႔ပြဲမွာ လူစားဝင္ကစားမႈနဲ႔ အသင္းရဲ႕ ပြဲအမ်ားဆုံး ကစားထားသူ ၅၀ စာရင္းထဲကို ဝင္ေရာက္ႏိုင္ခဲ့ခ်ိန္မွာ ဘာနာဒို ေဆးလ္ဗားကေတာ့ သူ႔ရဲ႕ စီးတီးကစားသမားဘဝမွာ အေဝးကြင္းႏိုင္ပြဲ ၅၀ ျပည့္ကို စုေဆာင္းႏိုင္ခဲ့တာလည္းျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.