Analysis Premier League

သတ္တမမြောက် ကောင်းကင်ဘုံနဲ့ ချဲလ်ဆီး 7-0 နော့ဝစ်ချ်ပွဲအပြီး ပြောစရာ 7 ချက်

ချဲလ်ဆီးရဲ့ Seventh Heaven
ချဲလ်ဆီးအသင်းအနေနဲ့ ဒီလိုမျိုး ပြိုင်ဘက်အသင်းကို ၆ ဂိုးနဲ့အထက် သွင်းခဲ့တာက ပရီးမီးယားလိဂ်မှာ ၁၈ ကြိမ်မြောက်ဖြစ်ပြီး သူတို့ရဲ့ တိုက်စစ်အပြောင်းအလဲနဲ့အတူ ခုနစ်ဂိုးသွင်းခဲ့တာက မီဒီယာတွေရဲ့ ရေးသားနေကျ စကားအလှဖြစ်တဲ့ Seventh Heaven ဆိုတဲ့ သတ္တမ ကောင်းကင်ဘုံကို ရောက်သွားစေခဲ့တာပါ။ မေဆန်မောင့်ရဲ့ ဟက်ထရစ်၊ အင်္ဂလိပ်ကစားသမားတွေပဲ သွင်းယူနိုင်ခဲ့တဲ့ ဂိုးတွေနဲ့ နော့ဝစ်ချ်ကို နာလန်မထူနိုင်အောင်လုပ်ခဲ့ပြီး အဓိက တိုက်စစ်မှူးတွေ ဒဏ်ရာရနေတော့မှပဲ အသင်းရဲ့ ဂိုးသွင်းနှုန်းကလည်း အံ့ဩလောက်အောင် ထူးခြားကောင်းမွန်နေခဲ့တာဖြစ်ပါတယ်။

တိုက်စစ်မှူးမရှိတာ ပူစရာမလိုဘူး
ဒီလိုမျိုး စကားကို ၂၀၀၄-၀၅ ရာသီက အာယန် ရော့ဘင်က ပြောဖူးပါတယ်။ ဒီနေ့မှာလည်း ချဲလ်ဆီးတို့အနေနဲ့ ဒီလိုပဲ ပြောရလောက်အောင် ကွင်းလယ်လူကနေ တိုက်စစ်မှူးပြောင်းကစားနေတဲ့ ဟာဗတ်ဇ်ကို အထောင်ထားပြီး ပွဲထွက်လာချိန်မှာ သူကတောင် ဂိုးသွင်းနိုင်တာမဟုတ်ဘဲ ကျန်တဲ့ တိုက်စစ်နဲ့ ခံစစ်က တောင်ပံကစားသမားတွေက အင်အားနည်းတဲ့ အဆင့် ၂၀ က ပြိုင်ဘက် နော့ဝစ်ချ်ကို ၆ ဂိုးတိတိ အားပေးသွားခဲ့တာပါ။

ကွင်းလယ်တိုက်စစ်ကနေ ညာတောင်ပံပြောင်းကစားတဲ့ မေဆန်မောင့်က ဟက်ထရစ်၊ ဘယ်တောင်ပံသမား ဟဒ်ဆန်-အိုဒွိုင်း၊ ညာနောက်ခံလူ ရီးစ်ဂျိမ်းစ်၊ ဘယ်နောက်ခံလူ ချေးလ်ဝဲလ်တို့က တစ်ဂိုးစီ သွင်းခဲ့ကြပြီး လူကာကူးနဲ့ တီမို ဗာနာတို့နဲ့တောင် ဒီလောက် သွင်းနိုင်ပါ့မလား မသေချာချိန်မှာ ဒီနေ့ ပွဲထွက်ကစားသမားတွေကတော့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ထိန်းမနိုင်သိမ်းမရနဲ့ ရှေ့ပွဲတွေက မရတဲ့ ဂိုးတွေကိုပါ အစားသွင်းပေးသွားတာလားလို့ မေးချင်စရာဖြစ်ခဲ့ပါတယ်။

တူဟယ်လ် ယုံလို့ရတဲ့ အဆုံးသတ်သမား
ဦးစားပေးတိုက်စစ်မှူးနှစ်ယောက် မပါဝင်ချိန်မှာ ညာတောင်ပံနဲ့ ကွင်းလယ်မှာ အလျဉ်းသင့်သလို ကစားပြီး ၃ ဂိုးသွင်းယူနိုင်ခဲ့တဲ့ မေဆန်မောင့် တစ်ယောက်အတွက်တော့ နည်းပြ သောမတ်စ် တူဟယ်လ်အတွက်တော့ ယုံကြည်ကိုးစားနိုင်ဖို့ ရှိနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပွဲတွေက လူထက် စိတ်ပင်ပန်းနေလို့ အနားပေးခဲ့တာဆိုတဲ့ အင်္ဂလန်ကွင်းလယ်လူဟာ ဒီနေ့မှာ နည်းပြစကားက သူ့ကို စိတ်ဓာတ်စစ်ဆင်ရေးလုပ်တာပဲလို့ ဟက်ထရစ် ရယူအပြီးမှာ တုံ့ပြန်လိုက်သလို ၂၂ နှစ်သားအနေနဲ့ ဒီနေ့မှာ ဂိုးကန်ချက် ၅ ကြိမ်မှာ ၄ ကြိမ်ဂိုးပေါက်တည့်ပြီး ၃ ဂိုးရရှိခဲ့တဲ့ မှတ်တမ်းက လာမယ့် ပွဲတွေ အတွက်လည်း အဓိကနေရာက ကစားနိုင်ဖို့ ဖြစ်လာပြီလို့ ဆိုရတော့မှာပါ။

နှစ်ပွဲဆက်တိုက် အခွင့်အရေးကို ဆုပ်ကိုင်ခဲ့တဲ့ CHO
CHO လို့ အတိုကောက်ခေါ်တဲ့ ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းကတော့ သူ့ရဲ့ အကောင်းဆုံးနေရာကို နည်းပြရဲ့ အသိအမှတ်ပြုမှုနဲ့အတူ နှစ်ပွဲဆက် ဂိုးသွင်းယူပြနိုင်ခဲ့ပြီး မာလ်မိုနဲ့ပွဲမှာ လူစားဝင်ပြီး ခြေစွမ်းပြသလိုပဲ ဒီနေ့မှာလည်း အသက် ၂၀ အရွယ် တောင်ပံကစားသမားအနေနဲ့ ကျွမ်းကျင်မှု မြင့်မြင့်မားမားပြသပြီး တစ်ဂိုးသွင်းခဲ့သလို သူ့ရဲ့ ဖြတ်တင်ဘော တစ်ကြိမ်ကနေ နော့ဝစ်ချ်နောက်ခံလူ မက်စ် အာရွန်စ် ကိုယ့်ဂိုးကိုယ်သွင်းအောင် တတ်နိုင်ခဲ့တာပါ။

တူဟယ်လ်ရဲ့ တောင်ပံတွေကို အခြေအနေအရ အားကိုးကိုကိုးရတော့မယ့် အချိန်မှာ ဟဒ်ဆန်-အိုဒွိုင်းရဲ့ အချိန်ကိုက်တောက်ပမှုဟာ လူကာကူးနဲ့ တီမို ဗာနာတို့ရဲ့ ကွက်လပ်အတွက် အကောင်းဆုံးဖြေရှင်းမှုတစ်ရပ်အဖြစ် မေဆန်မောင်နဲ့အတူ ပေါ်ထွက်လာခဲ့တာလည်းဖြစ်ပြီး လက်ရှိ ခြေစွမ်းအရတော့ ပုလွေရိုးလေး ဇီးယက်ရှ်ထက်လည်း ခေါင်းတစ်လုံးသာလွန်မှုနဲ့အတူ ပွဲထွက်နေရာအတွက် ရှေ့က ဦးစားပေးခံရဖို့ ရှိနေခဲ့ပြီဖြစ်ပါတယ်။

ကော့ဘ်ဟမ်းရဲ့ ဂုဏ်ယူစရာ နေ့ရက်
ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်အနေနဲ့ အသင်းကို ပြောင်းရွှေ့ကြေးမြင့်မားတဲ့ ကစားသမားကောင်းတွေကို ငွေသုံးခေါ်ယူအပြီးမှာ လူငယ်စီမံကိန်းကိုလည်း အခြေပြုဖို့ ပေါ်လစီ ချမှတ်ပေးခဲ့ပြီး ကော့ဘ်ဟမ်းအကယ်ဒမီကို အဆင့်မြင့်အောင် ပျိုးထောင်ခဲ့တာက ဒီနေ့မှာ အသီးအပွင့်တွေ ဝေဆာခဲ့တာပါ။ ရီးစ်ဂျိမ်းစ်၊ ဟဒ်ဆန်-အိုဒွိုင်းနဲ့ မေဆန်မောင့်တို့က နော့ဝစ်ချ်အပေါ် နိုင်ပွဲအတွက် ခြေစွမ်းပြ ဂိုးသွင်းခဲ့ကြလို့ လူငယ်အကယ်ဒမီက တာဝန်ရှိသူတွေကို ပျော်ရွှင်စေနေတုန်းမှာပဲ ဒီပွဲအပြီးမှာ ကန်တဲ့ ဆောက်သမ်တန်နဲ့ ဘန်လေတို့ရဲ့ပွဲမှာ ချဲလ်ဆီးအသင်းက ပြန်လည်ခေါ်ယူခွင့်နဲ့အတူ ရောင်းချလိုက်တဲ့ ၁၈ နှစ်သား နောက်ခံလူ တီနို လီဗရာမန်တိုကလည်း တစ်ဂိုးသွင်းယူပြခဲ့သေးတာဖြစ်ပါတယ်။

ဂျော်ဂျင်ညိုနဲ့ ကိုဗာချစ်တို့ရဲ့ ဖန်တီးမှုစွမ်းရည်
ကွင်းလယ်မှာ ကွန်တေကို အနားပေးထားခဲ့ပြီး ပွဲထွက်လာခဲ့တဲ့ ချဲလ်ဆီးရဲ့ ဒီနေ့အတွဲအဖက်က အသင်းအတွက် သုံးဂိုးဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျော်ဂျင်ညိုအနေနဲ့ ၆၄ မိနစ် ကစားခဲ့ချိန်မှာ တိုက်စစ်ဇုန်အတွက် ဘောလုံးအကြိမ် ၂၀ ပေးပို့ခဲ့ပြီး ဖျက်ထုတ်မှုနဲ့ ဘောလုံးရယူမှုတွေက ကွင်းလယ်ဗဟိုကို စိုးမိုးထားနိုင်ချိန်မှာ မေဆန်မောင့်ရဲ့ အဖွင့်ဂိုးအတွက်လည်း ဖန်တီးပေးပို့နိုင်ခဲ့ပါတယ်။ တွဲဖက်ကွင်းလယ်လူ ကိုဗာချစ်ကလည်း ကျောနံပါတ် ၈ နဲ့အတူ ဒီရာသီမှာ ခြေစွမ်းပြနေပြီး သူ့ရဲ့ ဦးတည်ချက်ကတော့ ကွင်းရဲ့ ဘယ်ခြမ်းကို ဖြစ်ခဲ့သလို ဟဒ်ဆန်-အိုဒွိုင်းနဲ့ ချေးလ်ဝဲလ်တို့ ဂိုးသွင်းယူနိုင်ဖို့ နှစ်ကြိမ် ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ချန်ပီယံဆုအတွက် အမောက်ထောင်ပြတဲ့ ချဲလ်ဆီး
တိုက်စစ်မှူးနှစ်ယောက် မရှိလို့ ချဲလ်ဆီးတို့ကို အားနည်းသွားမယ်လို့ ထင်တဲ့သူတွေအတွက် ဒီပွဲက တက်တက်စင်အောင် လွဲခဲ့သလို တစ်သင်းလုံးက တိုက်စစ်စွမ်းရည်ရှိသူတွေအားလုံး အခွင့်အရေးအပေါ် မူတည်ပြီး ရှေ့တက်ကစားခဲ့တဲ့ ပုံစံတွေက အားရစရာဖြစ်ခဲ့ပါတယ်။ ရီးစ်ဂျိမ်းစ်နဲ့ ချေးလ်ဝဲလ်တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့သလို ရူဒီဂါကလည်း ပင်နယ်တီရစေမယ့် အနီးကပ်ကန်သွင်းမှုကို ပြုလုပ်ပေးနိုင်ခဲ့လို့ ချန်ပီယံအသင်းတွေရဲ့ နေရာစုံကနေ ဂိုးရှာဖွေနိုင်မှုကို မှတ်ကျောက်တင်ခံသလိုဖြစ်ခဲ့တာပါ။ နည်းပြ တူဟယ်လ်အနေနဲ့ အသင်းကို အမှားအယွင်း ကြီးကြီးမားမား မလုပ်ဘဲ ကိုင်တွယ်နိုင်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ဖလားကို စတမ်းဖို့ဒ်ဘရစ်ချ်ဆီ ခိုနားအောင် တတ်နိုင်လိမ့်မယ်လို့လည်း ခန့်မှန်းချင်စရာဖြစ်ခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးရဲ႕ Seventh Heaven
ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီလိုမ်ိဳး ၿပိဳင္ဘက္အသင္းကို ၆ ဂိုးနဲ႔အထက္ သြင္းခဲ့တာက ပရီးမီးယားလိဂ္မွာ ၁၈ ႀကိမ္ေျမာက္ျဖစ္ၿပီး သူတို႔ရဲ႕ တိုက္စစ္အေျပာင္းအလဲနဲ႔အတူ ခုနစ္ဂိုးသြင္းခဲ့တာက မီဒီယာေတြရဲ႕ ေရးသားေနက် စကားအလွျဖစ္တဲ့ Seventh Heaven ဆိုတဲ့ သတၱမ ေကာင္းကင္ဘုံကို ေရာက္သြားေစခဲ့တာပါ။ ေမဆန္ေမာင့္ရဲ႕ ဟက္ထရစ္၊ အဂၤလိပ္ကစားသမားေတြပဲ သြင္းယူႏိုင္ခဲ့တဲ့ ဂိုးေတြနဲ႔ ေနာ့ဝစ္ခ်္ကို နာလန္မထူႏိုင္ေအာင္လုပ္ခဲ့ၿပီး အဓိက တိုက္စစ္မႉးေတြ ဒဏ္ရာရေနေတာ့မွပဲ အသင္းရဲ႕ ဂိုးသြင္းႏႈန္းကလည္း အံ့ဩေလာက္ေအာင္ ထူးျခားေကာင္းမြန္ေနခဲ့တာျဖစ္ပါတယ္။

တိုက္စစ္မႉးမရွိတာ ပူစရာမလိုဘူး
ဒီလိုမ်ိဳး စကားကို ၂၀၀၄-၀၅ ရာသီက အာယန္ ေရာ့ဘင္က ေျပာဖူးပါတယ္။ ဒီေန႔မွာလည္း ခ်ဲလ္ဆီးတို႔အေနနဲ႔ ဒီလိုပဲ ေျပာရေလာက္ေအာင္ ကြင္းလယ္လူကေန တိုက္စစ္မႉးေျပာင္းကစားေနတဲ့ ဟာဗတ္ဇ္ကို အေထာင္ထားၿပီး ပြဲထြက္လာခ်ိန္မွာ သူကေတာင္ ဂိုးသြင္းႏိုင္တာမဟုတ္ဘဲ က်န္တဲ့ တိုက္စစ္နဲ႔ ခံစစ္က ေတာင္ပံကစားသမားေတြက အင္အားနည္းတဲ့ အဆင့္ ၂၀ က ၿပိဳင္ဘက္ ေနာ့ဝစ္ခ်္ကို ၆ ဂိုးတိတိ အားေပးသြားခဲ့တာပါ။

ကြင္းလယ္တိုက္စစ္ကေန ညာေတာင္ပံေျပာင္းကစားတဲ့ ေမဆန္ေမာင့္က ဟက္ထရစ္၊ ဘယ္ေတာင္ပံသမား ဟဒ္ဆန္-အိုဒြိဳင္း၊ ညာေနာက္ခံလူ ရီးစ္ဂ်ိမ္းစ္၊ ဘယ္ေနာက္ခံလူ ေခ်းလ္ဝဲလ္တို႔က တစ္ဂိုးစီ သြင္းခဲ့ၾကၿပီး လူကာကူးနဲ႔ တီမို ဗာနာတို႔နဲ႔ေတာင္ ဒီေလာက္ သြင္းႏိုင္ပါ့မလား မေသခ်ာခ်ိန္မွာ ဒီေန႔ ပြဲထြက္ကစားသမားေတြကေတာ့ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ထိန္းမႏိုင္သိမ္းမရနဲ႔ ေရွ႕ပြဲေတြက မရတဲ့ ဂိုးေတြကိုပါ အစားသြင္းေပးသြားတာလားလို႔ ေမးခ်င္စရာျဖစ္ခဲ့ပါတယ္။

တူဟယ္လ္ ယုံလို႔ရတဲ့ အဆုံးသတ္သမား
ဦးစားေပးတိုက္စစ္မႉးႏွစ္ေယာက္ မပါဝင္ခ်ိန္မွာ ညာေတာင္ပံနဲ႔ ကြင္းလယ္မွာ အလ်ဥ္းသင့္သလို ကစားၿပီး ၃ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ေမဆန္ေမာင့္ တစ္ေယာက္အတြက္ေတာ့ နည္းျပ ေသာမတ္စ္ တူဟယ္လ္အတြက္ေတာ့ ယုံၾကည္ကိုးစားႏိုင္ဖို႔ ရွိေနခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ပြဲေတြက လူထက္ စိတ္ပင္ပန္းေနလို႔ အနားေပးခဲ့တာဆိုတဲ့ အဂၤလန္ကြင္းလယ္လူဟာ ဒီေန႔မွာ နည္းျပစကားက သူ႔ကို စိတ္ဓာတ္စစ္ဆင္ေရးလုပ္တာပဲလို႔ ဟက္ထရစ္ ရယူအၿပီးမွာ တုံ႔ျပန္လိုက္သလို ၂၂ ႏွစ္သားအေနနဲ႔ ဒီေန႔မွာ ဂိုးကန္ခ်က္ ၅ ႀကိမ္မွာ ၄ ႀကိမ္ဂိုးေပါက္တည့္ၿပီး ၃ ဂိုးရရွိခဲ့တဲ့ မွတ္တမ္းက လာမယ့္ ပြဲေတြ အတြက္လည္း အဓိကေနရာက ကစားႏိုင္ဖို႔ ျဖစ္လာၿပီလို႔ ဆိုရေတာ့မွာပါ။

ႏွစ္ပြဲဆက္တိုက္ အခြင့္အေရးကို ဆုပ္ကိုင္ခဲ့တဲ့ CHO
CHO လို႔ အတိုေကာက္ေခၚတဲ့ ကယ္လမ္ ဟဒ္ဆန္-အိုဒြိဳင္းကေတာ့ သူ႔ရဲ႕ အေကာင္းဆုံးေနရာကို နည္းျပရဲ႕ အသိအမွတ္ျပဳမႈနဲ႔အတူ ႏွစ္ပြဲဆက္ ဂိုးသြင္းယူျပႏိုင္ခဲ့ၿပီး မာလ္မိုနဲ႔ပြဲမွာ လူစားဝင္ၿပီး ေျခစြမ္းျပသလိုပဲ ဒီေန႔မွာလည္း အသက္ ၂၀ အ႐ြယ္ ေတာင္ပံကစားသမားအေနနဲ႔ ကြၽမ္းက်င္မႈ ျမင့္ျမင့္မားမားျပသၿပီး တစ္ဂိုးသြင္းခဲ့သလို သူ႔ရဲ႕ ျဖတ္တင္ေဘာ တစ္ႀကိမ္ကေန ေနာ့ဝစ္ခ်္ေနာက္ခံလူ မက္စ္ အာ႐ြန္စ္ ကိုယ့္ဂိုးကိုယ္သြင္းေအာင္ တတ္ႏိုင္ခဲ့တာပါ။

တူဟယ္လ္ရဲ႕ ေတာင္ပံေတြကို အေျခအေနအရ အားကိုးကိုကိုးရေတာ့မယ့္ အခ်ိန္မွာ ဟဒ္ဆန္-အိုဒြိဳင္းရဲ႕ အခ်ိန္ကိုက္ေတာက္ပမႈဟာ လူကာကူးနဲ႔ တီမို ဗာနာတို႔ရဲ႕ ကြက္လပ္အတြက္ အေကာင္းဆုံးေျဖရွင္းမႈတစ္ရပ္အျဖစ္ ေမဆန္ေမာင္နဲ႔အတူ ေပၚထြက္လာခဲ့တာလည္းျဖစ္ၿပီး လက္ရွိ ေျခစြမ္းအရေတာ့ ပုေလြ႐ိုးေလး ဇီးယက္ရွ္ထက္လည္း ေခါင္းတစ္လုံးသာလြန္မႈနဲ႔အတူ ပြဲထြက္ေနရာအတြက္ ေရွ႕က ဦးစားေပးခံရဖို႔ ရွိေနခဲ့ၿပီျဖစ္ပါတယ္။

ေကာ့ဘ္ဟမ္းရဲ႕ ဂုဏ္ယူစရာ ေန႔ရက္
ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ႐ိုမန္ ေအဘရာမိုဗစ္ခ်္အေနနဲ႔ အသင္းကို ေျပာင္းေ႐ႊ႕ေၾကးျမင့္မားတဲ့ ကစားသမားေကာင္းေတြကို ေငြသုံးေခၚယူအၿပီးမွာ လူငယ္စီမံကိန္းကိုလည္း အေျချပဳဖို႔ ေပၚလစီ ခ်မွတ္ေပးခဲ့ၿပီး ေကာ့ဘ္ဟမ္းအကယ္ဒမီကို အဆင့္ျမင့္ေအာင္ ပ်ိဳးေထာင္ခဲ့တာက ဒီေန႔မွာ အသီးအပြင့္ေတြ ေဝဆာခဲ့တာပါ။ ရီးစ္ဂ်ိမ္းစ္၊ ဟဒ္ဆန္-အိုဒြိဳင္းနဲ႔ ေမဆန္ေမာင့္တို႔က ေနာ့ဝစ္ခ်္အေပၚ ႏိုင္ပြဲအတြက္ ေျခစြမ္းျပ ဂိုးသြင္းခဲ့ၾကလို႔ လူငယ္အကယ္ဒမီက တာဝန္ရွိသူေတြကို ေပ်ာ္႐ႊင္ေစေနတုန္းမွာပဲ ဒီပြဲအၿပီးမွာ ကန္တဲ့ ေဆာက္သမ္တန္နဲ႔ ဘန္ေလတို႔ရဲ႕ပြဲမွာ ခ်ဲလ္ဆီးအသင္းက ျပန္လည္ေခၚယူခြင့္နဲ႔အတူ ေရာင္းခ်လိုက္တဲ့ ၁၈ ႏွစ္သား ေနာက္ခံလူ တီႏို လီဗရာမန္တိုကလည္း တစ္ဂိုးသြင္းယူျပခဲ့ေသးတာျဖစ္ပါတယ္။

ေဂ်ာ္ဂ်င္ညိဳနဲ႔ ကိုဗာခ်စ္တို႔ရဲ႕ ဖန္တီးမႈစြမ္းရည္
ကြင္းလယ္မွာ ကြန္ေတကို အနားေပးထားခဲ့ၿပီး ပြဲထြက္လာခဲ့တဲ့ ခ်ဲလ္ဆီးရဲ႕ ဒီေန႔အတြဲအဖက္က အသင္းအတြက္ သုံးဂိုးဖန္တီးေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ေဂ်ာ္ဂ်င္ညိဳအေနနဲ႔ ၆၄ မိနစ္ ကစားခဲ့ခ်ိန္မွာ တိုက္စစ္ဇုန္အတြက္ ေဘာလုံးအႀကိမ္ ၂၀ ေပးပို႔ခဲ့ၿပီး ဖ်က္ထုတ္မႈနဲ႔ ေဘာလုံးရယူမႈေတြက ကြင္းလယ္ဗဟိုကို စိုးမိုးထားႏိုင္ခ်ိန္မွာ ေမဆန္ေမာင့္ရဲ႕ အဖြင့္ဂိုးအတြက္လည္း ဖန္တီးေပးပို႔ႏိုင္ခဲ့ပါတယ္။ တြဲဖက္ကြင္းလယ္လူ ကိုဗာခ်စ္ကလည္း ေက်ာနံပါတ္ ၈ နဲ႔အတူ ဒီရာသီမွာ ေျခစြမ္းျပေနၿပီး သူ႔ရဲ႕ ဦးတည္ခ်က္ကေတာ့ ကြင္းရဲ႕ ဘယ္ျခမ္းကို ျဖစ္ခဲ့သလို ဟဒ္ဆန္-အိုဒြိဳင္းနဲ႔ ေခ်းလ္ဝဲလ္တို႔ ဂိုးသြင္းယူႏိုင္ဖို႔ ႏွစ္ႀကိမ္ ဖန္တီးေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ခ်န္ပီယံဆုအတြက္ အေမာက္ေထာင္ျပတဲ့ ခ်ဲလ္ဆီး
တိုက္စစ္မႉးႏွစ္ေယာက္ မရွိလို႔ ခ်ဲလ္ဆီးတို႔ကို အားနည္းသြားမယ္လို႔ ထင္တဲ့သူေတြအတြက္ ဒီပြဲက တက္တက္စင္ေအာင္ လြဲခဲ့သလို တစ္သင္းလုံးက တိုက္စစ္စြမ္းရည္ရွိသူေတြအားလုံး အခြင့္အေရးအေပၚ မူတည္ၿပီး ေရွ႕တက္ကစားခဲ့တဲ့ ပုံစံေတြက အားရစရာျဖစ္ခဲ့ပါတယ္။ ရီးစ္ဂ်ိမ္းစ္နဲ႔ ေခ်းလ္ဝဲလ္တို႔က တစ္ဂိုးစီ သြင္းယူေပးခဲ့သလို ႐ူဒီဂါကလည္း ပင္နယ္တီရေစမယ့္ အနီးကပ္ကန္သြင္းမႈကို ျပဳလုပ္ေပးႏိုင္ခဲ့လို႔ ခ်န္ပီယံအသင္းေတြရဲ႕ ေနရာစုံကေန ဂိုးရွာေဖြႏိုင္မႈကို မွတ္ေက်ာက္တင္ခံသလိုျဖစ္ခဲ့တာပါ။ နည္းျပ တူဟယ္လ္အေနနဲ႔ အသင္းကို အမွားအယြင္း ႀကီးႀကီးမားမား မလုပ္ဘဲ ကိုင္တြယ္ႏိုင္ခဲ့မယ္ဆိုရင္ ပရီးမီးယားလိဂ္ဖလားကို စတမ္းဖို႔ဒ္ဘရစ္ခ်္ဆီ ခိုနားေအာင္ တတ္ႏိုင္လိမ့္မယ္လို႔လည္း ခန႔္မွန္းခ်င္စရာျဖစ္ခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.