Match Report Premier League

ဘရိုက်တန်ကို ကျော်ဖြတ်ပြီး ချန်ပီယံခြေစွမ်းရှိကြောင်း ပြသလိုက်တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာတော့ အိမ်ကွင်းကောင်းတဲ့ ဘရိုက်တန်အသင်းကို သူတို့ရဲ့ ကစားနေကျ ဘောလုံးပိုင်ဆိုင်မှု ဦးစားပေး ၄-၃-၃ ပုံစံနဲ့အတူ ဖိုဒန်ကို False 9 ထားတဲ့ ကွင်းလယ်စုဖွဲ့မှုဖြစ်တဲ့ ဂွန်ဒိုးဝမ်၊ ဘာနာဒို ဆေးလ်ဗား၊ ဂရီးလစ်ရှ်၊ ရိုဒရီတို့နဲ့ ကစားလာခဲ့ပြီး ဘရာဇီးလ်တိုက်စစ်မှူး ဂျေဆူးစ်ကတော့ သူကစားချင်တယ်လို့ ပြောလေ့ရှိတဲ့ ညာတောင်ပံမှာပဲ ပွဲထွက်ခဲ့ပါတယ်။

ဘရိုက်တန်ကတော့ ၃-၅-၂ ပုံစံကို ပြောင်းလဲထားခဲ့ပြီး ဗဲလ်မန်း၊ ဒန့်ခ်နဲ့ ဒန်ဘန်းတို့ကို ခံစစ်အထိုင်မှာ သုံးပြီး တောင်ပံတွေမှာ ကူကူရဲလားနဲ့ မာ့ချ်တို့ကို သုံးခဲ့သလို ဘီဆူးမားကိုတော့ အရန်ခုံမှာပဲ ထားခဲ့ပြီး ဂရော့စ်၊ လယ်လာနာ၊ မိုဒါတို့ရဲ့ ကွင်းလယ်ရှေ့က မော်ပေနဲ့ ထရော့ဆတ်ကို တိုက်စစ်မှာ ထားပြီး ပွဲထွက်လာခဲ့တာပါ။

မာရက်ဇ်နဲ့ ဒီဘရိုင်းနားကို အရန်ခုံမှာပဲ ထားခဲ့တဲ့ မန်စီးတီးတို့အနေနဲ့ ဒီနေ့မှာ အသင်းလိုဂိုမပါတဲ့ နက်ပြာရောင်ဝတ်စုံသစ်ကို ဝတ်ဆင်ခဲ့ပြီး လိုဂိုအစား စပွန်ဆာဖြစ်တဲ့ အစ်တီဟတ်စာတန်းရဲ့ အပေါ်မှာ MAN CITY ဆိုတဲ့ စာတန်းကိုပဲ ထိုးထားခဲ့တာကို တွေ့ခဲ့ရသလို အဝေးကွင်းပွဲစဉ်မှာ ထူးခြားမှုတစ်ရပ်အဖြစ်လည်း တွေ့ခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၇ မိနစ်မှာတော့ ကန်ဆယ်လိုရဲ့ ကန်ချက်နဲ့ မန်စီးတီးတို့ရဲ့ ခြိမ်းခြောက်မှုကို ဂိုးသမား ဆန်ချက်ဇ် ကာကွယ်ခဲ့ရပြီး ပွဲချိန် ၁၁ မိနစ်မှာတော့ ညာတောင်ပံက ဂျေဆူးစ်ရဲ့ ကန်ချက်က ဂိုးသမားခြေထောက်နဲ့ထိပြီး ဂိုးထဲတည့်တည့် သွားခဲ့တာကို နောက်ခံလူ ဒန့်ခ်က ဂိုးစည်းပေါ်ကကနေ ရှင်းထုတ်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၁၃ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ပြီး ဖိုဒန်ရဲ့ ကန်ချက် နောက်ခံလူနဲ့ထိပြီး မြောက်တက်သွားတာကို ဂိုးသမား ဆန်ချက်ဇ် ပုတ်ပြီး ပြန်ကျတာကနေ ဘာနာဒို ဆေးလ်ဗားက နောက်ပြန်ကန်သွင်းဖို့ ကြိုးစားခဲ့တဲ့ ဘောလုံးက ဂိုးထဲ သွားခဲ့ပေမယ့် ဘရိုက်တန်နောက်ခံလူ မဖျက်နိုင်ခင်မှာ ဂွန်ဒိုးဝမ်က ပိတ်သွင်းပြီး ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဂိုးအတွက် ဘရိုက်တန်အသင်းအနေနဲ့ သူတို့ဂိုးသမား ဆန်ချက်ဇ် ဘောလုံးရယူစဉ်မှာ မန်စီးတီးတိုက်စစ်မှူး ဂျေဆူးစ်ရဲ့ ကြမ်းကြမ်းတမ်းတမ်း ကစားခြင်းခံရတယ်လို့ စောဒကတက်ခဲ့ကြပေမယ့် VAR အဖွဲ့ကတော့ ဒိုင်လူကြီး ပြန်ကြည့်ဖို့ မလိုဘဲ သာမန်ထိတွေ့မှုသာဖြစ်တယ်လို့ သတ်မှတ်ပေးခဲ့ပြီး ပယ်ချသွားခဲ့လို့ ဧည့်သည်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။

ပွဲချိန် ၂၈ မိနစ်မှာတော့ မန်စီးတီးတို့ ဒုတိယဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ဘောလုံးဆွဲပြေးတဲ့ ဘာနာဒို ဆေးလ်ဗားက ဘယ်ခြမ်းကို ချပေးရာမှာ ဂရီးလစ်ရှ်က တောက်လျှောက်ဆွဲပြေးပြီး ဂိုးဧရိယာနားအရောက်မှာ ညာဘက်ကို ပြန်ချိုးပေးရာမှာ အသင့်ရှိနေတဲ့ ဖိုဒန်က နောက်ခံလူရဲ့ ဖိအားကို တောင့်ခံပြီး ပိတ်သွင်းသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၃၁ မိနစ်မှာတော့ လက်ရှိချန်ပီယံတွေအနေနဲ့ တတိယဂိုး ထပ်မံရယူနိုင်ခဲ့ပြီး ဂျေဆူးစ်ရဲ့ ပေးပို့မှုကနေ ဂရီးလစ်ရှ်က ဘယ်ခြမ်းက ကန်သွင်းခဲ့ရာမှာ ကန်ချက်မကောင်းခဲ့လို့ ဂိုးသမား ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတာကို ဂျေဆူးစ်ကပဲ ထပ်ပိတ်သွင်းခဲ့ရာမှာ ဖိုဒန်နဲ့ ရှပ်ထိပြီး ဂိုးဝင်သွားခဲ့တဲ့အတွက် နောက်ဆုံးမှာတော့ ဖိုဒန်ရဲ့ ဂိုးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ပွဲချိန် ၄၃ မိနစ်မှာ ဘရိုက်တန်ကွင်းလယ်လူ မာ့ချ်ရဲ့ ကန်ချက်ကို အီဒါဆန် မလေးမစား ဖမ်းရာကနေ ချော်ထွက်ပြီး ဂိုးညာဘက်အပေါ်ထောင့်ဘေးက ကပ်ထွက်သွားခဲ့သလို ပထမပိုင်း ပြီးခါနီးမှာတော့ ဖိုဒန်နဲ့ ဂရီးလစ်ရှ်တို့ရဲ့ ကန်ချက်တွေကို ဆန်းချက်ဇ် ကာကွယ်သွားနိုင်ခဲ့ပြီး သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ မန်စီးတီးတို့ အခွင့်အရေးတွေကို ဖြုန်းတီးနေခဲ့သလို ဘရိုက်တန်တို့အနေနဲ့ ခံစစ်မှာရော တိုက်စစ်မှာပါ သေသေချာချာ ကစားနိုင်ခဲ့လို့ ဧည့်သည်တွေကို ပြန်လည်ဖိအားပေးလာနိုင်ခဲ့ပြီး အဆုံးသတ်ပိုင်းတွေမှာ တိကျသေသပ်မှု သိပ်မရှိခဲ့လို့သာ ချေပဂိုးပြန်မရဘဲဖြစ်နေခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ လူစားဝင်လာတဲ့ လမ့်ပ်တေနဲ့ အမ်ဝီပူတို့လို တောင်ပံတွေက မြန်ဆန်တဲ့ ကစားသမားတွေကြောင့် တိုက်စစ်ပိုကောင်းခဲ့ပြီး မန်ချက်စတာစီးတီးတို့ ခံစစ်မှာ စုပြုံဖျက်ထုတ်နေခဲ့ရသလို ကွင်းလယ်က လေးလံနေတဲ့ ဂျာမန်သား ဂရော့စ်နေရာမှာလည်း စကော့-အာဂျင်တီးနားကပြား မက်ကယ်လစ္စတာကို လဲကစားပြီး တိုက်စစ်မြှင့်ခဲ့ပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာတော့ ဂိုးစည်းနားအထိ ပြေးဝင်လာပြီး ဖြတ်တင်ဖို့ ကြိုးစားတဲ့ အမ်ဝီပူကို ဘောလုံးဝင်လုတဲ့ အီဒါဆန်က ခြေထောက်ကိုပဲ ဆွဲမိခဲ့တာကြောင့် ပင်နယ်တီ ပေးခဲ့ရပြီး VAR ပြန်ကြည့်ရမှာလည်း ထင်ရှားခဲ့လို့ ဒိုင်လူကြီး ကီဗင် ဖရန့်က အတည်ပြုပေးခဲ့ပြီး ဒီအခွင့်အရေးကို ပွဲချိန် ၈၁ မိနစ်မှာ မက်ကယ်လစ္စတာက ကန်သွင်းပြီး ချေပဂိုးတစ်ဂိုးရယူနိုင်ခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ဘရိုက်တန်တို့ နောက်ထပ်ဂိုးတွေရဖို့ တိုက်စစ်မြှင့်ကစားခဲ့ပေမယ့် စီးတီးကို ခုခံကာကွယ်သွားနိုင်ခဲ့ပြီး နာကျင် အချိန်ပို ၅ မိနစ်မှာတော့ ရှေ့မှာ ဟက်ထရစ်ရဖို့ ကြိုးစားရင်း လွဲချော်နေခဲ့ပြီး ဒီအချိန်မှာ မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ပုံရတဲ့ ဖိုဒန်က ဂိုးဧရိယာထဲမှာ လွတ်နေတဲ့ မာရက်ဇ်ဆီ ခင်းပေးခဲ့ရာမှာ အယ်လ်ဂျီးရီးယားသားက တည်တည်ငြိမ်ငြိမ်ပဲ အဆုံးသတ်သွားခဲ့ပြီး လေးဂိုး-တစ်ဂိုးဖြစ်စေခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီးတို့ ၉ ပွဲကစား ၆ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံး၊ ရမှတ် ၂၀ နဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၂ မှာ ရပ်တည်နိုင်ခဲ့ပြီး မြို့ခံပြိုင်ဘက် ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ တွေ့ဆုံနေချိန်မှာ သူတို့တွေ အမှတ်လျော့သွားနိုင်တဲ့ အခြေအနေကို အခွင့်ကောင်းယူနိုင်ခဲ့ချိန်မှာ ဘရိုက်တန်ကတော့ နောက်ဆုံး လေးပွဲဆက် နိုင်ပွဲပျောက်မှုနဲ့အတူ တနင်္ဂနွေနေ့မှာ အဆင့် ၄ နေရာက ဖယ်ပေးရဖို့ ဖြစ်လာနိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာေတာ့ အိမ္ကြင္းေကာင္းတဲ့ ဘ႐ိုက္တန္အသင္းကို သူတို႔ရဲ႕ ကစားေနက် ေဘာလုံးပိုင္ဆိုင္မႈ ဦးစားေပး ၄-၃-၃ ပုံစံနဲ႔အတူ ဖိုဒန္ကို False 9 ထားတဲ့ ကြင္းလယ္စုဖြဲ႕မႈျဖစ္တဲ့ ဂြန္ဒိုးဝမ္၊ ဘာနာဒို ေဆးလ္ဗား၊ ဂရီးလစ္ရွ္၊ ႐ိုဒရီတို႔နဲ႔ ကစားလာခဲ့ၿပီး ဘရာဇီးလ္တိုက္စစ္မႉး ေဂ်ဆူးစ္ကေတာ့ သူကစားခ်င္တယ္လို႔ ေျပာေလ့ရွိတဲ့ ညာေတာင္ပံမွာပဲ ပြဲထြက္ခဲ့ပါတယ္။

ဘ႐ိုက္တန္ကေတာ့ ၃-၅-၂ ပုံစံကို ေျပာင္းလဲထားခဲ့ၿပီး ဗဲလ္မန္း၊ ဒန႔္ခ္နဲ႔ ဒန္ဘန္းတို႔ကို ခံစစ္အထိုင္မွာ သုံးၿပီး ေတာင္ပံေတြမွာ ကူကူရဲလားနဲ႔ မာ့ခ်္တို႔ကို သုံးခဲ့သလို ဘီဆူးမားကိုေတာ့ အရန္ခုံမွာပဲ ထားခဲ့ၿပီး ဂေရာ့စ္၊ လယ္လာနာ၊ မိုဒါတို႔ရဲ႕ ကြင္းလယ္ေရွ႕က ေမာ္ေပနဲ႔ ထေရာ့ဆတ္ကို တိုက္စစ္မွာ ထားၿပီး ပြဲထြက္လာခဲ့တာပါ။

မာရက္ဇ္နဲ႔ ဒီဘ႐ိုင္းနားကို အရန္ခုံမွာပဲ ထားခဲ့တဲ့ မန္စီးတီးတို႔အေနနဲ႔ ဒီေန႔မွာ အသင္းလိုဂိုမပါတဲ့ နက္ျပာေရာင္ဝတ္စုံသစ္ကို ဝတ္ဆင္ခဲ့ၿပီး လိုဂိုအစား စပြန္ဆာျဖစ္တဲ့ အစ္တီဟတ္စာတန္းရဲ႕ အေပၚမွာ MAN CITY ဆိုတဲ့ စာတန္းကိုပဲ ထိုးထားခဲ့တာကို ေတြ႕ခဲ့ရသလို အေဝးကြင္းပြဲစဥ္မွာ ထူးျခားမႈတစ္ရပ္အျဖစ္လည္း ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇ မိနစ္မွာေတာ့ ကန္ဆယ္လိုရဲ႕ ကန္ခ်က္နဲ႔ မန္စီးတီးတို႔ရဲ႕ ၿခိမ္းေျခာက္မႈကို ဂိုးသမား ဆန္ခ်က္ဇ္ ကာကြယ္ခဲ့ရၿပီး ပြဲခ်ိန္ ၁၁ မိနစ္မွာေတာ့ ညာေတာင္ပံက ေဂ်ဆူးစ္ရဲ႕ ကန္ခ်က္က ဂိုးသမားေျခေထာက္နဲ႔ထိၿပီး ဂိုးထဲတည့္တည့္ သြားခဲ့တာကို ေနာက္ခံလူ ဒန႔္ခ္က ဂိုးစည္းေပၚကကေန ရွင္းထုတ္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၃ မိနစ္မွာေတာ့ မန္စီးတီးတို႔ အဖြင့္ဂိုး စတင္သြင္းယူႏိုင္ခဲ့ၿပီး ဖိုဒန္ရဲ႕ ကန္ခ်က္ ေနာက္ခံလူနဲ႔ထိၿပီး ေျမာက္တက္သြားတာကို ဂိုးသမား ဆန္ခ်က္ဇ္ ပုတ္ၿပီး ျပန္က်တာကေန ဘာနာဒို ေဆးလ္ဗားက ေနာက္ျပန္ကန္သြင္းဖို႔ ႀကိဳးစားခဲ့တဲ့ ေဘာလုံးက ဂိုးထဲ သြားခဲ့ေပမယ့္ ဘ႐ိုက္တန္ေနာက္ခံလူ မဖ်က္ႏိုင္ခင္မွာ ဂြန္ဒိုးဝမ္က ပိတ္သြင္းၿပီး ရယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီဂိုးအတြက္ ဘ႐ိုက္တန္အသင္းအေနနဲ႔ သူတို႔ဂိုးသမား ဆန္ခ်က္ဇ္ ေဘာလုံးရယူစဥ္မွာ မန္စီးတီးတိုက္စစ္မႉး ေဂ်ဆူးစ္ရဲ႕ ၾကမ္းၾကမ္းတမ္းတမ္း ကစားျခင္းခံရတယ္လို႔ ေစာဒကတက္ခဲ့ၾကေပမယ့္ VAR အဖြဲ႕ကေတာ့ ဒိုင္လူႀကီး ျပန္ၾကည့္ဖို႔ မလိုဘဲ သာမန္ထိေတြ႕မႈသာျဖစ္တယ္လို႔ သတ္မွတ္ေပးခဲ့ၿပီး ပယ္ခ်သြားခဲ့လို႔ ဧည့္သည္ေတြ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ မန္စီးတီးတို႔ ဒုတိယဦးေဆာင္ဂိုး သြင္းယူႏိုင္ခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန ေဘာလုံးဆြဲေျပးတဲ့ ဘာနာဒို ေဆးလ္ဗားက ဘယ္ျခမ္းကို ခ်ေပးရာမွာ ဂရီးလစ္ရွ္က ေတာက္ေလွ်ာက္ဆြဲေျပးၿပီး ဂိုးဧရိယာနားအေရာက္မွာ ညာဘက္ကို ျပန္ခ်ိဳးေပးရာမွာ အသင့္ရွိေနတဲ့ ဖိုဒန္က ေနာက္ခံလူရဲ႕ ဖိအားကို ေတာင့္ခံၿပီး ပိတ္သြင္းသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ လက္ရွိခ်န္ပီယံေတြအေနနဲ႔ တတိယဂိုး ထပ္မံရယူႏိုင္ခဲ့ၿပီး ေဂ်ဆူးစ္ရဲ႕ ေပးပို႔မႈကေန ဂရီးလစ္ရွ္က ဘယ္ျခမ္းက ကန္သြင္းခဲ့ရာမွာ ကန္ခ်က္မေကာင္းခဲ့လို႔ ဂိုးသမား ကာကြယ္ႏိုင္ခဲ့ေပမယ့္ ျပန္ထြက္လာတာကို ေဂ်ဆူးစ္ကပဲ ထပ္ပိတ္သြင္းခဲ့ရာမွာ ဖိုဒန္နဲ႔ ရွပ္ထိၿပီး ဂိုးဝင္သြားခဲ့တဲ့အတြက္ ေနာက္ဆုံးမွာေတာ့ ဖိုဒန္ရဲ႕ ဂိုးအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။

ပြဲခ်ိန္ ၄၃ မိနစ္မွာ ဘ႐ိုက္တန္ကြင္းလယ္လူ မာ့ခ်္ရဲ႕ ကန္ခ်က္ကို အီဒါဆန္ မေလးမစား ဖမ္းရာကေန ေခ်ာ္ထြက္ၿပီး ဂိုးညာဘက္အေပၚေထာင့္ေဘးက ကပ္ထြက္သြားခဲ့သလို ပထမပိုင္း ၿပီးခါနီးမွာေတာ့ ဖိုဒန္နဲ႔ ဂရီးလစ္ရွ္တို႔ရဲ႕ ကန္ခ်က္ေတြကို ဆန္းခ်က္ဇ္ ကာကြယ္သြားႏိုင္ခဲ့ၿပီး သုံးဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာ မန္စီးတီးတို႔ အခြင့္အေရးေတြကို ျဖဳန္းတီးေနခဲ့သလို ဘ႐ိုက္တန္တို႔အေနနဲ႔ ခံစစ္မွာေရာ တိုက္စစ္မွာပါ ေသေသခ်ာခ်ာ ကစားႏိုင္ခဲ့လို႔ ဧည့္သည္ေတြကို ျပန္လည္ဖိအားေပးလာႏိုင္ခဲ့ၿပီး အဆုံးသတ္ပိုင္းေတြမွာ တိက်ေသသပ္မႈ သိပ္မရွိခဲ့လို႔သာ ေခ်ပဂိုးျပန္မရဘဲျဖစ္ေနခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ လူစားဝင္လာတဲ့ လမ့္ပ္ေတနဲ႔ အမ္ဝီပူတို႔လို ေတာင္ပံေတြက ျမန္ဆန္တဲ့ ကစားသမားေတြေၾကာင့္ တိုက္စစ္ပိုေကာင္းခဲ့ၿပီး မန္ခ်က္စတာစီးတီးတို႔ ခံစစ္မွာ စုၿပဳံဖ်က္ထုတ္ေနခဲ့ရသလို ကြင္းလယ္က ေလးလံေနတဲ့ ဂ်ာမန္သား ဂေရာ့စ္ေနရာမွာလည္း စေကာ့-အာဂ်င္တီးနားကျပား မက္ကယ္လစၥတာကို လဲကစားၿပီး တိုက္စစ္ျမႇင့္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ ဂိုးစည္းနားအထိ ေျပးဝင္လာၿပီး ျဖတ္တင္ဖို႔ ႀကိဳးစားတဲ့ အမ္ဝီပူကို ေဘာလုံးဝင္လုတဲ့ အီဒါဆန္က ေျခေထာက္ကိုပဲ ဆြဲမိခဲ့တာေၾကာင့္ ပင္နယ္တီ ေပးခဲ့ရၿပီး VAR ျပန္ၾကည့္ရမွာလည္း ထင္ရွားခဲ့လို႔ ဒိုင္လူႀကီး ကီဗင္ ဖရန႔္က အတည္ျပဳေပးခဲ့ၿပီး ဒီအခြင့္အေရးကို ပြဲခ်ိန္ ၈၁ မိနစ္မွာ မက္ကယ္လစၥတာက ကန္သြင္းၿပီး ေခ်ပဂိုးတစ္ဂိုးရယူႏိုင္ခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဘ႐ိုက္တန္တို႔ ေနာက္ထပ္ဂိုးေတြရဖို႔ တိုက္စစ္ျမႇင့္ကစားခဲ့ေပမယ့္ စီးတီးကို ခုခံကာကြယ္သြားႏိုင္ခဲ့ၿပီး နာက်င္ အခ်ိန္ပို ၅ မိနစ္မွာေတာ့ ေရွ႕မွာ ဟက္ထရစ္ရဖို႔ ႀကိဳးစားရင္း လြဲေခ်ာ္ေနခဲ့ၿပီး ဒီအခ်ိန္မွာ ေမွ်ာ္လင့္ခ်က္ကို စြန႔္လႊတ္လိုက္ပုံရတဲ့ ဖိုဒန္က ဂိုးဧရိယာထဲမွာ လြတ္ေနတဲ့ မာရက္ဇ္ဆီ ခင္းေပးခဲ့ရာမွာ အယ္လ္ဂ်ီးရီးယားသားက တည္တည္ၿငိမ္ၿငိမ္ပဲ အဆုံးသတ္သြားခဲ့ၿပီး ေလးဂိုး-တစ္ဂိုးျဖစ္ေစခဲ့ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ မန္ခ်က္စတာစီးတီးတို႔ ၉ ပြဲကစား ၆ ပြဲႏိုင္ ၂ ပြဲသေရ ၁ ပြဲရႈံး၊ ရမွတ္ ၂၀ နဲ႔ ပရီးမီးယားလိဂ္အမွတ္ေပးဇယားရဲ႕ အဆင့္ ၂ မွာ ရပ္တည္ႏိုင္ခဲ့ၿပီး ၿမိဳ႕ခံၿပိဳင္ဘက္ ယူႏိုက္တက္နဲ႔ လီဗာပူးလ္တို႔ ေတြ႕ဆုံေနခ်ိန္မွာ သူတို႔ေတြ အမွတ္ေလ်ာ့သြားႏိုင္တဲ့ အေျခအေနကို အခြင့္ေကာင္းယူႏိုင္ခဲ့ခ်ိန္မွာ ဘ႐ိုက္တန္ကေတာ့ ေနာက္ဆုံး ေလးပြဲဆက္ ႏိုင္ပြဲေပ်ာက္မႈနဲ႔အတူ တနဂၤေႏြေန႔မွာ အဆင့္ ၄ ေနရာက ဖယ္ေပးရဖို႔ ျဖစ္လာႏိုင္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.