Match Report Premier League

၁၃ မိနစ်အတွင်း ၄ ဂိုးသွင်းခံရပြီး ရာနီရေးရီကို နိုင်ပွဲလက်ဆောင်ပေးလိုက်ရတဲ့ အဲဗာတန်

အဲဗာတန်အသင်းကို ရှိတဲ့သူနဲ့ တည်ဆောက်ထားနိုင်ခဲ့တဲ့ နည်းပြ ရာဖာ ဘင်နီတက်ဇ်ကြောင့် လူတွေရဲ့ အထင်ကြီးမှုက မြင့်မားခဲ့ပေမယ့် ဒီနေ့ပွဲမှာ သူ့လိုပဲ ပရီးမီးယားလိဂ်ရဲ့ ဝါရင့်နည်းပြတစ်ဦးဖြစ်တဲ့ ကလော်ဒီယို ရာနီရေးရီရဲ့ ဝတ်ဖို့ဒ်အသင်းကို အိမ်ကွင်း ဂွတ်ဒီဆန်ပါ့ခ်မှာ အရှုံးပေးခဲ့ရပြီး နှစ်ပွဲဆက် ရေနစ်ခဲ့ရတာလည်းဖြစ်ပါတယ်။

အဓိက နောက်ခံလူ ယယ်ရီ မီနာ ဒဏ်ရာရနေတဲ့ အဲဗာတန်တို့အနေနဲ့ ပြီးခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲကစပြီး ခံစစ်ပိုင်းက ယိုယွင်းလာနေခဲ့သလို ဒီနေ့ပွဲမှာ ကွင်းလယ်လူ ဒူကူရေးပါ မပါဝင်နိုင်ချိန်မှာတော့ ဘင်နီတက်ဇ်ရဲ့ နည်းဗျူဟာတွေက မထက်မြက်တော့သလို အသင်းရဲ့ ကစားအားနဲ့ စုဖွဲ့မှုကလည်း သိသိသာသာ ပျက်ယွင်းသွားခဲ့ရတာပါ။

ဒါပေမယ့် ပွဲချိန် ၃ မိနစ်မှာတော့ အိမ်ရှင်ပရိသတ်တွေအတွက် အဖွင့်ဂိုးကို ဒူကူရေးအစား ဝင်ကစားတဲ့ တွမ်ဒေးဗီးစ်က သွင်းယူနိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ဘယ်ခြမ်းက ဂေါ်ဒန် ဆွဲယူလာပြီး ထိုးပေးတာကို ဒီမာရိုင် ဂရေးက ဝတ်ဖို့ဒ်နောက်ခံလူတစ်ယောက်ကို ကျော်ဖြတ်ပြီး ချိုးပေးရာမှာ အနီးကပ်ပိတ်သွင်းရယူသွားခဲ့လို အဲဗာတန်တို့ စတင်ဦးဆောင်ခဲ့ပါတယ်။

အဲဗာတန်တို့ရဲ့ ကစားကွက်ကတော့ ဒီနေ့မှာ ကျစ်ကျစ်လျစ်လျစ်မရှိဘဲ ပုံပျက်နေခဲ့တာကြောင့် ဝတ်ဖို့ဒ်တို့ မကြာခဏဆိုသလို ထိုးဖောက်ခဲ့ပြီး ပွဲချိန် ၁၃ မိနစ်မှာတော့ ညာခြမ်းက ဖရီးကစ်ကို မာဆီနာ ကန်တင်ပေးရာမှာ ကက်သ်ကတ် ခေါင်းတိုက်ချပေးတာကို အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ခဲ့ရတဲ့ တိုက်စစ်မှူး ဂျိုရှူအာ ကင်းက အနီးကပ် ကန်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနှစ်ဂိုးမှာ အဲဗာတန်ရဲ့ ဂိုးကို ဂရေး လိမ်ခေါက်စဉ်မှာ လက်ထိသလားလို့ VAR ကြည့်ခဲ့ရသလို ဝတ်ဖို့ဒ်တို့ရဲ့ သွင်းဂိုးကိုတော့ လူကျွံဘောအဖြစ် သတ်မှတ်ပြီးမှ VAR မှာ လိုင်းတွေဆွဲပြီး မကျွံကြောင်း ပြန်လည်သုံးသပ်ပြီး ဂိုးအဖြစ် ပြောင်းလဲပေးခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ ဒီနှစ်ဂိုးအပြီးမှာ တစ်ဖက်နဲ့တစ်ဖက် ဂိုးထပ်မသွင်းနိုင်ဘဲ သရေကျနေခဲ့သလို အခွင့်အရေးကောင်းတချို့ကိုလည်း အိမ်ရှင် အဲဗာတန်တို့ အသုံးမချနိုင်ခဲ့ဘဲ တိုက်စစ်က လေးတိလေးကန် ရွန်ဒွန်ကတော့ ကိုးလ်မန်းရဲ့ ဖန်တီးမှုကို အသုံးမချနိုင်ခဲ့လို့ တစ်ဂိုးစီရလဒ်ပဲ ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အဲဗာတန်တို့ တိုက်စစ်ပိုကစားလာခဲ့သလို ရစ်ချာလစ်ဆန်ကို ဂေါ်ဒန်အစား ပွဲချိန်မိနစ် ၆၀ မှာ လူစားလဲခဲ့ပြီး သုံးမိနစ် အကြာမှာတော့ ဝတ်ဖို့ဒ်တို့ ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို ကွင်းလယ်ကနေ မိုက်ကယ် ကီးန် ပြန်တင်ပေးတာကနေ ဘရာဇီးလ်တိုက်စစ်မှူးက နောက်ခံလူ ငါးယောက်လောက်ကြားကနေ လွတ်လွတ်ကျွတ်ကျွတ် ပြေးထွက်ပြီး ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ အိမ်ရှင်တွေ ပြန်လည်ဦးဆောင်ခဲ့ပါတယ်။

ဒါပေမယ့် လူမစုံဘဲ ကစားနေရပြီး လက်ရှိအနေအထားလေးကို ဟန်ကိုယ့်ဖို့ဆိုတဲ့ ပုံစံမျိုးနဲ့ ထိန်းနေရတဲ့ အဲဗာတန်နည်းပြ ဘင်နီတက်ဇ်အနေနဲ့ အမှားလုပ်ခဲ့မိပြီး ပွဲချိန် ၇၇ မိနစ်မှာ ဘယ်လိုမှ မစွံတဲ့ အီဝိုဘီကို ခြေစွမ်းပြနေတဲ့ ဂရေးအစား ထည့်သွင်းလိုက်ချိန်မှာ ဝတ်ဖို့ဒ်ဘက်ကတော့ ဒင်းနစ်၊ ဂျာအို ပက်ဒရို၊ အန်ကူးလူးတို့လို ကစားသမားတွေကို လဲပြီး တိုက်စစ်မြှင့်ချိန်နဲ့ ကြုံခဲ့လို့ ဘဝခါးသွားခဲ့ရတာလည်းဖြစ်ပါတယ်။

ပွဲချိန် ၇၈ မိနစ်မှာတော့ ကိုလံဘီယာသားကြီး မီနာ မရှိကတည်းက အမြင့်ဘောမကောင်းသလို စုဖွဲ့မှု ပျက်ပြားနေတဲ့ အဲဗာတန်ခံစစ်ရဲ့ အားနည်းတဲ့ နေရာယူပုံကို ဝတ်ဖို့ဒ်တို့ ကွက်တိ ထိုးနှက်သွားနိုင်ခဲ့ပြီး ညာထောင့်ကန်ဘောကို ဟာနန်ဒက်ဇ် ကန်တင်ပေးတာကို တိုင်မင်လွဲပြီး ခေါင်းတိုက်ဖို့ ကြိုးစားတဲ့ ဂေါ့ဖရီနဲ့ လွဲပြီး ကျော်ကျလာတဲ့ ဘောလုံးကို ကွင်းလယ်လူ ကွတ်စ်ကာက ခေါင်းတိုက်ချေပနိုင်ခဲ့လို့ နှစ်ဂိုးစီသရေဖြစ်နေခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀ ရက်နေ့က အသက် ၇၀ ပြည့်သွားတဲ့ ဝါရင့်နည်းပြကြီး ရာနီရေးရီကတော့ အသင်းကို တိုက်စစ်ဆင်ဖို့ ဆက်လက်ညွှန်ကြားနေခဲ့ပြီး ဒီအတွက် ကစားသမားတွေရဲ့ ကြိုးစားမှုနဲ့အတူ ပွဲချိန် မိနစ် ၈၀ မှာ အဲဗာတန်တို့ တက်ဖိရင်း ကျွံထွက်လာတဲ့ ဘောလုံးကို တန်ပြန်တိုက်စစ်ဆင်ခဲ့တဲ့ ဒင်းနစ်ရဲ့ ဖြတ်တင်ဘောကနေ ဂျိုရှူအာ ကင်းကပဲ လွတ်လွတ်ကျွတ်ကျွတ်ကန်သွင်းပြီး ပြန်လည်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဗာတန်တို့ရဲ့ ဖရိုဖရဲနဲ့ ပြိုလဲမှုကတော့ ဒီလောက်နဲ့ ရပ်မသွားခဲ့သေးဘဲ ပွဲချိန် ၈၆ မိနစ်မှာလည်း ဘောလုံးရှင်းထုတ်ပုံ မပီပြင်တဲ့ ဂေါ့ဖရီရဲ့ အမှားကနေ ဘောလုံးရသွားတဲ့ ဒင်းနစ်က ထိုးပေးလိုက်တာကို ဂျိုရှူအာ ကင်းကပဲ သူ့ရှေ့က မိုက်ကယ် ကီးန်ကို တစ်ချက်ခေါက်ပြီးမှ ဂိုးသမား ပစ်ခ်ဖို့ဒ်ရဲ့ ဘယ်ဘက်ထောင့်ထဲကို ကန်ထည့်သွားခဲ့လို့ အသင်းဟောင်းနဲ့အတွေ့မှာ ဟက်ထရစ်သွင်းပြီး ပညာပေးနိုင်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ဘင်နီတက်ဇ်ရဲ့ လူတွေ စိတ်ဓာတ်ပျက်ပြားသွားခဲ့ပြီး နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ညာခြမ်းက ဂျာအို ပက်ဒရိုရဲ့ ဖြတ်တင်ဘောကို ဟာနန်ဒက်ဇ်က မယူဘဲ လွှတ်ပေးလိုက်ရာမှာ ဒင်းနစ်က သူ့ရှေ့က လျှောထိုးဖျက်ထုတ်တဲ့ ဒီညီကို တစ်ချက်ခေါက်ပြီးမှ ဂိုးသမား ပစ်ခ်ဖို့ဒ်နဲ့အတွေ့မှာ လှည့်စားကန်သွင်းနိုင်ခဲ့လို့ ဝတ်ဖို့ဒ်တို့ ငါးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် အဲဗာတန်တို့ နှစ်ပွဲဆက်အရှုံးနဲ့ အဆင့် ၈ နေရာမှာ ဆက်လက်ရပ်တည်ခဲ့ပေမယ့် တခြားအသင်းတွေ ကျော်တက်သွားနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဝတ်ဖို့ဒ်တို့ကတော့ နည်းပြကြီး ရာနီရေးရီရဲ့ လက်ထဲမှာ ပထမဆုံး စတင်ရရှိခဲ့တဲ့ အဝေးကွင်းက အနိုင်သုံးမှတ်နဲ့အတူ တန်းဆင်းဇုန်နဲ့ ၆ မှတ်အကွာဖြစ်တဲ့ အဆင့် ၁၄ မှာ ရပ်တည်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဲဗာတန္အသင္းကို ရွိတဲ့သူနဲ႔ တည္ေဆာက္ထားႏိုင္ခဲ့တဲ့ နည္းျပ ရာဖာ ဘင္နီတက္ဇ္ေၾကာင့္ လူေတြရဲ႕ အထင္ႀကီးမႈက ျမင့္မားခဲ့ေပမယ့္ ဒီေန႔ပြဲမွာ သူ႔လိုပဲ ပရီးမီးယားလိဂ္ရဲ႕ ဝါရင့္နည္းျပတစ္ဦးျဖစ္တဲ့ ကေလာ္ဒီယို ရာနီေရးရီရဲ႕ ဝတ္ဖို႔ဒ္အသင္းကို အိမ္ကြင္း ဂြတ္ဒီဆန္ပါ့ခ္မွာ အရႈံးေပးခဲ့ရၿပီး ႏွစ္ပြဲဆက္ ေရနစ္ခဲ့ရတာလည္းျဖစ္ပါတယ္။

အဓိက ေနာက္ခံလူ ယယ္ရီ မီနာ ဒဏ္ရာရေနတဲ့ အဲဗာတန္တို႔အေနနဲ႔ ၿပီးခဲ့တဲ့ ဝက္စ္ဟမ္းနဲ႔ပြဲကစၿပီး ခံစစ္ပိုင္းက ယိုယြင္းလာေနခဲ့သလို ဒီေန႔ပြဲမွာ ကြင္းလယ္လူ ဒူကူေရးပါ မပါဝင္ႏိုင္ခ်ိန္မွာေတာ့ ဘင္နီတက္ဇ္ရဲ႕ နည္းဗ်ဴဟာေတြက မထက္ျမက္ေတာ့သလို အသင္းရဲ႕ ကစားအားနဲ႔ စုဖြဲ႕မႈကလည္း သိသိသာသာ ပ်က္ယြင္းသြားခဲ့ရတာပါ။

ဒါေပမယ့္ ပြဲခ်ိန္ ၃ မိနစ္မွာေတာ့ အိမ္ရွင္ပရိသတ္ေတြအတြက္ အဖြင့္ဂိုးကို ဒူကူေရးအစား ဝင္ကစားတဲ့ တြမ္ေဒးဗီးစ္က သြင္းယူႏိုင္ခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန ဘယ္ျခမ္းက ေဂၚဒန္ ဆြဲယူလာၿပီး ထိုးေပးတာကို ဒီမာ႐ိုင္ ဂေရးက ဝတ္ဖို႔ဒ္ေနာက္ခံလူတစ္ေယာက္ကို ေက်ာ္ျဖတ္ၿပီး ခ်ိဳးေပးရာမွာ အနီးကပ္ပိတ္သြင္းရယူသြားခဲ့လို အဲဗာတန္တို႔ စတင္ဦးေဆာင္ခဲ့ပါတယ္။

အဲဗာတန္တို႔ရဲ႕ ကစားကြက္ကေတာ့ ဒီေန႔မွာ က်စ္က်စ္လ်စ္လ်စ္မရွိဘဲ ပုံပ်က္ေနခဲ့တာေၾကာင့္ ဝတ္ဖို႔ဒ္တို႔ မၾကာခဏဆိုသလို ထိုးေဖာက္ခဲ့ၿပီး ပြဲခ်ိန္ ၁၃ မိနစ္မွာေတာ့ ညာျခမ္းက ဖရီးကစ္ကို မာဆီနာ ကန္တင္ေပးရာမွာ ကက္သ္ကတ္ ေခါင္းတိုက္ခ်ေပးတာကို အသင္းေဟာင္းနဲ႔ ျပန္လည္ရင္ဆိုင္ခဲ့ရတဲ့ တိုက္စစ္မႉး ဂ်ိဳရႉအာ ကင္းက အနီးကပ္ ကန္သြင္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီႏွစ္ဂိုးမွာ အဲဗာတန္ရဲ႕ ဂိုးကို ဂေရး လိမ္ေခါက္စဥ္မွာ လက္ထိသလားလို႔ VAR ၾကည့္ခဲ့ရသလို ဝတ္ဖို႔ဒ္တို႔ရဲ႕ သြင္းဂိုးကိုေတာ့ လူကြၽံေဘာအျဖစ္ သတ္မွတ္ၿပီးမွ VAR မွာ လိုင္းေတြဆြဲၿပီး မကြၽံေၾကာင္း ျပန္လည္သုံးသပ္ၿပီး ဂိုးအျဖစ္ ေျပာင္းလဲေပးခဲ့တာလည္းျဖစ္ပါတယ္။

ပထမပိုင္းမွာေတာ့ ဒီႏွစ္ဂိုးအၿပီးမွာ တစ္ဖက္နဲ႔တစ္ဖက္ ဂိုးထပ္မသြင္းႏိုင္ဘဲ သေရက်ေနခဲ့သလို အခြင့္အေရးေကာင္းတခ်ိဳ႕ကိုလည္း အိမ္ရွင္ အဲဗာတန္တို႔ အသုံးမခ်ႏိုင္ခဲ့ဘဲ တိုက္စစ္က ေလးတိေလးကန္ ႐ြန္ဒြန္ကေတာ့ ကိုးလ္မန္းရဲ႕ ဖန္တီးမႈကို အသုံးမခ်ႏိုင္ခဲ့လို႔ တစ္ဂိုးစီရလဒ္ပဲ ထြက္ေပၚေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ အဲဗာတန္တို႔ တိုက္စစ္ပိုကစားလာခဲ့သလို ရစ္ခ်ာလစ္ဆန္ကို ေဂၚဒန္အစား ပြဲခ်ိန္မိနစ္ ၆၀ မွာ လူစားလဲခဲ့ၿပီး သုံးမိနစ္ အၾကာမွာေတာ့ ဝတ္ဖို႔ဒ္တို႔ ရွင္းထုတ္လိုက္တဲ့ ေဘာလုံးကို ကြင္းလယ္ကေန မိုက္ကယ္ ကီးန္ ျပန္တင္ေပးတာကေန ဘရာဇီးလ္တိုက္စစ္မႉးက ေနာက္ခံလူ ငါးေယာက္ေလာက္ၾကားကေန လြတ္လြတ္ကြၽတ္ကြၽတ္ ေျပးထြက္ၿပီး ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ ျပန္လည္ဦးေဆာင္ခဲ့ပါတယ္။

ဒါေပမယ့္ လူမစုံဘဲ ကစားေနရၿပီး လက္ရွိအေနအထားေလးကို ဟန္ကိုယ့္ဖို႔ဆိုတဲ့ ပုံစံမ်ိဳးနဲ႔ ထိန္းေနရတဲ့ အဲဗာတန္နည္းျပ ဘင္နီတက္ဇ္အေနနဲ႔ အမွားလုပ္ခဲ့မိၿပီး ပြဲခ်ိန္ ၇၇ မိနစ္မွာ ဘယ္လိုမွ မစြံတဲ့ အီဝိုဘီကို ေျခစြမ္းျပေနတဲ့ ဂေရးအစား ထည့္သြင္းလိုက္ခ်ိန္မွာ ဝတ္ဖို႔ဒ္ဘက္ကေတာ့ ဒင္းနစ္၊ ဂ်ာအို ပက္ဒ႐ို၊ အန္ကူးလူးတို႔လို ကစားသမားေတြကို လဲၿပီး တိုက္စစ္ျမႇင့္ခ်ိန္နဲ႔ ႀကဳံခဲ့လို႔ ဘဝခါးသြားခဲ့ရတာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ ကိုလံဘီယာသားႀကီး မီနာ မရွိကတည္းက အျမင့္ေဘာမေကာင္းသလို စုဖြဲ႕မႈ ပ်က္ျပားေနတဲ့ အဲဗာတန္ခံစစ္ရဲ႕ အားနည္းတဲ့ ေနရာယူပုံကို ဝတ္ဖို႔ဒ္တို႔ ကြက္တိ ထိုးႏွက္သြားႏိုင္ခဲ့ၿပီး ညာေထာင့္ကန္ေဘာကို ဟာနန္ဒက္ဇ္ ကန္တင္ေပးတာကို တိုင္မင္လြဲၿပီး ေခါင္းတိုက္ဖို႔ ႀကိဳးစားတဲ့ ေဂါ့ဖရီနဲ႔ လြဲၿပီး ေက်ာ္က်လာတဲ့ ေဘာလုံးကို ကြင္းလယ္လူ ကြတ္စ္ကာက ေခါင္းတိုက္ေခ်ပႏိုင္ခဲ့လို႔ ႏွစ္ဂိုးစီသေရျဖစ္ေနခဲ့တာပါ။

ၿပီးခဲ့တဲ့ ၂၀ ရက္ေန႔က အသက္ ၇၀ ျပည့္သြားတဲ့ ဝါရင့္နည္းျပႀကီး ရာနီေရးရီကေတာ့ အသင္းကို တိုက္စစ္ဆင္ဖို႔ ဆက္လက္ၫႊန္ၾကားေနခဲ့ၿပီး ဒီအတြက္ ကစားသမားေတြရဲ႕ ႀကိဳးစားမႈနဲ႔အတူ ပြဲခ်ိန္ မိနစ္ ၈၀ မွာ အဲဗာတန္တို႔ တက္ဖိရင္း ကြၽံထြက္လာတဲ့ ေဘာလုံးကို တန္ျပန္တိုက္စစ္ဆင္ခဲ့တဲ့ ဒင္းနစ္ရဲ႕ ျဖတ္တင္ေဘာကေန ဂ်ိဳရႉအာ ကင္းကပဲ လြတ္လြတ္ကြၽတ္ကြၽတ္ကန္သြင္းၿပီး ျပန္လည္ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အဲဗာတန္တို႔ရဲ႕ ဖ႐ိုဖရဲနဲ႔ ၿပိဳလဲမႈကေတာ့ ဒီေလာက္နဲ႔ ရပ္မသြားခဲ့ေသးဘဲ ပြဲခ်ိန္ ၈၆ မိနစ္မွာလည္း ေဘာလုံးရွင္းထုတ္ပုံ မပီျပင္တဲ့ ေဂါ့ဖရီရဲ႕ အမွားကေန ေဘာလုံးရသြားတဲ့ ဒင္းနစ္က ထိုးေပးလိုက္တာကို ဂ်ိဳရႉအာ ကင္းကပဲ သူ႔ေရွ႕က မိုက္ကယ္ ကီးန္ကို တစ္ခ်က္ေခါက္ၿပီးမွ ဂိုးသမား ပစ္ခ္ဖို႔ဒ္ရဲ႕ ဘယ္ဘက္ေထာင့္ထဲကို ကန္ထည့္သြားခဲ့လို႔ အသင္းေဟာင္းနဲ႔အေတြ႕မွာ ဟက္ထရစ္သြင္းၿပီး ပညာေပးႏိုင္ခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ဘင္နီတက္ဇ္ရဲ႕ လူေတြ စိတ္ဓာတ္ပ်က္ျပားသြားခဲ့ၿပီး နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ ညာျခမ္းက ဂ်ာအို ပက္ဒ႐ိုရဲ႕ ျဖတ္တင္ေဘာကို ဟာနန္ဒက္ဇ္က မယူဘဲ လႊတ္ေပးလိုက္ရာမွာ ဒင္းနစ္က သူ႔ေရွ႕က ေလွ်ာထိုးဖ်က္ထုတ္တဲ့ ဒီညီကို တစ္ခ်က္ေခါက္ၿပီးမွ ဂိုးသမား ပစ္ခ္ဖို႔ဒ္နဲ႔အေတြ႕မွာ လွည့္စားကန္သြင္းႏိုင္ခဲ့လို႔ ဝတ္ဖို႔ဒ္တို႔ ငါးဂိုး-ႏွစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ အဲဗာတန္တို႔ ႏွစ္ပြဲဆက္အရႈံးနဲ႔ အဆင့္ ၈ ေနရာမွာ ဆက္လက္ရပ္တည္ခဲ့ေပမယ့္ တျခားအသင္းေတြ ေက်ာ္တက္သြားႏိုင္တဲ့ အေျခအေနနဲ႔ ရင္ဆိုင္ခဲ့ရၿပီး ဝတ္ဖို႔ဒ္တို႔ကေတာ့ နည္းျပႀကီး ရာနီေရးရီရဲ႕ လက္ထဲမွာ ပထမဆုံး စတင္ရရွိခဲ့တဲ့ အေဝးကြင္းက အႏိုင္သုံးမွတ္နဲ႔အတူ တန္းဆင္းဇုန္နဲ႔ ၆ မွတ္အကြာျဖစ္တဲ့ အဆင့္ ၁၄ မွာ ရပ္တည္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.