Premier League

၂.၆.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ နယုန္လဆန္း ၁၂ ရက္၊ အဂၤါေန႔။

၂.၆.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ နယုန္လဆန္း ၁၂ ရက္၊ အဂၤါေန႔၊ ရက္ရာဇာ။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
ေန႔လယ္ ၁၃:၀၄ အထိ တိထီ ၁၁ လုံး။ ေက်ာ္လွ်င္ ၁၂ လုံး။ ၁၁ လုံးတြင္ အၿမိတၱယုဂ္ႏွင့္ မတယုဂ္၊ ထာဝရရွင္သန္ေအာင္ျမင္ေစလိုေသာ အလုပ္မ်ားေရာ ၿပီးျပတ္ခ်ဳပ္ၿငိမ္းေစလိုသည့္ အလုပ္မ်ားပါ လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ည ၂၃:၅၃ စိၾတနကၡတ္။ ေက်ာ္လွ်င္ သြာတိနကၡတ္။ နံနက္ ၁၀:၅၀ အထိ ဗ်ာတိပါတယုဂ္၊ ႐ုတ္တရက္ ထိခိုက္မိျခင္း၊ ကံဆုိးတတ္ျခင္း၊ ထိန္ခ်န္သိုဝွက္ အ႐ူးလုပ္ခံရျခင္း၊ သတိႀကီးႀကီးထား၍ ဂ႐ုတစိုက္ သြားလာေနထုိင္ပါ။ ေက်ာ္လွ်င္ ဝီရိယယုဂ္၊ ႀကဳိးစားမွဳ အရာထင္ျခင္း၊ အလိုႀကီးျခင္း၊ ေကာင္းရာေကာင္းေၾကာင္းလုပ္ကိုင္က ဆႏၵအတုိင္း ျပည့္စုံလိမ့္မည္။

တစ္ေန႔တာ က႐ိုဏ္း။
ေန႔လယ္ ၁၃:၀၄ အထိ ဝိႆတိက႐ိုဏ္း၊ မိမိကိုယ္ကို ယုံၾကည္မွဳျဖင့္ ရန္မ်ားအား ေက်ာ္ျဖတ္အႏုိင္ယူႏိုင္။ ည ၂၃:၃၄ အထိ ဗဘက႐ိုဏ္း၊ က်က္သေရရွိ၊ လုပ္ငန္းေဆာင္တာအမ်ဳိးမ်ဳိးႏွင့္ က်န္းမာေရးကိစၥအဝဝ လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ဗလဝက႐ိုဏ္း၊ ဂုဏ္သေရျပည့္စုံ၊ ေလ့လာသင္ၾကား၊ ဂါရဝျပဳမွဳမ်ားႏွင့္ အခမ္းအနားမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
ေန႔လယ္ ၁၃:၀၄ အထိ အေနာက္ႏွင့္ ေတာင္၊ အနီေရာင္။ ေက်ာ္လွ်င္ ေျမာက္ႏွင့္ အေနာက္၊ အဝါေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၂.၆.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ အင်္ဂါနေ့၊ ရက်ရာဇာ။

တစ်နေ့တာ တိထီနှင့် ယုဂ်။
နေ့လယ် ၁၃:၀၄ အထိ တိထီ ၁၁ လုံး။ ကျော်လျှင် ၁၂ လုံး။ ၁၁ လုံးတွင် အမြိတ္တယုဂ်နှင့် မတယုဂ်၊ ထာဝရရှင်သန်အောင်မြင်စေလိုသော အလုပ်များရော ပြီးပြတ်ချုပ်ငြိမ်းစေလိုသည့် အလုပ်များပါ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ည ၂၃:၅၃ စိတြနက္ခတ်။ ကျော်လျှင် သွာတိနက္ခတ်။ နံနက် ၁၀:၅၀ အထိ ဗျာတိပါတယုဂ်၊ ရုတ်တရက် ထိခိုက်မိခြင်း၊ ကံဆိုးတတ်ခြင်း၊ ထိန်ချန်သိုဝှက် အရူးလုပ်ခံရခြင်း၊ သတိကြီးကြီးထား၍ ဂရုတစိုက် သွားလာနေထိုင်ပါ။ ကျော်လျှင် ဝီရိယယုဂ်၊ ကြိုးစားမှု အရာထင်ခြင်း၊ အလိုကြီးခြင်း၊ ကောင်းရာကောင်းကြောင်းလုပ်ကိုင်က ဆန္ဒအတိုင်း ပြည့်စုံလိမ့်မည်။

တစ်နေ့တာ ကရိုဏ်း။
နေ့လယ် ၁၃:၀၄ အထိ ဝိဿတိကရိုဏ်း၊ မိမိကိုယ်ကို ယုံကြည်မှုဖြင့် ရန်များအား ကျော်ဖြတ်အနိုင်ယူနိုင်။ ည ၂၃:၃၄ အထိ ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာအမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
နေ့လယ် ၁၃:၀၄ အထိ အနောက်နှင့် တောင်၊ အနီရောင်။ ကျော်လျှင် မြောက်နှင့် အနောက်၊ အဝါရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)