Analysis Premier League

ပွဲမတိုင်ခင် အသင်းဟောင်း အာဆင်နယ်ကို တူးဆွလိုက်ပြန်တဲ့ မာတီနက်ဇ်

အက်စတန်ဗီလာအသင်းရဲ့ ဂိုးသမား အီမီလီယာနို ဒါမီယန် မာတီနက်ဇ်က အသင်းဟောင်း အာဆင်နယ်အနေနဲ့ သူ့ကို ပိုင်ဆိုင်ထားဖို့ မထိုက်တန်ဘဲ တန်ရာတန်ရာ ရုန်းကန်နေခဲ့ရတာဖြစ်တယ်လို့ သောကြာနေ့ညမှာ အစောပွဲအဖြစ် ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၉) မတိုင်ခင် တူးဆွ ပြောကြားလိုက်ပါတယ်။

အသက် ၂၉ နှစ်အရွယ် အာဂျင်တီးနားလက်ရွေးစင်ဂိုးသမားအနေနဲ့ အာဆင်နယ်အသင်းကနေ ထွက်ခွာလာခဲ့ပြီး ဘာမင်ဂမ်အခြေစိုက်ကလပ်ရဲ့ နံပါတ်တစ်အဖြစ် ပြန်လည်ရင်ဆိုင်ရာမှာ အသင်းဟောင်းကို နှစ်ပွဲရင်ဆိုင်ခဲ့အပြီးမှာ နှစ်ပွဲစလုံး Clean Sheet ရယူထားနိုင်သူလည်းဖြစ်ပြီး ဒီရာသီမှာတော့ သုံးပွဲမြောက် ရင်ဆိုင်မှာလည်းဖြစ်ပါတယ်။

၂၀၂၀-၂၁ ရာသီအစက အမ်းမရိတ်မှာ ဘန်းဒ် လီနိုနဲ့ ပြိုင်ဆိုင်မှုမှာ အသင်းဘက်က သူ့ကို မျက်နှာသာ မပေးခဲ့တာကြောင့် ဆယ်နှစ်အကြာမှာ လန်ဒန်မြို့ကနေ ထွက်ခွာဖြစ်ခဲ့တဲ့ မာတီနက်ဇ်အတွက် အာဆင်နယ်ပရိသတ်ထက်ဝက်လောက်ကလည်း တာဝန်ရှိသူတွေအပေါ် အမျက်ဒေါသထွက်ခဲ့ကြပြီး မှားယွင်းတဲ့ ဆုံးဖြတ်ချက်မှာ ဂျာမန်ဂိုးသမားကလည်း လက်စွမ်းက ဆိုးရွားနေခဲ့လို့ ပြောစရာပိုဖြစ်ခဲ့ရတာပါ။

“ကျွန်တော့်လက်စွမ်း ဘယ်လောက်ရှိသလဲဆိုတာ သူတို့လည်း သိနေပြီဗျာ… ဒါပေမယ့် အဲဒီအချိန်မှာလည်းက သိပ်မဟုတ်တော့တာက သူတို့ရဲ့ ကျွန်တော့်အပေါ် ဆက်ဆံပုံပဲ။ ဒါကြောင့် သူတို့က ကျွန်တော့်ကို ပိုင်ဆိုင်ဖို့ မထိုက်တန်ပါဘူး”လို့ ဒီနေ့ညပွဲမတိုင်ခင်မှာ မာတီနက်ဇ်က စတင်တူးဆွလိုက်ပါတယ်။

“ကျွန်တော်လိုအပ်တဲ့ ပွဲထွက်ကစားခွင့် ပမာဏကို သူတို့က အာမခံချက်မပေးခဲ့ဘူးလေ… တကယ်လို့သာ ဒါကို သဘောတူခဲ့မယ်ဆိုရင် ကျွန်တော်ဆက်နေဖြစ်ခဲ့မှာပါ။ သူတို့က ကျွန်တော့်ကို မကစားရဘူးလို့ ပြတ်ပြတ်သားသားလည်း မပြောသလို ပွဲထွက်ခွင့် အာမခံချက်လည်း မပေးခဲ့ဘဲ ဝေ့လည်ကြောင်ပတ်လုပ်ခဲ့တာပါ”လို့ အာဂျင်တီးနားလက်ရွေးစင်အသင်းရဲ့ နံပါတ်တစ်နေရာကို အလိုရှိနေချိန်က အခြေအနေကို သူက ပြောပြပါတယ်။

“ဒီလိုနဲ့ပဲ ၁၀ နှစ်ကြာ ကစားခဲ့တဲ့ဆီကနေ ကျွန်တော့်အနေနဲ့ ခက်ခက်ခဲခဲ ဆုံးဖြတ်ပြီး ထွက်ခွာခဲ့ရတာပါ။ ကျွန်တော့်မိသားစုကတောင် ဒီလိုမျိုး ရွေးချယ်မှုကို နားမလည်နိုင်ဘဲ ဒီအသင်းမှာ ဒီအဆင့်ရောက်နေမှ ဘာဖြစ်လို့ ဆက်မနေသလဲလို့ မေးခဲ့ကြသေးပေမယ့် ကျွန်တော့် ဆုံးဖြတ်ချက်အတွက် မှန်ကန်တယ်လို့ ယုံကြည့်သလို ဂုဏ်ယူနေမှာဖြစ်ပါတယ်”

“ဒါက အလောင်းအစားလုပ်ခြင်းတစ်မျိုးပါပဲ။ ဒါပေမယ့် ကျွန်တော် ယုံကြည်ထားတာကတော့ Comfort Zone မှာ သက်တောင့်သက်သာနေပြီး မကြိုးစားဘူးဆိုရင် ခင်ဗျားတို့ ကျွန်တော်တို့ဘဝမှာ ရည်မှန်းချက်တွေနဲ့ ပြည့်စုံနိုင်မှာ မဟုတ်ဘူးလေ။ ဒါကြောင့်လည်း ခုလိုမျိုး စွန့်စားဖြစ်ခဲ့တာဖြစ်ပြီး ဒီအသင်းမှာ ကစားဖြစ်ခဲ့တာဖြစ်ပါတယ်”လို့ မာတီနက်ဇ်က ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းကတော့ မာတီနက်ဇ်ကို ကန်ထုတ်ခဲ့တာ မှားယွင်းခဲ့ကြောင်းကို ဝန်ခံတဲ့အနေနဲ့ အမှားတွေ များပြီး Comfort Zone မှာ ဖိအားပေးသူမရှိတဲ့ လီနိုကို ပြိုင်ဆိုင်ဖို့ ရာသီအစမှာ ရှက်ဖီးလ်ဒ်ယူနိုက်တက်ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ကို ခေါ်ယူခဲ့သလို သိပ်မကြာခင်မှာပဲ ဂျာမန်သားလုပ်ခဲ့တဲ့ အမှားတွေကြောင့် ထင်ထားတာထက် လျင်လျင်မြန်မြန်ပဲ အစားထိုးခဲ့ရတာပါ။

အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာကတော့ သူတို့နဲ့ သုံးကြိမ်မြောက် ရင်ဆိုင်လာမယ့် မာတီနက်ဇ်ကို အတူတွဲကစားဖူးသလို နည်းပြနဲ့ ကစားသမားအဖြစ် ကိုင်တွယ်ခဲ့ဖူးချိန်မှာ အကောင်းဆုံး ကိုယ်ရည်ကိုယ်သွေး ပြသနိုင်ခဲ့သူလို့ ချီးကျူးထားခဲ့ပြီး အက်စတန်ဗီလာက ပုံစံနဲ့ အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့ အောင်မြင်မှုတွေအတွက် ဂုဏ်ယူကြောင်း ပြောကြားသွားခဲ့တယ်လို့လည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အက္စတန္ဗီလာအသင္းရဲ႕ ဂိုးသမား အီမီလီယာႏို ဒါမီယန္ မာတီနက္ဇ္က အသင္းေဟာင္း အာဆင္နယ္အေနနဲ႔ သူ႔ကို ပိုင္ဆိုင္ထားဖို႔ မထိုက္တန္ဘဲ တန္ရာတန္ရာ ႐ုန္းကန္ေနခဲ့ရတာျဖစ္တယ္လို႔ ေသာၾကာေန႔ညမွာ အေစာပြဲအျဖစ္ ကစားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္(၉) မတိုင္ခင္ တူးဆြ ေျပာၾကားလိုက္ပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ အာဂ်င္တီးနားလက္ေ႐ြးစင္ဂိုးသမားအေနနဲ႔ အာဆင္နယ္အသင္းကေန ထြက္ခြာလာခဲ့ၿပီး ဘာမင္ဂမ္အေျခစိုက္ကလပ္ရဲ႕ နံပါတ္တစ္အျဖစ္ ျပန္လည္ရင္ဆိုင္ရာမွာ အသင္းေဟာင္းကို ႏွစ္ပြဲရင္ဆိုင္ခဲ့အၿပီးမွာ ႏွစ္ပြဲစလုံး Clean Sheet ရယူထားႏိုင္သူလည္းျဖစ္ၿပီး ဒီရာသီမွာေတာ့ သုံးပြဲေျမာက္ ရင္ဆိုင္မွာလည္းျဖစ္ပါတယ္။

၂၀၂၀-၂၁ ရာသီအစက အမ္းမရိတ္မွာ ဘန္းဒ္ လီႏိုနဲ႔ ၿပိဳင္ဆိုင္မႈမွာ အသင္းဘက္က သူ႔ကို မ်က္ႏွာသာ မေပးခဲ့တာေၾကာင့္ ဆယ္ႏွစ္အၾကာမွာ လန္ဒန္ၿမိဳ႕ကေန ထြက္ခြာျဖစ္ခဲ့တဲ့ မာတီနက္ဇ္အတြက္ အာဆင္နယ္ပရိသတ္ထက္ဝက္ေလာက္ကလည္း တာဝန္ရွိသူေတြအေပၚ အမ်က္ေဒါသထြက္ခဲ့ၾကၿပီး မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္မွာ ဂ်ာမန္ဂိုးသမားကလည္း လက္စြမ္းက ဆိုး႐ြားေနခဲ့လို႔ ေျပာစရာပိုျဖစ္ခဲ့ရတာပါ။

“ကြၽန္ေတာ့္လက္စြမ္း ဘယ္ေလာက္ရွိသလဲဆိုတာ သူတို႔လည္း သိေနၿပီဗ်ာ… ဒါေပမယ့္ အဲဒီအခ်ိန္မွာလည္းက သိပ္မဟုတ္ေတာ့တာက သူတို႔ရဲ႕ ကြၽန္ေတာ့္အေပၚ ဆက္ဆံပုံပဲ။ ဒါေၾကာင့္ သူတို႔က ကြၽန္ေတာ့္ကို ပိုင္ဆိုင္ဖို႔ မထိုက္တန္ပါဘူး”လို႔ ဒီေန႔ညပြဲမတိုင္ခင္မွာ မာတီနက္ဇ္က စတင္တူးဆြလိုက္ပါတယ္။

“ကြၽန္ေတာ္လိုအပ္တဲ့ ပြဲထြက္ကစားခြင့္ ပမာဏကို သူတို႔က အာမခံခ်က္မေပးခဲ့ဘူးေလ… တကယ္လို႔သာ ဒါကို သေဘာတူခဲ့မယ္ဆိုရင္ ကြၽန္ေတာ္ဆက္ေနျဖစ္ခဲ့မွာပါ။ သူတို႔က ကြၽန္ေတာ့္ကို မကစားရဘူးလို႔ ျပတ္ျပတ္သားသားလည္း မေျပာသလို ပြဲထြက္ခြင့္ အာမခံခ်က္လည္း မေပးခဲ့ဘဲ ေဝ့လည္ေၾကာင္ပတ္လုပ္ခဲ့တာပါ”လို႔ အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းရဲ႕ နံပါတ္တစ္ေနရာကို အလိုရွိေနခ်ိန္က အေျခအေနကို သူက ေျပာျပပါတယ္။

“ဒီလိုနဲ႔ပဲ ၁၀ ႏွစ္ၾကာ ကစားခဲ့တဲ့ဆီကေန ကြၽန္ေတာ့္အေနနဲ႔ ခက္ခက္ခဲခဲ ဆုံးျဖတ္ၿပီး ထြက္ခြာခဲ့ရတာပါ။ ကြၽန္ေတာ့္မိသားစုကေတာင္ ဒီလိုမ်ိဳး ေ႐ြးခ်ယ္မႈကို နားမလည္ႏိုင္ဘဲ ဒီအသင္းမွာ ဒီအဆင့္ေရာက္ေနမွ ဘာျဖစ္လို႔ ဆက္မေနသလဲလို႔ ေမးခဲ့ၾကေသးေပမယ့္ ကြၽန္ေတာ့္ ဆုံးျဖတ္ခ်က္အတြက္ မွန္ကန္တယ္လို႔ ယုံၾကည့္သလို ဂုဏ္ယူေနမွာျဖစ္ပါတယ္”

“ဒါက အေလာင္းအစားလုပ္ျခင္းတစ္မ်ိဳးပါပဲ။ ဒါေပမယ့္ ကြၽန္ေတာ္ ယုံၾကည္ထားတာကေတာ့ Comfort Zone မွာ သက္ေတာင့္သက္သာေနၿပီး မႀကိဳးစားဘူးဆိုရင္ ခင္ဗ်ားတို႔ ကြၽန္ေတာ္တို႔ဘဝမွာ ရည္မွန္းခ်က္ေတြနဲ႔ ျပည့္စုံႏိုင္မွာ မဟုတ္ဘူးေလ။ ဒါေၾကာင့္လည္း ခုလိုမ်ိဳး စြန႔္စားျဖစ္ခဲ့တာျဖစ္ၿပီး ဒီအသင္းမွာ ကစားျဖစ္ခဲ့တာျဖစ္ပါတယ္”လို႔ မာတီနက္ဇ္က ေျပာၾကားသြားခဲ့ပါတယ္။

အာဆင္နယ္အသင္းကေတာ့ မာတီနက္ဇ္ကို ကန္ထုတ္ခဲ့တာ မွားယြင္းခဲ့ေၾကာင္းကို ဝန္ခံတဲ့အေနနဲ႔ အမွားေတြ မ်ားၿပီး Comfort Zone မွာ ဖိအားေပးသူမရွိတဲ့ လီႏိုကို ၿပိဳင္ဆိုင္ဖို႔ ရာသီအစမွာ ရွက္ဖီးလ္ဒ္ယူႏိုက္တက္ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္ကို ေခၚယူခဲ့သလို သိပ္မၾကာခင္မွာပဲ ဂ်ာမန္သားလုပ္ခဲ့တဲ့ အမွားေတြေၾကာင့္ ထင္ထားတာထက္ လ်င္လ်င္ျမန္ျမန္ပဲ အစားထိုးခဲ့ရတာပါ။

အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာကေတာ့ သူတို႔နဲ႔ သုံးႀကိမ္ေျမာက္ ရင္ဆိုင္လာမယ့္ မာတီနက္ဇ္ကို အတူတြဲကစားဖူးသလို နည္းျပနဲ႔ ကစားသမားအျဖစ္ ကိုင္တြယ္ခဲ့ဖူးခ်ိန္မွာ အေကာင္းဆုံး ကိုယ္ရည္ကိုယ္ေသြး ျပသႏိုင္ခဲ့သူလို႔ ခ်ီးက်ဴးထားခဲ့ၿပီး အက္စတန္ဗီလာက ပုံစံနဲ႔ အာဂ်င္တီးနား လက္ေ႐ြးစင္အသင္းနဲ႔ ေအာင္ျမင္မႈေတြအတြက္ ဂုဏ္ယူေၾကာင္း ေျပာၾကားသြားခဲ့တယ္လို႔လည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.