Bundesliga Premier League Transfer News

ဘုိင္ယန္ျမဴးနစ္ကို ဆာေနးေျပာင္းေရႊ႕ဖို႔ အလြန္နီးစပ္ေနၿပီလို႔ ဥကၠဌစကားအရ ခန္႔မွန္းေနၾက

မန္ခ်က္စတာစီးတီးအသင္းရဲ႕ ေတာင္ပံကစားသမား လီရြဳိင္း ဆာေနးအေနနဲ႔ ဘုိင္ယန္ျမဴးနစ္အသင္းကို ေရာက္ရွိဖို႔ အေတာ္ေလး နီးစပ္ေနၿပီလို႔ ဘာေဗးရီးယားအေျခစိုက္အသင္းရဲ႕ ဂုဏ္ထူးေဆာင္ဥကၠဌ အူလီ ဟိုးနက္စ္ရဲ႕ လာမယ့္ရာသီအတြက္ အစီအစဥ္ကို ေျပာၾကားခဲ့တဲ့ စကားအရ ခန္႔မွန္းေနၾကပါတယ္။

ဟိုးနက္စ္ဟာ ဘုိင္ယန္ျမဴးနစ္အသင္းရဲ႕ အေရးပါတဲ့ အခန္းက႑နဲ႔ ရာထူးေတြကို ရယူထားသူျဖစ္ၿပီး သူက ေဒသတြင္းအေျခစိုက္ ေရဒီယို Bayern 1 ကို သူက လာမယ့္ရာသီမွာ အသင္းရဲ႕ လူငယ္အမ်ားစုကို အေျခခံထားတဲ့ လူအင္အားဟာ ေအာင္ျမင္မွဳေတြဆီ ေခၚေဆာင္သြားႏုိင္မယ္လို႔ ဆုိခဲ့တာလည္းျဖစ္ပါတယ္။

“ဂ်ဳိရွဴအာ ကင္းမစ္ခ်္၊ နစ္ကလတ္စ္ ဆူးလား၊ ၿပီးေတာ့ ေမွ်ာ္လင့္ရရင္ ေဒးဗစ္ အလာဘာ၊ သီယာဂိုနဲ႔ လီရြဳိင္း ဆာေနးတို႔ေပါ့ဗ်ာ… သူတို႔ေတြဟာ ငယ္ရြယ္ၿပီး ေအာင္ျမင္မွဳေတြ ရယူမယ့္ အသင္းတစ္သင္းအတြက္ အမာခံေတြျဖစ္လာမွာပါ။ ကၽြန္ေတာ့္အထင္ အားလုံး အဆင္ေျပခဲ့ရင္ ဒါဟာ ဘုိင္ယန္ျမဴးနစ္ရဲ႕ ေနာက္တစ္ေခတ္ကုိ စတင္ဖြင့္လွစ္ျခင္းပါပဲ”လို႔ ဟိုးနက္စ္က ေျပာၾကားခဲ့တာပါ။

ၿပီးခဲ့တဲ့ ကြန္ျမဴနတီဒိုင္းမွာ ရရွိခဲ့တဲ့ ဒူးဒဏ္ရာေၾကာင့္ ေႏြရာသီမွာ ေျပာင္းေရႊ႕ဖို႔ လြဲေခ်ာ္ခဲ့တဲ့ ဆာေနးအတြက္ ဘုိင္ယန္ျမဴးနစ္အသင္းက ပုိမိုသက္သာတဲ့ ႏွဳန္းထားတစ္ရပ္နဲ႔ ျပန္လည္ႀကဳိးစားေနသလို မန္စီးတီးဘက္ကေတာ့ ထိန္းသိမ္းႏုိင္ဖို႔ ႀကဳိးစားေနေပမယ့္ ဂ်ာမနီလက္ေရြးစင္ကေတာ့ မိခင္ေျမကို ျပန္ဖို႔ စိတ္အားထက္သန္ေနတာလည္းျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းအေနနဲ႔ လက္ရွိမွာ ေတာင္ပံကစားသမားတစ္ဦး ေလ်ာ့နည္းကစားေနရၿပီး ျပင္သစ္သား ကင္းစလီ ကိုမန္ဟာ တာဝန္ရွိသူေတြရဲ႕ သေဘာက်မွဳကို မရရွိခဲ့ခ်ိန္မွာ ဆာ့ဂ်္ ဂနာဘရီက ပိုမိုတာဝန္ယူေနရတဲ့အတြက္ ဟန္ခ်က္ညီတဲ့ ကစားဟန္ကို ပုိင္ဆုိင္ႏုိင္ဖို႔ သူ႕ရဲ႕ ဂ်ာမနီအသင္းေဖာ္ ဆာေနးကို ေပါင္ ၅၂ သန္းကေန သန္း ၆၀ အထိ ေပးၿပီး ေခၚယူသြားဖို႔ ရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းရဲ့ တောင်ပံကစားသမား လီရွိုင်း ဆာနေးအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ရောက်ရှိဖို့ အတော်လေး နီးစပ်နေပြီလို့ ဘာဗေးရီးယားအခြေစိုက်အသင်းရဲ့ ဂုဏ်ထူးဆောင်ဥက္ကဌ အူလီ ဟိုးနက်စ်ရဲ့ လာမယ့်ရာသီအတွက် အစီအစဉ်ကို ပြောကြားခဲ့တဲ့ စကားအရ ခန့်မှန်းနေကြပါတယ်။

ဟိုးနက်စ်ဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အရေးပါတဲ့ အခန်းကဏ္ဍနဲ့ ရာထူးတွေကို ရယူထားသူဖြစ်ပြီး သူက ဒေသတွင်းအခြေစိုက် ရေဒီယို Bayern 1 ကို သူက လာမယ့်ရာသီမှာ အသင်းရဲ့ လူငယ်အများစုကို အခြေခံထားတဲ့ လူအင်အားဟာ အောင်မြင်မှုတွေဆီ ခေါ်ဆောင်သွားနိုင်မယ်လို့ ဆိုခဲ့တာလည်းဖြစ်ပါတယ်။

“ဂျိုရှူအာ ကင်းမစ်ချ်၊ နစ်ကလတ်စ် ဆူးလား၊ ပြီးတော့ မျှော်လင့်ရရင် ဒေးဗစ် အလာဘာ၊ သီယာဂိုနဲ့ လီရွိုင်း ဆာနေးတို့ပေါ့ဗျာ… သူတို့တွေဟာ ငယ်ရွယ်ပြီး အောင်မြင်မှုတွေ ရယူမယ့် အသင်းတစ်သင်းအတွက် အမာခံတွေဖြစ်လာမှာပါ။ ကျွန်တော့်အထင် အားလုံး အဆင်ပြေခဲ့ရင် ဒါဟာ ဘိုင်ယန်မြူးနစ်ရဲ့ နောက်တစ်ခေတ်ကို စတင်ဖွင့်လှစ်ခြင်းပါပဲ”လို့ ဟိုးနက်စ်က ပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့ ကွန်မြူနတီဒိုင်းမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် နွေရာသီမှာ ပြောင်းရွှေ့ဖို့ လွဲချော်ခဲ့တဲ့ ဆာနေးအတွက် ဘိုင်ယန်မြူးနစ်အသင်းက ပိုမိုသက်သာတဲ့ နှုန်းထားတစ်ရပ်နဲ့ ပြန်လည်ကြိုးစားနေသလို မန်စီးတီးဘက်ကတော့ ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေပေမယ့် ဂျာမနီလက်ရွေးစင်ကတော့ မိခင်မြေကို ပြန်ဖို့ စိတ်အားထက်သန်နေတာလည်းဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ လက်ရှိမှာ တောင်ပံကစားသမားတစ်ဦး လျော့နည်းကစားနေရပြီး ပြင်သစ်သား ကင်းစလီ ကိုမန်ဟာ တာဝန်ရှိသူတွေရဲ့ သဘောကျမှုကို မရရှိခဲ့ချိန်မှာ ဆာ့ဂျ် ဂနာဘရီက ပိုမိုတာဝန်ယူနေရတဲ့အတွက် ဟန်ချက်ညီတဲ့ ကစားဟန်ကို ပိုင်ဆိုင်နိုင်ဖို့ သူ့ရဲ့ ဂျာမနီအသင်းဖော် ဆာနေးကို ပေါင် ၅၂ သန်းကနေ သန်း ၆၀ အထိ ပေးပြီး ခေါ်ယူသွားဖို့ ရှိကြောင်းလည်း သိရှိရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.