Premier League Transfer News

ပွဲ ၁၀၀၀ ပြည့်အပြီးမှာ နယူးကာဆယ်လ်နဲ့ ဘရုစ်လမ်းခွဲ၊ ရိုးမားနည်းပြဟောင်းနဲ့ နီးစပ်နေ

နယူးကာဆယ်လ်အသင်းကို သူ့ရဲ့ နည်းပြဘဝ ပွဲ ၁၀၀၀ ပြည့်အဖြစ် စပါးစ်အသင်းနဲ့ ပွဲမှာ ကိုင်တွယ်ခွင့်ရခဲ့တဲ့ စတိဗ် ဘရုစ်အနေနဲ့ ပြီးခဲ့တဲ့ ရာသီကတည်းက အသံထွက်နေခဲ့တဲ့ ရေနံမှိုင်းတလူလူနဲ့ မြေဝိုင်းဇာတ်ကို ပြည်ဖုံးကားချချိန်ကတော့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး အသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

ငှက်ကျားပရိသတ်တွေ မဆိုထားနဲ့ ဘောလုံးပရိသတ်တွေနဲ့ ကျွမ်းကျင်သူတိုင်းအတွက် ရည်မှန်းချက်ကြီးမားတဲ့ ပိုင်ရှင်သူဌေးမျိုးနဲ့ဆို စတိဗ် ဘရုစ်ဟာ ဘယ်လိုမှ မအပ်စပ်တဲ့ ဘုန်းကြီးနဲ့ ဘီးလိုဖြစ်နေတယ်ဆိုတာကို သိထားကြပြီး ဆော်ဒီလုပ်ငန်းရှင်တွေအနေနဲ့ မျက်နှာချိုချိုထားပြီး အချိန်ပေးသွားဦးမယ်ဆိုတဲ့ ကိစ္စကတော့ လက်ရှိမှာ ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။

နှစ်ဦးနှစ်ဖက် သဘောတူ လမ်းခွဲတယ်ဆိုပေမယ့် ဘရုစ်ကို မဖြစ်နိုင်တဲ့ ရည်မှန်းချက်မျိုးနဲ့ ဖိအားပေးခဲ့ပုံရပြီး ဒါကို မလုပ်ဆောင်နိုင်တဲ့ အသက် ၆၀ အရွယ် မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်းအနေနဲ့ လမ်းခွဲဖို့ကိုပဲ ရင်နာနာနဲ့ ရွေးချယ်ခဲ့ပုံရတယ်လို့ တချို့သတင်းတွေက ဆိုနေကြပြီး တချို့ကတော့ အဖြုတ်ခံလိုက်ရတာလို့တောင် ဆိုနေကြပါတယ်။

နယူးကာဆယ်လ်အသင်းဆီကို ၂၀၁၉ နွေရာသီက ရောက်ရှိလာခဲ့တဲ့ အင်္ဂလိပ်နည်းပြကြီးဟာ သူ့အတွက်တော့ အဆင့်အမြင့်ဆုံးအဖြစ် ဒီအသင်းနဲ့ အက်စ်တန်ဗီလာအသင်းတွေကို ကိုင်တွယ်ဖူးတာဖြစ်ပြီး စိန့်ဂျိမ်းစ်ပါ့ခ်မှာတော့ ၉၇ ပွဲ ကိုင်တွယ်ပြီးချိန်မှာ နိုင်ပွဲရာနှုန်း ၂၈.၉ ရာနှုန်းနဲ့ လမ်းခွဲခဲ့ရတာဖြစ်ပြီး လျော်ကြေးအနေနဲ့ ပေါင် ၈ သန်းရရှိခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ဆော်ဒီအသင်းပိုင်ရှင်တွေအနေနဲ့ အသင်းကို လွှဲပြောင်းရယူပြီး ၁၃ ရက်အကြာမှာ သူတို့အတွက် တစ်ပွဲသာ ကိုင်တွယ်ပေးခဲ့ရတဲ့ ဘရုစ်ကို ထုတ်ပယ်ခဲ့ပြီးတဲ့နောက် ရိုးမားအသင်းနည်းပြဟောင်း ပေါ်လို ဖွန်ဆီကာကို အစားထိုး ခန့်အပ်သွားဖို့ စီစဉ်နေပြီး နာမည်ကြီးနည်းပြတွေကို စည်းရုံးဖို့ မအောင်မြင်ခဲ့ချိန်မှာ အသင်းလက်မဲ့ဖြစ်နေတဲ့ ပေါ်တူဂီသားက လက်တွေ့ကျတဲ့ ခေါ်ယူမှုဖြစ်လာနိုင်တာပါ။

ဖွန်ဆီကာကတော့ ပေါ်တို၊ ပါဆို့စ် ဖာရဲရား၊ ဘရာဂါ၊ ရှက်ခ်တာ ဒိုးနက်စ်ခ်နဲ့ ရိုးမားအသင်းတွေကို ကိုင်တွယ်ထားခဲ့ဖူးတဲ့ ဥရောအတွေ့အကြုံရှိ နည်းပြတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီကုန်ကမှ ရိုးမားအသင်းနဲ့ လမ်းခွဲခဲ့သလို ရာသီအစမှာ စပါးစ်အသင်းကိုတောင် ရောက်ရှိဖို့ နီးစပ်ခဲ့သူလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ အသင်းကို လက်ထောက်နည်းပြ ဂရေမီ ဂျုံးစ်က ခရစ္စတယ်လ်ပဲလေ့စ်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကို ယာယီကိုင်တွယ်ပေးသွားမှာဖြစ်ပြီး နည်းပြသစ် ခန့်အပ်မှုကိုလည်း တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး လုပ်ဆောင်သွားဖို့ ရှိနေသလို ဒေါ့မွန်နည်းပြဟောင်း လူစီယင် ဖာ့ဗ်နဲ့ ရိန်းဂျားစ်နည်းပြ စတီဗင် ဂျရတ်တို့ကိုပါ ပစ်မှတ်ထားနေကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နယူးကာဆယ္လ္အသင္းကို သူ႔ရဲ႕ နည္းျပဘဝ ပြဲ ၁၀၀၀ ျပည့္အျဖစ္ စပါးစ္အသင္းနဲ႔ ပြဲမွာ ကိုင္တြယ္ခြင့္ရခဲ့တဲ့ စတိဗ္ ဘ႐ုစ္အေနနဲ႔ ၿပီးခဲ့တဲ့ ရာသီကတည္းက အသံထြက္ေနခဲ့တဲ့ ေရနံမႈိင္းတလူလူနဲ႔ ေျမဝိုင္းဇာတ္ကို ျပည္ဖုံးကားခ်ခ်ိန္ကေတာ့ ေရာက္ရွိလာခဲ့ၿပီျဖစ္ၿပီး အသင္းနဲ႔ ႏွစ္ဦးသေဘာတူ လမ္းခြဲလိုက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။

ငွက္က်ားပရိသတ္ေတြ မဆိုထားနဲ႔ ေဘာလုံးပရိသတ္ေတြနဲ႔ ကြၽမ္းက်င္သူတိုင္းအတြက္ ရည္မွန္းခ်က္ႀကီးမားတဲ့ ပိုင္ရွင္သူေဌးမ်ိဳးနဲ႔ဆို စတိဗ္ ဘ႐ုစ္ဟာ ဘယ္လိုမွ မအပ္စပ္တဲ့ ဘုန္းႀကီးနဲ႔ ဘီးလိုျဖစ္ေနတယ္ဆိုတာကို သိထားၾကၿပီး ေဆာ္ဒီလုပ္ငန္းရွင္ေတြအေနနဲ႔ မ်က္ႏွာခ်ိဳခ်ိဳထားၿပီး အခ်ိန္ေပးသြားဦးမယ္ဆိုတဲ့ ကိစၥကေတာ့ လက္ရွိမွာ ၿပီးဆုံးသြားခဲ့ၿပီပဲျဖစ္ပါတယ္။

ႏွစ္ဦးႏွစ္ဖက္ သေဘာတူ လမ္းခြဲတယ္ဆိုေပမယ့္ ဘ႐ုစ္ကို မျဖစ္ႏိုင္တဲ့ ရည္မွန္းခ်က္မ်ိဳးနဲ႔ ဖိအားေပးခဲ့ပုံရၿပီး ဒါကို မလုပ္ေဆာင္ႏိုင္တဲ့ အသက္ ၆၀ အ႐ြယ္ မန္ခ်က္စတာယူႏိုက္တက္ကစားသမားေဟာင္းအေနနဲ႔ လမ္းခြဲဖို႔ကိုပဲ ရင္နာနာနဲ႔ ေ႐ြးခ်ယ္ခဲ့ပုံရတယ္လို႔ တခ်ိဳ႕သတင္းေတြက ဆိုေနၾကၿပီး တခ်ိဳ႕ကေတာ့ အျဖဳတ္ခံလိုက္ရတာလို႔ေတာင္ ဆိုေနၾကပါတယ္။

နယူးကာဆယ္လ္အသင္းဆီကို ၂၀၁၉ ေႏြရာသီက ေရာက္ရွိလာခဲ့တဲ့ အဂၤလိပ္နည္းျပႀကီးဟာ သူ႔အတြက္ေတာ့ အဆင့္အျမင့္ဆုံးအျဖစ္ ဒီအသင္းနဲ႔ အက္စ္တန္ဗီလာအသင္းေတြကို ကိုင္တြယ္ဖူးတာျဖစ္ၿပီး စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာေတာ့ ၉၇ ပြဲ ကိုင္တြယ္ၿပီးခ်ိန္မွာ ႏိုင္ပြဲရာႏႈန္း ၂၈.၉ ရာႏႈန္းနဲ႔ လမ္းခြဲခဲ့ရတာျဖစ္ၿပီး ေလ်ာ္ေၾကးအေနနဲ႔ ေပါင္ ၈ သန္းရရွိခဲ့တယ္လို႔လည္း သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

ေဆာ္ဒီအသင္းပိုင္ရွင္ေတြအေနနဲ႔ အသင္းကို လႊဲေျပာင္းရယူၿပီး ၁၃ ရက္အၾကာမွာ သူတို႔အတြက္ တစ္ပြဲသာ ကိုင္တြယ္ေပးခဲ့ရတဲ့ ဘ႐ုစ္ကို ထုတ္ပယ္ခဲ့ၿပီးတဲ့ေနာက္ ႐ိုးမားအသင္းနည္းျပေဟာင္း ေပၚလို ဖြန္ဆီကာကို အစားထိုး ခန႔္အပ္သြားဖို႔ စီစဥ္ေနၿပီး နာမည္ႀကီးနည္းျပေတြကို စည္း႐ုံးဖို႔ မေအာင္ျမင္ခဲ့ခ်ိန္မွာ အသင္းလက္မဲ့ျဖစ္ေနတဲ့ ေပၚတူဂီသားက လက္ေတြ႕က်တဲ့ ေခၚယူမႈျဖစ္လာႏိုင္တာပါ။

ဖြန္ဆီကာကေတာ့ ေပၚတို၊ ပါဆို႔စ္ ဖာရဲရား၊ ဘရာဂါ၊ ရွက္ခ္တာ ဒိုးနက္စ္ခ္နဲ႔ ႐ိုးမားအသင္းေတြကို ကိုင္တြယ္ထားခဲ့ဖူးတဲ့ ဥေရာအေတြ႕အႀကဳံရွိ နည္းျပတစ္ဦးျဖစ္ၿပီး ၿပီးခဲ့တဲ့ ရာသီကုန္ကမွ ႐ိုးမားအသင္းနဲ႔ လမ္းခြဲခဲ့သလို ရာသီအစမွာ စပါးစ္အသင္းကိုေတာင္ ေရာက္ရွိဖို႔ နီးစပ္ခဲ့သူလည္းျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အသင္းကို လက္ေထာက္နည္းျပ ဂေရမီ ဂ်ဳံးစ္က ခရစၥတယ္လ္ပဲေလ့စ္အသင္းနဲ႔ ကစားမယ့္ ပရီးမီးယားလိဂ္အေဝးကြင္းပြဲစဥ္ကို ယာယီကိုင္တြယ္ေပးသြားမွာျဖစ္ၿပီး နည္းျပသစ္ ခန႔္အပ္မႈကိုလည္း တာဝန္ရွိသူေတြအေနနဲ႔ အျမန္ဆုံး လုပ္ေဆာင္သြားဖို႔ ရွိေနသလို ေဒါ့မြန္နည္းျပေဟာင္း လူစီယင္ ဖာ့ဗ္နဲ႔ ရိန္းဂ်ားစ္နည္းျပ စတီဗင္ ဂ်ရတ္တို႔ကိုပါ ပစ္မွတ္ထားေနေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.