La Liga Premier League Serie A Transfer News

လစာေငြေၾကာင့္ အသင္းေျပာင္းဖို႔ ေခါင္းစားေနရတဲ့ ေပါ့ဘာနဲ႔ ႐ိုင္ယိုလာ

မန္ခ်က္စတာယူႏုိက္တက္အသင္းကေန လာမယ့္ ေႏြရာသီမွာ ေျပာင္းေရႊ႕ဖို႔ ႀကဳိးစားေနတဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာနဲ႔ သူ႕ရဲ႕ ေအးဂ်င့္ျဖစ္သူ မီႏို ႐ိုင္ယိုလာတုိ႔ဟာ ဂ်ဴဗင္တပ္စ္၊ ရီးရဲလ္မက္ဒရစ္အသင္းေတြနဲ႔ အႀကဳိသေဘာ ေဆြးေႏြးတီးေခါက္မွဳေတြ ျပဳလုပ္ေနရာမွာ လစာေငြနဲ႔ ပတ္သက္ၿပီး ေခါင္းစားစရာျဖစ္ေနရတယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းမွာ တစ္ပတ္လုပ္ခ ေပါင္ ၁၅ သန္း(ယူ႐ို ၁၇ သန္း) အသားတင္ရရွိေနတဲ့ ေပါ့ဘာဟာ ဂ်ဴဗင္တပ္စ္အသင္းကို ေျပာင္းေရႊ႕ရင္ လစာကို ေပါင္ ၆.၃ သန္း (ယူ႐ို ၇ သန္း) ေလွ်ာ့ခ်ေပးရမွာျဖစ္တဲ့အတြက္ ေအးဂ်င့္ ႐ိုင္ယုိလာအေနနဲ႔ ရီးရဲလ္ မက္ဒရစ္အသင္းဆီ ေျပာင္းလဲ ခ်ိတ္ဆက္ထားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ေနာက္ခံလူ ဆာဂ်ီယို ရာမို႔စ္နဲ႔ ကြင္းလယ္လူ ကာစီမီ႐ိုတုိ႔ကို လစာျမင့္ျမင့္မားမား ေပးေခ်ထားရခ်ိန္မွာ ေပါ့ဘာအတြက္ ျမင့္မားတဲ့ ေနာက္ထပ္ လစာေငြနဲ႔ ေျပာင္းေရႊ႕ေၾကးကို အကုန္အက်ခံဖို႔ ခက္ေနသလို ကစားသမားေတြရဲ႕ လစာေငြကို ျဖတ္ေတာက္မွသာ သူ႕အတြက္ အဆင္ေျပေအာင္ လုပ္ေပးႏုိင္မယ့္ အေနအထားလည္းျဖစ္ေနပါတယ္။

ရီးရဲလ္မက္ဒရစ္ကစားသမားေတြကေတာ့ ေပါ့ဘာအတြက္ သူတုိ႔ရဲ႕ လစာေငြကို ျဖတ္ေတာက္မွဳ ခံယူဖို႔ စိတ္ကူးမရွိဘဲ သူတုိ႔ေတြအေနနဲ႔ ပီအက္စ္ဂ်ီရဲ႕ ကိုင္လ်န္ အမ္ဘာေပကို ေခၚယူခဲ့မယ္ဆုိရင္ေတာ့ အထေျမာက္ေအာင္ ပူးေပါင္းပါဝင္ကူညီေပးဖို႔ အဆင္သင့္ပဲလုိ႔ ဆႏၵျပဳထားၾကပါတယ္။

ဒါေၾကာင့္ ဇီဒန္းအေနနဲ႔ေတာ့ သူ႕ရဲ႕ ႏိုင္ငံတူကြင္းလယ္လူနဲ႔ လက္တြဲခ်င္တဲ့ အိပ္မက္က မျဖစ္ႏိုင္ေသးဘဲ ရီးရဲလ္မက္ဒရစ္ကို ေပါ့ဘာရဲ႕ ေနာက္ထပ္လားရာ စာရင္းထဲက ထုတ္ပယ္ႏုိင္ဖို႔ ရွိေနသလို သူ႕ရဲ႕ေအာင္ေျမ တူရင္ကို ျပန္မယ္ဆုိရင္လည္း လစာေငြက သိသိသာသာ ေလ်ာ့က်ၿပီး တစ္ပတ္ကို ေပါင္တစ္သိန္းခုနစ္ေသာင္းေလာက္သာ ရရွိေတာ့မွာျဖစ္လို႔ ၂၇ ႏွစ္သားအေနနဲ႔ အုိးလ္ထရက္ဖို႔ဒ္မွာ ဆက္ရွိရင္ေတာင္ အံ့ၾသစရာ မျဖစ္ႏုိင္ဘူးလို႔ သုံးသပ္ေနၾကေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းကနေ လာမယ့် နွေရာသီမှာ ပြောင်းရွှေ့ဖို့ ကြိုးစားနေတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာနဲ့ သူ့ရဲ့ အေးဂျင့်ဖြစ်သူ မီနို ရိုင်ယိုလာတို့ဟာ ဂျူဗင်တပ်စ်၊ ရီးရဲလ်မက်ဒရစ်အသင်းတွေနဲ့ အကြိုသဘော ဆွေးနွေးတီးခေါက်မှုတွေ ပြုလုပ်နေရာမှာ လစာငွေနဲ့ ပတ်သက်ပြီး ခေါင်းစားစရာဖြစ်နေရတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၁၅ သန်း(ယူရို ၁၇ သန်း) အသားတင်ရရှိနေတဲ့ ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ရင် လစာကို ပေါင် ၆.၃ သန်း (ယူရို ၇ သန်း) လျှော့ချပေးရမှာဖြစ်တဲ့အတွက် အေးဂျင့် ရိုင်ယိုလာအနေနဲ့ ရီးရဲလ် မက်ဒရစ်အသင်းဆီ ပြောင်းလဲ ချိတ်ဆက်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် နောက်ခံလူ ဆာဂျီယို ရာမို့စ်နဲ့ ကွင်းလယ်လူ ကာစီမီရိုတို့ကို လစာမြင့်မြင့်မားမား ပေးချေထားရချိန်မှာ ပေါ့ဘာအတွက် မြင့်မားတဲ့ နောက်ထပ် လစာငွေနဲ့ ပြောင်းရွှေ့ကြေးကို အကုန်အကျခံဖို့ ခက်နေသလို ကစားသမားတွေရဲ့ လစာငွေကို ဖြတ်တောက်မှသာ သူ့အတွက် အဆင်ပြေအောင် လုပ်ပေးနိုင်မယ့် အနေအထားလည်းဖြစ်နေပါတယ်။

ရီးရဲလ်မက်ဒရစ်ကစားသမားတွေကတော့ ပေါ့ဘာအတွက် သူတို့ရဲ့ လစာငွေကို ဖြတ်တောက်မှု ခံယူဖို့ စိတ်ကူးမရှိဘဲ သူတို့တွေအနေနဲ့ ပီအက်စ်ဂျီရဲ့ ကိုင်လျန် အမ်ဘာပေကို ခေါ်ယူခဲ့မယ်ဆိုရင်တော့ အထမြောက်အောင် ပူးပေါင်းပါဝင်ကူညီပေးဖို့ အဆင်သင့်ပဲလို့ ဆန္ဒပြုထားကြပါတယ်။

ဒါကြောင့် ဇီဒန်းအနေနဲ့တော့ သူ့ရဲ့ နိုင်ငံတူကွင်းလယ်လူနဲ့ လက်တွဲချင်တဲ့ အိပ်မက်က မဖြစ်နိုင်သေးဘဲ ရီးရဲလ်မက်ဒရစ်ကို ပေါ့ဘာရဲ့ နောက်ထပ်လားရာ စာရင်းထဲက ထုတ်ပယ်နိုင်ဖို့ ရှိနေသလို သူ့ရဲ့အောင်မြေ တူရင်ကို ပြန်မယ်ဆိုရင်လည်း လစာငွေက သိသိသာသာ လျော့ကျပြီး တစ်ပတ်ကို ပေါင်တစ်သိန်းခုနစ်သောင်းလောက်သာ ရရှိတော့မှာဖြစ်လို့ ၂၇ နှစ်သားအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ဆက်ရှိရင်တောင် အံ့သြစရာ မဖြစ်နိုင်ဘူးလို့ သုံးသပ်နေကြကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.