Bundesliga Premier League Transfer News

ဗာနာရဲ့ ပြိုင်ပွဲက လီဗာပူးလ်ထွက်ဖွယ်ရှိပြီး ချဲလ်ဆီးတို့ အခြေအနေကောင်းလာ



ဘက်စတီယန် ရှဗိုင်းစတိုင်ဂါတစ်ယောက် အိုးလ်ထရက်ဖို့ဒ်မှာ မအောင်မြင်ခဲ့ချိန်မှာ မီရှာအေး ဘားလက်ခ်ရဲ့ စတမ်းဖို့ဒ်ဘရစ်ခ်ျက အချစ်တော်ဖြစ်ခဲ့တာတွေ၊ လက်ရှိ အန်တိုနီယို ရူဒီဂါရဲ့ အခိုင်အမာ နေရာရနေတာတွေ၊ မာကို မာရင်နဲ့ အန်ဒရီ ရွှားလားတို့ရဲ့ ခြေစွမ်းက လက်ခံနိုင်စရာတော့ ဖြစ်ခဲ့တာတွေက ချဲလ်ဆီးတို့အတွက် ဗာနာကို ခေါ်ယူဖို့ အလေးသာနေသလိုပါပဲ။



REF: DAILY MAIL
SPORTS A2Z.

UNICODE: ကစားသမားနဲ့ ဆက်ဆံရေးကောင်းတွေရှိထားတဲ့ နည်းပြ ယာဂန် ကလော့ပ်အတွက် မျက်နှာပျက်စရာအဖြစ် RB လိုက်ပ်ဇစ်ရဲ့ တိုက်စစ်မှူး တီမို ဗာနာကို လီဗာပူးလ်က ဈေးကွက်ပေါက်ဈေးအရ ပေါင်သန်း ၃၀ သာ တန်လို့ ပိုမပေးနိုင်ဘူးလို့ ဆိုခဲ့အပြီးမှာ ဂျာမန်ကလပ်ဘက် အမှုဆောင်ချုပ် အိုလီဗာ မင့်ဇ်လက်ဖ်က ပေါင် ၄၉ သန်းထက် လျှော့ချမပေးဘူးလို့ အပြတ်ပြောထားခဲ့တာကြောင့် တခြားစိတ်ဝင်စားနေတဲ့ အသင်းတွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ အခွင့်အရေးသာလာခဲ့ပါတယ်။

ဒီနှစ်သင်းစလုံးအနေနဲ့ ဂျာမန်တိုက်စစ်မှူးအတွက် ငွေသုံးနိုင်တဲ့ အနေအထားတွေမှာလည်း ရှိနေကြပြီး ချဲလ်ဆီးအသင်းအတွက် ပိုမိုသာလွန်တာကတော့ အသင်းမှာ ဂျာမန်ကစားသမားတွေ အများအပြား ကစားခဲ့ကြတာနဲ့ ယူနိုက်တက်တို့က တိုက်စစ်ပိုင်းမှာ အသည်းအသန် လိုအပ်တာမျိုး ရှိမနေဘဲ ခပ်အေးအေးပုံစံကို ပြသနေတာပဲဖြစ်ပါတယ်။

ဘက်စတီယန် ရှဗိုင်းစတိုင်ဂါတစ်ယောက် အိုးလ်ထရက်ဖို့ဒ်မှာ မအောင်မြင်ခဲ့ချိန်မှာ မီရှာအေး ဘားလက်ခ်ရဲ့ စတမ်းဖို့ဒ်ဘရစ်ချ်က အချစ်တော်ဖြစ်ခဲ့တာတွေ၊ လက်ရှိ အန်တိုနီယို ရူဒီဂါရဲ့ အခိုင်အမာ နေရာရနေတာတွေ၊ မာကို မာရင်နဲ့ အန်ဒရီ ရွှားလားတို့ရဲ့ ခြေစွမ်းက လက်ခံနိုင်စရာတော့ ဖြစ်ခဲ့တာတွေက ချဲလ်ဆီးတို့အတွက် ဗာနာကို ခေါ်ယူဖို့ အလေးသာနေသလိုပါပဲ။

ဂျာမန်ကစားသမား အောင်မြင်မှုအရ ချဲလ်ဆီးအသင်းက အလေးသာနေခဲ့ချိန်မှာ ယူနိုက်တက်အနေနဲ့ ဂျေဒန် ဆန်ချိုနဲ့ ခံစစ်မှူးကောင်းတစ်ဦးကို ခေါ်ယူဦးမယ့် အစီအစဉ်အရဆိုရင်တော့ အသက် ၂၄ နှစ်အရွယ် RB လိုက်ပ်ဇစ်တိုက်စစ်မှူးဟာ သူတို့အတွက် ဦးစားပေးပစ်မှတ်လည်း မဖြစ်နိုင်တော့တာကြောင့် လီဗာပူးလ်ပါ ပြိုင်ပွဲက ထွက်မယ့် အခြေအနေမှာ သူ့ရဲ့လားရာဟာ အနောက်လန်ဒန်ကိုပဲ ဖြစ်နိုင်တော့မှာပါ။

ချဲလ်ဆီးအသင်းအနေနဲ့ ဘဏ္ဏာရေးအခြေအနေ ကျပ်တည်းလာတဲ့ ကာလမှာ တီမို ဗာနာရဲ့ စာချုပ်လျော်ကြေးကို ပေးမလားဆိုတာကိုပဲ မေးခွန်းထုတ်ရမယ့် အချိန်လည်းဖြစ်နေပြီး နောက်ခံလူ ရူဒီဂါကလည်း စတုဂတ်အသင်းဖော်ဟောင်းပီပီ စည်းရုံးပေးသွားဦးမယ့်အချိန်မှာတော့ ပြိုင်ဘက်အသင်းတွေထက် လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ဖွယ်ရှိကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.






REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.