La Liga Premier League Transfer News

ေကာ္တင္ညဳိအတြက္ အငွားေျပာင္းေရႊ႕ေၾကး ေပါင္ ၉ သန္းေပးရမယ္လို႔ ဘာစီလိုနာသတ္မွတ္

ဘာစီလိုနာအသင္းဟာ အာဆင္နယ္အသင္းက စိတ္ဝင္စားေနခဲ့တဲ့ သူတုိ႔ရဲ႕ ကြင္းလယ္တုိက္စစ္ကစားသမား ဖလိပီ ေကာ္တင္ညဳိအတြက္ တစ္ရာသီစာ အငွားေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္ ၉ သန္း ေပးေခ်သြားရမွာျဖစ္တယ္လို႔ ေဈးႏွဳန္းသတ္မွတ္ၿပီး အေၾကာင္းျပန္ၾကားလုိက္ပါတယ္။

အာဆင္နယ္အသင္းနည္းျပ မီခယ္လ္ အာတီတာကေတာ့ ဒီအသက္ ၂၇ ႏွစ္အရြယ္ ဘရာဇီးလ္ကြင္းလယ္လူဟာ အသင္းရဲ႕ အေရြ႕တစ္ခုကို ဆန္းသစ္ေစႏုိင္မယ့္သူအျဖစ္ ရွဳျမင္ထားၿပီး ပရီးမီးယားလိဂ္မွာ လီဗာပူးလ္ကြင္းလယ္တိုက္စစ္ကို ဦးေဆာင္ခဲ့သလိုမ်ဳိး ထပ္ၿပီး အစြမ္းျပႏုိင္မယ္လို႔ ယုံၾကည္ေနတာလည္းျဖစ္ပါတယ္။

ေကာ္တင္ညဳိကို ကိုင္တြယ္ထားတဲ့ အီရန္လူမ်ဳိးလုပ္ငန္းရွင္ ေအးဂ်င့္ ကီရာ ေဂ်ာ္ရက္ဘ္ခ်ီယန္နဲ႔ ဆက္ဆံေရးေကာင္းရွိတဲ့ အာဆင္နယ္အသင္း တာဝန္ရွိသူေတြအေနနဲ႔ ဘာစီလိုနာအသင္းကို သူ႕အတြက္ အငွားေခၚယူဖို႔ စုံစမ္းခဲ့ရာမွာ ကာတာလန္ကလပ္ဘက္က အခုလို ျပန္ၾကားလုိက္တာပဲျဖစ္ပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ သူတုိ႔ရဲ႕ ေပါင္ ၁၄၂ သန္းတန္ ကစားသမားကို ႏွစ္ရာသီဆက္တုိက္ အငွားခ်သြားဖို႔ ဆုံးျဖတ္ထားခဲ့တာလည္းျဖစ္ၿပီး အသင္းရဲ႕ နည္းစနစ္နဲ႔ အံမဝင္ဘူးလို႔ ထင္ျမင္ေနၾကသလို အာဆင္နယ္အသင္းအေနနဲ႔ေတာ့ သူ႕ရဲ႕ လစာေငြကို အျပည့္အဝ က်ခံေပးသြားဖို႔လည္း ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။

တစ္ပတ္လုပ္ခ ေပါင္ႏွစ္သိန္းခြဲ ရရွိေနတဲ့ ေကာ္တင္ညဳိအတြက္ အာဆင္နယ္အသင္းအေနနဲ႔ တစ္ရာသီအငွားမွာ စုစုေပါင္း ကုန္က်စရိတ္ ေပါင္ ၂၂ သန္း က်သင့္မွာျဖစ္ၿပီး သူတုိ႔အတြက္ေတာ့ လက္ခံႏုိင္ဖို႔ မ်ားျပားလြန္းတဲ့ ပမာဏျဖစ္ေနတာေၾကာင့္ ထပ္မံညႇိႏွဳိင္းၿပီး ေဈးႏွဳန္းေလ်ာ့ခ်ခိုင္းဖို႔ ရွိေနႏုိင္သလို အသင္းက လစာေငြႀကီးျမင့္တဲ့ ကစားသမားေတြကို ေရာင္းထုတ္ဖို႔ ေသခ်ာမွ ထပ္မံကမ္းလွမ္းဖြယ္ရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဘာစီလိုနာအသင်းဟာ အာဆင်နယ်အသင်းက စိတ်ဝင်စားနေခဲ့တဲ့ သူတို့ရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဖလိပီ ကော်တင်ညိုအတွက် တစ်ရာသီစာ အငှားပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၉ သန်း ပေးချေသွားရမှာဖြစ်တယ်လို့ ဈေးနှုန်းသတ်မှတ်ပြီး အကြောင်းပြန်ကြားလိုက်ပါတယ်။

အာဆင်နယ်အသင်းနည်းပြ မီခယ်လ် အာတီတာကတော့ ဒီအသက် ၂၇ နှစ်အရွယ် ဘရာဇီးလ်ကွင်းလယ်လူဟာ အသင်းရဲ့ အရွေ့တစ်ခုကို ဆန်းသစ်စေနိုင်မယ့်သူအဖြစ် ရှုမြင်ထားပြီး ပရီးမီးယားလိဂ်မှာ လီဗာပူးလ်ကွင်းလယ်တိုက်စစ်ကို ဦးဆောင်ခဲ့သလိုမျိုး ထပ်ပြီး အစွမ်းပြနိုင်မယ်လို့ ယုံကြည်နေတာလည်းဖြစ်ပါတယ်။

ကော်တင်ညိုကို ကိုင်တွယ်ထားတဲ့ အီရန်လူမျိုးလုပ်ငန်းရှင် အေးဂျင့် ကီရာ ဂျော်ရက်ဘ်ချီယန်နဲ့ ဆက်ဆံရေးကောင်းရှိတဲ့ အာဆင်နယ်အသင်း တာဝန်ရှိသူတွေအနေနဲ့ ဘာစီလိုနာအသင်းကို သူ့အတွက် အငှားခေါ်ယူဖို့ စုံစမ်းခဲ့ရာမှာ ကာတာလန်ကလပ်ဘက်က အခုလို ပြန်ကြားလိုက်တာပဲဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ သူတို့ရဲ့ ပေါင် ၁၄၂ သန်းတန် ကစားသမားကို နှစ်ရာသီဆက်တိုက် အငှားချသွားဖို့ ဆုံးဖြတ်ထားခဲ့တာလည်းဖြစ်ပြီး အသင်းရဲ့ နည်းစနစ်နဲ့ အံမဝင်ဘူးလို့ ထင်မြင်နေကြသလို အာဆင်နယ်အသင်းအနေနဲ့တော့ သူ့ရဲ့ လစာငွေကို အပြည့်အဝ ကျခံပေးသွားဖို့လည်း တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းခွဲ ရရှိနေတဲ့ ကော်တင်ညိုအတွက် အာဆင်နယ်အသင်းအနေနဲ့ တစ်ရာသီအငှားမှာ စုစုပေါင်း ကုန်ကျစရိတ် ပေါင် ၂၂ သန်း ကျသင့်မှာဖြစ်ပြီး သူတို့အတွက်တော့ လက်ခံနိုင်ဖို့ များပြားလွန်းတဲ့ ပမာဏဖြစ်နေတာကြောင့် ထပ်မံညှိနှိုင်းပြီး ဈေးနှုန်းလျော့ချခိုင်းဖို့ ရှိနေနိုင်သလို အသင်းက လစာငွေကြီးမြင့်တဲ့ ကစားသမားတွေကို ရောင်းထုတ်ဖို့ သေချာမှ ထပ်မံကမ်းလှမ်းဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.