Premier League

၃၁.၅.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ နယုန္လဆန္း ၁၀ ရက္၊ တနဂၤေႏြေန႔။

၃၁.၅.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ နယုန္လဆန္း ၁၀ ရက္၊ တနဂၤေႏြေန႔၊ ျပႆဒါး။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
ညေန ၁၈:၃၆ အထိ တိထီ ၉ လုံး။ ေက်ာ္လွ်င္ ၁၀ လုံး။ ၁၀ လုံးတြင္ အၿမိတၱယုဂ္၊ ထာဝရရွင္သန္ေအာင္ျမင္ေစလိုေသာ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
နံနက္ ၅:၄၁ အထိ ျပဳဗၺဖလဂုဏီနကၡတ္။ ေနာက္တစ္ေန႔နံနက္ ၄:၀၀ ဥတၱရဖလဂုဏီနကၡတ္။ ေက်ာ္လွ်င္ ဟႆတနကၡတ္။ ညေန ၁၇:၂၈ အထိ ဝဇီရယုဂ္၊ စိန္ကဲ့သို႔ မာေက်ာတန္ဖိုးရွိျခင္း၊ မိုးႀကဳိးကဲ့သို႔ ဖ်က္အားျပင္းထန္ျခင္း၊ ေရွ႕တုိး၍ မိ္မိအင္အားျဖင့္ ထိုးေဖာက္ေဆာင္ရြက္ရန္ကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း၊ ညႇိႏွဳိင္းေဆာင္ရြက္ျခင္းမ်ား ျပဳလုပ္ရန္ မသင့္ေတာ္ပါ။ ေက်ာ္လွ်င္ သိဒၶိယုဂ္၊ ေအာင္ျမင္မွဳရျခင္း၊ အကာအကြယ္ရျခင္း၊ ကၽြမ္းက်င္မွဳျဖင့္ ၿပီးျပည့္စုံေစျခင္းျဖစ္၍ မိမိ ကၽြမ္းက်င္ပိုင္ႏုိင္ေသာအလုပ္အား ေရြးခ်ယ္လုပ္ေဆာင္ပါ။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၇:၄၉ အထိ ဗလဝက႐ိုဏ္း၊ ဂုဏ္သေရျပည့္စုံ၊ ေလ့လာသင္ၾကား၊ ဂါရဝျပဳမွဳမ်ားႏွင့္ အခမ္းအနားမ်ား လုပ္ေဆာင္ရန္ေကာင္း။ ညေန ၁၈:၃၆ အထိ ေကာလဝက႐ိုဏ္း၊ ေပါင္းသင္းဆက္ဆံ၊ အသုိင္းအဝိုင္းခ်ဲ႕ထြင္၊ မဂၤလာကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း။ နံနက္ ၅:၁၈ အထိ ေတတုလက႐ိုဏ္း၊ စကားေကာင္းေျပာဆုိျခင္း၊ ရာထူးတုိးတက္ျခင္း၊ တည္ေဆာက္ျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ကရဇက႐ိုဏ္း၊ စိုက္ပ်ဳိးျခင္း၊ လုပ္ငန္းအတြင္း ေငြေၾကးစိုက္ထည့္ျခင္း၊ တာဝန္ယူတာဝန္ခံျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
ညေန ၁၈:၃၆ အထိ အေရွ႕ႏွင့္ အေရွ႕ေျမာက္၊ အျဖဴေရာင္။ ေက်ာ္လွ်င္ ေတာင္ႏွင့္ အေရွ႕၊ အနက္ေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၃၁.၅.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ တနင်္ဂနွေနေ့၊ ပြဿဒါး။

တစ်နေ့တာ တိထီနှင့် ယုဂ်။
ညနေ ၁၈:၃၆ အထိ တိထီ ၉ လုံး။ ကျော်လျှင် ၁၀ လုံး။ ၁၀ လုံးတွင် အမြိတ္တယုဂ်၊ ထာဝရရှင်သန်အောင်မြင်စေလိုသော အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
နံနက် ၅:၄၁ အထိ ပြုဗ္ဗဖလဂုဏီနက္ခတ်။ နောက်တစ်နေ့နံနက် ၄:၀၀ ဥတ္တရဖလဂုဏီနက္ခတ်။ ကျော်လျှင် ဟဿတနက္ခတ်။ ညနေ ၁၇:၂၈ အထိ ဝဇီရယုဂ်၊ စိန်ကဲ့သို့ မာကျောတန်ဖိုးရှိခြင်း၊ မိုးကြိုးကဲ့သို့ ဖျက်အားပြင်းထန်ခြင်း၊ ရှေ့တိုး၍ မိမိအင်အားဖြင့် ထိုးဖောက်ဆောင်ရွက်ရန်ကိစ္စများ လုပ်ဆောင်ရန်ကောင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းများ ပြုလုပ်ရန် မသင့်တော်ပါ။ ကျော်လျှင် သိဒ္ဓိယုဂ်၊ အောင်မြင်မှုရခြင်း၊ အကာအကွယ်ရခြင်း၊ ကျွမ်းကျင်မှုဖြင့် ပြီးပြည့်စုံစေခြင်းဖြစ်၍ မိမိ ကျွမ်းကျင်ပိုင်နိုင်သောအလုပ်အား ရွေးချယ်လုပ်ဆောင်ပါ။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၇:၄၉ အထိ ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။ ညနေ ၁၈:၃၆ အထိ ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။ နံနက် ၅:၁၈ အထိ တေတုလကရိုဏ်း၊ စကားကောင်းပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
ညနေ ၁၈:၃၆ အထိ အရှေ့နှင့် အရှေ့မြောက်၊ အဖြူရောင်။ ကျော်လျှင် တောင်နှင့် အရှေ့၊ အနက်ရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)