Premier League UCL&UEL

မန္ခ်က္စတာစီးတီးအတြက္ ျမင့္မားတဲ့ ရည္မွန္းခ်က္ကို ျပသလုိက္တဲ့ မာရက္ဇ္

မန္ခ်က္စတာစီးတီးအသင္းက ထြက္ခြာႏုိင္တယ္လို႔ အသံတခ်ဳိ႕ထြက္ေနခဲ့တဲ့ ေတာင္ပံကစားသမား ရီယက္ မာရက္ဇ္က သူ႕အေနနဲ႔ အသင္းနဲ႔အတူ ဆုဖလားေတြ ရယူခ်င္ေသးေၾကာင္းနဲ႔ ခ်န္ပီယံလိဂ္ဖလားကို ရယူသြားဖို႔ ပစ္မွတ္ထားေနေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

၂၀၁၈-၁၉ ရာသီမွာ လက္စတာစီးတီးအသင္းကေန ေျပာင္းေရႊ႕လာခဲ့တဲ့ မာရက္ဇ္ဟာ ေရာက္ေရာက္ခ်င္းရာသီမွာပဲ ပရီးမီးယားလိဂ္၊ အက္ဖ္ေအဖလားနဲ႔ လိဂ္ဖလား(ကာရာေဘာင္းဖလား)ေတြကို ရယူႏုိင္ခဲ့ၿပီး ျပည္တြင္းဖလားသုံးလုံးကို သိမ္းပုိက္ႏိုင္ခဲ့ၿပီးျဖစ္လို႔ ဥေရာပထိပ္တန္းအဆင့္ဖလားကို ပစ္မွတ္ထားေနတာလည္းျဖစ္ပါတယ္။

မာရက္ဇ္က သူ႕အေနနဲ႔ မန္ခ်က္စတာစီးတီးရဲ႕ ကစားပုံကို အသားက်ေအာင္ ႀကဳိးစားခဲ့ရေသးေၾကာင္း၊ လက္စတာစီးတီးဟာ ေကာင္တာေတြကို အားျပဳတဲ့ အသင္းျဖစ္တာေၾကာင့္ ဒီအသင္းမွာလို တုိက္စစ္ကို ပုိကစားရတဲ့အခါ နည္းျပ ပက္ပ္ ဂြါဒီယိုလာရဲ႕ နည္းစနစ္ေတြမွာ အသားက်ဖို႔လုပ္ေဆာင္ခဲ့ရၿပီး ခုခ်ိန္ကေတာ့ ခ်န္ပီယံလိဂ္ကို ရယူဖို႔အခ်ိန္လို႔ ဆုိလုိက္ပါတယ္။

“ဟုတ္ပါတယ္… ခုခ်ိန္ကေတာ့ ခ်န္ပီယံလိဂ္ကို သိမ္းပုိက္ဖို႔ အေကာင္းဆုံးအခ်ိန္ပါပဲ။ ကၽြန္ေတာ္တုိ႔မွာ အသင္းေကာင္းတစ္သင္းရွိတယ္။ နည္းျပေကာင္းတစ္ေယာက္လည္းရွိတယ္။ တျခားလိုအပ္တဲ့ အရာေတြအကုန္လုံးလည္း ျပည့္စုံေနပါတယ္။ ဒါေၾကာင့္ ဒီဆုဖလားကို ရယူဖို႔ အခ်ိန္ေကာင္းပါပဲ”လုိ႔ မာရက္ဇ္က ခုလိုဆုိပါတယ္။

လက္ရွိမွာေတာ့ မန္စီးတီးအသင္းဟာ ရီးရဲလ္မက္ဒရစ္အသင္းကို ၁၆ သင္း ရွဳံးထြက္အဆင့္မွာ အေဝးကြင္းႏုိင္ပြဲ ရယူထားခဲ့ၿပီး အိမ္ကြင္းမွာ ေနာက္တစ္ဆင့္တက္ဖို႔ အေျခအေနေကာင္းေနသလို မာရက္ဇ္ကေတာ့ ဒါဟာ ခက္ခဲတဲ့ ၿပဳိင္ပြဲတစ္ရပ္ျဖစ္ေပမယ့္ သူတုိ႔ေတြမွာ အႏုိင္ယူျပႏုိင္ဖို႔ လုံေလာက္တဲ့ အရည္အေသြးရွိတယ္လို႔လည္း ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းက ထွက်ခွာနိုင်တယ်လို့ အသံတချို့ထွက်နေခဲ့တဲ့ တောင်ပံကစားသမား ရီယက် မာရက်ဇ်က သူ့အနေနဲ့ အသင်းနဲ့အတူ ဆုဖလားတွေ ရယူချင်သေးကြောင်းနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူသွားဖို့ ပစ်မှတ်ထားနေကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

၂၀၁၈-၁၉ ရာသီမှာ လက်စတာစီးတီးအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ မာရက်ဇ်ဟာ ရောက်ရောက်ချင်းရာသီမှာပဲ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ လိဂ်ဖလား(ကာရာဘောင်းဖလား)တွေကို ရယူနိုင်ခဲ့ပြီး ပြည်တွင်းဖလားသုံးလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်လို့ ဥရောပထိပ်တန်းအဆင့်ဖလားကို ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။

မာရက်ဇ်က သူ့အနေနဲ့ မန်ချက်စတာစီးတီးရဲ့ ကစားပုံကို အသားကျအောင် ကြိုးစားခဲ့ရသေးကြောင်း၊ လက်စတာစီးတီးဟာ ကောင်တာတွေကို အားပြုတဲ့ အသင်းဖြစ်တာကြောင့် ဒီအသင်းမှာလို တိုက်စစ်ကို ပိုကစားရတဲ့အခါ နည်းပြ ပက်ပ် ဂွါဒီယိုလာရဲ့ နည်းစနစ်တွေမှာ အသားကျဖို့လုပ်ဆောင်ခဲ့ရပြီး ခုချိန်ကတော့ ချန်ပီယံလိဂ်ကို ရယူဖို့အချိန်လို့ ဆိုလိုက်ပါတယ်။

“ဟုတ်ပါတယ်… ခုချိန်ကတော့ ချန်ပီယံလိဂ်ကို သိမ်းပိုက်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ ကျွန်တော်တို့မှာ အသင်းကောင်းတစ်သင်းရှိတယ်။ နည်းပြကောင်းတစ်ယောက်လည်းရှိတယ်။ တခြားလိုအပ်တဲ့ အရာတွေအကုန်လုံးလည်း ပြည့်စုံနေပါတယ်။ ဒါကြောင့် ဒီဆုဖလားကို ရယူဖို့ အချိန်ကောင်းပါပဲ”လို့ မာရက်ဇ်က ခုလိုဆိုပါတယ်။

လက်ရှိမှာတော့ မန်စီးတီးအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ၁၆ သင်း ရှုံးထွက်အဆင့်မှာ အဝေးကွင်းနိုင်ပွဲ ရယူထားခဲ့ပြီး အိမ်ကွင်းမှာ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းနေသလို မာရက်ဇ်ကတော့ ဒါဟာ ခက်ခဲတဲ့ ပြိုင်ပွဲတစ်ရပ်ဖြစ်ပေမယ့် သူတို့တွေမှာ အနိုင်ယူပြနိုင်ဖို့ လုံလောက်တဲ့ အရည်အသွေးရှိတယ်လို့လည်း ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.