Analysis Bundesliga

၈ မိနစ်အတွင်း ၄ ဂိုးသွင်းပြလိုက်တဲ့ လက်ရှိချန်ပီယံ လေဗာကူဆင် ၁-၅ ဘိုင်ယန်ပွဲအပြီး စိတ်ဝင်တစားထုတ်နုတ်ပြောစရာ ၅ ချက်

ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယား ထိပ်ဆုံးကို ပြန်လည်တက်ရောက်နိုင်ခဲ့တဲ့ တနင်္ဂနွေနေ့က လေဗာကူဆင်အသင်းကို ၅-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ရောဘတ် လီဗန်ဒေ့ါဗ်စကီး၊ ဂနာဘရီတို့ ၂ ဂိုးစီ သွင်းယူနိုင်ခဲ့ပြီး သောမတ်စ် မူလာကလည်း ၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါဖလားကို ၁၀ ကြိမ်ဆက်တိုက်ရယူဖို့ ကြိုးပမ်းနေတယ်ဆိုတာကို ပြသခဲ့တဲ့ နိုင်ပွဲဖြစ်ပြီး ပြီးခဲ့တဲ့ ဖရန့်ဖွတ်နဲ့ပွဲစဉ်က ရှုံးပွဲကနေ အစွမ်းကုန် ပြန်လည်ရုန်းထနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်နဲ့ လေဗာကူဆင်အသင်းတို့ရဲ့ပွဲစဉ်မှာ မှတ်မှတ်ရရ စိတ်ဝင်တစားထုတ်နုတ်ပြောစရာအချက် ၅ ချက်ရှိနေခဲ့ပြီး အဲဒီ ၅ ချက်က ဘာတွေများဖြစ်မလဲ…

၅။ ဘိုင်ယန်ရဲ့ ပထမဆုံးစွမ်းဆောင်ရည်မှာတင် လက်မြှောက်ခဲ့ရတဲ့ လေဗာကူဆင်

နိုင်ငံတကာ အားလပ်ရက်မတိုင်ခင် ဖရန့်ဖွတ်ကို ၂-၁ နဲ့ ရှုံးကွင်းမှာရှုံးပြီး ပထမဆုံးရှုံးပွဲကြုံခဲ့တဲ့ ဘိုင်ယန်မြူးနစ်အတွက် ဘွန်ဒက်စ်လီဂါရာသီကို လက်စားချေဖောက်ခွဲမှုနဲ့ ပြန်လည်စတင်နိုင်ခဲ့တာပါ။ လီဗန်ဒေါ့ဗ်စကီးရဲ့ ပထမပိင်း ၃ မိနစ်မှာ နောက်ဖနောင့်နဲ့ ကန်သွင်းယူခဲ့တဲ့ အဖွင့်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး နောက်ထပ် ၂၇ မိနစ်အကြာမှာ အယ်လ်ဖွန်ဆို ဒေးဗီးစ်ရဲ့ပေးပို့မှုကနေ ပိုလန်တိုက်စစ်မှူးက နောက်ထပ်တစ်ဂိုး ထပ်သွင်းပေးခဲ့ပြီးနောက် နောက်ထပ် ၇ မိနစ်အကြာမှာ ဂနာဘရီက ၂ မိနစ်အတွင်း ၂ ဂိုး၊ မူလာက ၁ ဂိုးသွင်းပေးခဲ့ပါတယ်။ ဘိုင်ယန်ရဲ့ ပထမပိုင်း ဂိုးပြတ်သွင်းယူမှုကြောင့် လေဗာကူဆင်အသင်းဟာ စောစောစီးစီး ပတ်စာခွာ ဖျာလိပ်ပြီးသား ဖြစ်ခဲ့ရတာဖြစ်ပါတယ်။

၄။ ဒုတိယပိုင်းမှာ ခြေစွမ်းတက်လာတဲ့ လေဗာကူဆင်

ပထမပိုင်းမှာ အလူးအလဲခံခဲ့ရတဲ့ လေဗာကူဆင်ဟာ ပြန်လည်စုစည်းနိုင်ဖို့ အခွင့်အလမ်းရရှိခဲ့ပြီး ဘိုင်ယန်မြူးနစ် ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ ၄ ဂိုးဟာ ၈ မိနစ်သာ ကြာခဲ့သလို အဲဒီထဲက တစ်ဂိုးဟာ ပွဲပြန်စတင်ပြီးပြီးချင်း ချက်ချင်း ထပ်သွားခဲ့တဲ့ဂိုးဖြစ်ပါတယ်။ လေဗာကူဆင်က ဒုတိယပိုင်းမှာ အားမတန် မာန်မချဘဲ ရေကုန်ရေခမ်းနဲ့ ပြန်တုံ့ပြန်ခဲ့ပြီး ၅၅ မိနစ်မှာ ပက်ထရစ် ရှစ်ခ်က ချေပဂိုး ၁ ဂိုးပြန်သွင်းယူပေးခဲ့ပါတယ်။ အိမ်ရှင် လေဗာကူဆင်ဟာ ဒုတိယပိုင်းမှာ ဘိုင်ယန်မြူးနစ်ထက် ပိုကောင်းခဲ့ပေမယ့် အလာကောင်းပေမယ့် အခါနှောင်းခဲ့ပြီးဖြစ်နေခဲ့တာဖြစ်ပါတယ်။

၃။ ဘွန်ဒက်စ်လီဂါ ၂ ပွဲဆက် ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်ခဲ့တဲ့ လီဗန်ဒေါ့ဗ်စကီး

လီဗန်ဒေါ့ဗ်စကီးဟာ ဘွန်ဒက်စ်လီဂါ ၂ ပွဲဆက် ဂိုးပေါက်ပျောက်နေမှုကို လေဗာကူဆင်နဲ့ပွဲမှာ အဆုံးသတ်ခဲ့ပြီး အောင်ပွဲခံခဲ့တဲ့ပုံစံကို ကြည့်တာနဲ့ ဘယ်လောက်တောင် ဒီသွင်းဂိုးက သူ့အတွက် အဓိပ္ပာယ်ရှိလဲဆိုတာ သိသာနေပါတယ်။ ပိုလန်တိုက်စစ်မှူးဟာ ဖရန့်ဖွတ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်နဲ့ ဂွိုက်တာ ဖုသ်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးပေါက်ပျောက်နေခဲ့တာဖြစ်ပြီး ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ ဖြတ်ကျော်ခြင်းပါ ခံခဲ့ရတာဖြစ်ပါတယ်။

လီဗန်ဒေါ့ဗ်စကီးဟာ ၂၀၂၂ ကမ္ဘာ့ဖလား ဝင်ခွင့်ပွဲစဉ် ၂ ပွဲမှာလည်း ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိတာကြောင့် တနင်္ဂနွေနေ့ပွဲစဉ်မတိုင်မီ ရမှတ်တူ၊ အဆင့်တူဖြစ်နေခဲ့တဲ့ လေဗာကူဆင်အသင်းနဲ့ ပွဲစဉ်က စွမ်းဆောင်ရည်ဟာ အဓိကသော့ချက်ဖြစ်ခဲ့ပါတယ်။ ပိုလန်တိုက်စစ်မှူးဟာ မိနစ် ၃၀ အတွင်း ၂ ဂိုးသွင်းယူပြီး နိုင်ငံတကာပွဲစဉ်ကစားပြီး ပြန်လာပေမယ့် မောပန်းနွမ်းနယ်တဲ့လက္ခဏာမပြသခဲ့တာဖြစ်ပါတယ်။ ဒီပွဲက သွင်းဂိုး ၂ ဂိုးကြောင့် ဘွန်ဒက်စ်လီဂါထိပ်တန်းဂိုးသွင်းရှင်အဖြစ် ဦးဆောင်နေတဲ့ ဟာလန်းနဲ့ သွင်းဂိုး ၉ ဂိုးချင်း တူညီခဲ့ပြီး ပူးတွဲထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။

၂။ ကွင်းလယ်တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ လေဗာကူဆင်

လေဗာကူဆင်နည်းပြ ဂယ်ရာဒို ဆီအိုအာနီဟာ ဘိုင်ယန်နဲ့ပွဲအတွက် ကြံ့ခိုင်မှုရှိတဲ့ ကွင်းလယ်ခံစစ်ကစားသမားမရှိတာကြောင့် ၄-၂-၃-၁ ကစားကွက်ကို ရွေးချယ်ခဲ့ပြီး ကယ်ရမ် ဒီမီရာဘိုင်နဲ့ နာဒင်း အာမီရီတို့ကို ကွင်းလယ်ခံစစ်နေရာမှာ အသုံးပြုခဲ့ပါတယ်။ ဒီမီရာဘိုင်က ဖန်တီးမှုအားကောင်းတဲ့ ကွင်းလယ်ကစားသမားဖြစ်ပြီး အာမီရီက ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်ပေမယ့် ဘိုင်ယန်ကွင်းလယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဂျိုရွှာ ကင်းမစ်ချ်၊ ဂိုဟက်စ်ခါတို့ကို မယှဉ်နိုင်ခဲ့ပါဘူး။ ကင်းမစ်ချ်ဟာ ကွင်းလယ်တစ်ခုလုံးကို စိုးမိုးထားနိုင်ခဲ့ပြီး ကွင်းထဲက ကစားသမားတွေအားလုံးထက် ပိုမိုတဲ့ အဓိကပေးပို့မှု(၆ ကြိမ်)နဲ့ ကြားဝင်ဖျက်ထုတ်မှု(၄ ကြိမ်)ပြုလုပ်နိုင်ခဲ့ပါတယ်။ ချားလ်စ် အရန်ဂိဇ် ဒဏ်ရာကြောင့် မပါဝင်နိုင်မှုက လေဗာကူဆင်အတွက် ကွင်းလယ်မှာ ခါးပြတ်စေခဲ့ပြီး ဘယ်လိုမှ မကုစားနိုင်ခဲ့တာဖြစ်ပါတယ်။

၁။ ချန်ပီယံခြေစွမ်းနဲ့ ဇယားထိပ်ပြန်တက်ခဲ့တဲ့ ဘိုင်ယန်

ဘိုင်ယန်ဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် လေဗာကူဆင်နဲ့ပွဲမှာ ချန်ပီယံအသင်းရဲ့စိတ်ဓာတ်ကို ပြသခဲ့ပါတယ်။ ဒီပွဲစဉ်မှာ အနိုင်ရလဒ်နဲ့အတူ ဇယားထိပ်ပြန်လည်တက်ရောက်နိုင်ခဲ့ပြီး ဧည့်သည်ဘိုင်ယန်မြူးနစ်က ပွဲကို အချိန်ပြည့်ထိန်းချုပ်ထားနိုင်ခဲ့ပုံပေါ်ခဲ့ပါတယ်။ ဘိုင်ယန်ဟာ ဂိုးပေါက်ကန်သွင်းဖို့ ကြိုးပမ်းမှု ၂၇ ကြိမ်မှာ ၁၁ ကြိမ် ဂိုးပေါက်တည့်ခဲ့ပြီး ဒုတိယပိုင်းမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပထမပိုင်းမှာ သွင်းထားတဲ့ ၅ ဂိုးနဲ့တင် လေဗာကူဆင်ကို နလန်မထူနိုင်အောင် အလဲထိုးခဲ့ပြီးဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ လက်ရှိမှာတော့ ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာ ဒုတိယနေရာက ဒေါ့မွန်ထက် ၁ မှတ်အသာနဲ့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီဖြစ်သလို ဥရောပရဲ့ထိပ်သီးလိဂ် ၅ ခုစလုံးမှာ ဂိုးအများဆုံးသွင်းထားတဲ့အသင်းအဖြစ်လည်း ရပ်တည်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဘိုင္ယန္ျမဴးနစ္အသင္း ဘြန္ဒက္စ္လီဂါအမွတ္ေပးဇယား ထိပ္ဆုံးကို ျပန္လည္တက္ေရာက္ႏိုင္ခဲ့တဲ့ တနဂၤေႏြေန႔က ေလဗာကူဆင္အသင္းကို ၅-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ေရာဘတ္ လီဗန္ေဒ့ါဗ္စကီး၊ ဂနာဘရီတို႔ ၂ ဂိုးစီ သြင္းယူႏိုင္ခဲ့ၿပီး ေသာမတ္စ္ မူလာကလည္း ၁ ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။

ဘြန္ဒက္စ္လီဂါဖလားကို ၁၀ ႀကိမ္ဆက္တိုက္ရယူဖို႔ ႀကိဳးပမ္းေနတယ္ဆိုတာကို ျပသခဲ့တဲ့ ႏိုင္ပြဲျဖစ္ၿပီး ၿပီးခဲ့တဲ့ ဖရန႔္ဖြတ္နဲ႔ပြဲစဥ္က ရႈံးပြဲကေန အစြမ္းကုန္ ျပန္လည္႐ုန္းထႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ ဘြန္ဒက္စ္လီဂါခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္နဲ႔ ေလဗာကူဆင္အသင္းတို႔ရဲ႕ပြဲစဥ္မွာ မွတ္မွတ္ရရ စိတ္ဝင္တစားထုတ္ႏုတ္ေျပာစရာအခ်က္ ၅ ခ်က္ရွိေနခဲ့ၿပီး အဲဒီ ၅ ခ်က္က ဘာေတြမ်ားျဖစ္မလဲ…

၅။ ဘိုင္ယန္ရဲ့ ပထမဆုံးစြမ္းေဆာင္ရည္မွာတင္ လက္ေျမႇာက္ခဲ့ရတဲ့ ေလဗာကူဆင္

နိုင္ငံတကာ အားလပ္ရက္မတိုင္ခင္ ဖရန႔္ဖြတ္ကို ၂-၁ နဲ႔ ရႈံးကြင္းမွာရႈံးၿပီး ပထမဆုံးရႈံးပြဲၾကဳံခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္အတြက္ ဘြန္ဒက္စ္လီဂါရာသီကို လက္စားေခ်ေဖာက္ခြဲမႈနဲ႔ ျပန္လည္စတင္နိုင္ခဲ့တာပါ။ လီဗန္ေဒါ့ဗ္စကီးရဲ့ ပထမပိင္း ၃ မိနစ္မွာ ေနာက္ဖေနာင့္နဲ႔ ကန္သြင္းယူခဲ့တဲ့ အဖြင့္ဂိုးနဲ႔ ဦးေဆာင္နိုင္ခဲ့ၿပီး ေနာက္ထပ္ ၂၇ မိနစ္အၾကာမွာ အယ္လ္ဖြန္ဆို ေဒးဗီးစ္ရဲ့ေပးပို႔မႈကေန ပိုလန္တိုက္စစ္မႉးက ေနာက္ထပ္တစ္ဂိုး ထပ္သြင္းေပးခဲ့ၿပီးေနာက္ ေနာက္ထပ္ ၇ မိနစ္အၾကာမွာ ဂနာဘရီက ၂ မိနစ္အတြင္း ၂ ဂိုး၊ မူလာက ၁ ဂိုးသြင္းေပးခဲ့ပါတယ္။ ဘိုင္ယန္ရဲ့ ပထမပိုင္း ဂိုးျပတ္သြင္းယူမႈေၾကာင့္ ေလဗာကူဆင္အသင္းဟာ ေစာေစာစီးစီး ပတ္စာခြာ ဖ်ာလိပ္ၿပီးသား ျဖစ္ခဲ့ရတာျဖစ္ပါတယ္။

၄။ ဒုတိယပိုင္းမွာ ေျခစြမ္းတက္လာတဲ့ ေလဗာကူဆင္

ပထမပိုင္းမွာ အလူးအလဲခံခဲ့ရတဲ့ ေလဗာကူဆင္ဟာ ျပန္လည္စုစည္းနိုင္ဖို႔ အခြင့္အလမ္းရရွိခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္ ပထမပိုင္းမွာ သြင္းယူခဲ့တဲ့ ၄ ဂိုးဟာ ၈ မိနစ္သာ ၾကာခဲ့သလို အဲဒီထဲက တစ္ဂိုးဟာ ပြဲျပန္စတင္ၿပီးၿပီးခ်င္း ခ်က္ခ်င္း ထပ္သြားခဲ့တဲ့ဂိုးျဖစ္ပါတယ္။ ေလဗာကူဆင္က ဒုတိယပိုင္းမွာ အားမတန္ မာန္မခ်ဘဲ ေရကုန္ေရခမ္းနဲ႔ ျပန္တုံ႔ျပန္ခဲ့ၿပီး ၅၅ မိနစ္မွာ ပက္ထရစ္ ရွစ္ခ္က ေခ်ပဂိုး ၁ ဂိုးျပန္သြင္းယူေပးခဲ့ပါတယ္။ အိမ္ရွင္ ေလဗာကူဆင္ဟာ ဒုတိယပိုင္းမွာ ဘိုင္ယန္ျမဴးနစ္ထက္ ပိုေကာင္းခဲ့ေပမယ့္ အလာေကာင္းေပမယ့္ အခါေႏွာင္းခဲ့ၿပီးျဖစ္ေနခဲ့တာျဖစ္ပါတယ္။

၃။ ဘြန္ဒက္စ္လီဂါ ၂ ပြဲဆက္ ဂိုးေပါက္ေပ်ာက္ေနမႈကို အဆုံးသတ္ခဲ့တဲ့ လီဗန္ေဒါ့ဗ္စကီး

လီဗန္ေဒါ့ဗ္စကီးဟာ ဘြန္ဒက္စ္လီဂါ ၂ ပြဲဆက္ ဂိုးေပါက္ေပ်ာက္ေနမႈကို ေလဗာကူဆင္နဲ႔ပြဲမွာ အဆုံးသတ္ခဲ့ၿပီး ေအာင္ပြဲခံခဲ့တဲ့ပုံစံကို ၾကည့္တာနဲ႔ ဘယ္ေလာက္ေတာင္ ဒီသြင္းဂိုးက သူ႔အတြက္ အဓိပၸာယ္ရွိလဲဆိုတာ သိသာေနပါတယ္။ ပိုလန္တိုက္စစ္မႉးဟာ ဖရန႔္ဖြတ္ကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္နဲ႔ ဂြိဳက္တာ ဖုသ္ကို ၃-၁ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ဂိုးေပါက္ေပ်ာက္ေနခဲ့တာျဖစ္ၿပီး ေဒါ့မြန္တိုက္စစ္မႉး ဟာလန္းရဲ့ ထိပ္တန္းဂိုးသြင္းရွင္စာရင္းမွာ ျဖတ္ေက်ာ္ျခင္းပါ ခံခဲ့ရတာျဖစ္ပါတယ္။

လီဗန္ေဒါ့ဗ္စကီးဟာ ၂၀၂၂ ကမၻာ့ဖလား ဝင္ခြင့္ပြဲစဥ္ ၂ ပြဲမွာလည္း ဂိုးသြင္းယူနိုင္ခဲ့ျခင္းမရွိတာေၾကာင့္ တနဂၤေႏြေန႔ပြဲစဥ္မတိုင္မီ ရမွတ္တူ၊ အဆင့္တူျဖစ္ေနခဲ့တဲ့ ေလဗာကူဆင္အသင္းနဲ႔ ပြဲစဥ္က စြမ္းေဆာင္ရည္ဟာ အဓိကေသာ့ခ်က္ျဖစ္ခဲ့ပါတယ္။ ပိုလန္တိုက္စစ္မႉးဟာ မိနစ္ ၃၀ အတြင္း ၂ ဂိုးသြင္းယူၿပီး နိုင္ငံတကာပြဲစဥ္ကစားၿပီး ျပန္လာေပမယ့္ ေမာပန္းႏြမ္းနယ္တဲ့လကၡဏာမျပသခဲ့တာျဖစ္ပါတယ္။ ဒီပြဲက သြင္းဂိုး ၂ ဂိုးေၾကာင့္ ဘြန္ဒက္စ္လီဂါထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ဦးေဆာင္ေနတဲ့ ဟာလန္းနဲ႔ သြင္းဂိုး ၉ ဂိုးခ်င္း တူညီခဲ့ၿပီး ပူးတြဲထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္နိုင္ခဲ့ၿပီျဖစ္ပါတယ္။

၂။ ကြင္းလယ္တိုက္ပြဲမွာ ရႈံးနိမ့္ခဲ့တဲ့ ေလဗာကူဆင္

ေလဗာကူဆင္နည္းၿပ ဂယ္ရာဒို ဆီအိုအာနီဟာ ဘိုင္ယန္နဲ႔ပြဲအတြက္ ႀကံ့ခိုင္မႈရွိတဲ့ ကြင္းလယ္ခံစစ္ကစားသမားမရွိတာေၾကာင့္ ၄-၂-၃-၁ ကစားကြက္ကို ေရြးခ်ယ္ခဲ့ၿပီး ကယ္ရမ္ ဒီမီရာဘိုင္နဲ႔ နာဒင္း အာမီရီတို႔ကို ကြင္းလယ္ခံစစ္ေနရာမွာ အသုံးျပဳခဲ့ပါတယ္။ ဒီမီရာဘိုင္က ဖန္တီးမႈအားေကာင္းတဲ့ ကြင္းလယ္ကစားသမားျဖစ္ၿပီး အာမီရီက ကြင္းလယ္တိုက္စစ္ကစားသမားျဖစ္ေပမယ့္ ဘိုင္ယန္ကြင္းလယ္ၾကယ္ပြင့္ေတြျဖစ္တဲ့ ဂ်ိဳရႊာ ကင္းမစ္ခ်္၊ ဂိုဟက္စ္ခါတို႔ကို မယွဥ္နိုင္ခဲ့ပါဘူး။ ကင္းမစ္ခ်္ဟာ ကြင္းလယ္တစ္ခုလုံးကို စိုးမိုးထားနိုင္ခဲ့ၿပီး ကြင္းထဲက ကစားသမားေတြအားလုံးထက္ ပိုမိုတဲ့ အဓိကေပးပို႔မႈ(၆ ႀကိမ္)နဲ႔ ၾကားဝင္ဖ်က္ထုတ္မႈ(၄ ႀကိမ္)ျပဳလုပ္နိုင္ခဲ့ပါတယ္။ ခ်ားလ္စ္ အရန္ဂိဇ္ ဒဏ္ရာေၾကာင့္ မပါဝင္နိုင္မႈက ေလဗာကူဆင္အတြက္ ကြင္းလယ္မွာ ခါးျပတ္ေစခဲ့ၿပီး ဘယ္လိုမွ မကုစားနိုင္ခဲ့တာျဖစ္ပါတယ္။

၁။ ခ်န္ပီယံေျခစြမ္းနဲ႔ ဇယားထိပ္ျပန္တက္ခဲ့တဲ့ ဘိုင္ယန္

ဘိုင္ယန္ဟာ ၿပီးခဲ့တဲ့ပြဲစဥ္မွာ က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ေလဗာကူဆင္နဲ႔ပြဲမွာ ခ်န္ပီယံအသင္းရဲ့စိတ္ဓာတ္ကို ျပသခဲ့ပါတယ္။ ဒီပြဲစဥ္မွာ အနိုင္ရလဒ္နဲ႔အတူ ဇယားထိပ္ျပန္လည္တက္ေရာက္နိုင္ခဲ့ၿပီး ဧည့္သည္ဘိုင္ယန္ျမဴးနစ္က ပြဲကို အခ်ိန္ျပည့္ထိန္းခ်ဳပ္ထားနိုင္ခဲ့ပုံေပၚခဲ့ပါတယ္။ ဘိုင္ယန္ဟာ ဂိုးေပါက္ကန္သြင္းဖို႔ ႀကိဳးပမ္းမႈ ၂၇ ႀကိမ္မွာ ၁၁ ႀကိမ္ ဂိုးေပါက္တည့္ခဲ့ၿပီး ဒုတိယပိုင္းမွာ ဂိုးမသြင္းနိုင္ခဲ့ေပမယ့္ ပထမပိုင္းမွာ သြင္းထားတဲ့ ၅ ဂိုးနဲ႔တင္ ေလဗာကူဆင္ကို နလန္မထူနိုင္ေအာင္ အလဲထိုးခဲ့ၿပီးျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္ဟာ လက္ရွိမွာေတာ့ ဘြန္ဒက္စ္လီဂါအမွတ္ေပးဇယားထိပ္ဆုံးမွာ ဒုတိယေနရာက ေဒါ့မြန္ထက္ ၁ မွတ္အသာနဲ႔ ျပန္လည္ဦးေဆာင္နိုင္ခဲ့ၿပီျဖစ္သလို ဥေရာပရဲ့ထိပ္သီးလိဂ္ ၅ ခုစလုံးမွာ ဂိုးအမ်ားဆုံးသြင္းထားတဲ့အသင္းအျဖစ္လည္း ရပ္တည္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.