Premier League

ရော်နယ်ဒိုနဲ့မက်ဆီတို့ကောင်းခဲ့ပေမယ့် ဆာလားက ပိုကောင်းနေပြီလို့ ချီးကျူးခဲ့တဲ့ ကလော့ပ်

လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်က စနေနေ့ညနေက ဝက်ဖို့ဒ်အသင်းနဲ့ပွဲစဉ်မှာ အလွန်ထူးခြားတဲ့ စွမ်းဆောင်ရည်ပြသခဲ့တဲ့ မိုဟာမက် ဆာလားဟာ ခရစ္စတီယာနို ရော်နယ်ဒို၊ လီယွန်နယ် မက်ဆီတို့ထက် ပိုမိုကောင်းမွန်တဲ့ ကမ္ဘာပေါ်က အကောင်းဆုံး ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အီဂျစ်တိုက်စစ်မှူးဟာ လီဗာပူးလ်အသင်းကို ၅-၀ နဲ့ အနိုင်ရရှိအောင် ကိုယ်တိုင် ဂိုးသွင်းယူပေးခဲ့သလို အသင်းဖော် မာနေးအဖွင့်ဂိုးသွင်းယူနိုင်အောင်လည်း ဂိုးဖန်တီးပေးနိုင်ခဲ့တာဖြစ်ပြီး ကလော့ပ်က လီဗာပူးလ်ရဲ့ ပဥ္စမြောက်ဂိုးအတွက် မယုံနိုင်ဖွယ် တကိုယ်တော် အစွမ်းပြခဲ့တဲ့ ဆာလားရဲ့ခြေစွမ်းကို အထင်ကြီးသွားခဲ့တာဖြစ်ပါတယ်။

ယာဂန် ကလော့ပ်က မိုဟာမက် ဆာလားဟာ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်ဒိုတို့ထက် ပိုမိုကောင်းမွန်တဲ့ ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပြီး လီဗာပူးလ်ရဲ့ဂိုးသွင်းစက်ဟာ ဖာမီနိုရဲ့ ပင်နယ်တီဧရိယာအစွန်က ပေးပို့လာတဲ့ ဘောလုံးကို ရယူပြီး ဝက်ဖို့ဒ် နောက်ခံလူ ၃ ဦးကို ကျော်ဖြတ်ပြီး ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။

“ဒီနေ့ သူ့ရဲ့ စွမ်းဆောင်ရည်က အရမ်းကောင်းလွန်းပါတယ်။ ပထမဂိုးအတွက် ပေးပို့မှုကလည်း အရမ်းကောင်းမွန်ခဲ့ပြီး ဒုတိယဂိုးကလည်း ထူးခြားခဲ့ပါတယ်။ သူက ထိပ်တန်းကစားသမားပါ။ ကျွန်တော်တို့ အားလုံး အဲဒါကို မြင်ရပါတယ်။ သူ့ထက် ကောင်းတာ ဘယ်သူရှိလဲ။ ကျွန်တော်တို့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ ဘောလုံးလောကအတွက် လုပ်ခဲ့တာတွေ၊ သူတို့ရဲ့လွှမ်းမိုးမှုတွေနဲ့ပတ်သက်ပြီး ပြောစရာမလိုပါဘူး။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဆာလားက အကောင်းဆုံးပဲ”

လီဗာပူးလ်နည်းပြ ကလော့ပ်က အီဂျစ်ကြယ်ပွင့်တိုက်စစ်မှူးဆီကနေ နောက်ထပ် အထင်ကြီးဖွယ် စွမ်းဆောင်ရည်တွေအများကြီး မြင်တွေ့ရဦးမယ်လို့လည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။ “ဆာလားရဲ့ အသက်အရွယ်နဲ့ဆို တိုးတက်နိုင်ဆဲပါ။ သူ အဲဒါကို အဆက်မပြတ်လုပ်နေပါတယ်။ ပထမဂိုးကို ဆာဒီယိုအတွက် သူ ဖန်ပေးသွားတာ ခင်ဗျား မြင်ခဲ့မှာပါ။ ကောင်းလိုက်တဲ့ ဘောလုံးပေးပို့မှုဗျာ”

“သူ အဲဒါကို နွေရာသီ အားလပ်ရက်ကနေ ယူဆောင်ခဲ့တယ်။ကျွန်တော် မသိခဲ့ဘူး။ နွေရာသီနောက်ပိုင်းကတည်းက သူ ဒီလိုအရာတွေကို စပြီး လုပ်လာခဲ့ပါတယ်။ ကျွန်တော် ပြောခဲ့တဲ့အတိုင်း ကျွန်တော်တို့မှာ မတူညီတဲ့အရာတွေကို လေ့ကျင့်ဖို့အတွက် အချိန်တွေ မရှိပါဘူး။ ဒါပေမယ့် ကောင်လေးတွေက သူတို့ဘာသာ သူတို့ တိုးတက်အောင် လုပ်ခဲ့ကြပါတယ်။ သူ ယူဆောင်ပေးနေတဲ့ ခြေစွမ်းတည်ငြိမ်မှု၊ ဒီလိုအရာတွေအားလုံးကို လူတွေက အခုမှ စမြင်လာတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲဒါက အမြဲတမ်းရှိနေခဲ့တာပါ”

“သူ ကျွန်တော်တို့အတွက် အခုဆို ကစားပေးနေတာ ၅ နှစ်ရှိပြီဖြစ်ပေမယ့် သူ ဒီမှာ စရောက်ကတည်းက သူ စွမ်းဆောင်ပြခဲ့တာတွေက လုံးဝကို မယုံနိုင်စရာတွေပါပဲ။ သူက ထိပ်တန်းအဆင့်မှာရှိတယ်။ လီဗာပူးလ်မှာ သူ စရှိကတည်းက ထိပ်ဆုံး ၅ ဦးထဲမှာ ရှိခဲ့တာ လုံးဝသေချာတယ်။ အခုတော့ သူက အကောင်းဆုံးဖြစ်နေပြီပေါ့။ ခရစ္စတီယာနိုနဲ့ မက်ဆီတို့ကြားက ကြီးမားတဲ့ကွာခြားချက်က ဘယ်သူမှ သူတို့က အကောင်းဆုံးဆိုတာ နှစ်ပေါင်းများစွာ သံသယမရှိခဲ့ကြတာဖြစ်ပေမယ့် မိုကလည်း နှစ်ပေါင်းများစွာ ထိပ်တန်းအဆင့်မှာ ရှိနေခဲ့ပြီးသားပါ”

“သူ့ဆီကနေ ကျွန်တော်တို့ မျှော်လင့်စရာတွေ အများကြီး ရှိနေဆဲပါ။ ဘာလို့လဲဆိုတော့ သူ့ရဲ့ စိတ်ဆန္ဒပြင်းပြမှုကြောင့်ပါ။ သူက ထိပ်တန်းခြေစွမ်းအဆင့်အတန်းမှာ စွမ်းဆောင်ပြချင်နေတဲ့သူပါ”လို့ ပြောကြားခဲ့ပါတယ်။ လီဗာပူးလ်အသင်းရဲ့ နောက်ဆုံး ၈ ပွဲစလုံးမှာ ဂိုးသွင်းယူခဲ့တဲ့ မိုဟာမက် ဆာလားဟာ ယခုရာသီမှာ ၁၀ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပြီး အင်္ဂါနေ့မှာ ကစားရမယ့် အက်သလက်တီကို မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း အီဂျစ်တိုက်စစ်မှူးအနေနဲ့ ဒီလိုမျိုး ခြေစွမ်းကောင်း ဆက်လက်ပြသနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္အသင္းနည္းၿပ ယာဂန္ ကေလာ့ပ္က စေနေန႔ညေနက ဝက္ဖို႔ဒ္အသင္းနဲ႔ပြဲစဥ္မွာ အလြန္ထူးျခားတဲ့ စြမ္းေဆာင္ရည္ျပသခဲ့တဲ့ မိုဟာမက္ ဆာလားဟာ ခရစၥတီယာနို ေရာ္နယ္ဒို၊ လီယြန္နယ္ မက္ဆီတို႔ထက္ ပိုမိုေကာင္းမြန္တဲ့ ကမၻာေပၚက အေကာင္းဆုံး ကစားသမားျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အီဂ်စ္တိုက္စစ္မႉးဟာ လီဗာပူးလ္အသင္းကို ၅-၀ နဲ႔ အနိုင္ရရွိေအာင္ ကိုယ္တိုင္ ဂိုးသြင္းယူေပးခဲ့သလို အသင္းေဖာ္ မာေနးအဖြင့္ဂိုးသြင္းယူနိုင္ေအာင္လည္း ဂိုးဖန္တီးေပးနိုင္ခဲ့တာျဖစ္ၿပီး ကေလာ့ပ္က လီဗာပူးလ္ရဲ့ ပဥၥေျမာက္ဂိုးအတြက္ မယုံနိုင္ဖြယ္ တကိုယ္ေတာ္ အစြမ္းျပခဲ့တဲ့ ဆာလားရဲ့ေျခစြမ္းကို အထင္ႀကီးသြားခဲ့တာျဖစ္ပါတယ္။

ယာဂန္ ကေလာ့ပ္က မိုဟာမက္ ဆာလားဟာ လီယြန္နယ္ မက္ဆီနဲ႔ ခရစၥတီယာနို ေရာ္နယ္ဒိုတို႔ထက္ ပိုမိုေကာင္းမြန္တဲ့ ကစားသမားျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ၿပီး လီဗာပူးလ္ရဲ့ဂိုးသြင္းစက္ဟာ ဖာမီနိုရဲ့ ပင္နယ္တီဧရိယာအစြန္က ေပးပို႔လာတဲ့ ေဘာလုံးကို ရယူၿပီး ဝက္ဖို႔ဒ္ ေနာက္ခံလူ ၃ ဦးကို ေက်ာ္ျဖတ္ၿပီး ဂိုးသြင္းယူသြားခဲ့တာျဖစ္ပါတယ္။

“ဒီေန႔ သူ႔ရဲ့ စြမ္းေဆာင္ရည္က အရမ္းေကာင္းလြန္းပါတယ္။ ပထမဂိုးအတြက္ ေပးပို႔မႈကလည္း အရမ္းေကာင္းမြန္ခဲ့ၿပီး ဒုတိယဂိုးကလည္း ထူးျခားခဲ့ပါတယ္။ သူက ထိပ္တန္းကစားသမားပါ။ ကၽြန္ေတာ္တို႔ အားလုံး အဲဒါကို ျမင္ရပါတယ္။ သူ႔ထက္ ေကာင္းတာ ဘယ္သူရွိလဲ။ ကၽြန္ေတာ္တို႔ မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ ေဘာလုံးေလာကအတြက္ လုပ္ခဲ့တာေတြ၊ သူတို႔ရဲ့လႊမ္းမိုးမႈေတြနဲ႔ပတ္သက္ၿပီး ေျပာစရာမလိုပါဘူး။ ဒါေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ဆာလားက အေကာင္းဆုံးပဲ”

လီဗာပူးလ္နည္းၿပ ကေလာ့ပ္က အီဂ်စ္ၾကယ္ပြင့္တိုက္စစ္မႉးဆီကေန ေနာက္ထပ္ အထင္ႀကီးဖြယ္ စြမ္းေဆာင္ရည္ေတြအမ်ားႀကီး ျမင္ေတြ႕ရဦးမယ္လို႔လည္း ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။ “ဆာလားရဲ့ အသက္အရြယ္နဲ႔ဆို တိုးတက္နိုင္ဆဲပါ။ သူ အဲဒါကို အဆက္မျပတ္လုပ္ေနပါတယ္။ ပထမဂိုးကို ဆာဒီယိုအတြက္ သူ ဖန္ေပးသြားတာ ခင္ဗ်ား ျမင္ခဲ့မွာပါ။ ေကာင္းလိုက္တဲ့ ေဘာလုံးေပးပို႔မႈဗ်ာ”

“သူ အဲဒါကို ေႏြရာသီ အားလပ္ရက္ကေန ယူေဆာင္ခဲ့တယ္။ကၽြန္ေတာ္ မသိခဲ့ဘူး။ ေႏြရာသီေနာက္ပိုင္းကတည္းက သူ ဒီလိုအရာေတြကို စၿပီး လုပ္လာခဲ့ပါတယ္။ ကၽြန္ေတာ္ ေျပာခဲ့တဲ့အတိုင္း ကၽြန္ေတာ္တို႔မွာ မတူညီတဲ့အရာေတြကို ေလ့က်င့္ဖို႔အတြက္ အခ်ိန္ေတြ မရွိပါဘူး။ ဒါေပမယ့္ ေကာင္ေလးေတြက သူတို႔ဘာသာ သူတို႔ တိုးတက္ေအာင္ လုပ္ခဲ့ၾကပါတယ္။ သူ ယူေဆာင္ေပးေနတဲ့ ေျခစြမ္းတည္ၿငိမ္မႈ၊ ဒီလိုအရာေတြအားလုံးကို လူေတြက အခုမွ စျမင္လာတာ ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။ အဲဒါက အျမဲတမ္းရွိေနခဲ့တာပါ”

“သူ ကၽြန္ေတာ္တို႔အတြက္ အခုဆို ကစားေပးေနတာ ၅ ႏွစ္ရွိၿပီျဖစ္ေပမယ့္ သူ ဒီမွာ စေရာက္ကတည္းက သူ စြမ္းေဆာင္ျပခဲ့တာေတြက လုံးဝကို မယုံနိုင္စရာေတြပါပဲ။ သူက ထိပ္တန္းအဆင့္မွာရွိတယ္။ လီဗာပူးလ္မွာ သူ စရွိကတည္းက ထိပ္ဆုံး ၅ ဦးထဲမွာ ရွိခဲ့တာ လုံးဝေသခ်ာတယ္။ အခုေတာ့ သူက အေကာင္းဆုံးျဖစ္ေနၿပီေပါ့။ ခရစၥတီယာနိုနဲ႔ မက္ဆီတို႔ၾကားက ႀကီးမားတဲ့ကြာျခားခ်က္က ဘယ္သူမွ သူတို႔က အေကာင္းဆုံးဆိုတာ ႏွစ္ေပါင္းမ်ားစြာ သံသယမရွိခဲ့ၾကတာျဖစ္ေပမယ့္ မိုကလည္း ႏွစ္ေပါင္းမ်ားစြာ ထိပ္တန္းအဆင့္မွာ ရွိေနခဲ့ၿပီးသားပါ”

“သူ႔ဆီကေန ကၽြန္ေတာ္တို႔ ေမၽွာ္လင့္စရာေတြ အမ်ားႀကီး ရွိေနဆဲပါ။ ဘာလို႔လဲဆိုေတာ့ သူ႔ရဲ့ စိတ္ဆႏၵျပင္းျပမႈေၾကာင့္ပါ။ သူက ထိပ္တန္းေျခစြမ္းအဆင့္အတန္းမွာ စြမ္းေဆာင္ျပခ်င္ေနတဲ့သူပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ လီဗာပူးလ္အသင္းရဲ့ ေနာက္ဆုံး ၈ ပြဲစလုံးမွာ ဂိုးသြင္းယူခဲ့တဲ့ မိုဟာမက္ ဆာလားဟာ ယခုရာသီမွာ ၁၀ ဂိုးအထိ သြင္းယူထားနိုင္ခဲ့ၿပီျဖစ္ၿပီး အဂၤါေန႔မွာ ကစားရမယ့္ အက္သလက္တီကို မက္ဒရစ္နဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္မွာလည္း အီဂ်စ္တိုက္စစ္မႉးအေနနဲ႔ ဒီလိုမ်ိဳး ေျခစြမ္းေကာင္း ဆက္လက္ျပသနိုင္ဖို႔ ေမၽွာ္လင့္ေနမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.