Premier League

လက်စတာကို ရှုံးနိမ့်ခဲ့တဲ့ပွဲအတွက် ဘော်လီဘောပုတ်နေကြတဲ့ ဆိုးလ်ရှားနဲ့ ပေါ့ဘာ

မန်ချက်စတာယူနိုက်တက်အသင်းဟာ စနေနေ့ညက လက်စတာစီးတီးအသင်းကို ၄-၂ နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့မှုနဲ့အတူ ဆုဖလားပြိုင်ပွဲအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခု ရင်ဆိုင်ခဲ့ရပြီးနောက် နည်းပြဆိုးလ်ရှားအတွက် ဖိအားတွေက ပိုမိုတိုးမြင့်လာခဲ့ပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ၃ ပွဲအထိ နိုင်ပွဲမရခဲ့ဘဲ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ချဲလ်ဆီးအသင်းနောက် ၅ မှတ်အကွာမှာ ရပ်တည်နေရပြီး လာမယ့်အပတ်တွေမှာ အဓိကပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးအသင်းတို့နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာက လက်စတာစီးတီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အသင်းရဲ့ပုံစံကို ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့ တစ်စုံတရာကို ပြောင်းလဲပစ်ဖို့ လိုနေပါပြီ။ ကျွန်တော်တို့ ဒီလိုပွဲမျိုးတွေနဲ့ ကြုံခဲ့ရတာ တော်တော်ကြာနေခဲ့ပြီဖြစ်ပြီး ပြဿနာကို ရှာမတွေ့သေးပါဘူး”

“ကျွန်တော်တို့ ဂိုးတွေ လွယ်လွယ်ပေးခဲ့တယ်။ ရူးကြောင်ကြောင် ဂိုးတွေပါ။ ကျွန်တော်တို့ ပိုပြီး ရင့်ကျက်ဖို့လိုပြီး ဒီထက်ပိုမိုတဲ့အတွေ့အကြုံနဲ့ ကစားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ မှန်ကန်တဲ့စိတ်ပိုင်းဆိုင်ရာမျိုးကို ရှာတွေ့ဖို့နဲ့ မှန်ကန်တဲ့ နည်းဗျူဟာကို ရှာတွေ့ဖို့ လိုအပ်ပါတယ်။ အဲဒါကို အကုန်ဝိုင်းပြီး ပြဿနာကို ဖြေရှင်းကြရမှာပါ”

“ကျွန်တော်တို့ ရှုံးဖို့ ထိုက်တန်ခဲ့ပါတယ်။ ကျွန်တော်တို့သာ ယှဉ်ပြိုင်ပြီး ဆုဖလားကို ရယူချင်တယ်ဆိုရင် ကျွန်တော်တို့ ဒီလိုပွဲစဉ်တွေကိုတော့ အနိုင်ရမှဖြစ်မယ်။ ဒီပွဲစဉ်တွေက ခက်ခဲတယ်ဆိုရင်တောင်မှပေါ့”

နွေရာသီကစားသမားခေါ်ယူမှုတွေဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒို၊ ဂျေဒန် ဆန်ချို၊ ရာဖေးလ် ဗာရွန်းတို့ အသင်းမှာရှိနေပမယ့်လည်း ယူနိုက်တက် ကြုံတွေ့နေရတဲ့ ပြဿနာတွေက အရင်အတိုင်းရှိနေဆဲဖြစ်ပြီး ယခုအပတ်ပွဲစဉ်မတိုင်မီ ၂ ပွဲသာ အနိုင်ရထားတဲ့ လက်စတာစီးတီးရဲ့အပြတ်အသတ်အနိုင်ယူခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြ ဆိုးလ်ရှားလက်အောက်မှာ အနိုင်ရမယ့် အနေအထားကနေ ၃၈ မှတ်အထိ ဆုံးရှုံးခဲ့ရပြီး တူညီတဲ့ကာလအတွင်း မန်စီးတီးက ၅၄ ပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်ထားနိုင်ချိန်မှာ ၃၂ ပွဲသာ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အတွက် အဝေးကွင်း ၂၉ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်ဟာလည်း ရပ်တန့်သွားခဲ့ရတာဖြစ်ပြီး နည်းပြ ဆိုးလ်ရှားက အဝေးကွင်းမှာ ကစားပုံ ကျစ်လစ်ခဲ့ပေမယ့်လည်း ပေးခဲ့ရတဲ့ဂိုးတွေက တကယ်ကို စိတ်ပျက်စရာကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ အဝေးကွင်းမှာ ကစားပုံကျစ်လစ်ခဲ့ပေမယ့် ဒီနေ့မှာ ကျွန်တော်တို့ ပေးခဲ့ရတဲ့ဂိုးတွေက တကယ်စိတ်ပျက်စရာကောင်းပါတယ်။ ကျွန်တော်တို့ ပိုကောင်းအောင် လုပ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ဒီပွဲမှာ အနိုင်ရဖို့အတွက် လုပ်ပိုင်ခွင့် ဘာမှ မရခဲ့ဘဲ တစ်မှတ်မှ မရခဲ့တာ ထိုက်တန်ပါတယ်”

“တည်ကန်ဘောကနေ ၂ ဂိုး၊ ချေပဂိုးသွင်းပြီး ၁၀ စက္ကန့်အကြာမှာ ၁ ဂိုး၊ ပထမဆုံးဂိုးကတော့ လက်ဆောင်ပေးခဲ့ရတာပါ။ ကျွန်တော်တို့ ကောင်းသင့်သလောက် မကောင်းခဲ့ဘဲ ၅၀-၅၀ တောင် ဘောလုံးပိုင်ဆိုင်မှုမရခဲ့ပါဘူး။ ကျွန်တော်တို့ ကွင်းလယ်ကနေ ဘောလုံးကို ရှေ့ကို ရောက်အောင် မလုပ်နိုင်ခဲ့ပါဘူး”

“ကျွန်တော်တို့ ဘောလုံးနဲ့ရော၊ ဘောလုံးမရှိတဲ့အခါမှာပါ ကောင်းသင့်သလောက် မကောင်းခဲ့ဘူး။ ခင်ဗျား ပြေးလွှား၊ ပိတ်ဆို့ပြီး ဖျက်ထုတ်ရမှာဖြစ်ပြီး ကျွန်တော်တို့ အဲဒါကို လုံလောက်အောင် မလုပ်နိုင်ခဲ့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။ ဒီပွဲစဉ်ဟာ ဆိုးလ်ရှားရဲ့ ကံကြမ္မာကို အဆုံးအသတ်ကျိန်းသေပေးနိုင်မယ့် ပွဲစဉ်တွေထဲက အစဖြစ်ပြီး ချန်ပီယံလိဂ်မှာလည်း အုပ်စုကနေ တက်အောင် ရုန်းကန်ရဿဦးမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ လီဗာပူးလ်အသင်းကို အိုးထရက်ဖိ်ု့ဒ်မှာ လက်ခံယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မတိုင်မီ အတ္တလန္တာအသင်းနဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး အောက်တိုဘာ ၃၀ ရက်နေ့မှာတော့ စပါးအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ “လာမယ့်ပွဲတွေအားလုံးက ခက်ခဲပါတယ်။ လက်စတာနဲ့အဝေးကွင်းပွဲ ခက်သလောက်ကို ခက်ပါတယ်။ ကျွန်တော်တို့ နောက်တစ်ကြိမ် ကစားတဲ့အခါမှာ ဒီရှုံးပွဲကဟာတွေကို မေ့ပြီး ကျွန်တော်တို့စိတ်တွေကို လန်းဆန်းနေအောင်လုပ်ထားရမှာပါ”

“ကစားသမားတွေအနေနဲ့ သူတို့ကိုယ် သူတို့ မှန်ထဲပြန်ကြည့်ဖို့ လိုတယ်။ ကျွန်တော်လည်း မှန်ထဲမှာ ကိုယ့်ကိုကိုယ် ပြန်ကြည့်တယ်။ ကျွန်တော်တို့ ဒီပွဲအတွက် ကောင်းကောင်း ပြင်ဆင်ခဲ့ပေမယ့် အဓိကအခိုက်အတံ့တွေက ကျွန်တော်တို့ကို စိတ်ပျက်စေခဲ့ပါတယ်”။ နည်းပြ ဆိုးလ်ရှားက အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားကို ပွဲထွက်ကစားစေခဲ့တဲ့ ၎င်းရဲ့ ဆုံးဖြတ်ချက်ကလည်း မှားယွင်းခဲ့ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမားဟာ ကြံ့ခိုင်မှု မပြည့်ဝသေးပုံပေါ်ခဲ့ပြီး ၎င်းရဲ့ ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးသွားရာကနေ လက်စတာစီးတီးက ပထမဆုံးသွင်းဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ “အသင်းကို ကျွန်တော် ရွေးချယ်တာပါ။ ဟယ်ရီက ဘာတုံ့ပြန်မှုမှ မပြသခဲ့ဘဲ အလုပ်မဖြစ်နိုင်ဘူးဆို ကျွန်တော် မထည့်ဘဲ နေမှာပါ”

“ကျွန်တော်တို့ လေးဂိုးပေးခဲ့ရတယ်ဆိုတော့ ကျွန်တော် ဆိုးရွားတဲ့ဆုံးဖြတ်ချက်ကို ချခဲ့တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကျွန်တော် ရွေးချယ်ခဲ့တဲ့အသင်းအတွက် ဆင်ခြေပေးနေတာမဟုတ်ပါဘူး။ သူတို့တွေက ထိပ်တန်းဘောလုံးသမားတွေဖြစ်ပြီး ကျွန်တော်တို့ ပုံစံကောင်း မပြသနိုင်ခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္အသင္းဟာ စေနေန႔ညက လက္စတာစီးတီးအသင္းကို ၄-၂ နဲ႔ အရွက္တကြဲ ရႈံးနိမ့္ခဲ့မႈနဲ႔အတူ ဆုဖလားၿပိဳင္ပြဲအတြက္ ေနာက္ထပ္ထိုးႏွက္ခ်က္တစ္ခု ရင္ဆိုင္ခဲ့ရၿပီးေနာက္ နည္းျပဆိုးလ္ရွားအတြက္ ဖိအားေတြက ပိုမိုတိုးျမင့္လာခဲ့ၿပီျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဟာ ပရီးမီးယားလိဂ္ ၃ ပြဲအထိ နိုင္ပြဲမရခဲ့ဘဲ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ခ်ဲလ္ဆီးအသင္းေနာက္ ၅ မွတ္အကြာမွာ ရပ္တည္ေနရၿပီး လာမယ့္အပတ္ေတြမွာ အဓိကၿပိဳင္ဘက္ေတြျဖစ္တဲ့ လီဗာပူးလ္နဲ႔ မန္ခ်က္စတာစီးတီးအသင္းတို႔နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ကြင္းလယ္ၾကယ္ပြင့္ ေပါ့ဂ္ဘာက လက္စတာစီးတီးအသင္းကို ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာ အသင္းရဲ့ပုံစံကို ျပစ္တင္ေဝဖန္ခဲ့တာျဖစ္ပါတယ္။ “ကၽြန္ေတာ္တို႔ တစ္စုံတရာကို ေျပာင္းလဲပစ္ဖို႔ လိုေနပါၿပီ။ ကၽြန္ေတာ္တို႔ ဒီလိုပြဲမ်ိဳးေတြနဲ႔ ၾကဳံခဲ့ရတာ ေတာ္ေတာ္ၾကာေနခဲ့ၿပီျဖစ္ၿပီး ျပႆနာကို ရွာမေတြ႕ေသးပါဘူး”

“ကၽြန္ေတာ္တို႔ ဂိုးေတြ လြယ္လြယ္ေပးခဲ့တယ္။ ႐ူးေၾကာင္ေၾကာင္ ဂိုးေတြပါ။ ကၽြန္ေတာ္တို႔ ပိုၿပီး ရင့္က်က္ဖို႔လိုၿပီး ဒီထက္ပိုမိုတဲ့အေတြ႕အၾကဳံနဲ႔ ကစားဖို႔ လိုအပ္ပါတယ္။ ကၽြန္ေတာ္တို႔ မွန္ကန္တဲ့စိတ္ပိုင္းဆိုင္ရာမ်ိဳးကို ရွာေတြ႕ဖို႔နဲ႔ မွန္ကန္တဲ့ နည္းဗ်ဴဟာကို ရွာေတြ႕ဖို႔ လိုအပ္ပါတယ္။ အဲဒါကို အကုန္ဝိုင္းၿပီး ျပႆနာကို ေျဖရွင္းၾကရမွာပါ”

“ကၽြန္ေတာ္တို႔ ရႈံးဖို႔ ထိုက္တန္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔သာ ယွဥ္ၿပိဳင္ၿပီး ဆုဖလားကို ရယူခ်င္တယ္ဆိုရင္ ကၽြန္ေတာ္တို႔ ဒီလိုပြဲစဥ္ေတြကိုေတာ့ အနိုင္ရမွျဖစ္မယ္။ ဒီပြဲစဥ္ေတြက ခက္ခဲတယ္ဆိုရင္ေတာင္မွေပါ့”

ေႏြရာသီကစားသမားေခၚယူမႈေတြျဖစ္တဲ့ ခရစၥတီယာနို ေရာ္နယ္ဒို၊ ေဂ်ဒန္ ဆန္ခ်ိဳ၊ ရာေဖးလ္ ဗာရြန္းတို႔ အသင္းမွာရွိေနပမယ့္လည္း ယူနိုက္တက္ ၾကဳံေတြ႕ေနရတဲ့ ျပႆနာေတြက အရင္အတိုင္းရွိေနဆဲျဖစ္ၿပီး ယခုအပတ္ပြဲစဥ္မတိုင္မီ ၂ ပြဲသာ အနိုင္ရထားတဲ့ လက္စတာစီးတီးရဲ့အျပတ္အသတ္အနိုင္ယူျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ နည္းၿပ ဆိုးလ္ရွားလက္ေအာက္မွာ အနိုင္ရမယ့္ အေနအထားကေန ၃၈ မွတ္အထိ ဆုံးရႈံးခဲ့ရၿပီး တူညီတဲ့ကာလအတြင္း မန္စီးတီးက ၅၄ ပြဲအထိ ေပးဂိုးမရွိေအာင္ စြမ္းေဆာင္ထားနိုင္ခ်ိန္မွာ ၃၂ ပြဲသာ ေပးဂိုးမရွိေအာင္ စြမ္းေဆာင္နိုင္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အတြက္ အေဝးကြင္း ၂၉ ပြဲဆက္တိုက္ ရႈံးပြဲမရွိ စံခ်ိန္ဟာလည္း ရပ္တန႔္သြားခဲ့ရတာျဖစ္ၿပီး နည္းၿပ ဆိုးလ္ရွားက အေဝးကြင္းမွာ ကစားပုံ က်စ္လစ္ခဲ့ေပမယ့္လည္း ေပးခဲ့ရတဲ့ဂိုးေတြက တကယ္ကို စိတ္ပ်က္စရာေကာင္းတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔ အေဝးကြင္းမွာ ကစားပုံက်စ္လစ္ခဲ့ေပမယ့္ ဒီေန႔မွာ ကၽြန္ေတာ္တို႔ ေပးခဲ့ရတဲ့ဂိုးေတြက တကယ္စိတ္ပ်က္စရာေကာင္းပါတယ္။ ကၽြန္ေတာ္တို႔ ပိုေကာင္းေအာင္ လုပ္ဖို႔ လိုအပ္ပါတယ္။ ကၽြန္ေတာ္တို႔ ဒီပြဲမွာ အနိုင္ရဖို႔အတြက္ လုပ္ပိုင္ခြင့္ ဘာမွ မရခဲ့ဘဲ တစ္မွတ္မွ မရခဲ့တာ ထိုက္တန္ပါတယ္”

“တည္ကန္ေဘာကေန ၂ ဂိုး၊ ေခ်ပဂိုးသြင္းၿပီး ၁၀ စကၠန႔္အၾကာမွာ ၁ ဂိုး၊ ပထမဆုံးဂိုးကေတာ့ လက္ေဆာင္ေပးခဲ့ရတာပါ။ ကၽြန္ေတာ္တို႔ ေကာင္းသင့္သေလာက္ မေကာင္းခဲ့ဘဲ ၅၀-၅၀ ေတာင္ ေဘာလုံးပိုင္ဆိုင္မႈမရခဲ့ပါဘူး။ ကၽြန္ေတာ္တို႔ ကြင္းလယ္ကေန ေဘာလုံးကို ေရွ႕ကို ေရာက္ေအာင္ မလုပ္နိုင္ခဲ့ပါဘူး”

“ကၽြန္ေတာ္တို႔ ေဘာလုံးနဲ႔ေရာ၊ ေဘာလုံးမရွိတဲ့အခါမွာပါ ေကာင္းသင့္သေလာက္ မေကာင္းခဲ့ဘူး။ ခင္ဗ်ား ေျပးလႊား၊ ပိတ္ဆို႔ၿပီး ဖ်က္ထုတ္ရမွာျဖစ္ၿပီး ကၽြန္ေတာ္တို႔ အဲဒါကို လုံေလာက္ေအာင္ မလုပ္နိုင္ခဲ့ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။ ဒီပြဲစဥ္ဟာ ဆိုးလ္ရွားရဲ့ ကံၾကမၼာကို အဆုံးအသတ္က်ိန္းေသေပးနိုင္မယ့္ ပြဲစဥ္ေတြထဲက အစျဖစ္ၿပီး ခ်န္ပီယံလိဂ္မွာလည္း အုပ္စုကေန တက္ေအာင္ ႐ုန္းကန္ရႆဦးမွာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဟာ လာမယ့္တနဂၤေႏြေန႔မွာ လီဗာပူးလ္အသင္းကို အိုးထရက္ဖိ္ု႔ဒ္မွာ လက္ခံယွဥ္ၿပိဳင္ကစားရမယ့္ပြဲစဥ္မတိုင္မီ အတၱလႏၲာအသင္းနဲ႔ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္ကို ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ၿပီး ေအာက္တိုဘာ ၃၀ ရက္ေန႔မွာေတာ့ စပါးအသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။ “လာမယ့္ပြဲေတြအားလုံးက ခက္ခဲပါတယ္။ လက္စတာနဲ႔အေဝးကြင္းပြဲ ခက္သေလာက္ကို ခက္ပါတယ္။ ကၽြန္ေတာ္တို႔ ေနာက္တစ္ႀကိမ္ ကစားတဲ့အခါမွာ ဒီရႈံးပြဲကဟာေတြကို ေမ့ၿပီး ကၽြန္ေတာ္တို႔စိတ္ေတြကို လန္းဆန္းေနေအာင္လုပ္ထားရမွာပါ”

“ကစားသမားေတြအေနနဲ႔ သူတို႔ကိုယ္ သူတို႔ မွန္ထဲျပန္ၾကည့္ဖို႔ လိုတယ္။ ကၽြန္ေတာ္လည္း မွန္ထဲမွာ ကိုယ့္ကိုကိုယ္ ျပန္ၾကည့္တယ္။ ကၽြန္ေတာ္တို႔ ဒီပြဲအတြက္ ေကာင္းေကာင္း ျပင္ဆင္ခဲ့ေပမယ့္ အဓိကအခိုက္အတံ့ေတြက ကၽြန္ေတာ္တို႔ကို စိတ္ပ်က္ေစခဲ့ပါတယ္”။ နည္းၿပ ဆိုးလ္ရွားက အသင္းေခါင္းေဆာင္ ဟယ္ရီ မက္ဂြိဳင္းယားကို ပြဲထြက္ကစားေစခဲ့တဲ့ ၎ရဲ့ ဆုံးျဖတ္ခ်က္ကလည္း မွားယြင္းခဲ့ေၾကာင္း ဝန္ခံေျပာၾကားခဲ့ပါတယ္။

အဂၤလန္လက္ေရြးစင္ေနာက္ခံကစားသမားဟာ ႀကံ့ခိုင္မႈ မျပည့္ဝေသးပုံေပၚခဲ့ၿပီး ၎ရဲ့ ေဘာလုံးပိုင္ဆိုင္မႈ ဆုံးရႈံးသြားရာကေန လက္စတာစီးတီးက ပထမဆုံးသြင္းဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ “အသင္းကို ကၽြန္ေတာ္ ေရြးခ်ယ္တာပါ။ ဟယ္ရီက ဘာတုံ႔ျပန္မႈမွ မျပသခဲ့ဘဲ အလုပ္မျဖစ္နိုင္ဘူးဆို ကၽြန္ေတာ္ မထည့္ဘဲ ေနမွာပါ”

“ကၽြန္ေတာ္တို႔ ေလးဂိုးေပးခဲ့ရတယ္ဆိုေတာ့ ကၽြန္ေတာ္ ဆိုးရြားတဲ့ဆုံးျဖတ္ခ်က္ကို ခ်ခဲ့တာ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ ကၽြန္ေတာ္ ေရြးခ်ယ္ခဲ့တဲ့အသင္းအတြက္ ဆင္ေျခေပးေနတာမဟုတ္ပါဘူး။ သူတို႔ေတြက ထိပ္တန္းေဘာလုံးသမားေတြျဖစ္ၿပီး ကၽြန္ေတာ္တို႔ ပုံစံေကာင္း မျပသနိုင္ခဲ့တာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.