Match Report Premier League

ဒုတိယပိုင်းမှာ နှစ်သင်းပေါင်း ငါးဂိုးသွင်းပြီး အဝေးကွင်းမှာ ဗီလာကို ဖြုတ်တဲ့ ဝုလ်ဗ်စ်

ဒီတစ်ပတ်ရဲ့ အကြိတ်အနယ်အရှိဆုံး ပွဲစဉ်တစ်ပွဲအဖြစ် ပွဲကြိုမှာ ပေါလ် မာဆန်ရဲ့ နှစ်ဂိုးစီသရေလို့ ညွှန်ပြထားခဲ့တဲ့ ပွဲစဉ်က သူပြောသလို မဟုတ်ဘဲ ဒုတိယပိုင်းသွင်းဂိုး ၅ ဂိုးနဲ့ အရှုံးအနိုင်ကွဲပြားခဲ့ပြီး ဗီလာပါ့ခ်မှာ ကြည့်လို့အကောင်းဆုံး ပရီးမီးယားလိဂ်ပွဲတစ်ပွဲလည်း ဖြစ်လာခဲ့တာပါ။

အိမ်ရှင် အက်စတန်ဗီလာတို့အနေနဲ့ လူစုံထုတ်လာခဲ့ပြီး တွမ်ဇီဘီ ပြန်ပါလာခဲ့သလို ကွင်းလယ်မှာ ပရီးမီးယားလိဂ်အသင်းကြီးတွေ သုံးခွင့်မရတဲ့ ဘရာဇီးလ်သား ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို အံ့အားသင့်ဖွယ် အသုံးပြုသွားခဲ့သလို ဒန်နီအင်းစ်နဲ့ ဝပ်ကင်းစ်တို့ အင်္ဂလန်အတွဲကိုတော့ တိုက်စစ်မှာ အသုံးပြုခဲ့ပြီး အာဂျင်တီးနားသား ဘွင်ဒီယာလည်း ပြန်လည်ပါဝင်လာခဲ့ပါတယ်။

ဝုလ်ဗာဟမ့်ပ်တန်ကတော့ အိမ်ရှင် ဗီလာနဲ့ တူညီတဲ့ ၃-၅-၂ ကစားကွက်ကိုပဲ ခင်းကျင်းလာခဲ့သလို ခံစစ်ဦးစားပေးအဖြစ် ကွင်းလယ်အထိုင် သုံးယောက်နဲ့ စုဖွဲ့ကစားခဲ့ပြီး တိုက်စစ်ကစားသမားစစ်စစ်ဆိုလို့ အဒါမာ ထရာအိုရေးနဲ့ တောင်ကိုရီးယားတိုက်စစ်မှူး ဟွမ်းဟီးချန်းတို့ နှစ်ဦးပဲ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ အက်စ်တန်ဗီလာတို့ ပိုမိုထိုးဖောက်နိုင်ခဲ့ကြပြီး ကွင်းလယ်လူတွေရဲ့ ကန်ချက်တွေက ဂိုးပေါက်နဲ့ လွဲချော်နေခဲ့သလို ဒန်နီအင်းစ် ကန်သွင်းရာမှာလည်း ပျော့သွားခဲ့လို့ ဝုလ်ဗ်စ်ဂိုးသမား ဂျိုဆေးဆား ကာကွယ်သွားနိုင်ခဲ့ပြီး ထရာအိုရေးရဲ့ တန်ပြန်တိုက်စစ်ကနေ တစ်ကိုယ်တော်ကန်ချက်ကိုလည်း မာတီနက်ဇ် ပိတ်ဆို့သွားခဲ့လို့ Half Time နဲ့ ရပ်ဆိုင်းချိန်မှာ ဂိုးမရှိသရေပဲဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး ဂိုးရှာဖွေဖို့ ကြိုးစားလာခဲ့ကြပြီး ပွဲချိန် ၄၈ မိနစ်မှာတော့ ခံစစ်ကနေ အပေးအယူလုပ်ပြီး ထိုးဖောက်လာခဲ့တဲ့ ဗီလာတို့ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့သလို ညာခြမ်းကနေ မက်ဂင်းက ပြိုင်ဘက်ခံစစ်မှူးရဲ့ ဖိအားကို ကြံ့ကြံ့ခံပြီး ဖြတ်တင်ပေးတာကို ဒန်နီအင်းစ်က ပြေးဝင်ပြီး မြေထောက်ခေါင်းတိုက်ချက်နဲ့ ဂိုးရယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာတော့ ဗီလာတို့ ဒုတိယဦးဆောင်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပြီး ဝုလ်ဗ်စ်တိုက်စစ်မှူး ဟွမ်းဟီးချန်း လူပေးမှားရာကနေ ဝပ်ကင်းစ် ရသွားပြီး ကန်သွင်းခဲ့တဲ့ ဘောလုံးက ခံစစ်နဲ့ထိပြီး ပြန်ထွက်လာတာကို ပထမဂိုး ဖန်တီးရှင် မက်ဂင်းက အဝေးကနေ အပြင်းကန်သွင်းခဲ့ရာမှာ တိုင်မင်အောက်နေတဲ့ ဂျိုဆေးဆား မကာကွယ်နိုင်ခဲ့ဘဲ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ပွဲချိန် မိနစ် ၈၀ မှာတော့ ချေပဂိုးရဖို့ တင်ကစားလာခဲ့တဲ့ ဝုလ်ဗ်စ်တိုက်စစ်ကို ဗီလာတို့ တောင့်မခံနိုင်တော့ဘဲ ဂိုးပြန်ပေးခဲ့ရပြီး ရူဘင် နီဗက်စ်ရဲ့ အကွက်မြင်တဲ့ ပေးပို့မှုကို ပိုဒင့်စ်က ညာခြမ်းကနေ အဝေးတိုင်ဘက်ကို ပြန်ဖြတ်ချိုးပေးရာမှာ နောက်ခံလူ ဆိုက်စ်က ပိတ်သွင်းပြီး ပြန်လာနိုင်ဖို့ လမ်းစပေါ် တက်ရောက်လာခဲ့ပါတယ်။

ငါးမိနစ်အကြာမှာတော့ ဝုလ်ဗ်စ်တို့ သရေကျစေမယ့်ဂိုးကို ထပ်မံရှာဖွေနိုင်ခဲ့ပြီး ထရာအိုရေးရဲ့ ဖြတ်တင်ဘောကနေ ဒန်ဒွန့်ကာက ညာခြမ်းက ပြန်ချပေးခဲ့ရာမှာ အသင်းခေါင်းဆောင် နောက်ခံလူ ကိုဒီက အနီးကပ် သွင်းယူနိုင်ခဲ့ပြီး အိမ်ရှင် ဗီလာတို့အတွက်တော့ စိတ်ပျက်စရာအဖြစ် နှစ်ဂိုးဆက် ပြန်ပေးခဲ့ရတာပါ။

မိနစ် ၉၀ ပြည့်ချိန်အထိ နှစ်ဂိုးစီ သရေကျနေခဲ့အပြီးမှာတော့ ဗီလာတို့အတွက် သရေတစ်မှတ်နဲ့ စိတ်ပျက်စရာရတော့မယ်လို့ ထင်နေတုန်းမှာပဲ အခြေအနေက ပိုဆိုးခဲ့ရပြီး နာကျင်အချိန်ပို ၅ မိနစ်မှာတော့ ရူဘင် နီဗက်စ်က ဖရီးကစ်ကို ကန်သွင်းခဲ့ရာမှာ လူတံတိုင်းနဲ့ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့တာက ဂိုးသမား မာတီနက်ဇ် လှဲအိပ်ခဲ့တဲ့ဘက်နဲ့ တခြားစီဖြစ်ပြီး ဂိုးဝင်သွားခဲ့လို့ ဝုလ်ဗ်စ်တို့ အံ့အားသင့်ဖွယ် နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် ရာသီအစမှာ ရလဒ်တွေ ဆိုးနေခဲ့တဲ့ ဝုလ်ဗ်စ်တို့ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲအနိုင်နဲ့ စုစုပေါင်း ၁၂ မှတ်စုဆောင်းနိုင်ခဲ့ပြီး အဆင့် ၈ နေရာအထိ ပြန်လည်တက်လှမ်းလာနိုင်ခဲ့ချိန်မှာ မန်ချက်စတာယူနိုက်တက်ကနေ ရောက်လာပြီး ဆေးထိုးလို့ကောင်းနေတဲ့ အိုးနင်းခွက်နင်း တွမ်ဇီဘီကို သုံးစွဲနေတဲ့ အက်စတန်ဗီလာကတော့ နှစ်ပွဲဆက်တိုက်ရှုံးပြီး အဆင့် ၁၂ အထိ ဆင်းပေးလိုက်ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒီတစ္ပတ္ရဲ႕ အႀကိတ္အနယ္အရွိဆုံး ပြဲစဥ္တစ္ပြဲအျဖစ္ ပြဲႀကိဳမွာ ေပါလ္ မာဆန္ရဲ႕ ႏွစ္ဂိုးစီသေရလို႔ ၫႊန္ျပထားခဲ့တဲ့ ပြဲစဥ္က သူေျပာသလို မဟုတ္ဘဲ ဒုတိယပိုင္းသြင္းဂိုး ၅ ဂိုးနဲ႔ အရႈံးအႏိုင္ကြဲျပားခဲ့ၿပီး ဗီလာပါ့ခ္မွာ ၾကည့္လို႔အေကာင္းဆုံး ပရီးမီးယားလိဂ္ပြဲတစ္ပြဲလည္း ျဖစ္လာခဲ့တာပါ။

အိမ္ရွင္ အက္စတန္ဗီလာတို႔အေနနဲ႔ လူစုံထုတ္လာခဲ့ၿပီး တြမ္ဇီဘီ ျပန္ပါလာခဲ့သလို ကြင္းလယ္မွာ ပရီးမီးယားလိဂ္အသင္းႀကီးေတြ သုံးခြင့္မရတဲ့ ဘရာဇီးလ္သား ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ကို အံ့အားသင့္ဖြယ္ အသုံးျပဳသြားခဲ့သလို ဒန္နီအင္းစ္နဲ႔ ဝပ္ကင္းစ္တို႔ အဂၤလန္အတြဲကိုေတာ့ တိုက္စစ္မွာ အသုံးျပဳခဲ့ၿပီး အာဂ်င္တီးနားသား ဘြင္ဒီယာလည္း ျပန္လည္ပါဝင္လာခဲ့ပါတယ္။

ဝုလ္ဗာဟမ့္ပ္တန္ကေတာ့ အိမ္ရွင္ ဗီလာနဲ႔ တူညီတဲ့ ၃-၅-၂ ကစားကြက္ကိုပဲ ခင္းက်င္းလာခဲ့သလို ခံစစ္ဦးစားေပးအျဖစ္ ကြင္းလယ္အထိုင္ သုံးေယာက္နဲ႔ စုဖြဲ႕ကစားခဲ့ၿပီး တိုက္စစ္ကစားသမားစစ္စစ္ဆိုလို႔ အဒါမာ ထရာအိုေရးနဲ႔ ေတာင္ကိုရီးယားတိုက္စစ္မႉး ဟြမ္းဟီးခ်န္းတို႔ ႏွစ္ဦးပဲ ပါဝင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ အက္စ္တန္ဗီလာတို႔ ပိုမိုထိုးေဖာက္ႏိုင္ခဲ့ၾကၿပီး ကြင္းလယ္လူေတြရဲ႕ ကန္ခ်က္ေတြက ဂိုးေပါက္နဲ႔ လြဲေခ်ာ္ေနခဲ့သလို ဒန္နီအင္းစ္ ကန္သြင္းရာမွာလည္း ေပ်ာ့သြားခဲ့လို႔ ဝုလ္ဗ္စ္ဂိုးသမား ဂ်ိဳေဆးဆား ကာကြယ္သြားႏိုင္ခဲ့ၿပီး ထရာအိုေရးရဲ႕ တန္ျပန္တိုက္စစ္ကေန တစ္ကိုယ္ေတာ္ကန္ခ်က္ကိုလည္း မာတီနက္ဇ္ ပိတ္ဆို႔သြားခဲ့လို႔ Half Time နဲ႔ ရပ္ဆိုင္းခ်ိန္မွာ ဂိုးမရွိသေရပဲျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ႏွစ္သင္းစလုံး ဂိုးရွာေဖြဖို႔ ႀကိဳးစားလာခဲ့ၾကၿပီး ပြဲခ်ိန္ ၄၈ မိနစ္မွာေတာ့ ခံစစ္ကေန အေပးအယူလုပ္ၿပီး ထိုးေဖာက္လာခဲ့တဲ့ ဗီလာတို႔ အဖြင့္ဂိုး သြင္းယူႏိုင္ခဲ့သလို ညာျခမ္းကေန မက္ဂင္းက ၿပိဳင္ဘက္ခံစစ္မႉးရဲ႕ ဖိအားကို ႀကံ့ႀကံ့ခံၿပီး ျဖတ္တင္ေပးတာကို ဒန္နီအင္းစ္က ေျပးဝင္ၿပီး ေျမေထာက္ေခါင္းတိုက္ခ်က္နဲ႔ ဂိုးရယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ ဗီလာတို႔ ဒုတိယဦးေဆာင္ဂိုး ထပ္မံသြင္းယူႏိုင္ခဲ့ၿပီး ဝုလ္ဗ္စ္တိုက္စစ္မႉး ဟြမ္းဟီးခ်န္း လူေပးမွားရာကေန ဝပ္ကင္းစ္ ရသြားၿပီး ကန္သြင္းခဲ့တဲ့ ေဘာလုံးက ခံစစ္နဲ႔ထိၿပီး ျပန္ထြက္လာတာကို ပထမဂိုး ဖန္တီးရွင္ မက္ဂင္းက အေဝးကေန အျပင္းကန္သြင္းခဲ့ရာမွာ တိုင္မင္ေအာက္ေနတဲ့ ဂ်ိဳေဆးဆား မကာကြယ္ႏိုင္ခဲ့ဘဲ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၈၀ မွာေတာ့ ေခ်ပဂိုးရဖို႔ တင္ကစားလာခဲ့တဲ့ ဝုလ္ဗ္စ္တိုက္စစ္ကို ဗီလာတို႔ ေတာင့္မခံႏိုင္ေတာ့ဘဲ ဂိုးျပန္ေပးခဲ့ရၿပီး ႐ူဘင္ နီဗက္စ္ရဲ႕ အကြက္ျမင္တဲ့ ေပးပို႔မႈကို ပိုဒင့္စ္က ညာျခမ္းကေန အေဝးတိုင္ဘက္ကို ျပန္ျဖတ္ခ်ိဳးေပးရာမွာ ေနာက္ခံလူ ဆိုက္စ္က ပိတ္သြင္းၿပီး ျပန္လာႏိုင္ဖို႔ လမ္းစေပၚ တက္ေရာက္လာခဲ့ပါတယ္။

ငါးမိနစ္အၾကာမွာေတာ့ ဝုလ္ဗ္စ္တို႔ သေရက်ေစမယ့္ဂိုးကို ထပ္မံရွာေဖြႏိုင္ခဲ့ၿပီး ထရာအိုေရးရဲ႕ ျဖတ္တင္ေဘာကေန ဒန္ဒြန႔္ကာက ညာျခမ္းက ျပန္ခ်ေပးခဲ့ရာမွာ အသင္းေခါင္းေဆာင္ ေနာက္ခံလူ ကိုဒီက အနီးကပ္ သြင္းယူႏိုင္ခဲ့ၿပီး အိမ္ရွင္ ဗီလာတို႔အတြက္ေတာ့ စိတ္ပ်က္စရာအျဖစ္ ႏွစ္ဂိုးဆက္ ျပန္ေပးခဲ့ရတာပါ။

မိနစ္ ၉၀ ျပည့္ခ်ိန္အထိ ႏွစ္ဂိုးစီ သေရက်ေနခဲ့အၿပီးမွာေတာ့ ဗီလာတို႔အတြက္ သေရတစ္မွတ္နဲ႔ စိတ္ပ်က္စရာရေတာ့မယ္လို႔ ထင္ေနတုန္းမွာပဲ အေျခအေနက ပိုဆိုးခဲ့ရၿပီး နာက်င္အခ်ိန္ပို ၅ မိနစ္မွာေတာ့ ႐ူဘင္ နီဗက္စ္က ဖရီးကစ္ကို ကန္သြင္းခဲ့ရာမွာ လူတံတိုင္းနဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းသြားခဲ့တာက ဂိုးသမား မာတီနက္ဇ္ လွဲအိပ္ခဲ့တဲ့ဘက္နဲ႔ တျခားစီျဖစ္ၿပီး ဂိုးဝင္သြားခဲ့လို႔ ဝုလ္ဗ္စ္တို႔ အံ့အားသင့္ဖြယ္ ႏိုင္ပြဲရခဲ့တာျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ရာသီအစမွာ ရလဒ္ေတြ ဆိုးေနခဲ့တဲ့ ဝုလ္ဗ္စ္တို႔ ေနာက္ဆုံး ၅ ပြဲမွာ ၄ ပြဲအႏိုင္နဲ႔ စုစုေပါင္း ၁၂ မွတ္စုေဆာင္းႏိုင္ခဲ့ၿပီး အဆင့္ ၈ ေနရာအထိ ျပန္လည္တက္လွမ္းလာႏိုင္ခဲ့ခ်ိန္မွာ မန္ခ်က္စတာယူႏိုက္တက္ကေန ေရာက္လာၿပီး ေဆးထိုးလို႔ေကာင္းေနတဲ့ အိုးနင္းခြက္နင္း တြမ္ဇီဘီကို သုံးစြဲေနတဲ့ အက္စတန္ဗီလာကေတာ့ ႏွစ္ပြဲဆက္တိုက္ရႈံးၿပီး အဆင့္ ၁၂ အထိ ဆင္းေပးလိုက္ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.