Analysis Premier League

မှော်ဝင် ဆာလားနဲ့ ဝတ်ဖို့ဒ် 0-5 လီဗာပူးလ်ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7 ချက်

ပုန်းနေရာက ထွက်ပြီး ဟက်ထရစ်ယူတဲ့ ဘော်ဘီ
လီဗာပူးလ်တိုက်စစ်ကို ပြီးခဲ့တဲ့ နှစ်တွေမှာ ဆာလားရောက်လာကတည်းက MSF တိုက်စစ်လို့ ဆိုနေကြတာတွေက ဂျိုတာရဲ့ နေရာလုမှုအပြီး ဖာမီနို နေရာပျောက်မှုနဲ့ ပျက်ပြယ်ခဲ့ရပါတယ်။ Link-up Play တွေမှာ ကောင်းမွန်ပေမယ့် ဂိုးအရနည်းလာတဲ့ ဘရာဇီးလ်သားကြောင့် လီဗာပူးလ်တို့အနေနဲ့ နိုင်ပွဲတချို့ နစ်နာခဲ့ရချိန်မှာ ကလော့ပ်က သူ့ကို ခေါက်ထားခဲ့ပြီး ဒီရာသီမှာလည်း လူစားဝင်အဖြစ်သာ ကစားနေခဲ့ရတာပါ။ ဒီနေ့ပွဲမှာတော့ ပွဲထွက်ခွင့် ရရှိမှုနဲ့အတူ ပွဲချိန် ၃၇၊ ၅၂ နဲ့ ၉၁ မိနစ်တွေမှာ ယုံကြည်မှု မြင့်မြင့်မားမားနဲ့ သုံးဂိုးသွင်းယူနိုင်ခဲ့သလို ဘော်ဘီတစ်ယောက် ဟက်ထရစ်ဘောလုံးကို သိမ်းပိုက်ခဲ့ပြီး မန်စီးတီး၊ ချဲလ်ဆီးတို့နဲ့ ပြိုင်ဆိုင်မှု မြင့်မားနေချိန်မှာ အားတက်စရာလည်းဖြစ်လာခဲ့ရပါတယ်။

ခြေထောက်မှာ ကော်ပါတဲ့ မှော်ဝင် ဆာလား
အီဂျစ်မှော်ဆရာကတော့ ဘယ်ခြမ်းမှာ မက်ဆီထက်တောင် မက်ဆီနဲ့အတူဆုံး ကစားသမားလို့ ဆိုရမှာဖြစ်ပါတယ်။ သူ့ရဲ့ ခြေထောက်နဲ့ ဘောလုံးက ကော်နဲ့ ကပ်ထားသလို လုပ်တိုင်းဖြစ်၊ ဆွဲတိုင်းပါ၊ လိမ်တိုင်းရနေပြီး တစ်ဖက်ခံစစ်မှူးတွေအတွက်တော့ အိပ်မက်ဆိုးလည်းဖြစ်နေခဲ့ပါတယ်။ မန်စီးတီးနဲ့ပွဲမှာ အားလုံးကို အရူးလုပ်ခဲ့တဲ့ ဆာလားဟာ ဒီနေ့ပွဲမှာလည်း ဝတ်ဖို့ဒ်နောက်ခံလူတွေကို အရှက်ခွဲသွားခဲ့ပြီး လှပတဲ့ ဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာ ၈ ပွဲကစား ၇ ဂိုးအထိ ရယူထားနိုင်ခဲ့တာပါ။ ပွဲချိန် ၉ မိနစ်မှာ သွင်းယူခဲ့တဲ့ မာနေးရဲ့ အဖွင့်ဂိုးအတွက်လည်း လှလှပပ ပေးပို့ခဲ့တဲ့ ပုံစံက လီဗာပူးလ်ပရိသတ်တွေရဲ့ မျက်စိထဲက မထွက်အောင် ကောင်းမွန်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းတွေက မှော်ဝင်တောက်ပမှုတွေလို့ပဲ ချီးကျူးရမှာ ဖြစ်ပါတယ်။

စံချိန်တွေကို ချိုးဖျက်နိုင်ခဲ့တဲ့ မာနေး
ပြီးခဲ့တဲ့ လအတွင်းကပဲ ဆာလားက ပရီးမီးယားလိဂ် ဂိုးရာပြည့်ကို လီဗာပူးလ်အတွက် သွင်းယူနိုင်ခဲ့အပြီးမှာ သူ့နောက်ကို ဆာဒီယို မာနေးက လိုက်လာခဲ့ပါပြီ။ ဆောက်သမ်တန်နဲ့ ၂၁ ဂိုး ရယူထားခဲ့တဲ့ ဆီနီဂေါတိုက်စစ်မှူးဟာ လီဗာပူးလ်အသင်းမှာတော့ ၇၉ ဂိုး ရယူထားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဂိုး ၁၀၀ ပြည့်မြောက်သူတွေထဲမှာ ပင်နယ်တီတစ်လုံးမှ မပါဝင်တဲ့ တတိယမြောက် ကစားသမားအဖြစ်လည်း လက်စ် ဖာဒီနန်နဲ့ အီမီးလ် ဟက်စကီးတို့ နောက်ကနေ ဝေဖန်စရာမရှိအောင် ဂုဏ်ခံနိုင်ခဲ့တာပါ။ မာနေးဟာ ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ်မှာ စတင်ပွဲထွက်ကတည်း တစ်ရာသီကို ၁၀ ဂိုး အနည်းဆုံး သွင်းယူနိုင်ခဲ့သူဖြစ်ပြီး ဒီရာသီ ၈ ပွဲမှာလည်း ၅ ဂိုးသွင်းယူပြီး ခြေစွမ်းပြထားနိုင်ခဲ့ပါတယ်။

ခေတ်နောက်ကျနေပုံရတဲ့ ရာနီရေးရီ
ဝတ်ဖို့ဒ်ရဲ့ နည်းပြသစ်ဖြစ်လာတဲ့ ကလော်ဒီယို ရာနီရေးရီအတွက် သူ့ရဲ့ ပရီးမီးယားလိဂ် လေးသင်းမြောက် ကိုင်တွယ်မှု အဖွင့်ပွဲမှာ အရှက်တကွဲ အကျိုးနည်း အရှုံးနဲ့ပဲ ရင်ဆိုင်ခဲ့ရတာပါ။ လီဗာပူးလ်လိုအသင်းက ဘာဆိုတာကို မသိလောက်အောင် ခေတ်နောက်ကျနေပုံရတဲ့ အီတာလျံကြီးဟာ သူ့ရဲ့ စိတ်ကြိုက် ၄-၄-၂ ကနေ တိုက်စစ်ဆင်ချိန်မှာ ၄-၂-၄ ကစားတဲ့ ပုံစံကို သုံးခဲ့ပြီး ဘယ်ခြမ်းခံစစ်မှာ ဆာလားကို ထိန်းချုပ်ဖို့ ဒန်နီရို့စ်နဲ့ မာဆီနာကို တောင်ပံ နှစ်ထပ်သုံးခဲ့ပေမယ့် တိုက်စစ်လည်း မဆင်နိုင်၊ ခံစစ်လဲ မပိတ်နိုင်ဘဲဖြစ်ခဲ့ရသလို သူ့ရဲ့ နည်းဗျူဟာပိုင်းက ကလော့ပ်ရှေ့မှာ ပြားပြားမှောက်ခဲ့ရပါတယ်။ အသက် ၆၉ နှစ်အရွယ် နည်းပြကြီးရဲ့ တစ်ကျော့ပြန်ကိုင်တွယ်မှုက ပထမဆုံးပွဲမှာ အထင်ကြီးစရာတစ်ကွက်မှ မရှိဘဲဖြစ်ခဲ့ရသလို သူ့ရဲ့ ကွင်းလယ်အထိုင် ရွေးချယ်မှုကပါ ခံစစ်သမားစစ်စစ် မပါဘဲ လက်ညှိုးထိုးစရာဖြစ်ခဲ့ရသေးတာပါ။

ဗန်ဒိုက်ရဲ့ ပြီးပြည့်စုံတဲ့ ဆရာကျမှု
ဝတ်ဖို့ဒ်တို့အနေနဲ့ လီဗာပူးလ်ခံစစ်ကို ညာတောင်ပံတိုက်စစ်မှူး အီမန်ညူယယ် ဒင်းနစ်ရဲ့ ပြေးအားတိုးအားတွေနဲ့ ထိုးဖောက်ဖို့ စီစဉ်ခဲ့ပေမယ့် ဗန်ဒိုက်နဲ့အတွေ့မှာတော့ ဖယောင်းတိုင်နဲ့ မီးသတ်ကားတွေ့သလို ဖြစ်ခဲ့ရပါတယ်။ ဒင်းနစ်၊ ဆားနဲ့ ဟာနန်ဒက်ဇ်တို့ရဲ့ တိုက်စစ်ကို ဒတ်ချ်ခံစစ်မှူးကြီးက အကောင်းဆုံး တွက်ဆညွှန်ကြား ဖြတ်တောက်သွားနိုင်ခဲ့ပြီး တစ်ချိန်က ရှုံးပွဲမရှိစံချိန်ကို ရပ်တန့်သွားခဲ့မှုအပေါ် လက်စားချေပြခဲ့တာပါ။ ဒါ့အပြင် ခံစစ်ကနေ တိုက်စစ်အတွက် ကူးပြောင်းပေးပို့မှုတွေကိုလည်း အကွက်ကျကျ လုပ်ဆောင်သွားခဲ့ပြီး ဒဏ်ရာကြောင့် တစ်နှစ်နီးပါး အနားယူခဲ့ရပေမယ့်လည်း ခြေစွမ်းက ထိပ်တန်းမှာ ရှိနေဆဲဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။

ချန်ပီယံခြေစွမ်းကို လမ်းညွှန်ခဲ့တဲ့ ကလော့ပ်
လီဗာပူးလ်နည်းပြ ကလော့ပ်ကတော့ ပြီးခဲ့တဲ့ ရာသီက ကျဆုံးခဲ့ရမှုတွေကြားမှာ အသင်းကို အကောင်းဆုံး ပြင်ဆင်နိုင်ခဲ့ပြီး လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိဘဲ ကစားနိုင်တဲ့ တစ်သင်းတည်းသော အသင်းအဖြစ် ဂုဏ်ယူပြနိုင်ခဲ့တာပါ။ မာဆေးဆိုက်သားတွေအနေနဲ့ ပြိုင်ဘက်တွေကို ပျော်ပျော်ကြီး ဂိုးသွင်းနေတယ်လို့ မီဒီယာတွေက ချီးပနေကြပြီး ချဲလ်ဆီးအသင်းရဲ့ အကောင်းဆုံးပုံစံနဲ့ တွေ့ဆုံရတုန်းမှာသာ ဂိုးရဖို့ ရုန်းကန်ခဲ့ရပေမယ့် ၂၂ ဂိုးအထိ သွင်းယူထားခဲ့တဲ့ တိုက်စစ်က အနီးဆုံးပြိုင်ဘက်ထက် ၆ ဂိုး သာလွန်နေခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာတော့ လီဗာပူးလ်တို့ရဲ့ ခြေစွမ်းက တစ်ကျော့ပြန် ချန်ပီယံဖြစ်ဖို့ ထိုက်တန်နေပြီး ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းသွားနိုင်မလား စောင့်ကြည့်ရတော့မှာပါ။

နှစ် ၂၀ အတွင်း အသက်အကြီးဆုံး ဖန်တီးရှင်
ဒီနေ့ပွဲမှာ ရောဘတ်တို ဖာမီနိုရဲ့ အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့တဲ့ ကွင်းလယ်လူ ဂျိမ်းစ် မီလ်နာကတော့ လီဗာပူးလ်အသင်းအတွက် ဖန်တီးမှု ပြုလုပ်နိုင်သူတွေထဲမှာ နှစ်ပေါင်း ၂၀ အတွင်း အသက်အကြီးဆုံးကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ ဒီပွဲကစားစဉ်မှာ အသက် ၃၅ နှစ်နဲ့ ၂၈၅ ရက် ရှိခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်းဟာ ၂၀၀၁ ခုနှစ်တုန်းက စံချိန်တင်ထားခဲ့တဲ့ ကွင်းလယ်လူ ဂယ်ရီ မက်ကယ်လစ္စတာရဲ့ ၃၆ နှစ်နဲ့ ၂၉၉ ရက် စံချိန်နဲ့တော့ တစ်နှစ်ကျော် ဝေးနေခဲ့သေးပေမယ့် ဒီနေ့ခေတ်၊ ဒီလိုအသင်းမျိုးမှာ ဒီအသက်အရွယ်အထိ ကစားခွင့်နဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တာကတော့ လေးစားစရာလည်း ဖြစ်ခဲ့ရတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပုန္းေနရာက ထြက္ၿပီး ဟက္ထရစ္ယူတဲ့ ေဘာ္ဘီ
လီဗာပူးလ္တိုက္စစ္ကို ၿပီးခဲ့တဲ့ ႏွစ္ေတြမွာ ဆာလားေရာက္လာကတည္းက MSF တိုက္စစ္လို႔ ဆိုေနၾကတာေတြက ဂ်ိဳတာရဲ႕ ေနရာလုမႈအၿပီး ဖာမီႏို ေနရာေပ်ာက္မႈနဲ႔ ပ်က္ျပယ္ခဲ့ရပါတယ္။ Link-up Play ေတြမွာ ေကာင္းမြန္ေပမယ့္ ဂိုးအရနည္းလာတဲ့ ဘရာဇီးလ္သားေၾကာင့္ လီဗာပူးလ္တို႔အေနနဲ႔ ႏိုင္ပြဲတခ်ိဳ႕ နစ္နာခဲ့ရခ်ိန္မွာ ကေလာ့ပ္က သူ႔ကို ေခါက္ထားခဲ့ၿပီး ဒီရာသီမွာလည္း လူစားဝင္အျဖစ္သာ ကစားေနခဲ့ရတာပါ။ ဒီေန႔ပြဲမွာေတာ့ ပြဲထြက္ခြင့္ ရရွိမႈနဲ႔အတူ ပြဲခ်ိန္ ၃၇၊ ၅၂ နဲ႔ ၉၁ မိနစ္ေတြမွာ ယုံၾကည္မႈ ျမင့္ျမင့္မားမားနဲ႔ သုံးဂိုးသြင္းယူႏိုင္ခဲ့သလို ေဘာ္ဘီတစ္ေယာက္ ဟက္ထရစ္ေဘာလုံးကို သိမ္းပိုက္ခဲ့ၿပီး မန္စီးတီး၊ ခ်ဲလ္ဆီးတို႔နဲ႔ ၿပိဳင္ဆိုင္မႈ ျမင့္မားေနခ်ိန္မွာ အားတက္စရာလည္းျဖစ္လာခဲ့ရပါတယ္။

ေျခေထာက္မွာ ေကာ္ပါတဲ့ ေမွာ္ဝင္ ဆာလား
အီဂ်စ္ေမွာ္ဆရာကေတာ့ ဘယ္ျခမ္းမွာ မက္ဆီထက္ေတာင္ မက္ဆီနဲ႔အတူဆုံး ကစားသမားလို႔ ဆိုရမွာျဖစ္ပါတယ္။ သူ႔ရဲ႕ ေျခေထာက္နဲ႔ ေဘာလုံးက ေကာ္နဲ႔ ကပ္ထားသလို လုပ္တိုင္းျဖစ္၊ ဆြဲတိုင္းပါ၊ လိမ္တိုင္းရေနၿပီး တစ္ဖက္ခံစစ္မႉးေတြအတြက္ေတာ့ အိပ္မက္ဆိုးလည္းျဖစ္ေနခဲ့ပါတယ္။ မန္စီးတီးနဲ႔ပြဲမွာ အားလုံးကို အ႐ူးလုပ္ခဲ့တဲ့ ဆာလားဟာ ဒီေန႔ပြဲမွာလည္း ဝတ္ဖို႔ဒ္ေနာက္ခံလူေတြကို အရွက္ခြဲသြားခဲ့ၿပီး လွပတဲ့ ဂိုးတစ္ဂိုးကို သြင္းယူႏိုင္ခဲ့သလို ပရီးမီးယားလိဂ္မွာ ၈ ပြဲကစား ၇ ဂိုးအထိ ရယူထားႏိုင္ခဲ့တာပါ။ ပြဲခ်ိန္ ၉ မိနစ္မွာ သြင္းယူခဲ့တဲ့ မာေနးရဲ႕ အဖြင့္ဂိုးအတြက္လည္း လွလွပပ ေပးပို႔ခဲ့တဲ့ ပုံစံက လီဗာပူးလ္ပရိသတ္ေတြရဲ႕ မ်က္စိထဲက မထြက္ေအာင္ ေကာင္းမြန္ခဲ့ၿပီး သူ႔ရဲ႕ ေျခစြမ္းေတြက ေမွာ္ဝင္ေတာက္ပမႈေတြလို႔ပဲ ခ်ီးက်ဴးရမွာ ျဖစ္ပါတယ္။

စံခ်ိန္ေတြကို ခ်ိဳးဖ်က္ႏိုင္ခဲ့တဲ့ မာေနး
ၿပီးခဲ့တဲ့ လအတြင္းကပဲ ဆာလားက ပရီးမီးယားလိဂ္ ဂိုးရာျပည့္ကို လီဗာပူးလ္အတြက္ သြင္းယူႏိုင္ခဲ့အၿပီးမွာ သူ႔ေနာက္ကို ဆာဒီယို မာေနးက လိုက္လာခဲ့ပါၿပီ။ ေဆာက္သမ္တန္နဲ႔ ၂၁ ဂိုး ရယူထားခဲ့တဲ့ ဆီနီေဂါတိုက္စစ္မႉးဟာ လီဗာပူးလ္အသင္းမွာေတာ့ ၇၉ ဂိုး ရယူထားႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ဂိုး ၁၀၀ ျပည့္ေျမာက္သူေတြထဲမွာ ပင္နယ္တီတစ္လုံးမွ မပါဝင္တဲ့ တတိယေျမာက္ ကစားသမားအျဖစ္လည္း လက္စ္ ဖာဒီနန္နဲ႔ အီမီးလ္ ဟက္စကီးတို႔ ေနာက္ကေန ေဝဖန္စရာမရွိေအာင္ ဂုဏ္ခံႏိုင္ခဲ့တာပါ။ မာေနးဟာ ေဆာက္သမ္တန္နဲ႔ ပရီးမီးယားလိဂ္မွာ စတင္ပြဲထြက္ကတည္း တစ္ရာသီကို ၁၀ ဂိုး အနည္းဆုံး သြင္းယူႏိုင္ခဲ့သူျဖစ္ၿပီး ဒီရာသီ ၈ ပြဲမွာလည္း ၅ ဂိုးသြင္းယူၿပီး ေျခစြမ္းျပထားႏိုင္ခဲ့ပါတယ္။

ေခတ္ေနာက္က်ေနပုံရတဲ့ ရာနီေရးရီ
ဝတ္ဖို႔ဒ္ရဲ႕ နည္းျပသစ္ျဖစ္လာတဲ့ ကေလာ္ဒီယို ရာနီေရးရီအတြက္ သူ႔ရဲ႕ ပရီးမီးယားလိဂ္ ေလးသင္းေျမာက္ ကိုင္တြယ္မႈ အဖြင့္ပြဲမွာ အရွက္တကြဲ အက်ိဳးနည္း အရႈံးနဲ႔ပဲ ရင္ဆိုင္ခဲ့ရတာပါ။ လီဗာပူးလ္လိုအသင္းက ဘာဆိုတာကို မသိေလာက္ေအာင္ ေခတ္ေနာက္က်ေနပုံရတဲ့ အီတာလ်ံႀကီးဟာ သူ႔ရဲ႕ စိတ္ႀကိဳက္ ၄-၄-၂ ကေန တိုက္စစ္ဆင္ခ်ိန္မွာ ၄-၂-၄ ကစားတဲ့ ပုံစံကို သုံးခဲ့ၿပီး ဘယ္ျခမ္းခံစစ္မွာ ဆာလားကို ထိန္းခ်ဳပ္ဖို႔ ဒန္နီ႐ို႕စ္နဲ႔ မာဆီနာကို ေတာင္ပံ ႏွစ္ထပ္သုံးခဲ့ေပမယ့္ တိုက္စစ္လည္း မဆင္ႏိုင္၊ ခံစစ္လဲ မပိတ္ႏိုင္ဘဲျဖစ္ခဲ့ရသလို သူ႔ရဲ႕ နည္းဗ်ဴဟာပိုင္းက ကေလာ့ပ္ေရွ႕မွာ ျပားျပားေမွာက္ခဲ့ရပါတယ္။ အသက္ ၆၉ ႏွစ္အ႐ြယ္ နည္းျပႀကီးရဲ႕ တစ္ေက်ာ့ျပန္ကိုင္တြယ္မႈက ပထမဆုံးပြဲမွာ အထင္ႀကီးစရာတစ္ကြက္မွ မရွိဘဲျဖစ္ခဲ့ရသလို သူ႔ရဲ႕ ကြင္းလယ္အထိုင္ ေ႐ြးခ်ယ္မႈကပါ ခံစစ္သမားစစ္စစ္ မပါဘဲ လက္ညႇိဳးထိုးစရာျဖစ္ခဲ့ရေသးတာပါ။

ဗန္ဒိုက္ရဲ႕ ၿပီးျပည့္စုံတဲ့ ဆရာက်မႈ
ဝတ္ဖို႔ဒ္တို႔အေနနဲ႔ လီဗာပူးလ္ခံစစ္ကို ညာေတာင္ပံတိုက္စစ္မႉး အီမန္ညဴယယ္ ဒင္းနစ္ရဲ႕ ေျပးအားတိုးအားေတြနဲ႔ ထိုးေဖာက္ဖို႔ စီစဥ္ခဲ့ေပမယ့္ ဗန္ဒိုက္နဲ႔အေတြ႕မွာေတာ့ ဖေယာင္းတိုင္နဲ႔ မီးသတ္ကားေတြ႕သလို ျဖစ္ခဲ့ရပါတယ္။ ဒင္းနစ္၊ ဆားနဲ႔ ဟာနန္ဒက္ဇ္တို႔ရဲ႕ တိုက္စစ္ကို ဒတ္ခ်္ခံစစ္မႉးႀကီးက အေကာင္းဆုံး တြက္ဆၫႊန္ၾကား ျဖတ္ေတာက္သြားႏိုင္ခဲ့ၿပီး တစ္ခ်ိန္က ရႈံးပြဲမရွိစံခ်ိန္ကို ရပ္တန႔္သြားခဲ့မႈအေပၚ လက္စားေခ်ျပခဲ့တာပါ။ ဒါ့အျပင္ ခံစစ္ကေန တိုက္စစ္အတြက္ ကူးေျပာင္းေပးပို႔မႈေတြကိုလည္း အကြက္က်က် လုပ္ေဆာင္သြားခဲ့ၿပီး ဒဏ္ရာေၾကာင့္ တစ္ႏွစ္နီးပါး အနားယူခဲ့ရေပမယ့္လည္း ေျခစြမ္းက ထိပ္တန္းမွာ ရွိေနဆဲဆိုတာ သက္ေသျပႏိုင္ခဲ့ပါတယ္။

ခ်န္ပီယံေျခစြမ္းကို လမ္းၫႊန္ခဲ့တဲ့ ကေလာ့ပ္
လီဗာပူးလ္နည္းျပ ကေလာ့ပ္ကေတာ့ ၿပီးခဲ့တဲ့ ရာသီက က်ဆုံးခဲ့ရမႈေတြၾကားမွာ အသင္းကို အေကာင္းဆုံး ျပင္ဆင္ႏိုင္ခဲ့ၿပီး လက္ရွိအခ်ိန္အထိ ပရီးမီးယားလိဂ္မွာ ရႈံးပြဲမရွိဘဲ ကစားႏိုင္တဲ့ တစ္သင္းတည္းေသာ အသင္းအျဖစ္ ဂုဏ္ယူျပႏိုင္ခဲ့တာပါ။ မာေဆးဆိုက္သားေတြအေနနဲ႔ ၿပိဳင္ဘက္ေတြကို ေပ်ာ္ေပ်ာ္ႀကီး ဂိုးသြင္းေနတယ္လို႔ မီဒီယာေတြက ခ်ီးပေနၾကၿပီး ခ်ဲလ္ဆီးအသင္းရဲ႕ အေကာင္းဆုံးပုံစံနဲ႔ ေတြ႕ဆုံရတုန္းမွာသာ ဂိုးရဖို႔ ႐ုန္းကန္ခဲ့ရေပမယ့္ ၂၂ ဂိုးအထိ သြင္းယူထားခဲ့တဲ့ တိုက္စစ္က အနီးဆုံးၿပိဳင္ဘက္ထက္ ၆ ဂိုး သာလြန္ေနခဲ့တာျဖစ္ပါတယ္။ ဒီရာသီမွာေတာ့ လီဗာပူးလ္တို႔ရဲ႕ ေျခစြမ္းက တစ္ေက်ာ့ျပန္ ခ်န္ပီယံျဖစ္ဖို႔ ထိုက္တန္ေနၿပီး ပုံစံေကာင္းကို ဆက္လက္ထိန္းသိမ္းသြားႏိုင္မလား ေစာင့္ၾကည့္ရေတာ့မွာပါ။

ႏွစ္ ၂၀ အတြင္း အသက္အႀကီးဆုံး ဖန္တီးရွင္
ဒီေန႔ပြဲမွာ ေရာဘတ္တို ဖာမီႏိုရဲ႕ အဖြင့္ဂိုးကို ဖန္တီးေပးႏိုင္ခဲ့တဲ့ ကြင္းလယ္လူ ဂ်ိမ္းစ္ မီလ္နာကေတာ့ လီဗာပူးလ္အသင္းအတြက္ ဖန္တီးမႈ ျပဳလုပ္ႏိုင္သူေတြထဲမွာ ႏွစ္ေပါင္း ၂၀ အတြင္း အသက္အႀကီးဆုံးကစားသမားလည္းျဖစ္လာခဲ့ပါတယ္။ ဒီပြဲကစားစဥ္မွာ အသက္ ၃၅ ႏွစ္နဲ႔ ၂၈၅ ရက္ ရွိခဲ့တဲ့ အဂၤလန္လက္ေ႐ြးစင္ေဟာင္းဟာ ၂၀၀၁ ခုႏွစ္တုန္းက စံခ်ိန္တင္ထားခဲ့တဲ့ ကြင္းလယ္လူ ဂယ္ရီ မက္ကယ္လစၥတာရဲ႕ ၃၆ ႏွစ္နဲ႔ ၂၉၉ ရက္ စံခ်ိန္နဲ႔ေတာ့ တစ္ႏွစ္ေက်ာ္ ေဝးေနခဲ့ေသးေပမယ့္ ဒီေန႔ေခတ္၊ ဒီလိုအသင္းမ်ိဳးမွာ ဒီအသက္အ႐ြယ္အထိ ကစားခြင့္နဲ႔အတူ ေျခစြမ္းျပႏိုင္ခဲ့တာကေတာ့ ေလးစားစရာလည္း ျဖစ္ခဲ့ရတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.