Match Report Premier League

အိမ်ကွင်းမှာ ဘန်လေကို အမှားအယွင်းမရှိအနိုင်ယူပြီး တတိယကို ဆက်ထိန်းတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန် မပါဝင်နိုင်တာကြောင့် အရန်ဂိုးသမား စတက်ဖင်နဲ့ ပွဲထွက်ခဲ့ရပြီး ခံစစ်မှာတော့ ကန်ဆယ်လို၊ စတုန်းစ်၊ လာပေါ့တ်နဲ့ အာကေတို့ကို သုံးစွဲခဲ့သလို ကွင်းလယ်မှာ ရိုဒရီ၊ ဒီဘရိုင်းနား၊ ဘာနာဒို ဆေးလ်ဗား၊ ဖိုဒန်၊ မာရက်ဇ်နဲ့ စတာလင်တို့ကို တိုက်စစ်မှူးစစ်စစ် မပါဘဲ နည်းပြ ဂွါဒီယိုလာက ၄-၃-၃ ပုံစံ ခင်းကျင်းလာခဲ့ပါတယ်။

ဘန်လေတို့ကတော့ ကစားနေကျ ၄-၄-၂ ပုံစံနဲ့ အမြင့်ဘောနဲ့ ကြံ့ခိုင်မှုတွေကို အသုံးပြုပြီး အစ်တီဟတ်မှာ တောင့်ခံဖို့ ကြိုးစားလာခဲ့ပေမယ့် တိုးတက်လာခဲ့တဲ့ မော်ဒန်ဘောလုံးရဲ့ နည်းဗျူဟာတွေထဲမှာ တစ်နှစ်ထက်တစ်နှစ် အားနည်းလာခဲ့တဲ့ ရှောင်ဒိုက်ချ်ရဲ့ ကိုင်တွယ်မှုက မလုံလောက်ခဲ့ဘဲ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။

ပွဲအစမှာပဲ ဂိုးသမား နစ်ခ် ပုပ်တစ်ယောက် သုံးကြိမ်လောက် ကာကွယ်ပေးခဲ့ရသလို ပွဲချိန် ၁၂ မိနစ်မှာတော့ ဘန်လေတို့ အဖွင့်ဂိုးပေးခဲ့ရပြီး ဂိုးဧရိယာထိပ်ကနေ ဖိုဒန်ရဲ့ ကန်သွင်းချက်က ဂိုးသမား ကာကွယ်ပြီး ပြန်ထွက်လာခဲ့တာကို ဘာနာဒို ဆေးလ်ဗားက အနီးကပ် ပြေးဝင်ပိတ်နိုင်ခဲ့လို့ မန်စီးတီးတို့ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာတော့ ဘန်လေတိုက်စစ်မှူး ကော်နေးက ပြန်လည်အကဲစမ်းခဲ့ပေမယ့် စတက်ဖင် ကာကွယ်သွားနိုင်ခဲ့သလို မာရက်ဇ်ကတော့ တိုက်စစ်ပိုင်းမှာ လွဲချော်မှုတွေနဲ့ ဖြုန်းတီးနေခဲ့သလို ဖန်တီးမှုတွေပါ ပြုလုပ်နိုင်ခြင်းမရှိတာကြောင့် တွဲဖက်တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ဖိုဒန်နဲ့ စတာလင်တို့ စိတ်ပျက်ခဲ့ကြရပြီး အချိတ်အဆက် သိပ်မမိတဲ့ တိုက်စစ်ကြောင့် ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ စီးတီးတို့ ဦးဆောင်နိုင်ခဲ့ကြတာပါ။

ဒီနေ့ပွဲမှာ စီးတီးတို့ အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု အများစုဖြစ်တဲ့ ၇၁ ရာခိုင်နှုန်းအထိ ရယူပြီး ဘန်လေတို့ကို ဖိကစားနိုင်ခဲ့ပေမယ့် အဆုံးသတ် အားနည်းမှုတွေနဲ့ အချိတ်အဆက် မမိမှုတွေကြောင့် ဂိုးကန်ခွင့် ၁၅ ကြိမ်မှာ ၆ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး နည်းပြ ဂွါဒီယိုလာကို စိတ်ပျက်စေခဲ့တာလည်း ဖြစ်ပါတယ်။

ခံစစ်အားပြုပြီး အမြင့်ဘောကောင်းတဲ့ ဘန်လေကို တွဲလုံးတွေနဲ့ ထိုးဖောက်ရမယ့်အစား ဘယ်ကနေညာ ညာကနေဘယ်ကို ဖြတ်တင်နေတဲ့ မန်စီးတီးရဲ့ ကစားကွက်ကတော့ အနည်းငယ် စိတ်ပျက်စရာကောင်းခဲ့သလို တိုက်စစ်မှာတော့ အထူးတလည် ရွေးချယ်ခွင့် မရှိခဲ့ချိန်မှာ သူတို့တွေအနေနဲ့ ဒီလူတွေနဲ့ပဲ ဂိုးထပ်ရဖို့ ဖိတိုက်ခဲ့ရတာပါ။

ပွဲချိန် မိနစ် ၇၀ မှာတော့ မန်စီးတီးတို့ အနိုင်သေချာစေမယ့်ဂိုးကို ရယူနိုင်ခဲ့ပြီး ညာခြမ်းကနေ ထိုးဖောက်လာခဲ့တဲ့ တိုက်စစ်ကို ရှင်းမထုတ်နိုင်ဘဲ တိုင်ပတ်နေတဲ့ ဘန်လေခံစစ်မှာ ဘရောင်းဟေးလ်နဲ့ မာရက်ဇ်တို့ ငြိပြီးလဲရာကနေ ထွက်လာခဲ့တဲ့ ဘောလုံးကို ဒီဘရိုင်းနားက ဘယ်ခြေနဲ့ အပြင်းကန်ပြီး နှစ်ဂိုး-ဂိုးမရှိနဲ့ အသင်းကို ဦးဆောင်စေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ ဘန်လေတို့ တိုက်စစ်ပြန်မြှင့်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း လုံလောက်တဲ့ ကွာလတီ မရှိမှုနဲ့ ကစားသမားချင်း ကွာဟမှုတွေက ပုံစံကောင်းရနေတဲ့ မန်စီးတီးတို့ နောက်တန်းကို ဖြတ်ကျော်ဖို့ မဖြစ်နိုင်ခဲ့သလို ဂွါဒီယိုလာကလည်း ရူဘင် ဒီယက်စ်နဲ့ ဖာနန်ဒင်ညိုတို့ကို ထပ်ထည့်ပြီး အနိုင်ကို ထိန်းကစားသွားခဲ့လို့ နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် မန်ချက်စတာစီးတီးတို့အနေနဲ့ ပွဲစဉ် ၈ အပြီးမှာ ရမှတ် ၁၇ မှတ်နဲ့ တတိယနေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး ရှေ့က ရှိနေတဲ့ ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ကို ဆက်လက်ဖိအားပေးနိုင်ခဲ့သလို ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့အတွက် လျှော့မတွက်သင့်ကြောင်း ပြသနိုင်ခဲ့ချိန်မှာ တိုက်စစ်မှူးသစ်တစ်ဦးသာ ရရှိခဲ့ရင် ဆုဖလားတွေအတွက် ပိုမိုမျှော်လင့်နိုင်မှာဖြစ်ကြောင်းလည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဒါဆန္ မပါဝင္ႏိုင္တာေၾကာင့္ အရန္ဂိုးသမား စတက္ဖင္နဲ႔ ပြဲထြက္ခဲ့ရၿပီး ခံစစ္မွာေတာ့ ကန္ဆယ္လို၊ စတုန္းစ္၊ လာေပါ့တ္နဲ႔ အာေကတို႔ကို သုံးစြဲခဲ့သလို ကြင္းလယ္မွာ ႐ိုဒရီ၊ ဒီဘ႐ိုင္းနား၊ ဘာနာဒို ေဆးလ္ဗား၊ ဖိုဒန္၊ မာရက္ဇ္နဲ႔ စတာလင္တို႔ကို တိုက္စစ္မႉးစစ္စစ္ မပါဘဲ နည္းျပ ဂြါဒီယိုလာက ၄-၃-၃ ပုံစံ ခင္းက်င္းလာခဲ့ပါတယ္။

ဘန္ေလတို႔ကေတာ့ ကစားေနက် ၄-၄-၂ ပုံစံနဲ႔ အျမင့္ေဘာနဲ႔ ႀကံ့ခိုင္မႈေတြကို အသုံးျပဳၿပီး အစ္တီဟတ္မွာ ေတာင့္ခံဖို႔ ႀကိဳးစားလာခဲ့ေပမယ့္ တိုးတက္လာခဲ့တဲ့ ေမာ္ဒန္ေဘာလုံးရဲ႕ နည္းဗ်ဴဟာေတြထဲမွာ တစ္ႏွစ္ထက္တစ္ႏွစ္ အားနည္းလာခဲ့တဲ့ ေရွာင္ဒိုက္ခ်္ရဲ႕ ကိုင္တြယ္မႈက မလုံေလာက္ခဲ့ဘဲ ႐ုန္းကန္ေနခဲ့ရတာျဖစ္ပါတယ္။

ပြဲအစမွာပဲ ဂိုးသမား နစ္ခ္ ပုပ္တစ္ေယာက္ သုံးႀကိမ္ေလာက္ ကာကြယ္ေပးခဲ့ရသလို ပြဲခ်ိန္ ၁၂ မိနစ္မွာေတာ့ ဘန္ေလတို႔ အဖြင့္ဂိုးေပးခဲ့ရၿပီး ဂိုးဧရိယာထိပ္ကေန ဖိုဒန္ရဲ႕ ကန္သြင္းခ်က္က ဂိုးသမား ကာကြယ္ၿပီး ျပန္ထြက္လာခဲ့တာကို ဘာနာဒို ေဆးလ္ဗားက အနီးကပ္ ေျပးဝင္ပိတ္ႏိုင္ခဲ့လို႔ မန္စီးတီးတို႔ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ ဘန္ေလတိုက္စစ္မႉး ေကာ္ေနးက ျပန္လည္အကဲစမ္းခဲ့ေပမယ့္ စတက္ဖင္ ကာကြယ္သြားႏိုင္ခဲ့သလို မာရက္ဇ္ကေတာ့ တိုက္စစ္ပိုင္းမွာ လြဲေခ်ာ္မႈေတြနဲ႔ ျဖဳန္းတီးေနခဲ့သလို ဖန္တီးမႈေတြပါ ျပဳလုပ္ႏိုင္ျခင္းမရွိတာေၾကာင့္ တြဲဖက္တိုက္စစ္မႉးေတြျဖစ္ၾကတဲ့ ဖိုဒန္နဲ႔ စတာလင္တို႔ စိတ္ပ်က္ခဲ့ၾကရၿပီး အခ်ိတ္အဆက္ သိပ္မမိတဲ့ တိုက္စစ္ေၾကာင့္ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ စီးတီးတို႔ ဦးေဆာင္ႏိုင္ခဲ့ၾကတာပါ။

ဒီေန႔ပြဲမွာ စီးတီးတို႔ အိမ္ကြင္းမွာ ေဘာလုံးပိုင္ဆိုင္မႈ အမ်ားစုျဖစ္တဲ့ ၇၁ ရာခိုင္ႏႈန္းအထိ ရယူၿပီး ဘန္ေလတို႔ကို ဖိကစားႏိုင္ခဲ့ေပမယ့္ အဆုံးသတ္ အားနည္းမႈေတြနဲ႔ အခ်ိတ္အဆက္ မမိမႈေတြေၾကာင့္ ဂိုးကန္ခြင့္ ၁၅ ႀကိမ္မွာ ၆ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့ၿပီး နည္းျပ ဂြါဒီယိုလာကို စိတ္ပ်က္ေစခဲ့တာလည္း ျဖစ္ပါတယ္။

ခံစစ္အားျပဳၿပီး အျမင့္ေဘာေကာင္းတဲ့ ဘန္ေလကို တြဲလုံးေတြနဲ႔ ထိုးေဖာက္ရမယ့္အစား ဘယ္ကေနညာ ညာကေနဘယ္ကို ျဖတ္တင္ေနတဲ့ မန္စီးတီးရဲ႕ ကစားကြက္ကေတာ့ အနည္းငယ္ စိတ္ပ်က္စရာေကာင္းခဲ့သလို တိုက္စစ္မွာေတာ့ အထူးတလည္ ေ႐ြးခ်ယ္ခြင့္ မရွိခဲ့ခ်ိန္မွာ သူတို႔ေတြအေနနဲ႔ ဒီလူေတြနဲ႔ပဲ ဂိုးထပ္ရဖို႔ ဖိတိုက္ခဲ့ရတာပါ။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ မန္စီးတီးတို႔ အႏိုင္ေသခ်ာေစမယ့္ဂိုးကို ရယူႏိုင္ခဲ့ၿပီး ညာျခမ္းကေန ထိုးေဖာက္လာခဲ့တဲ့ တိုက္စစ္ကို ရွင္းမထုတ္ႏိုင္ဘဲ တိုင္ပတ္ေနတဲ့ ဘန္ေလခံစစ္မွာ ဘေရာင္းေဟးလ္နဲ႔ မာရက္ဇ္တို႔ ၿငိၿပီးလဲရာကေန ထြက္လာခဲ့တဲ့ ေဘာလုံးကို ဒီဘ႐ိုင္းနားက ဘယ္ေျခနဲ႔ အျပင္းကန္ၿပီး ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အသင္းကို ဦးေဆာင္ေစခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာ ဘန္ေလတို႔ တိုက္စစ္ျပန္ျမႇင့္ဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း လုံေလာက္တဲ့ ကြာလတီ မရွိမႈနဲ႔ ကစားသမားခ်င္း ကြာဟမႈေတြက ပုံစံေကာင္းရေနတဲ့ မန္စီးတီးတို႔ ေနာက္တန္းကို ျဖတ္ေက်ာ္ဖို႔ မျဖစ္ႏိုင္ခဲ့သလို ဂြါဒီယိုလာကလည္း ႐ူဘင္ ဒီယက္စ္နဲ႔ ဖာနန္ဒင္ညိဳတို႔ကို ထပ္ထည့္ၿပီး အႏိုင္ကို ထိန္းကစားသြားခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ပြဲၿပီးဆုံးသြားခဲ့ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ ပြဲစဥ္ ၈ အၿပီးမွာ ရမွတ္ ၁၇ မွတ္နဲ႔ တတိယေနရာမွာ ဆက္လက္ရပ္တည္ႏိုင္ခဲ့ၿပီး ေရွ႕က ရွိေနတဲ့ ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တို႔ကို ဆက္လက္ဖိအားေပးႏိုင္ခဲ့သလို ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ကာကြယ္ႏိုင္ဖို႔အတြက္ ေလွ်ာ့မတြက္သင့္ေၾကာင္း ျပသႏိုင္ခဲ့ခ်ိန္မွာ တိုက္စစ္မႉးသစ္တစ္ဦးသာ ရရွိခဲ့ရင္ ဆုဖလားေတြအတြက္ ပိုမိုေမွ်ာ္လင့္ႏိုင္မွာျဖစ္ေၾကာင္းလည္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.