Bundesliga Premier League Transfer News

တီမို ဗာနာကို ခ်ဲလ္ဆီးတို႔ ေခၚယူရရွိႏိုင္ဖို႔ အက်ဳိးေဆာင္ေပးသြားမယ့္ ေနာက္ခံလူ ႐ူဒီဂါ

ပရီးမီးယားလိဂ္ရဲ႕ အသင္းႀကီးေတြထဲမွာ အရြယ္ေကာင္း အေတြ႕အႀကဳံရင့္တုိက္စစ္မွဴး ကင္းမဲ့ေနတဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ ေရွ႕တန္းအတြက္ RB လုိက္ပ္ဇစ္ရဲ႕ တီမို ဗာနာကို လာမယ့္အေျပာင္းအေရႊ႕မွာ ေခၚယူသြားဖို႔ စီစဥ္ေနရာမွာ ေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါအေနနဲ႔ ပါဝင္အက်ဳိးေဆာင္ေပးသြားဖို႔ ရွိေနတယ္လို႔ ဆုိပါတယ္။

RB လိုက္ပ္ဇစ္အသင္းနဲ႔ ေပါင္ ၄၉ သန္းတန္ ေလ်ာ္ေၾကးစာခ်ဳပ္ကို ဇြန္လကုန္အထိ အကန္႔အသတ္နဲ႔ ခ်ဳပ္ဆုိထားခဲ့ၿပီး အသင္းနဲ႔ ၂၀၂၃ ေႏြရာသီအထိ စာခ်ဳပ္သက္တမ္းရွိေနေသးတဲ့ တီမို ဗာနာအတြက္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေဈးႏွဳန္းေလ်ာ့ခ်ေပးဖို႔ ညႇိႏွဳိင္းသြားဖြယ္ရွိေနၿပီး ကစားသမား အတြက္ေတာ့ အသင္းေဖာ္ေဟာင္း ႐ူဒီဂါက တာဝန္ယူဖို႔ ရွိေနတာပါ။

စတုဂတ္အသင္းမွာ ဗာနာထက္ ပထမအသင္းႀကီးကို တစ္ႏွစ္ေစာၿပီး ကစားခြင့္ရခဲ့တဲ့ ႐ူဒီဂါဟာ ၂၀၁၃ ခုႏွစ္ကေန ၂၀၁၅ ခုႏွစ္အထိ ႐ိုးမားကို မထြက္ခြာခင္ အသင္းေဖာ္ေတြ ျဖစ္ခဲ့ၾကသလို ဂ်ာမနီလက္ေရြးစင္အသင္းႀကီးမွာလည္း လက္ရွိအခ်ိန္ထိ တြဲဖက္ကစားေနၾကသူေတြျဖစ္ေနလို႔ ဒါကို အခြင့္ေကာင္းယူၿပီး စည္း႐ုံးသြားဖို႔ ရွိေနတာလည္းျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ ဂ်ာမန္တုိက္စစ္မွဴးဟာ ဒီရာသီမွာေတာ့ ဘြန္ဒက္စ္လီဂါ ၂၈ ပြဲမွာ ၂၄ ဂိုး သြင္းယူထားၿပီး ေျခစြမ္းျပေနေပမယ့္ သူ႕ကို ေခၚယူလိုတဲ့ အသင္းေတြကေတာ့ ကိုဗစ္-၁၉ ေၾကာင့္ ဝင္ေငြက်ဆင္းလာတဲ့ အေျခအေနမွာ လက္ရွိသတ္မွတ္ေဈးႏွဳန္းကို ေလ်ာ့ခ်ေစခ်င္ေနၾကတာျဖစ္သလို ခ်ဲလ္ဆီးကေတာ့ တျခားအသင္းေတြထက္ အနည္းငယ္ ေဈးတုိးေပးၿပီး လက္ဦးမွဳ ရယူဖို႔လည္း မ်ားေနခဲ့ပါတယ္။

လက္ရွိဇြန္လ ၁၅ ရက္ေန႔ ေနာက္ပုိင္းမွာ သူ႕ကို စာခ်ဳပ္ေလ်ာ္ေၾကးေပးၿပီး ေခၚယူႏုိင္မယ့္ကာလ အဆုံးသတ္မွာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္း တာဝန္ရွိသူေတြအေနနဲ႔ ဒီကာလမတုိင္ခင္ ျမန္ျမန္သြက္သြက္ လွဳပ္ရွားႏုိင္ဖို႔ လိုအပ္ေနၿပီး ႐ူဒီဂါကေတာ့ သူ႕ရဲ႕ အသင္းေဖာ္ေဟာင္းကို စတမ္းဖို႔ဒ္ဘရစ္ခ်္ကို စည္း႐ုံးဖို႔ ပူးေပါင္းပါဝင္သြားဖို႔ ရွိေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်ရဲ့ အသင်းကြီးတွေထဲမှာ အရွယ်ကောင်း အတွေ့အကြုံရင့်တိုက်စစ်မှူး ကင်းမဲ့နေတဲ့ ချဲလ်ဆီးအသင်းရဲ့ ရှေ့တန်းအတွက် RB လိုက်ပ်ဇစ်ရဲ့ တီမို ဗာနာကို လာမယ့်အပြောင်းအရွှေ့မှာ ခေါ်ယူသွားဖို့ စီစဉ်နေရာမှာ နောက်ခံလူ အန်တိုနီယို ရူဒီဂါအနေနဲ့ ပါဝင်အကျိုးဆောင်ပေးသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

RB လိုက်ပ်ဇစ်အသင်းနဲ့ ပေါင် ၄၉ သန်းတန် လျော်ကြေးစာချုပ်ကို ဇွန်လကုန်အထိ အကန့်အသတ်နဲ့ ချုပ်ဆိုထားခဲ့ပြီး အသင်းနဲ့ ၂၀၂၃ နွေရာသီအထိ စာချုပ်သက်တမ်းရှိနေသေးတဲ့ တီမို ဗာနာအတွက် ချဲလ်ဆီးအသင်းအနေနဲ့ ဈေးနှုန်းလျော့ချပေးဖို့ ညှိနှိုင်းသွားဖွယ်ရှိနေပြီး ကစားသမား အတွက်တော့ အသင်းဖော်ဟောင်း ရူဒီဂါက တာဝန်ယူဖို့ ရှိနေတာပါ။

စတုဂတ်အသင်းမှာ ဗာနာထက် ပထမအသင်းကြီးကို တစ်နှစ်စောပြီး ကစားခွင့်ရခဲ့တဲ့ ရူဒီဂါဟာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ရိုးမားကို မထွက်ခွာခင် အသင်းဖော်တွေ ဖြစ်ခဲ့ကြသလို ဂျာမနီလက်ရွေးစင်အသင်းကြီးမှာလည်း လက်ရှိအချိန်ထိ တွဲဖက်ကစားနေကြသူတွေဖြစ်နေလို့ ဒါကို အခွင့်ကောင်းယူပြီး စည်းရုံးသွားဖို့ ရှိနေတာလည်းဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ဂျာမန်တိုက်စစ်မှူးဟာ ဒီရာသီမှာတော့ ဘွန်ဒက်စ်လီဂါ ၂၈ ပွဲမှာ ၂၄ ဂိုး သွင်းယူထားပြီး ခြေစွမ်းပြနေပေမယ့် သူ့ကို ခေါ်ယူလိုတဲ့ အသင်းတွေကတော့ ကိုဗစ်-၁၉ ကြောင့် ဝင်ငွေကျဆင်းလာတဲ့ အခြေအနေမှာ လက်ရှိသတ်မှတ်ဈေးနှုန်းကို လျော့ချစေချင်နေကြတာဖြစ်သလို ချဲလ်ဆီးကတော့ တခြားအသင်းတွေထက် အနည်းငယ် ဈေးတိုးပေးပြီး လက်ဦးမှု ရယူဖို့လည်း များနေခဲ့ပါတယ်။

လက်ရှိဇွန်လ ၁၅ ရက်နေ့ နောက်ပိုင်းမှာ သူ့ကို စာချုပ်လျော်ကြေးပေးပြီး ခေါ်ယူနိုင်မယ့်ကာလ အဆုံးသတ်မှာဖြစ်ပြီး ချဲလ်ဆီးအသင်း တာဝန်ရှိသူတွေအနေနဲ့ ဒီကာလမတိုင်ခင် မြန်မြန်သွက်သွက် လှုပ်ရှားနိုင်ဖို့ လိုအပ်နေပြီး ရူဒီဂါကတော့ သူ့ရဲ့ အသင်းဖော်ဟောင်းကို စတမ်းဖို့ဒ်ဘရစ်ချ်ကို စည်းရုံးဖို့ ပူးပေါင်းပါဝင်သွားဖို့ ရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.