Match Report Premier League

ဝတ်ဖို့ဒ်ရဲ့ နည်းပြသစ် ရာနီရေးရီကို ငါးဂိုးအားပေးလိုက်ပြီး ချန်ပီယံခြေစွမ်းပြတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ သူတို့ရဲ့ ဘရာဇီးလ်သားတွေဖြစ်ကြတဲ့ ဂိုးသမား အယ်လစ်ဆန်ရဲ့နေရာမှာ အရန် ကယ်လေဟာနဲ့ ကွင်းလယ်က ဖာဘင်ညိုနေရာမှာ မီလ်နာတို့ကို အစားထိုးခဲ့ပြီး ကျန်တဲ့ ၉ နေရာမှာတော့ လူစုံထုတ်လာတယ်လို့ဆိုနိုင်ခဲ့သလို ဂျိုတာ မပါဝင်ဘဲ ဖာမီနိုနဲ့ MSF တိုက်စစ်အတွဲကို ပြန်လည်ခင်းကျင်းလာခဲ့ပါတယ်။

ရာနီရေးရီကတော့ သူရင်ဆိုင်နေရတဲ့ အသင်းအကြောင်း မျက်ခြေပြတ်နေပုံရပြီး လက်စတာကို သူကိုင်တွယ်တုန်းကလိုပဲ ထင်မှတ်မှားနေခဲ့သလို အိမ်ကွင်းမှာ တိုက်စစ်ဦးစားပေး ၄-၄-၂ လူစာရင်းကို ထုတ်သုံးခဲ့ချိန်မှာ အဖျက်အားမကောင်းတဲ့ ကွင်းလယ်တွေနဲ့ ယှဉ်မရတဲ့ တိုက်စစ်ကစားသမားတွေက ဝတ်ဖို့ဒ်တို့အတွက် တစ်ဂိုးမှ မရစေအောင် ကစားပေးခဲ့ကြတာပါ။

ပွဲအစကတည်းက တောက်လျှောက်ခြိမ်းခြောက်နေခဲ့တဲ့ ဧည့်သည် လီဗာပူးလ်တို့ ပွဲချိန် ၉ မိနစ်မှာ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ပြီး ညာခြမ်းမှာ ဘောလုံးပြန်ရသွားတဲ့ ဆာလားက ဘယ်ခြေနဲ့ ပြောင်းပြန်ထိုးထည့်ပေးလိုက်တာက မယုံနိုင်လောက်အောင် တိကျခဲ့ချိန်မှာ ဘယ်ခြမ်းက ပြေးဝင်လာတဲ့ မာနေးက ဝတ်ဖို့ဒ်ခံစစ်သမားတွေ ထင်နေသလို ဘောလုံးမထိန်းဘဲ ကန်ထည့်သွားခဲ့ရာမှာ ဂိုးသမား ဖော်စတာ အငိုက်မိပြီး ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ဝတ်ဖို့ဒ်ရဲ့ ကစားကွက်ကတော့ အဖျက်ကစားသမားတွေဖြစ်တဲ့ ဆစ်ဆိုကိုနဲ့ ကူကာတို့ မာကျောခြင်း မရှိခဲ့ချိန်မှာ လီဗာပူးလ်တို့ လုပ်ချင်သလို လုပ်ခွင့်ရခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုကိုလည်း ၇၇ ရာခိုင်နှုန်းအထိ ရယူသွားနိုင်ခဲ့သလို ပထမပိုင်းမှာတော့ ဆာလား ဂိုးကံခေနေခဲ့ပြီး အခွင့်အရေးတွေကို တစ်ဖက်ခံစစ်နဲ့ ဂိုးသမားတို့က ပိတ်ဆို့သွားနိုင်ခဲ့ကြပါတယ်။

ပွဲချိန် ၃၇ မိနစ်မှာတော့ လီဗာပူးလ်တို့ ဒုတိယဂိုး ရယူနိုင်ခဲ့သလို ဘယ်တောင်ပံကနေ မာနေးနဲ့ မီလ်နာတို့ အတွဲအဖက်နဲ့ ထိုးဖောက်လာခဲ့ပြီး ဂိုးစည်းနားရောက်မှ ဝတ်ဖို့ဒ်နောက်တန်းကြားထဲက ချိုးပေးလိုက်တဲ့ ဘောလုံးကို အဖွင့်ပွဲစဉ်ကလွဲပြီး ဂိုးထပ်မသွင်းနိုင်ဘဲဖြစ်နေခဲ့တဲ့ ဖာမီနိုက တစ်ဦးတည်း လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းသွားနိုင်ခဲ့တာပါ။

ပထမပိုင်းမပြီးခင်မှာ ကွင်းလယ်လူ ကီတာရဲ့ ကန်ချက်က ကောင်းခဲ့ပေမယ့် ဘားထိထွက်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိနဲ့ လီဗာပူးလ်တို့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း ပြန်လည်စတင်ပြီး ပွဲချိန် ၄၉ မိနစ်မှာလည်း ဆာလားရဲ့ ကန်ချက်ကိုလည်း ဂိုးသမား ဖော်စတာ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၅၂ မိနစ်မှာတော့ လီဗာပူးလ်တို့ တတိယဂိုး သွင်းယူနိုင်ခဲ့ပြီး ဘယ်ခြမ်းကနေ ရောဘတ်ဆန် ထိုးပေးလိုက်တဲ့ ဘောလုံးကို ဝတ်ဖို့ဒ် နောက်ခံလူ ကက်သ်ကတ်ရဲ့ ဖျက်ထုတ်မှုက ဂိုးပေါက်ဆီ သွားခဲ့တာကို ဖော်စတာ ပုတ်ထုတ်လို့ ပြန်ထွက်လာခဲ့ပေမယ့် နောက်ကနေ ပါလာတဲ့ ဖာမီနိုက ပိတ်သွင်းခဲ့ပြီး သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ပွဲချိန် ၅၄ မိနစ်မှာတော့ တစ်ချိန်လုံး ကံမကောင်းပါလားဖြစ်နေတဲ့ ဆာလားတစ်ယောက် ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဧရိယာထဲမှာ ဖာမီနို ပေးတဲ့ ဘောလုံးကို ဆာလားက နောက်ခံလူသုံးယောက်ကြားကနေ ဆွဲထွက်ပြီး တစ်ချက်ပြန်ခေါက်ပြီးမှ အဝေးတိုင်ဘက်ကို ကန်သွင်းယူသွားနိုင်ခဲ့လို့ လီဗာပူးလ်တို့ စတုတ္ထဂိုး ရရှိခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ လီဗာပူးလ်တို့ ပထမကစားသမားတွေကို အနားပေးသွားခဲ့ပြီး ရောဘတ်ဆန်အစား ဆီမီကတ်စ်နဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်အစား ချိမ်ဘာလိန်တို့ကို ထည့်သွင်းကစားခဲ့သလို ဝါရင့်ကွင်းလယ်လူ မီလ်နာကတော့ ညာနောက်ခံလူနေရာမှာ အရင်ပွဲတွေကလိုပဲ ဆင်းကစားခဲ့ပါတယ်။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ မီလ်နာအစား လူစားဝင်လာခဲ့တဲ့ လူငယ်နောက်ခံလူ နီကို ဝီလီယမ်စ်က ဝတ်ဖို့ဒ်ဘယ်နောက်ခံလူ ဒန်နီရို့စ်ကို တစ်ချက်ခေါက်ပြီးမှ ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးခဲ့ရာမှာ ဘယ်ခြမ်းမှာ အဆင်သင့်ရှိနေတဲ့ တိုက်စစ်မှူး ဖာမီနိုက ပိတ်သွင်းပြီး သူ့အတွက် ဟက်ထရစ်ကို ရယူသွားနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ အဝေးကွင်းမှာ ငါးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့တဲ့ ရလဒ်ကြောင့် လီဗာပူးလ်တို့ ၈ ပွဲ ကစား ၅ ပွဲနိုင် ၃ ပွဲသရေ ရမှတ် ၁၈ မှတ်နဲ့ ပရီးမီးယားလိဂ်ရဲ့ ဇယားထိပ်ဆုံးကို ပြန်လည်တက်ရောက်နိုင်ခဲ့ပြီး သူတို့အသင်းရဲ့ တိုက်စစ်အင်အားကို ပြသသွားနိုင်ခဲ့သလို တစ်ကျော့ပြန် အသက် ၆၉ နှစ်အရွယ် နည်းပြအိုကြီး ရာနီရေးရီကတော့ ဝတ်ဖို့ဒ်နဲ့ အဖွင့်ပွဲမှာ ခါးသီးတဲ့ အဖြစ်နဲ့ပဲ ကြုံတွေ့ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ သူတို႔ရဲ႕ ဘရာဇီးလ္သားေတြျဖစ္ၾကတဲ့ ဂိုးသမား အယ္လစ္ဆန္ရဲ႕ေနရာမွာ အရန္ ကယ္ေလဟာနဲ႔ ကြင္းလယ္က ဖာဘင္ညိဳေနရာမွာ မီလ္နာတို႔ကို အစားထိုးခဲ့ၿပီး က်န္တဲ့ ၉ ေနရာမွာေတာ့ လူစုံထုတ္လာတယ္လို႔ဆိုႏိုင္ခဲ့သလို ဂ်ိဳတာ မပါဝင္ဘဲ ဖာမီႏိုနဲ႔ MSF တိုက္စစ္အတြဲကို ျပန္လည္ခင္းက်င္းလာခဲ့ပါတယ္။

ရာနီေရးရီကေတာ့ သူရင္ဆိုင္ေနရတဲ့ အသင္းအေၾကာင္း မ်က္ေျချပတ္ေနပုံရၿပီး လက္စတာကို သူကိုင္တြယ္တုန္းကလိုပဲ ထင္မွတ္မွားေနခဲ့သလို အိမ္ကြင္းမွာ တိုက္စစ္ဦးစားေပး ၄-၄-၂ လူစာရင္းကို ထုတ္သုံးခဲ့ခ်ိန္မွာ အဖ်က္အားမေကာင္းတဲ့ ကြင္းလယ္ေတြနဲ႔ ယွဥ္မရတဲ့ တိုက္စစ္ကစားသမားေတြက ဝတ္ဖို႔ဒ္တို႔အတြက္ တစ္ဂိုးမွ မရေစေအာင္ ကစားေပးခဲ့ၾကတာပါ။

ပြဲအစကတည္းက ေတာက္ေလွ်ာက္ၿခိမ္းေျခာက္ေနခဲ့တဲ့ ဧည့္သည္ လီဗာပူးလ္တို႔ ပြဲခ်ိန္ ၉ မိနစ္မွာ အဖြင့္ဂိုး စတင္သြင္းယူႏိုင္ခဲ့ၿပီး ညာျခမ္းမွာ ေဘာလုံးျပန္ရသြားတဲ့ ဆာလားက ဘယ္ေျခနဲ႔ ေျပာင္းျပန္ထိုးထည့္ေပးလိုက္တာက မယုံႏိုင္ေလာက္ေအာင္ တိက်ခဲ့ခ်ိန္မွာ ဘယ္ျခမ္းက ေျပးဝင္လာတဲ့ မာေနးက ဝတ္ဖို႔ဒ္ခံစစ္သမားေတြ ထင္ေနသလို ေဘာလုံးမထိန္းဘဲ ကန္ထည့္သြားခဲ့ရာမွာ ဂိုးသမား ေဖာ္စတာ အငိုက္မိၿပီး ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ဝတ္ဖို႔ဒ္ရဲ႕ ကစားကြက္ကေတာ့ အဖ်က္ကစားသမားေတြျဖစ္တဲ့ ဆစ္ဆိုကိုနဲ႔ ကူကာတို႔ မာေက်ာျခင္း မရွိခဲ့ခ်ိန္မွာ လီဗာပူးလ္တို႔ လုပ္ခ်င္သလို လုပ္ခြင့္ရခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈကိုလည္း ၇၇ ရာခိုင္ႏႈန္းအထိ ရယူသြားႏိုင္ခဲ့သလို ပထမပိုင္းမွာေတာ့ ဆာလား ဂိုးကံေခေနခဲ့ၿပီး အခြင့္အေရးေတြကို တစ္ဖက္ခံစစ္နဲ႔ ဂိုးသမားတို႔က ပိတ္ဆို႔သြားႏိုင္ခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ဒုတိယဂိုး ရယူႏိုင္ခဲ့သလို ဘယ္ေတာင္ပံကေန မာေနးနဲ႔ မီလ္နာတို႔ အတြဲအဖက္နဲ႔ ထိုးေဖာက္လာခဲ့ၿပီး ဂိုးစည္းနားေရာက္မွ ဝတ္ဖို႔ဒ္ေနာက္တန္းၾကားထဲက ခ်ိဳးေပးလိုက္တဲ့ ေဘာလုံးကို အဖြင့္ပြဲစဥ္ကလြဲၿပီး ဂိုးထပ္မသြင္းႏိုင္ဘဲျဖစ္ေနခဲ့တဲ့ ဖာမီႏိုက တစ္ဦးတည္း လြတ္လြတ္ကြၽတ္ကြၽတ္ ပိတ္သြင္းသြားႏိုင္ခဲ့တာပါ။

ပထမပိုင္းမၿပီးခင္မွာ ကြင္းလယ္လူ ကီတာရဲ႕ ကန္ခ်က္က ေကာင္းခဲ့ေပမယ့္ ဘားထိထြက္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ လီဗာပူးလ္တို႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္း ျပန္လည္စတင္ၿပီး ပြဲခ်ိန္ ၄၉ မိနစ္မွာလည္း ဆာလားရဲ႕ ကန္ခ်က္ကိုလည္း ဂိုးသမား ေဖာ္စတာ ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ တတိယဂိုး သြင္းယူႏိုင္ခဲ့ၿပီး ဘယ္ျခမ္းကေန ေရာဘတ္ဆန္ ထိုးေပးလိုက္တဲ့ ေဘာလုံးကို ဝတ္ဖို႔ဒ္ ေနာက္ခံလူ ကက္သ္ကတ္ရဲ႕ ဖ်က္ထုတ္မႈက ဂိုးေပါက္ဆီ သြားခဲ့တာကို ေဖာ္စတာ ပုတ္ထုတ္လို႔ ျပန္ထြက္လာခဲ့ေပမယ့္ ေနာက္ကေန ပါလာတဲ့ ဖာမီႏိုက ပိတ္သြင္းခဲ့ၿပီး သုံးဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ တစ္ခ်ိန္လုံး ကံမေကာင္းပါလားျဖစ္ေနတဲ့ ဆာလားတစ္ေယာက္ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ဧရိယာထဲမွာ ဖာမီႏို ေပးတဲ့ ေဘာလုံးကို ဆာလားက ေနာက္ခံလူသုံးေယာက္ၾကားကေန ဆြဲထြက္ၿပီး တစ္ခ်က္ျပန္ေခါက္ၿပီးမွ အေဝးတိုင္ဘက္ကို ကန္သြင္းယူသြားႏိုင္ခဲ့လို႔ လီဗာပူးလ္တို႔ စတုတၳဂိုး ရရွိခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ လီဗာပူးလ္တို႔ ပထမကစားသမားေတြကို အနားေပးသြားခဲ့ၿပီး ေရာဘတ္ဆန္အစား ဆီမီကတ္စ္နဲ႔ အလက္ဇန္းဒါး-အာႏိုးလ္ဒ္အစား ခ်ိမ္ဘာလိန္တို႔ကို ထည့္သြင္းကစားခဲ့သလို ဝါရင့္ကြင္းလယ္လူ မီလ္နာကေတာ့ ညာေနာက္ခံလူေနရာမွာ အရင္ပြဲေတြကလိုပဲ ဆင္းကစားခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ မီလ္နာအစား လူစားဝင္လာခဲ့တဲ့ လူငယ္ေနာက္ခံလူ နီကို ဝီလီယမ္စ္က ဝတ္ဖို႔ဒ္ဘယ္ေနာက္ခံလူ ဒန္နီ႐ို႕စ္ကို တစ္ခ်က္ေခါက္ၿပီးမွ ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးခဲ့ရာမွာ ဘယ္ျခမ္းမွာ အဆင္သင့္ရွိေနတဲ့ တိုက္စစ္မႉး ဖာမီႏိုက ပိတ္သြင္းၿပီး သူ႔အတြက္ ဟက္ထရစ္ကို ရယူသြားႏိုင္ခဲ့ပါတယ္။

ပြဲအၿပီးမွာေတာ့ အေဝးကြင္းမွာ ငါးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့တဲ့ ရလဒ္ေၾကာင့္ လီဗာပူးလ္တို႔ ၈ ပြဲ ကစား ၅ ပြဲႏိုင္ ၃ ပြဲသေရ ရမွတ္ ၁၈ မွတ္နဲ႔ ပရီးမီးယားလိဂ္ရဲ႕ ဇယားထိပ္ဆုံးကို ျပန္လည္တက္ေရာက္ႏိုင္ခဲ့ၿပီး သူတို႔အသင္းရဲ႕ တိုက္စစ္အင္အားကို ျပသသြားႏိုင္ခဲ့သလို တစ္ေက်ာ့ျပန္ အသက္ ၆၉ ႏွစ္အ႐ြယ္ နည္းျပအိုႀကီး ရာနီေရးရီကေတာ့ ဝတ္ဖို႔ဒ္နဲ႔ အဖြင့္ပြဲမွာ ခါးသီးတဲ့ အျဖစ္နဲ႔ပဲ ႀကဳံေတြ႕ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.