International

စပိန်နဲ့အင်္ဂလန်လူငယ်ကြယ်ပွင့်တွေအများအပြား ပါဝင်နေတဲ့ Golden Boy ဆု ဆန်ခါတင် ၂၀ ဦးစာရင်း

ဂုဏ်သိက္ခာကြီးမားတဲ့ ဆုအတွက် ဆန်ခါတင်စာရင်းထဲမှာ စပိန် လူငယ်ကြယ်ပွင့် ၄ ဦးနဲ့ အင်္ဂလန်လူငယ်ကြယ်ပွင့် ၃ ဦးအထိ ပါဝင်နေပြီး Golden Boy ဆုဟာ ဥရောပထိပ်သီးလိဂ်တွေထဲက အသက် ၂၁ နှစ်အောက် အကောင်းဆုံးလူငယ်ကစားသမားကို ပေးအပ်တဲ့ ဆုဖြစ်ပါတယ်။

ပက်ဒရီ၊ ဘယ်လ်လင်ဂမ်၊ ရေနာတို့ဟာ ဆန်ခါတင် ၂၀ ဦးစာရင်းထဲမှာ ပါဝင်နေပြီး ပြီးခဲ့တဲ့ရာသီက Golden Boy ဆုကို ဒေါ့မွန်ကြယ်ပွင့်တိုက်စစ်မှူး အာလင်း ဟာလန်းက ရရှိခဲ့တာဖြစ်ပါတယ်။ ဝိန်း ရူနီ၊ လီယွန်နယ် မက်ဆီ၊ ဆာဂျီယို အဂူရို၊ ပေါလ် ပေါ့ဂ်ဘာ၊ ခီလီယန် အမ်ဘာပေနဲ့ ဒီ လစ်တ်တို့ဟာ Golden Boy ဆုရှင်တွေဖြစ်ခဲ့ကြဖူးပြီး ယခုရာသီအတွက် ဆုရရှိသူကိုတော့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ကြေညာသွားတော့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက ကနဦး ကစားသမား အယောက် ၁၀၀ စာရင်း ထွက်ပေါ်ခဲ့ပြီးနောက် လက်ရှိမှာတော့ ဆန်ခါတင် ၂၀ ဦးစာရင်း ပေါ်ထွက်လာခဲ့တာဖြစ်ပြီး နောက်ဆုံး ဆန်ခါတင် ၂၀ ဦးစာရင်းထဲမှာ ၁၀ နိုင်ငံက ကစားသမား စုစုပေါင်း အေယောက် ၂၀ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ စပိန်ကြယ်ပွင့် ပက်ဒရီ၊ ဂါဗီ၊ ဘရိုင်ယန် ဂီးလ်၊ ယယ်ရယ်မီး ပီနိုတို့ ဆန်ခါတင် ၂ ဦးစာရင်းထဲမှာ ပါဝင်လာပြီး ဂျာမန်နဲ့ အင်္ဂလန်က လူငယ်ကြယ်ပွင့်တွေလည်း အသီးသီး ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

ကာရင် အာဒယ်ရေမီ၊ ဂျာမဲလ် မူဆီယာလာ၊ ဖလိုရီယန် ဗာ့ဇ်တို့ဟာ ဆန်ခါတင်စာရင်းထဲမှာ ပါဝင်လာတဲ့ ဂျာမန်လူငယ်ကြယ်ပွင့်တွေဖြစ်ပြီး အင်္ဂလန်ကိုယ်စားပြု လူငယ်ကြယ်ပွင့်တွေအဖြစ် ဘယ်လ်လင်ဂမ်၊ မေဆန် ဂရင်းဝုဒ်၊ ဘူကာယို ဆာကာတို့ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်ကြယ်ပွင့်တွေဖြစ်တဲ့ အီဒွါဒို ကမေဗင်ညာ၊ ဝီလီယမ် ဆာလီဘာတို့ဟာ အီတလီက ဒန်နီရယ် မာလ်ဒီးနီနဲ့ ရောဘတ်တို ပီကိုလီ၊ နယ်သာလန်က ရိုင်ယန် ခရာဗင်ဘဲချ်၊ ဂျူရီယမ် တင်ဘာတို့နဲ့အတူ ရွေးချယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

ယူအက်စ်လက်ရွေးစင်ကြယ်ပွင့် ရေနာက ဘရာဇီးလ်တိုက်စစ်မှူး ရိုဒရီဂိုနဲ့အတူ ဥရောပသားမဟုတ်တဲ့ ဆန်ခါတင်စာရင်းဝင်ကစားသမား ၂ ဦးထဲက တစ်ဦးဖြစ်ပြီး ပေါ်တူဂီက နူနို မန်းဒက်စ်၊ ဘယ်လ်ဂျီယမ်က ချားလ်စ် ဒီ ကလယ်တယ်လီရာတို့လည်း ဆန်ခါတင်စာရင်းထဲမှာ ပါဝင်ခဲ့ကြပါတယ်။

Golden Boy ဆုဟာ မူလတုန်းက အီတလီသတင်းဌာန Tuttosport က စတင်ပေးအပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဥရောပတလွှားက နာမည်ကျော်မီဒီယာအဖွဲ့အစည်းအများအပြားရဲ့ မဲပေးမှုနဲ့အတူ တိုက်တစ်ခုချင်းစီက ထိပ်သီးလိဂ်တွေမှာ ကစားနေတဲ့ ပါရမီရှင် ၂၁ နှစ်အောက် ကစားသမားတွေကို ရွေးချယ်ပေးအပ်နေတာဖြစ်ပါတယ်။ Golden Boy ဆုကို ရရှိခဲ့ဖူးတဲ့ နောက်ခံကစားသမား တစ်ဦးသာ ရှိသေးပြီး ၂၀၁၈ ခုနှစ်မှာ အိုင်းယက်စ်နဲ့ အထင်ကြီးဖွယ်ခြေစွမ်းပြသခဲ့တဲ့ ဒီ လစ်တ်က ရရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဂုဏ္သိကၡာႀကီးမားတဲ့ ဆုအတြက္ ဆန္ခါတင္စာရင္းထဲမွာ စပိန္ လူငယ္ၾကယ္ပြင့္ ၄ ဦးနဲ႔ အဂၤလန္လူငယ္ၾကယ္ပြင့္ ၃ ဦးအထိ ပါဝင္ေနၿပီး Golden Boy ဆုဟာ ဥေရာပထိပ္သီးလိဂ္ေတြထဲက အသက္ ၂၁ ႏွစ္ေအာက္ အေကာင္းဆုံးလူငယ္ကစားသမားကို ေပးအပ္တဲ့ ဆုျဖစ္ပါတယ္။

ပက္ဒရီ၊ ဘယ္လ္လင္ဂမ္၊ ေရနာတို႔ဟာ ဆန္ခါတင္ ၂၀ ဦးစာရင္းထဲမွာ ပါဝင္ေနၿပီး ၿပီးခဲ့တဲ့ရာသီက Golden Boy ဆုကို ေဒါ့မြန္ၾကယ္ပြင့္တိုက္စစ္မႉး အာလင္း ဟာလန္းက ရရွိခဲ့တာျဖစ္ပါတယ္။ ဝိန္း ႐ူနီ၊ လီယြန္နယ္ မက္ဆီ၊ ဆာဂ်ီယို အဂူ႐ို၊ ေပါလ္ ေပါ့ဂ္ဘာ၊ ခီလီယန္ အမ္ဘာေပနဲ႔ ဒီ လစ္တ္တို႔ဟာ Golden Boy ဆုရွင္ေတြျဖစ္ခဲ့ၾကဖူးၿပီး ယခုရာသီအတြက္ ဆုရရွိသူကိုေတာ့ ဒီဇင္ဘာ ၁၃ ရက္ေန႔မွာ ေၾကညာသြားေတာ့မွာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လက ကနဦး ကစားသမား အေယာက္ ၁၀၀ စာရင္း ထြက္ေပၚခဲ့ၿပီးေနာက္ လက္ရွိမွာေတာ့ ဆန္ခါတင္ ၂၀ ဦးစာရင္း ေပၚထြက္လာခဲ့တာျဖစ္ၿပီး ေနာက္ဆုံး ဆန္ခါတင္ ၂၀ ဦးစာရင္းထဲမွာ ၁၀ ႏိုင္ငံက ကစားသမား စုစုေပါင္း ေအေယာက္ ၂၀ ပါဝင္လာခဲ့တာျဖစ္ပါတယ္။ စပိန္ၾကယ္ပြင့္ ပက္ဒရီ၊ ဂါဗီ၊ ဘ႐ိုင္ယန္ ဂီးလ္၊ ယယ္ရယ္မီး ပီႏိုတို႔ ဆန္ခါတင္ ၂ ဦးစာရင္းထဲမွာ ပါဝင္လာၿပီး ဂ်ာမန္နဲ႔ အဂၤလန္က လူငယ္ၾကယ္ပြင့္ေတြလည္း အသီးသီး ပါဝင္ခဲ့ၾကတာျဖစ္ပါတယ္။

ကာရင္ အာဒယ္ေရမီ၊ ဂ်ာမဲလ္ မူဆီယာလာ၊ ဖလိုရီယန္ ဗာ့ဇ္တို႔ဟာ ဆန္ခါတင္စာရင္းထဲမွာ ပါဝင္လာတဲ့ ဂ်ာမန္လူငယ္ၾကယ္ပြင့္ေတြျဖစ္ၿပီး အဂၤလန္ကိုယ္စားျပဳ လူငယ္ၾကယ္ပြင့္ေတြအျဖစ္ ဘယ္လ္လင္ဂမ္၊ ေမဆန္ ဂရင္းဝုဒ္၊ ဘူကာယို ဆာကာတို႔ ပါဝင္ခဲ့တာျဖစ္ပါတယ္။

ျပင္သစ္ၾကယ္ပြင့္ေတြျဖစ္တဲ့ အီဒြါဒို ကေမဗင္ညာ၊ ဝီလီယမ္ ဆာလီဘာတို႔ဟာ အီတလီက ဒန္နီရယ္ မာလ္ဒီးနီနဲ႔ ေရာဘတ္တို ပီကိုလီ၊ နယ္သာလန္က ႐ိုင္ယန္ ခရာဗင္ဘဲခ်္၊ ဂ်ဴရီယမ္ တင္ဘာတို႔နဲ႔အတူ ေ႐ြးခ်ယ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

ယူအက္စ္လက္ေ႐ြးစင္ၾကယ္ပြင့္ ေရနာက ဘရာဇီးလ္တိုက္စစ္မႉး ႐ိုဒရီဂိုနဲ႔အတူ ဥေရာပသားမဟုတ္တဲ့ ဆန္ခါတင္စာရင္းဝင္ကစားသမား ၂ ဦးထဲက တစ္ဦးျဖစ္ၿပီး ေပၚတူဂီက ႏူႏို မန္းဒက္စ္၊ ဘယ္လ္ဂ်ီယမ္က ခ်ားလ္စ္ ဒီ ကလယ္တယ္လီရာတို႔လည္း ဆန္ခါတင္စာရင္းထဲမွာ ပါဝင္ခဲ့ၾကပါတယ္။

Golden Boy ဆုဟာ မူလတုန္းက အီတလီသတင္းဌာန Tuttosport က စတင္ေပးအပ္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ဥေရာပတလႊားက နာမည္ေက်ာ္မီဒီယာအဖြဲ႕အစည္းအမ်ားအျပားရဲ႕ မဲေပးမႈနဲ႔အတူ တိုက္တစ္ခုခ်င္းစီက ထိပ္သီးလိဂ္ေတြမွာ ကစားေနတဲ့ ပါရမီရွင္ ၂၁ ႏွစ္ေအာက္ ကစားသမားေတြကို ေ႐ြးခ်ယ္ေပးအပ္ေနတာျဖစ္ပါတယ္။ Golden Boy ဆုကို ရရွိခဲ့ဖူးတဲ့ ေနာက္ခံကစားသမား တစ္ဦးသာ ရွိေသးၿပီး ၂၀၁၈ ခုႏွစ္မွာ အိုင္းယက္စ္နဲ႔ အထင္ႀကီးဖြယ္ေျခစြမ္းျပသခဲ့တဲ့ ဒီ လစ္တ္က ရရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.