Premier League

ကြင္းလယ္ကစားသမားေကာင္းတစ္ဦးျဖစ္ေအာင္ ရြဳိင္းကီးန္နဲ႔ နာမည္ႀကီးေတြကို နမူနာယူခဲ့တဲ့ မက္ေတာ္မီေနး

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ကစားသမား စေကာ့ မက္ေတာ္မီေနးက သူ႕အေနနဲ႔ Box to Box အခန္းက႑မွာ ပိုမိုေကာင္းမြန္လာဖို႔နဲ႔ သူ႕ရဲ႕ ကစားပုံအဆင့္အတန္း ျမင့္မားလာဖို႔ အသင္းဂႏၴဝင္ေခါင္းေဆာင္ေဟာင္း ရြဳိင္းကီးန္နဲ႔ တျခားကစားသမားေကာင္းတခ်ဳိ႕ကို အတုယူေလ့က်င့္ခဲ့တယ္လုိ႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ကြင္းလယ္မွာ မခိုမကပ္တဲ့ ကစားပုံေၾကာင့္ ယူႏုိက္တက္ပရိသတ္ေတြအျပင္ ၿပဳိင္ဘက္အသင္းပရိသတ္ေတြရဲ႕ သတိထားမွဳကိုပါ ရရွိထားတဲ့ စေကာ့တလန္သားအေနနဲ႔ လက္ရွိေအာင္ျမင္မွဳအေနအထားေပၚမွာ သာယာေက်နပ္ေနျခင္းမရွိဘဲ ပုိမိုတုိးတက္လာေအာင္ ႀကဳိးစားေလ့က်င့္ေနဆဲျဖစ္တယ္လို႔လည္း ဆုိပါတယ္။

“တစ္ေယာက္ေယာက္က ထူးခၽြန္ၿပီး အတုယူစရာ ကစားသမားေကာင္းမ်ဳိးျဖစ္မယ္ဆုိရင္ သူ႕အတုိင္း ကၽြန္ေတာ္လုိက္ၿပီး လုပ္ၾကည့္တာပဲဗ်။ ေပါ့ဘာလို တစ္ဖက္ကစားသမားေတြကို ျဖတ္ေက်ာ္ၿပီး ဂိုးဧရိယာထဲကို ေဘာလုံးခ်ေပးတာမ်ဳိး ဖန္တီးေပးတာမ်ဳိးလည္း ကၽြန္ေတာ္ ေလ့က်င့္ခဲ့ပါတယ္။ အျမဲတမ္း အဓိကထားၿပီး ေလ့က်င့္တာကေတာ့ Box to Box ကစားသမားတစ္ေယာက္အျဖစ္ ဟန္ခ်က္ညီဖို႔ပါပဲ”လို႔ မက္ေတာ္မီေနးက ဆုိပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ ကြင္းလယ္လူက သူ႕ရဲ႕ အခန္းက႑မွာ အတူယူစရာ ကစားသမားေတြ အမ်ားႀကီးရွိခဲ့ေၾကာင္းနဲ႔ ဒီထဲကမွ အသင္းေခါင္းေဆာင္ေဟာင္း ရြဳိင္းကီးန္၊ အာဆင္နယ္ကစားသမားေဟာင္း ပက္ထရစ္ ဗီယာရာနဲ႔ ျပင္သစ္ဂႏၴဝင္ကြင္းလယ္လူ ဇီနီဒန္း ဇီဒန္းတုိ႔ရဲ႕ ကစားပုံ ဗီဒီယိုေတြကို ၾကည့္ၿပီး အတုယူေလ့က်င္ခဲ့တယ္လို႔လည္း ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္မွာ အသင္းႀကီးကို စတင္တက္ေရာက္ကစားခြင့္ ရရွိခဲ့ၿပီး နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားလက္ထက္မွာ ပုိမိုအခြင့္အေရးရလာခဲ့တဲ့ မက္ေတာ္မီေနးဟာ ကြင္းလယ္ရဲ႕ ဟန္ခ်က္ညီကစားပုံနဲ႔ လုပ္အားႏွဳန္းမွာ ဘ႐ူႏုိ ဖာနန္ဒက္စ္အေနနဲ႔ တုိက္စစ္မွာ အာ႐ုံစိုက္ ေျခစြမ္းျပႏုိင္ဖို႔ တာဝန္ယူေပးထားသူလည္းျဖစ္ၿပီး ပရိသတ္ သိပ္မခ်စ္တဲ့ ေပါ့ဘာရဲ႕ ေနရာကိုလည္း သူ႕ရဲ႕ လူႀကဳိက္မ်ားမွဳနဲ႔ ၿခိမ္းေျခာက္လာႏိုင္ခဲ့တာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား စကော့ မက်တော်မီနေးက သူ့အနေနဲ့ Box to Box အခန်းကဏ္ဍမှာ ပိုမိုကောင်းမွန်လာဖို့နဲ့ သူ့ရဲ့ ကစားပုံအဆင့်အတန်း မြင့်မားလာဖို့ အသင်းဂန္ထဝင်ခေါင်းဆောင်ဟောင်း ရွိုင်းကီးန်နဲ့ တခြားကစားသမားကောင်းတချို့ကို အတုယူလေ့ကျင့်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ကွင်းလယ်မှာ မခိုမကပ်တဲ့ ကစားပုံကြောင့် ယူနိုက်တက်ပရိသတ်တွေအပြင် ပြိုင်ဘက်အသင်းပရိသတ်တွေရဲ့ သတိထားမှုကိုပါ ရရှိထားတဲ့ စကော့တလန်သားအနေနဲ့ လက်ရှိအောင်မြင်မှုအနေအထားပေါ်မှာ သာယာကျေနပ်နေခြင်းမရှိဘဲ ပိုမိုတိုးတက်လာအောင် ကြိုးစားလေ့ကျင့်နေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

“တစ်ယောက်ယောက်က ထူးချွန်ပြီး အတုယူစရာ ကစားသမားကောင်းမျိုးဖြစ်မယ်ဆိုရင် သူ့အတိုင်း ကျွန်တော်လိုက်ပြီး လုပ်ကြည့်တာပဲဗျ။ ပေါ့ဘာလို တစ်ဖက်ကစားသမားတွေကို ဖြတ်ကျော်ပြီး ဂိုးဧရိယာထဲကို ဘောလုံးချပေးတာမျိုး ဖန်တီးပေးတာမျိုးလည်း ကျွန်တော် လေ့ကျင့်ခဲ့ပါတယ်။ အမြဲတမ်း အဓိကထားပြီး လေ့ကျင့်တာကတော့ Box to Box ကစားသမားတစ်ယောက်အဖြစ် ဟန်ချက်ညီဖို့ပါပဲ”လို့ မက်တော်မီနေးက ဆိုပါတယ်။

အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူက သူ့ရဲ့ အခန်းကဏ္ဍမှာ အတူယူစရာ ကစားသမားတွေ အများကြီးရှိခဲ့ကြောင်းနဲ့ ဒီထဲကမှ အသင်းခေါင်းဆောင်ဟောင်း ရွိုင်းကီးန်၊ အာဆင်နယ်ကစားသမားဟောင်း ပက်ထရစ် ဗီယာရာနဲ့ ပြင်သစ်ဂန္ထဝင်ကွင်းလယ်လူ ဇီနီဒန်း ဇီဒန်းတို့ရဲ့ ကစားပုံ ဗီဒီယိုတွေကို ကြည့်ပြီး အတုယူလေ့ကျင်ခဲ့တယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ အသင်းကြီးကို စတင်တက်ရောက်ကစားခွင့် ရရှိခဲ့ပြီး နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားလက်ထက်မှာ ပိုမိုအခွင့်အရေးရလာခဲ့တဲ့ မက်တော်မီနေးဟာ ကွင်းလယ်ရဲ့ ဟန်ချက်ညီကစားပုံနဲ့ လုပ်အားနှုန်းမှာ ဘရူနို ဖာနန်ဒက်စ်အနေနဲ့ တိုက်စစ်မှာ အာရုံစိုက် ခြေစွမ်းပြနိုင်ဖို့ တာဝန်ယူပေးထားသူလည်းဖြစ်ပြီး ပရိသတ် သိပ်မချစ်တဲ့ ပေါ့ဘာရဲ့ နေရာကိုလည်း သူ့ရဲ့ လူကြိုက်များမှုနဲ့ ခြိမ်းခြောက်လာနိုင်ခဲ့တာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.