Bundesliga Premier League Transfer News

ေဈးႏွဳန္းေလ်ာ့က်လာခဲ့ေပမယ့္ အူပါမီကာႏိုအတြက္ လက္တြန္႔ေနဆဲ အာဆင္နယ္

အာဆင္နယ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ဦးစားေပးပစ္မွတ္ျဖစ္တဲ့ RB လုိက္ပ္ဇစ္ေနာက္ခံလူ ဒါယို အူပါမီကာႏိုအတြက္ ဂ်ာမန္ကလပ္ဘက္က ေဈးႏွဳန္းေလွ်ာ့ခ်ေပးခဲ့ေပမယ့္ ေခၚယူဖို႔ လုပ္ေဆာင္ႏုိင္ျခင္း မရွိေသးဘဲ လက္ရွိဘတ္ဂ်က္အေနအထားအရ လက္တြန္႔ေနဆဲျဖစ္တယ္လို႔ ဆုိပါတယ္။

ၿပီးခဲ့တဲ့ ေႏြရာသီက ေပါင္ ၇၅ သန္း တန္ေၾကးရွိခဲ့တဲ့ အူပါမီကာႏိုရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးဟာ လာမယ့္ေႏြရာသီမွာ ေပါင္ ၅၅ သန္းကို ေလ်ာ့က်သြားမွာ ျဖစ္ေပမယ့္ RB လုိက္ပ္ဇစ္ဘက္ကေတာ့ တစ္ႏွစ္သာ စာခ်ဳပ္က်န္ေတာ့တဲ့ သူတို႔ကစားသမားကို သင့္ေတာ္တဲ့ ကမ္းလွမ္းမွဳရရွိရင္ ေရာင္းခ်သြားမယ္အေနနဲ႔ ေပါင္ ၃၅ သန္းလို႔ ျပင္ဆင္သတ္မွတ္လုိက္တာလည္းျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ ျပင္သစ္ေနာက္ခံလူဟာ ဥေရာပရဲ႕ အထြန္းေတာက္ဆုံး လူငယ္ၾကယ္ပြင့္ေတြထဲက တစ္ဦးျဖစ္ၿပီး သူ႕ရဲ႕ ႀကံ့ခိုင္ေတာင့္တင္းတဲ့ ကစားဟန္နဲ႔ နည္းျပ မီခယ္လ္ အာတီတာ သေဘာက်တဲ့ Ball Playing စြမ္းရည္တုိ႔က အာဆင္နယ္ပရိသတ္ေတြကို မ်က္စိက်ေစၿပီး ေခၚယူေပးေစလိုေနတာလည္း ျဖစ္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ သူ႕ကို စိတ္ဝင္စားတာ မွန္ေပမယ့္ လက္ရွိဘဏၰာေရးအေျခအေနအရ ေခၚယူႏုိင္ဖြယ္ မရွိေသးဘဲ သူတုိ႔အေနနဲ႔ အငွားနဲ႔ အလဲအထပ္ေတြကို အဓိက ေဆာင္ရြက္သြားရမယ္လို႔ ဆုိထားခ်ိန္မွာ Sell to Buy ဆိုၿပီး ကစားသမားေတြကို ေရာင္းခ်ၿပီးမွ ေခၚယူသြားႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

နည္းျပ အာတီတာအေနနဲ႔ေတာ့ ဒီရာသီကုန္မွာ ေနာက္ခံလူေတြျဖစ္ၾကတဲ့ ေရာ့ဘ္ ဟိုးလ္ဒင္း၊ ရွကိုဒရန္ မူစတာဖီနဲ႔ ဆိုကရာတစ္ ပါပါစတာသိုပူးေလာ့စ္တုိ႔ကို ေရာင္းထုတ္ရာကေန ေပါင္သန္း ၃၀ ေလာက္ ရွာေဖြႏုိင္မယ္လုိ႔ ခန္႔မွန္းရၿပီး အာဆင္နယ္အသင္းအေနနဲ႔ ဒီၾကားထဲမွာ တျခားအသင္းေတြ အူပါမီကာႏုိကို လက္ဦးမွဳ ရယူမသြားဖို႔ေတာ့ ေမွ်ာ္လင့္ထားရမွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ဦးစားပေးပစ်မှတ်ဖြစ်တဲ့ RB လိုက်ပ်ဇစ်နောက်ခံလူ ဒါယို အူပါမီကာနိုအတွက် ဂျာမန်ကလပ်ဘက်က ဈေးနှုန်းလျှော့ချပေးခဲ့ပေမယ့် ခေါ်ယူဖို့ လုပ်ဆောင်နိုင်ခြင်း မရှိသေးဘဲ လက်ရှိဘတ်ဂျက်အနေအထားအရ လက်တွန့်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ပေါင် ၇၅ သန်း တန်ကြေးရှိခဲ့တဲ့ အူပါမီကာနိုရဲ့ စာချုပ်လျော်ကြေးဟာ လာမယ့်နွေရာသီမှာ ပေါင် ၅၅ သန်းကို လျော့ကျသွားမှာ ဖြစ်ပေမယ့် RB လိုက်ပ်ဇစ်ဘက်ကတော့ တစ်နှစ်သာ စာချုပ်ကျန်တော့တဲ့ သူတို့ကစားသမားကို သင့်တော်တဲ့ ကမ်းလှမ်းမှုရရှိရင် ရောင်းချသွားမယ်အနေနဲ့ ပေါင် ၃၅ သန်းလို့ ပြင်ဆင်သတ်မှတ်လိုက်တာလည်းဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ပြင်သစ်နောက်ခံလူဟာ ဥရောပရဲ့ အထွန်းတောက်ဆုံး လူငယ်ကြယ်ပွင့်တွေထဲက တစ်ဦးဖြစ်ပြီး သူ့ရဲ့ ကြံ့ခိုင်တောင့်တင်းတဲ့ ကစားဟန်နဲ့ နည်းပြ မီခယ်လ် အာတီတာ သဘောကျတဲ့ Ball Playing စွမ်းရည်တို့က အာဆင်နယ်ပရိသတ်တွေကို မျက်စိကျစေပြီး ခေါ်ယူပေးစေလိုနေတာလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ သူ့ကို စိတ်ဝင်စားတာ မှန်ပေမယ့် လက်ရှိဘဏ္ဏာရေးအခြေအနေအရ ခေါ်ယူနိုင်ဖွယ် မရှိသေးဘဲ သူတို့အနေနဲ့ အငှားနဲ့ အလဲအထပ်တွေကို အဓိက ဆောင်ရွက်သွားရမယ်လို့ ဆိုထားချိန်မှာ Sell to Buy ဆိုပြီး ကစားသမားတွေကို ရောင်းချပြီးမှ ခေါ်ယူသွားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

နည်းပြ အာတီတာအနေနဲ့တော့ ဒီရာသီကုန်မှာ နောက်ခံလူတွေဖြစ်ကြတဲ့ ရော့ဘ် ဟိုးလ်ဒင်း၊ ရှကိုဒရန် မူစတာဖီနဲ့ ဆိုကရာတစ် ပါပါစတာသိုပူးလော့စ်တို့ကို ရောင်းထုတ်ရာကနေ ပေါင်သန်း ၃၀ လောက် ရှာဖွေနိုင်မယ်လို့ ခန့်မှန်းရပြီး အာဆင်နယ်အသင်းအနေနဲ့ ဒီကြားထဲမှာ တခြားအသင်းတွေ အူပါမီကာနိုကို လက်ဦးမှု ရယူမသွားဖို့တော့ မျှော်လင့်ထားရမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.