International

ဆိုးရွားလွန်းတဲ့ ပုံစံအတွက် ဆင်ခြေပေးမနေနဲ့လို့ အပြောခံနေရတဲ့ မက်ဆီ

လီယွန်နယ် မက်ဆီရဲ့ သောကြာနေ့နံနက်က ၎င်းနဲ့ အာဂျင်တီးနားအသင်းဖော်တွေဟာ ဘာကြောင့် ပုံမှန်စွမ်းဆောင်ရည်အောက် ကျဆင်းနေရလဲဆိုတာ အကြောင်းပြချက်အချို့ပေးပြီး ရှင်းလင်းခဲ့တဲ့ ပို့စ်ဟာ ပရိသတ်အချို့ရဲ့ စိတ်ကို မဖျောင်းဖျနိုင်ခဲ့တာဖြစ်ပါတယ်။

ပီရူးအသင်းကို လော်တာရို မာတီနက်ဇ်ရဲ့ ဂိုးကြောင့် ၁-၀ နဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း အိမ်ကွင်းအသင်းဟာ ၎င်းတို့ရဲ့ အရည်အချင်းတွေနဲ့ အကောင်းဆုံးပုံစံမှာ မကစားနိုင်ခဲ့တာဖြစ်ပြီး ပွဲအပြီး နာရီအနည်းငယ်အကြာမှာ မက်ဆီက အဲဒီကိစ္စကို အင်စတာဂရမ်မှာ ရှင်းလင်းပြောကြားဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူးဟာ ၎င်းနဲ့ အာဂျင်တီးနားအသင်းဖော်တွေရဲ့ ဓာတ်ပုံနဲ့အတူ “ခက်ခဲကြမ်းတမ်းတဲ့ပွဲစဉ်ပါ။ လေပြင်းတွေ အများကြီးတိုက်ခတ်ခဲ့ပါတယ်။ သူတို့တွေကလည်း နေရာလွတ်အနည်းငယ်သာ ပေးခဲ့ပါတယ်။ ဒိုင်လူကြီးက ကျွန်တော်တို့ဆီ ညွှန်ပြတဲ့အခါတိုင်း တူညီတဲ့အရာကိုပဲ လုပ်ခဲ့တယ်။ အဲဒါက သူ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တဲ့ပုံပေါ်ပါတယ်”

“ဒါပေမယ့်လည်း အရေးကြီးတဲ့ ၃ မှတ်က ကျွန်တော်တို့ရဲ့ ပန်းတိုင်နဲ့ ပိုနီးစပ်အောင် ခေါ်ဆောင်ခဲ့ပါတယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ မက်ဆီ ရေးသားခဲ့တဲ့ ပို့စ်ဟာ ပရိသတ်တွေဆီက များသောအားဖြင့် နှစ်သက်မှုရရှိခဲ့တယ်လို့ ပြောရမှာဖြစ်ပြီး တင်တင်ချင်းမှာပဲ ပရိသတ်ပေါင်း ၃.၆ သန်းက နှစ်သက်ကြောင်း ပြသခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အခြားပရိသတ်တွေကတော့ အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးကို ၎င်းရဲ့ စွမ်းဆောင်ရည်အပြင် အခြားအချက်တွေကြောင့် ပြစ်တင်ဝေဖန်ကြဖို့ပဲ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ တွစ်တာမှာ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ပရိသတ်တွေဟာ ကိုယ့်ရဲ့ဆိုးရွားတဲ့စွမ်းဆောင်ရည်အပေါ် မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်က တုံ့ပြန်ခဲ့တာနဲ့ မက်ဆီရဲ့ တုံ့ပြန်ခဲ့ပုံနဲ့ နှိုင်းယှဉ်ခဲ့ကြတာဖြစ်ပါတယ်။

မက်ဆီက ခြေစွမ်းမပြသနိုင်ခဲ့တာကို လေပြင်းအပေါ်ကို ပုံချခဲ့တာက အာဂျင်တီးနားကြယ်ပွင့်ကို အပြစ်တင်ချင်တဲ့သူတွေရဲ့ အဓိကပြောစရာဖြစ်ခဲ့တာဖြစ်ပြီး လူမှုကွန်ရက်မှာ ပြစ်တင်ရှုတ်ချမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

“အကြောင်းပြချက်တွေ ပေးနေတာ ရပ်လိုက်ပါတော့။ ခင်ဗျားရဲ့ နည်းပြ၊ အသင်းဖော်တွေ၊ ဒိုင်လူကြီးနဲ့ ခင်ဗျားရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကို အပြစ်တင်နေတာ ရပ်လိုက်ပါ။ ကိုယ့်အမှားကိုယ်ဝန်ခံပါ။ ကိုယ်မှားတာ လက်ခံပါ။ အလုပ်ကို ပိုကြိုးစားပြီး လုပ်ပါ”လို့ ရေးသားထားတဲ့ ရော်နယ်ဒိုရဲ့ ပြောစကားကို အဓိကမီးမောင်းထိုးပြပြီး လေပြင်းတိုက်ခတ်မှုနဲ့ ဒိုင်လူကြီးကို အပြစ်တင်တဲ့ မက်ဆီရဲ့ အကြောင်းပြချက်ကို နှိုင်းယှဉ်ပြခဲ့ကြတာဖြစ်ပါတယ်။

“မက်ဆီပရိသတ်တွေက လူဇင်ဘတ်နဲ့ပွဲမှာ ရော်နယ်ဒို ဟက်ထရစ်သွင်းတုန်းက အသံတွေ တော်တော်ထွက်ခဲ့ကြပြီး မက်ဆီက ပီရူးနဲ့ပွဲမှာ လေနဲ့ ဒိုင်လူကြီးကို အပြစ်တင်တာကျ အသံမထွက်ဘူး”လို့ တွစ်တာအသုံးပြုသူတစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီရဲ႕ ေသာၾကာေန႔နံနက္က ၎နဲ႔ အာဂ်င္တီးနားအသင္းေဖာ္ေတြဟာ ဘာေၾကာင့္ ပုံမွန္စြမ္းေဆာင္ရည္ေအာက္ က်ဆင္းေနရလဲဆိုတာ အေၾကာင္းျပခ်က္အခ်ိဳ႕ေပးၿပီး ရွင္းလင္းခဲ့တဲ့ ပို႔စ္ဟာ ပရိသတ္အခ်ိဳ႕ရဲ႕ စိတ္ကို မေဖ်ာင္းဖ်ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပီ႐ူးအသင္းကို ေလာ္တာ႐ို မာတီနက္ဇ္ရဲ႕ ဂိုးေၾကာင့္ ၁-၀ နဲ႔ အႏိုင္ရရွိခဲ့ေပမယ့္လည္း အိမ္ကြင္းအသင္းဟာ ၎တို႔ရဲ႕ အရည္အခ်င္းေတြနဲ႔ အေကာင္းဆုံးပုံစံမွာ မကစားႏိုင္ခဲ့တာျဖစ္ၿပီး ပြဲအၿပီး နာရီအနည္းငယ္အၾကာမွာ မက္ဆီက အဲဒီကိစၥကို အင္စတာဂရမ္မွာ ရွင္းလင္းေျပာၾကားဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီတိုက္စစ္မႉးဟာ ၎နဲ႔ အာဂ်င္တီးနားအသင္းေဖာ္ေတြရဲ႕ ဓာတ္ပုံနဲ႔အတူ “ခက္ခဲၾကမ္းတမ္းတဲ့ပြဲစဥ္ပါ။ ေလျပင္းေတြ အမ်ားႀကီးတိုက္ခတ္ခဲ့ပါတယ္။ သူတို႔ေတြကလည္း ေနရာလြတ္အနည္းငယ္သာ ေပးခဲ့ပါတယ္။ ဒိုင္လူႀကီးက ကြၽန္ေတာ္တို႔ဆီ ၫႊန္ျပတဲ့အခါတိုင္း တူညီတဲ့အရာကိုပဲ လုပ္ခဲ့တယ္။ အဲဒါက သူ ရည္႐ြယ္ခ်က္ရွိရွိနဲ႔ လုပ္ခဲ့တဲ့ပုံေပၚပါတယ္”

“ဒါေပမယ့္လည္း အေရးႀကီးတဲ့ ၃ မွတ္က ကြၽန္ေတာ္တို႔ရဲ႕ ပန္းတိုင္နဲ႔ ပိုနီးစပ္ေအာင္ ေခၚေဆာင္ခဲ့ပါတယ္”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။ မက္ဆီ ေရးသားခဲ့တဲ့ ပို႔စ္ဟာ ပရိသတ္ေတြဆီက မ်ားေသာအားျဖင့္ ႏွစ္သက္မႈရရွိခဲ့တယ္လို႔ ေျပာရမွာျဖစ္ၿပီး တင္တင္ခ်င္းမွာပဲ ပရိသတ္ေပါင္း ၃.၆ သန္းက ႏွစ္သက္ေၾကာင္း ျပသခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ အျခားပရိသတ္ေတြကေတာ့ အသက္ ၃၄ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို ၎ရဲ႕ စြမ္းေဆာင္ရည္အျပင္ အျခားအခ်က္ေတြေၾကာင့္ ျပစ္တင္ေဝဖန္ၾကဖို႔ပဲ ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ တြစ္တာမွာ ခရစၥတီယာႏို ေရာ္နယ္ဒိုရဲ႕ ပရိသတ္ေတြဟာ ကိုယ့္ရဲ႕ဆိုး႐ြားတဲ့စြမ္းေဆာင္ရည္အေပၚ မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္က တုံ႔ျပန္ခဲ့တာနဲ႔ မက္ဆီရဲ႕ တုံ႔ျပန္ခဲ့ပုံနဲ႔ ႏႈိင္းယွဥ္ခဲ့ၾကတာျဖစ္ပါတယ္။

မက္ဆီက ေျခစြမ္းမျပသႏိုင္ခဲ့တာကို ေလျပင္းအေပၚကို ပုံခ်ခဲ့တာက အာဂ်င္တီးနားၾကယ္ပြင့္ကို အျပစ္တင္ခ်င္တဲ့သူေတြရဲ႕ အဓိကေျပာစရာျဖစ္ခဲ့တာျဖစ္ၿပီး လူမႈကြန္ရက္မွာ ျပစ္တင္ရႈတ္ခ်မႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

“အေၾကာင္းျပခ်က္ေတြ ေပးေနတာ ရပ္လိုက္ပါေတာ့။ ခင္ဗ်ားရဲ႕ နည္းျပ၊ အသင္းေဖာ္ေတြ၊ ဒိုင္လူႀကီးနဲ႔ ခင္ဗ်ားရဲ႕ ဆိုး႐ြားတဲ့ စြမ္းေဆာင္ရည္ကို အျပစ္တင္ေနတာ ရပ္လိုက္ပါ။ ကိုယ့္အမွားကိုယ္ဝန္ခံပါ။ ကိုယ္မွားတာ လက္ခံပါ။ အလုပ္ကို ပိုႀကိဳးစားၿပီး လုပ္ပါ”လို႔ ေရးသားထားတဲ့ ေရာ္နယ္ဒိုရဲ႕ ေျပာစကားကို အဓိကမီးေမာင္းထိုးျပၿပီး ေလျပင္းတိုက္ခတ္မႈနဲ႔ ဒိုင္လူႀကီးကို အျပစ္တင္တဲ့ မက္ဆီရဲ႕ အေၾကာင္းျပခ်က္ကို ႏႈိင္းယွဥ္ျပခဲ့ၾကတာျဖစ္ပါတယ္။

“မက္ဆီပရိသတ္ေတြက လူဇင္ဘတ္နဲ႔ပြဲမွာ ေရာ္နယ္ဒို ဟက္ထရစ္သြင္းတုန္းက အသံေတြ ေတာ္ေတာ္ထြက္ခဲ့ၾကၿပီး မက္ဆီက ပီ႐ူးနဲ႔ပြဲမွာ ေလနဲ႔ ဒိုင္လူႀကီးကို အျပစ္တင္တာက် အသံမထြက္ဘူး”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.