Match Report Other

ဒရော့ဂ်ဘာရဲ့ ဟက်ထရစ်သွင်းတာခံခဲ့ရပြီး အတိတ်တစ္ဆေ ထပ်မံခြောက်လှန့်ခံခဲ့ရပြန်တဲ့ အာစင်ဝင်းဂါး

ချဲလ်ဆီးဂန္တဝင်တိုက်စစ်မှူး ဒီဒီယာ ဒရော့ဂ်ဘာဟာ ရန်ပုံငွေပွဲစဉ်ဖြစ်တဲ့ မာဆေးလ်ဂန္တဝင်များအသင်းနဲ့ ယူနီဆက်ဖ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချစ်ကြည်ရေးခြေစမ်းပွဲစဉ်မှာ တစ်ဦးတည်း ၃ ဂိုး ဟက်ထရစ်သွင်းယူပြပြီး အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးကို နောက်ထပ်တစ်ကြိမ် ထပ်မံခြောက်လှန့်ခဲ့ပါတယ်။

ဒရော့ဂ်ဘာဟာ ချဲလ်ဆီးအသင်းအတွက် ကစားပေးခဲ့တဲ့ကာလအတွင်း အာစင်ဝင်းဂါးကိုင်တွယ်ခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ၁၆ ကြိမ် တွေ့ဆုံခဲ့ရာမှာ ၁၅ ဂိုးအထိ သွင်းယူပြီး အာဆင်နယ်ဂန္တဝင်နည်းပြကြီးကို ခြောက်လှန့်နိုင်ခဲ့တာဖြစ်ပါတယ်။ မာဆေးလ်ဂန္တဝင်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူနီဆက်ဖ်အသင်းကို နည်းပြအဖြစ် ပြန်လည်ကိုင်တွယ်ခဲ့တဲ့ အာစင်ဝင်းဂါးဟာ နည်းပြဘဝရဲ့ နာကျင်ခံစားမှုနဲ့ပတ်သက်ပြီး ဒရော့ဂ်ဘာရဲ့ သတိပေးခြင်းကို ထပ်မံ ခံစားခဲ့ရတာဖြစ်ပါတယ်။

ကစားသမားဘဝကနေ အနားယူခဲ့တာ ၃ နှစ်ကြာခဲ့ပြီဖြစ်ပေမယ့်လည်း ချဲလ်ဆီးတိုက်စစ်မှူးဟောင်းဟာ ဗုဒ္ဓဟူးနေ့ညက ရန်ပုံငွေပွဲစဉ်အတွင်း ကမ္ဘာ့အဆင့် ခြေစွမ်း ပျောက်ဆုံးသွားခြင်းမရှိသေးဘူးဆိုတာကို ပြသနိုင်ခဲ့တာဖြစ်ပြီး အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးကလည်း ၂၀၁၈ ခုနှစ်မှာ အမ်းမရိတ်စ်ကို စွန့်ခွာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယူနီဆက်ဖ်အသင်းကို နည်းပြအဖြစ် ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။

ရန်ပုံငွေပွဲစဉ်သာဖြစ်လို့ သရုပ်ပြပွဲတစ်ပွဲထက် မပိုခဲ့ပေမယ့်လည်း ချဲလ်ဆီးတိုက်စစ်မှူးကတော့ သူ နှစ်ပေါင်းများစွာ အကောင်းဆုံးလုပ်နိုင်ခဲ့တဲ့အရာကို လုပ်ပြရမှ ကျေနပ်တယ်ဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။ အာစင်ဝင်းဂါးရဲ့ ယူနီဆက်ဖ်အသင်းက ဗယ်လိုဒရုမ်းကွင်းမှာ ၂-၁ နဲ့ စောစောစီးစီး ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပြီး ဒရော့ဂ်ဘာက ဟက်ထရစ်သွင်းယူခဲ့တာကြောင့် မာဆေးလ်ဂန္တဝင်အသင်းက ၇ ဂိုး ၄ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ကြယ်ပွင့်ဟောင်းတွေဖြစ်ကြတဲ့ ရောဘတ် ပီးရက်စ်၊ ဖလာမီနီ၊ နာဆရီ၊ ယန်းစ် လေမန်းတို့လည်း ပါဝင်ကစားပေးခဲ့ကြပေမယ့်လည်း ချဲလ်ဆီးဂန္တဝင်တိုက်စစ်မှူးက အားလုံးရဲ့ အာရုံစိုက်မှုကို ဆွဲယူနိုင်ခဲ့တာဖြစ်ပြီး အာစင်ဝင်းဂါးဟာ ကစားသမား ၁၆ ဦးအထိ လဲလှယ်ပြီး အသင်းရဲ့ရလဒ်ကို ပြန်ပြောင်းလဲဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ အရှုံးပေးခဲ့ရတာစြဖ်ပါတယ်။

ချဲလ်ဆီးတိုက်စစ်မှူး ဒရော့ဂ်ဘာအနေနဲ့ အာစင်ဝင်းဂါးကို ခြောက်လှန့်ဖို့ ပြန်လာခဲ့တာ ဒီပွဲစဉ်က ပထမဆုံးအကြိမ်တော့ မဟုတ်ခဲ့ဘဲ ၂၀၁၆ ခုနှစ်တုန်းက မေဂျာလိဂ်ကြယ်စင်စုအသင်းမှာ ကစားနေတုန်းကလည်း ရာသီကြို ပွဲစဉ်မှာ အာဆင်နယ်အသင်းဘက်ကို ဂိုးသွင်းယူခဲ့သေးတာဖြစ်ပါတယ်။ ဒရော့ဂ်ဘာဟာ ချဲလ်ဆီးအသင်းမှာ ကစားခဲ့တဲ့ကာလအတွင်း စုစုပေါင်း ၃၈၁ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁၆၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ရန်ပုံငွေ ပွဲစဉ်မတိုင်မီ အာစင်ဝင်းဂါးက အဝတ်လဲခန်းထဲမှာ ကစားသမားတွေကို အတိုချိုး ညွှန်ကြားမှုအချို့ ပေးခဲ့ပါသေးတယ်။

“ဘောလုံးကစားတာက အရမ်းကို ရိုးရှင်းတယ်။ ခင်ဗျား ဘောလုံးကို ထိန်းတယ်။ ခင်ဗျား ကောင်းမွန်တဲ့ဆုံးဖြတ်ချက်ကို ချပြီး ပြီးတဲ့နောက်မှာ ခင်ဗျား လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့အရာကို ကောင်းကောင်း အဆုံးသတ်တယ်”လို့ ပြောကြားခဲ့ပါတယ်။ အာစင်ဝင်းဂါးဟာ လက်ရှိမှာတော့ နည်းပြအခန်းကဏ္ဍမဟုတ်တဲ့ ဖီဖာရဲ့ ကမ္ဘာလုံးဆိုင်ရာဘောလုံးတိုးတက်ဖွံ့ဖြိုးရေးအကြီးအကဲအဖြစ် မတူညီတဲ့ တာဝန်ကို ထမ်းဆောင်နေပြီး ၎င်းရဲ့ ၂ နှစ်တစ်ကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ အဆိုပြုချက်ဟာ ပြစ်တင်ဝေဖန်ခြင်း ခံနေရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးဂႏၲဝင္တိုက္စစ္မႉး ဒီဒီယာ ဒေရာ့ဂ္ဘာဟာ ရန္ပုံေငြပြဲစဥ္ျဖစ္တဲ့ မာေဆးလ္ဂႏၲဝင္မ်ားအသင္းနဲ႔ ယူနီဆက္ဖ္အသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်စ္ၾကည္ေရးေျခစမ္းပြဲစဥ္မွာ တစ္ဦးတည္း ၃ ဂိုး ဟက္ထရစ္သြင္းယူျပၿပီး အာဆင္နယ္နည္းျပေဟာင္း အာစင္ဝင္းဂါးကို ေနာက္ထပ္တစ္ႀကိမ္ ထပ္မံေျခာက္လွန႔္ခဲ့ပါတယ္။

ဒေရာ့ဂ္ဘာဟာ ခ်ဲလ္ဆီးအသင္းအတြက္ ကစားေပးခဲ့တဲ့ကာလအတြင္း အာစင္ဝင္းဂါးကိုင္တြယ္ခဲ့တဲ့ အာဆင္နယ္အသင္းနဲ႔ ၁၆ ႀကိမ္ ေတြ႕ဆုံခဲ့ရာမွာ ၁၅ ဂိုးအထိ သြင္းယူၿပီး အာဆင္နယ္ဂႏၲဝင္နည္းျပႀကီးကို ေျခာက္လွန႔္နိုင္ခဲ့တာျဖစ္ပါတယ္။ မာေဆးလ္ဂႏၲဝင္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ယူနီဆက္ဖ္အသင္းကို နည္းျပအျဖစ္ ျပန္လည္ကိုင္တြယ္ခဲ့တဲ့ အာစင္ဝင္းဂါးဟာ နည္းျပဘဝရဲ့ နာက်င္ခံစားမႈနဲ႔ပတ္သက္ၿပီး ဒေရာ့ဂ္ဘာရဲ့ သတိေပးျခင္းကို ထပ္မံ ခံစားခဲ့ရတာျဖစ္ပါတယ္။

ကစားသမားဘဝကေန အနားယူခဲ့တာ ၃ ႏွစ္ၾကာခဲ့ၿပီျဖစ္ေပမယ့္လည္း ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္းဟာ ဗုဒၶဟူးေန႔ညက ရန္ပုံေငြပြဲစဥ္အတြင္း ကမၻာ့အဆင့္ ေျခစြမ္း ေပ်ာက္ဆုံးသြားျခင္းမရွိေသးဘူးဆိုတာကို ျပသနိုင္ခဲ့တာျဖစ္ၿပီး အာဆင္နယ္နည္းျပေဟာင္း အာစင္ဝင္းဂါးကလည္း ၂၀၁၈ ခုႏွစ္မွာ အမ္းမရိတ္စ္ကို စြန႔္ခြာၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ယူနီဆက္ဖ္အသင္းကို နည္းျပအျဖစ္ ကိုင္တြယ္ခဲ့တာျဖစ္ပါတယ္။

ရန္ပုံေငြပြဲစဥ္သာျဖစ္လို႔ သ႐ုပ္ျပပြဲတစ္ပြဲထက္ မပိုခဲ့ေပမယ့္လည္း ခ်ဲလ္ဆီးတိုက္စစ္မႉးကေတာ့ သူ ႏွစ္ေပါင္းမ်ားစြာ အေကာင္းဆုံးလုပ္နိုင္ခဲ့တဲ့အရာကို လုပ္ျပရမွ ေက်နပ္တယ္ဆိုတာကို ျပသခဲ့တာျဖစ္ပါတယ္။ အာစင္ဝင္းဂါးရဲ့ ယူနီဆက္ဖ္အသင္းက ဗယ္လိုဒ႐ုမ္းကြင္းမွာ ၂-၁ နဲ႔ ေစာေစာစီးစီး ဦးေဆာင္ထားနိုင္ခဲ့တာျဖစ္ၿပီး ဒေရာ့ဂ္ဘာက ဟက္ထရစ္သြင္းယူခဲ့တာေၾကာင့္ မာေဆးလ္ဂႏၲဝင္အသင္းက ၇ ဂိုး ၄ ဂိုးနဲ႔ အနိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ၾကယ္ပြင့္ေဟာင္းေတြျဖစ္ၾကတဲ့ ေရာဘတ္ ပီးရက္စ္၊ ဖလာမီနီ၊ နာဆရီ၊ ယန္းစ္ ေလမန္းတို႔လည္း ပါဝင္ကစားေပးခဲ့ၾကေပမယ့္လည္း ခ်ဲလ္ဆီးဂႏၲဝင္တိုက္စစ္မႉးက အားလုံးရဲ့ အာ႐ုံစိုက္မႈကို ဆြဲယူနိုင္ခဲ့တာျဖစ္ၿပီး အာစင္ဝင္းဂါးဟာ ကစားသမား ၁၆ ဦးအထိ လဲလွယ္ၿပီး အသင္းရဲ့ရလဒ္ကို ျပန္ေျပာင္းလဲဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘဲ အရႈံးေပးခဲ့ရတာျစဖ္ပါတယ္။

ခ်ဲလ္ဆီးတိုက္စစ္မႉး ဒေရာ့ဂ္ဘာအေနနဲ႔ အာစင္ဝင္းဂါးကို ေျခာက္လွန႔္ဖို႔ ျပန္လာခဲ့တာ ဒီပြဲစဥ္က ပထမဆုံးအႀကိမ္ေတာ့ မဟုတ္ခဲ့ဘဲ ၂၀၁၆ ခုႏွစ္တုန္းက ေမဂ်ာလိဂ္ၾကယ္စင္စုအသင္းမွာ ကစားေနတုန္းကလည္း ရာသီႀကိဳ ပြဲစဥ္မွာ အာဆင္နယ္အသင္းဘက္ကို ဂိုးသြင္းယူခဲ့ေသးတာျဖစ္ပါတယ္။ ဒေရာ့ဂ္ဘာဟာ ခ်ဲလ္ဆီးအသင္းမွာ ကစားခဲ့တဲ့ကာလအတြင္း စုစုေပါင္း ၃၈၁ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၁၆၄ ဂိုးအထိ သြင္းယူေပးနိုင္ခဲ့ၿပီး ရန္ပုံေငြ ပြဲစဥ္မတိုင္မီ အာစင္ဝင္းဂါးက အဝတ္လဲခန္းထဲမွာ ကစားသမားေတြကို အတိုခ်ိဳး ညႊန္ၾကားမႈအခ်ိဳ႕ ေပးခဲ့ပါေသးတယ္။

“ေဘာလုံးကစားတာက အရမ္းကို ရိုးရွင္းတယ္။ ခင္ဗ်ား ေဘာလုံးကို ထိန္းတယ္။ ခင္ဗ်ား ေကာင္းမြန္တဲ့ဆုံးျဖတ္ခ်က္ကို ခ်ၿပီး ၿပီးတဲ့ေနာက္မွာ ခင္ဗ်ား လုပ္မယ္လို႔ ဆုံးျဖတ္ထားတဲ့အရာကို ေကာင္းေကာင္း အဆုံးသတ္တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ အာစင္ဝင္းဂါးဟာ လက္ရွိမွာေတာ့ နည္းျပအခန္းက႑မဟုတ္တဲ့ ဖီဖာရဲ့ ကမၻာလုံးဆိုင္ရာေဘာလုံးတိုးတက္ဖြံ့ၿဖိဳးေရးအႀကီးအကဲအျဖစ္ မတူညီတဲ့ တာဝန္ကို ထမ္းေဆာင္ေနၿပီး ၎ရဲ့ ၂ ႏွစ္တစ္ႀကိမ္ ကမၻာ့ဖလားၿပိဳင္ပြဲ က်င္းပဖို႔ အဆိုျပဳခ်က္ဟာ ျပစ္တင္ေဝဖန္ျခင္း ခံေနရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.