International

ဒသမ ဟက်ထရစ်နဲ့ မက်ဆီ လိုက်မီဖို့မလွယ်တဲ့ စံချိန်ကို ယူပြခဲ့တဲ့ ရော်နယ်လ်ဒို

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ အင်္ဂါနေ့ညနေက လူဇင်ဘတ်ကို ပေါ်တူဂီအသင်းက ၅-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ တစ်ဦးတည်း ၃ ဂိုး ဟက်ထရစ်သွင်းယူခဲ့ပြီး မယုံနိုင်ဖွယ် နိုင်ငံတကာစံချိန်ကို ရရှိခဲ့ပါတယ်။

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးဟာ လူဇင်ဘတ်နဲ့ပွဲစဉ် ပထမပိုင်းမှာ ပင်နယ်တီကနေ ၂ ဂိုးသွင်းယူပေးခဲ့ပြီး ဒုတိယပိုင်ရေး ပွဲကစားချိန်ပြည့်မြောက်ဖို့ ၃ မိနစ်အလိုမှာ ရူဘင် နီဗက်စ်ရဲ့ ပေးပို့မှုကနေတဆင့် ဟက်ထရစ် ရရှိစေမယ့် တတိယမြောက်ဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုအတွက် လူဇင်ဘတ်နဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဟက်ထရစ်ဟာ နိုင်ငံအသင်းအတွက် ၁၀ ကြိမ်မြောက် သွင်းယူပေးခဲ့တဲ့ ဟက်ထရစ်ဖြစ်ခဲ့ပြီး လက်ရွေးစင်အသင်းအတွက် ဟက်ထရစ် ၁၀ ကြိမ်ပြည့်မြောက်တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့လက အီရန်တိုက်စစ်မှူး အလီ ဒါယီ နှစ်ပေါင်းများစွာ တင်ရှိထားခဲ့တဲ့ တသက်တာနိုင်ငံတကာသွင်းဂိုးအများဆုံးစံချိန်ကို ရိုက်ချိုးခဲ့ပြီး ကာတာအသင်းနဲ့ပွဲစဉ်မှာလည်း ပထမပိုင်းတစ်ပိုင်း ပါဝင်ကစားပေးခဲ့ရာမှာ ဂိုးထပ်မံသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အင်္ဂါနေ့ညနေက လူဇင်ဘတ်နဲ့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ ၃ ဂိုးကြောင့် ရော်နယ်ဒိုဟာ နိုင်ငံတကာ သွင်းဂိုး ၁၁၅ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ အာဂျင်တီးနားကြယ်ပွင့် လီယွန်နယ် မက်ဆီကတော့ နိုင်ငံတကာသွင်းဂိုး ၈၀ သာ သွင်းယူထားနိုင်သေးတာဖြစ်ပါတယ်။

ဒါ့အပြင် လီယွန်နယ် မက်ဆီဟာ လက်ရွေးစင်အသင်းအတွက် ဟက်ထရစ် စုစုပေါင်း ၇ ကြိမ်သာ သွင်းယူထားနိုင်သေးတာကြောင့် ရော်နယ်ဒိုရဲ့ ဟက်ထရစ် ၁၀ ကြိမ်ကို လိုက်မီနိုင်ဖို့အတွက် ကစားသမားဘဝ နှောင်းပိုင်းကို ရောက်ရှိနေပြီဖြစ်တာကြောင့် ထင်သလောက် မလွယ်ကူတော့ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ ရော်နယ်ဒိုက လူဇင်ဘတ်အသင်းနဲ့ ပွဲစဉ်အပြီးမှာ သမိုင်းဝင်ညအကြောင်း ပြောကြားခဲ့ပြီး အမြဲတမ်း ပိုပိုပြီး လုပ်ပြနိုင်ဖို့ ကြိုးစားမယ်လို့ ပရိသတ်တွေကို ကတိပေးခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ အိမ်ကွင်းမှာ ပထမဆုံးမိနစ်ကနေ နောက်ဆုံးမိနစ်အထိ ဂရုတစိုက်အားပေးတဲ့ ပရိသတ်တွေရှေ့ ကစားတဲ့အခါမှာ အရာအားလုံးက ပိုပြီး လွယ်ကူလာပါတယ်။ ကျွန်တော် အမြဲတမ်း ဒီထက် ပိုပြီး ပိုပြီး လုပ်ပြဖို့ ကြိုးပမ်းမယ်လို့ ကတိပေးခဲ့ပါတယ်။ အဲဒါက ကျွန်တော့်ရဲ့ ဒီအင်န်အေထဲမှာ ရှိနေပြီး ကျွန်တော်တို့ရဲ့ ဒီအင်န်အေထဲမှာ ရှိနေတာပါ။ ကျွန်တော်တို့ ဘယ်တော့မှ စိတ်ကျေနပ်နေမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဘယ်တော့မှ လက်မမြှောက်ဘဲ အမြဲတမ်း ဆက်သွားနေမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒိုဟာ လူဇင်ဘတ်အသင်းနဲ့ ပွဲစဉ်မှာ ၎င်းရဲ့ကစားသမားဘဝတလျှောက် အလှပဆုံး သွင်းဂိုးဖြစ်လာနိုင်မယ့် ကန်သွင်းမှုကို ၆၈ မိနစ်မှာ ပြုလုပ်ခဲ့ပြီး ရော်နယ်ဒိုဟာ ဘောလုံးကို ပင်နယ်တီဧရိယာထဲမှာ အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့ရာမှာ လေထဲ မြောက်နေတဲ့ ဘောလုံးကို ဘယ်လွန်ဒေါ ၅ ဆုရှင်ဟာ အံ့အားသင့်ဖွယ် နောက်ပြန်ကန်ချက်နဲ့ အပြင်းကန်သွင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူဇင်ဘတ် ဂိုးသမား အန်သိုနီ မောရစ်စ်က အံ့အားသင့်ဖွယ် ပုတ်ထုတ် ကာကွယ်နိုင်ခဲ့ပြီး အဲဒီသွင်းဂိုးသာ ဂိုးအဖြစ် ပြောင်းလဲသွားခဲ့မယ်ဆိုရင် ဒီနှစ်ရဲ့ ဖီဖာ ပွတ်စ်ကပ်စ်ဆုရရှိဖို့အတွက် ရေပန်းအစားဆုံး သွင်းဂိုး ဖြစ်လာမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္ၾကယ္ပြင့္တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္ဒိုဟာ အဂၤါေန႔ညေနက လူဇင္ဘတ္ကို ေပၚတူဂီအသင္းက ၅-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ တစ္ဦးတည္း ၃ ဂိုး ဟက္ထရစ္သြင္းယူခဲ့ၿပီး မယုံနိုင္ဖြယ္ နိုင္ငံတကာစံခ်ိန္ကို ရရွိခဲ့ပါတယ္။

ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉးဟာ လူဇင္ဘတ္နဲ႔ပြဲစဥ္ ပထမပိုင္းမွာ ပင္နယ္တီကေန ၂ ဂိုးသြင္းယူေပးခဲ့ၿပီး ဒုတိယပိုင္ေရး ပြဲကစားခ်ိန္ျပည့္ေျမာက္ဖို႔ ၃ မိနစ္အလိုမွာ ႐ူဘင္ နီဗက္စ္ရဲ့ ေပးပို႔မႈကေနတဆင့္ ဟက္ထရစ္ ရရွိေစမယ့္ တတိယေျမာက္ဂိုးကို သြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒိုအတြက္ လူဇင္ဘတ္နဲ႔ပြဲစဥ္မွာ ရရွိခဲ့တဲ့ ဟက္ထရစ္ဟာ နိုင္ငံအသင္းအတြက္ ၁၀ ႀကိမ္ေျမာက္ သြင္းယူေပးခဲ့တဲ့ ဟက္ထရစ္ျဖစ္ခဲ့ၿပီး လက္ေရြးစင္အသင္းအတြက္ ဟက္ထရစ္ ၁၀ ႀကိမ္ျပည့္ေျမာက္တဲ့ ပထမဆုံးကစားသမားလည္း ျဖစ္လာခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့လက အီရန္တိုက္စစ္မႉး အလီ ဒါယီ ႏွစ္ေပါင္းမ်ားစြာ တင္ရွိထားခဲ့တဲ့ တသက္တာနိုင္ငံတကာသြင္းဂိုးအမ်ားဆုံးစံခ်ိန္ကို ရိုက္ခ်ိဳးခဲ့ၿပီး ကာတာအသင္းနဲ႔ပြဲစဥ္မွာလည္း ပထမပိုင္းတစ္ပိုင္း ပါဝင္ကစားေပးခဲ့ရာမွာ ဂိုးထပ္မံသြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။

အဂၤါေန႔ညေနက လူဇင္ဘတ္နဲ႔ပြဲစဥ္မွာ သြင္းယူခဲ့တဲ့ ၃ ဂိုးေၾကာင့္ ေရာ္နယ္ဒိုဟာ နိုင္ငံတကာ သြင္းဂိုး ၁၁၅ ဂိုးအထိ ရွိလာခဲ့ၿပီျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္ရဲ့ အဓိကၿပိဳင္ဘက္ျဖစ္တဲ့ အာဂ်င္တီးနားၾကယ္ပြင့္ လီယြန္နယ္ မက္ဆီကေတာ့ နိုင္ငံတကာသြင္းဂိုး ၈၀ သာ သြင္းယူထားနိုင္ေသးတာျဖစ္ပါတယ္။

ဒါ့အျပင္ လီယြန္နယ္ မက္ဆီဟာ လက္ေရြးစင္အသင္းအတြက္ ဟက္ထရစ္ စုစုေပါင္း ၇ ႀကိမ္သာ သြင္းယူထားနိုင္ေသးတာေၾကာင့္ ေရာ္နယ္ဒိုရဲ့ ဟက္ထရစ္ ၁၀ ႀကိမ္ကို လိုက္မီနိုင္ဖို႔အတြက္ ကစားသမားဘဝ ေႏွာင္းပိုင္းကို ေရာက္ရွိေနၿပီျဖစ္တာေၾကာင့္ ထင္သေလာက္ မလြယ္ကူေတာ့ဘူးလို႔ ဆိုရမွာျဖစ္ပါတယ္။ ေရာ္နယ္ဒိုက လူဇင္ဘတ္အသင္းနဲ႔ ပြဲစဥ္အၿပီးမွာ သမိုင္းဝင္ညအေၾကာင္း ေျပာၾကားခဲ့ၿပီး အျမဲတမ္း ပိုပိုၿပီး လုပ္ျပနိုင္ဖို႔ ႀကိဳးစားမယ္လို႔ ပရိသတ္ေတြကို ကတိေပးခဲ့ေၾကာင္း ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔ အိမ္ကြင္းမွာ ပထမဆုံးမိနစ္ကေန ေနာက္ဆုံးမိနစ္အထိ ဂ႐ုတစိုက္အားေပးတဲ့ ပရိသတ္ေတြေရွ႕ ကစားတဲ့အခါမွာ အရာအားလုံးက ပိုၿပီး လြယ္ကူလာပါတယ္။ ကၽြန္ေတာ္ အျမဲတမ္း ဒီထက္ ပိုၿပီး ပိုၿပီး လုပ္ျပဖို႔ ႀကိဳးပမ္းမယ္လို႔ ကတိေပးခဲ့ပါတယ္။ အဲဒါက ကၽြန္ေတာ့္ရဲ့ ဒီအင္န္ေအထဲမွာ ရွိေနၿပီး ကၽြန္ေတာ္တို႔ရဲ့ ဒီအင္န္ေအထဲမွာ ရွိေနတာပါ။ ကၽြန္ေတာ္တို႔ ဘယ္ေတာ့မွ စိတ္ေက်နပ္ေနမွာမဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ ဘယ္ေတာ့မွ လက္မေျမႇာက္ဘဲ အျမဲတမ္း ဆက္သြားေနမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ခရစၥတီယာနို ေရာ္နယ္ဒိုဟာ လူဇင္ဘတ္အသင္းနဲ႔ ပြဲစဥ္မွာ ၎ရဲ့ကစားသမားဘဝတေလၽွာက္ အလွပဆုံး သြင္းဂိုးျဖစ္လာနိုင္မယ့္ ကန္သြင္းမႈကို ၆၈ မိနစ္မွာ ျပဳလုပ္ခဲ့ၿပီး ေရာ္နယ္ဒိုဟာ ေဘာလုံးကို ပင္နယ္တီဧရိယာထဲမွာ အျပည့္အဝ ထိန္းခ်ဳပ္ထားနိုင္ခဲ့ရာမွာ ေလထဲ ေျမာက္ေနတဲ့ ေဘာလုံးကို ဘယ္လြန္ေဒါ ၅ ဆုရွင္ဟာ အံ့အားသင့္ဖြယ္ ေနာက္ျပန္ကန္ခ်က္နဲ႔ အျပင္းကန္သြင္းခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း လူဇင္ဘတ္ ဂိုးသမား အန္သိုနီ ေမာရစ္စ္က အံ့အားသင့္ဖြယ္ ပုတ္ထုတ္ ကာကြယ္နိုင္ခဲ့ၿပီး အဲဒီသြင္းဂိုးသာ ဂိုးအျဖစ္ ေျပာင္းလဲသြားခဲ့မယ္ဆိုရင္ ဒီႏွစ္ရဲ့ ဖီဖာ ပြတ္စ္ကပ္စ္ဆုရရွိဖို႔အတြက္ ေရပန္းအစားဆုံး သြင္းဂိုး ျဖစ္လာမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.