La Liga Premier League Serie A Transfer News

ဂ်ဴဗင္တပ္စ္နဲ႔ အဆင္မေျပေသးတဲ့ ေပါ့ဘာကို ကစားသမားအလုိက္ေပးကမ္းလွမ္းမယ့္ ရီးရဲလ္

ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ဂ်ဴဗင္တပ္စ္အသင္းကို ျပန္ဖို႔ လစာကိစၥ ညႇိႏွဳိင္းရာမွာ အဆင္မေျပေသးတဲ့ မန္ခ်က္စတာယူႏုိက္တက္ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာအတြက္ ကစားသမားအလိုက္ေပးၿပီး ကမ္းလွမ္းသြားမယ္လို႔ သိရၿပီး ေရြးခ်ယ္ဖို႔ ကစားသမား ၄ ဦး စာရင္းကို ေပးပုိ႔ထားတယ္လို႔ သိရပါတယ္။

မက္ဒရစ္အသင္းရဲ႕ နည္းျပ ဇီနီဒန္း ဇီဒန္းကေတာ့ သူ႕ရဲ႕ ႏိုင္ငံတူ ကြင္းလယ္ကစားသမားကို လိုခ်င္စိတ္ ျပင္းျပေနၿပီး ကစားသမားႏွစ္ဦးနဲ႔ အလိုက္ေပးကမ္းလွမ္းသြားဖို႔ ရွိေနသလို ကနဦးအေနနဲ႔ ကြင္းလယ္လူ ဟားမက္စ္ ႐ိုဒရီးရက္ဇ္နဲ႔ မာတင္ ေအာ္ဒီဂြါးတုိ႔ကို ထည့္သြင္းထားၿပီး လူးကပ္စ္ ဗက္စ္ေကးနဲ႔ ဘရာဟင္မ္ ဒီယာ့ဇ္တို႔ကိုလည္း ေရြးခ်ယ္ႏုိင္တယ္လို႔ အဆုိျပဳခဲ့ပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ မန္ခ်က္စတာယူႏုိက္တက္ကြင္းလယ္လူအတြက္ ဂ်ဴဗင္တပ္စ္နဲ႔ ရီးရဲလ္မက္ဒရစ္ႏွစ္သင္းကပဲ ႀကဳိးစားရဖို႔ ရွိေနၿပီး က်န္တဲ့ အသင္းေတြကေတာ့ သူ႕ရဲ႕ ကစားပုံ၊ လစာေငြနဲ႔ ေအးဂ်င့္တို႔ကို အဆင္မေျပတာေၾကာင့္ လက္ေရွာင္ထားတာလည္းျဖစ္ပါတယ္။

ယူႏုိက္တက္ဘက္ကေတာ့ ေပါ့ဘာရဲ႕ ေရာင္းခ်မွဳကေန ေငြေၾကးရရွိဖို႔ ေမွ်ာ္လင့္ေနေပမယ့္ လက္ရွိ ကိုဗစ္-၁၉ ေၾကာင့္ က်ဆင္းေနတဲ့ ဘဏၰာေရး အေျခအေနေတြအရေတာ့ ကစားသမားအလဲအထပ္ကိုေတာ့ အနည္းဆုံးတစ္ဦး လက္ခံေပးရဖို႔ ရွိေနၿပီး ေငြေၾကးတစ္စိတ္တစ္ပုိင္းသာ ရရွိႏိုင္လို႔ ထိန္းသိမ္းသြားမယ္ဆုိရင္လည္း ျဖစ္ႏုိင္တဲ့ အေျခအေနလည္းျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္နဲ႔ ဂ်ဴဗင္တပ္စ္အသင္းတုိ႔ကေန ကမ္းလွမ္းႏုိင္တဲ့ ကစားသမားေတြရဲ႕ အသုံးအဝင္မွဳအရေတာ့ မန္ခ်က္စတာယူႏုိက္တက္တာဝန္ရွိသူေတြနဲ႔ နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားတုိ႔အေနနဲ႔ အီတလီကလပ္ဘက္ကို ပုိမိုမ်က္စိက်ႏုိင္ဖြယ္ရွိၿပီး ေနာက္ဆုံးအေနအထားမွာ ေငြေၾကး ရွာေဖြဖို႔ မစဥ္းစားေတာ့ဘူးဆုိရင္ေတာ့ အုိးလ္ထရက္ဖုိ႔ဒ္ကို တူရင္သားေတြပဲ ေရာက္လာဖို႔ မ်ားလိမ့္မယ္လုိ႔လည္း သုံးသပ္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဂျူဗင်တပ်စ်အသင်းကို ပြန်ဖို့ လစာကိစ္စ ညှိနှိုင်းရာမှာ အဆင်မပြေသေးတဲ့ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဘာအတွက် ကစားသမားအလိုက်ပေးပြီး ကမ်းလှမ်းသွားမယ်လို့ သိရပြီး ရွေးချယ်ဖို့ ကစားသမား ၄ ဦး စာရင်းကို ပေးပို့ထားတယ်လို့ သိရပါတယ်။

မက်ဒရစ်အသင်းရဲ့ နည်းပြ ဇီနီဒန်း ဇီဒန်းကတော့ သူ့ရဲ့ နိုင်ငံတူ ကွင်းလယ်ကစားသမားကို လိုချင်စိတ် ပြင်းပြနေပြီး ကစားသမားနှစ်ဦးနဲ့ အလိုက်ပေးကမ်းလှမ်းသွားဖို့ ရှိနေသလို ကနဦးအနေနဲ့ ကွင်းလယ်လူ ဟားမက်စ် ရိုဒရီးရက်ဇ်နဲ့ မာတင် အော်ဒီဂွါးတို့ကို ထည့်သွင်းထားပြီး လူးကပ်စ် ဗက်စ်ကေးနဲ့ ဘရာဟင်မ် ဒီယာ့ဇ်တို့ကိုလည်း ရွေးချယ်နိုင်တယ်လို့ အဆိုပြုခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူအတွက် ဂျူဗင်တပ်စ်နဲ့ ရီးရဲလ်မက်ဒရစ်နှစ်သင်းကပဲ ကြိုးစားရဖို့ ရှိနေပြီး ကျန်တဲ့ အသင်းတွေကတော့ သူ့ရဲ့ ကစားပုံ၊ လစာငွေနဲ့ အေးဂျင့်တို့ကို အဆင်မပြေတာကြောင့် လက်ရှောင်ထားတာလည်းဖြစ်ပါတယ်။

ယူနိုက်တက်ဘက်ကတော့ ပေါ့ဘာရဲ့ ရောင်းချမှုကနေ ငွေကြေးရရှိဖို့ မျှော်လင့်နေပေမယ့် လက်ရှိ ကိုဗစ်-၁၉ ကြောင့် ကျဆင်းနေတဲ့ ဘဏ္ဏာရေး အခြေအနေတွေအရတော့ ကစားသမားအလဲအထပ်ကိုတော့ အနည်းဆုံးတစ်ဦး လက်ခံပေးရဖို့ ရှိနေပြီး ငွေကြေးတစ်စိတ်တစ်ပိုင်းသာ ရရှိနိုင်လို့ ထိန်းသိမ်းသွားမယ်ဆိုရင်လည်း ဖြစ်နိုင်တဲ့ အခြေအနေလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်အသင်းတို့ကနေ ကမ်းလှမ်းနိုင်တဲ့ ကစားသမားတွေရဲ့ အသုံးအဝင်မှုအရတော့ မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေနဲ့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားတို့အနေနဲ့ အီတလီကလပ်ဘက်ကို ပိုမိုမျက်စိကျနိုင်ဖွယ်ရှိပြီး နောက်ဆုံးအနေအထားမှာ ငွေကြေး ရှာဖွေဖို့ မစဉ်းစားတော့ဘူးဆိုရင်တော့ အိုးလ်ထရက်ဖို့ဒ်ကို တူရင်သားတွေပဲ ရောက်လာဖို့ များလိမ့်မယ်လို့လည်း သုံးသပ်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.