La Liga

ဆေးကုပေးထားတဲ့ မျက်နှာမှ မထောက် ခြံခုန်ဖို့ ကြိုးပမ်းနေတဲ့ ဘာစီလိုနာကြယ်ပွင့်

ဘာစီလိုနာအသင်းဟာ ကစားသမားနဲ့ မူအားဖြင့် သဘောတူညီမှု ရှိထားပေမယ့် အူ့စ်မန် ဒမ်ဘီလီရဲ့ အေးဂျင့်ဟာ ပရီးမီးယားလိဂ်ကလပ်အသင်း ၂ သင်းနဲ့ နောက်ကွယ်မှာ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့တယ်လို့ ထင်မြင်နေပါတယ်။

ဒမ်ဘီလီဟာ ၂၀၁၆ ခုနှစ်မှာ နေမာရဲ့နေရာမှာ အစားထိုးခေါ်ယူမှုအဖြစ် ဒေါ့မွန်အသင်းကနေ ခေါ်ယူခြင်းခံခဲ့ရပြီးကတည်းက ကြီးမားတဲ့ အောင်မြင်မှု မရရှိခဲ့သူဖြစ်ပြီး ကတ်တလန်ထိပ်သီးအသင်းကြီးဟာ ပြင်သစ်တိုက်စစ်မှူးအတွက် ပေါင် ၁၃၅ သန်းဝန်းကျင် ပေးချေခဲ့ရတာဖြစ်ပါတယ်။ ဒမ်ဘီလီဟာ ဒဏ်ရာပြဿနာတွေနဲ့ ခြေစွမ်းမတည်ငြိမ်မှုတို့ကို ရင်ဆိုင်ခဲ့ရပြီး ယခုရာသီကုန်မှာတော့ ဘာစီလိုနာအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

မကြာသေးမီက သတင်းတွေအရ ဘာစီလိုနာအသင်းဟာ အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးနဲ့ မူအားဖြင့် သဘောတူညီမှု ရရှိထားပြီလို့ ယုံကြည်နေပေမယ့် ဒမ်ဘီလီကတော့ အဲဒီစာချုပ်ကို လက်မှတ်ထိုးခြင်းမရှိသေးဘူးလို့ သိရပါတယ်။ တကယ်လို့ ဇန်နဝါရီလအထိ စာချုပ်မှာ လက်မှတ် မထိုးရသေးဘူးဆိုရင်တော့ အခြားအသင်းတွေနဲ့ စတင် ညှိနှိုင်း ဆွေးနွေးနိုင်မှာဖြစ်ပေမယ့် ဘာစီလိုနာအသင်းကတော့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးသားလို့ ထင်မြင်နေကြောင်း Cuatro က ဖော်ပြခဲ့ပါတယ်။

စပိန်သတင်းဌာနရဲ့ သတင်းအရ ကတ်တလန်ထိပ်သီးအသင်းကြီးက ဒမ်ဘီလီရဲ့ အေးဂျင့်ဟာ နောက်ကွယ်ကနေ လီဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်အသင်းတို့နဲ့ စကားပြောဆိုခဲ့ပြီးပြီလို့ ထင်မြင်နေကြောင်း သိရပြီး လာမယ့်နွေရာသီမှာ ဒမ်ဘီလီအနေနဲ့ အသင်းပြောင်းရွှေ့နိုင်တာကြောင့် ပီအက်စ်ဂျီအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ကိုလည်း ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းကြီး ၂ သင်းစလုံးဟာ ဒေါ့မွန်တိုက်စစ်မှူးဟောင်းနဲ့ အရင်ကတည်းက သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပြီး မန်ချက်စတာယူနိုက်တက်ဟာ ၂၀၂၀ နွေရာသီကတည်းက ဆန်ချိုအပြင် အခြားရွေးချယ်စရာအဖြစ် ပြင်သစ်တိုက်စစ်မှူးနဲ့ သတင်းတွေထွက်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဟာ ဆန်ချိုကို အရခေါ်ယူနိုင်ခဲ့ပြီး ခရစ္စတီယာနို ရော်နယ်ဒိုကလည်း တိုက်စစ်ရွေးချယ်စရာကို အင်အားမြှင့်တင်ပေးနေပေမယ့် ဒမ်ဘီလီဟာ အန်သိုနီ မာစီယယ်လ်ရဲ့နေရာမှာ အစားထိုးခေါ်ယူမှုဖြစ်နိုင်ခြေရှိနေသေးတယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ လာမယ့် ဇန်နဝါရီလမှာ ရာဟင်း စတာလင်းကို ခေါ်ယူဖို့ စောင့်ကြည့်နေတာကြောင့် ဒမ်ဘီလီဟာ မန်စီးတီးကြယ်ပွင့်အတွက် ကမ်းလှမ်းမှုမှာ အလိုက်အနေနဲ့ ပါဝင်သွားဖွယ်ရှိတယ်လို့လည်း သိရပြီး ဆော်ဒီလုပ်ငန်းစုက လက်လွှဲဝယ်ယူလိုက်တဲ့ နယူးကာဆယ်အသင်းကလည်း ပြင်သစ်တိုက်စစ်မှူးနဲ့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘာစီလိုနာအသင္းဟာ ကစားသမားနဲ႔ မူအားျဖင့္ သေဘာတူညီမႈ ရွိထားေပမယ့္ အူ႔စ္မန္ ဒမ္ဘီလီရဲ့ ေအးဂ်င့္ဟာ ပရီးမီးယားလိဂ္ကလပ္အသင္း ၂ သင္းနဲ႔ ေနာက္ကြယ္မွာ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနခဲ့တယ္လို႔ ထင္ျမင္ေနပါတယ္။

ဒမ္ဘီလီဟာ ၂၀၁၆ ခုႏွစ္မွာ ေနမာရဲ့ေနရာမွာ အစားထိုးေခၚယူမႈအျဖစ္ ေဒါ့မြန္အသင္းကေန ေခၚယူျခင္းခံခဲ့ရၿပီးကတည္းက ႀကီးမားတဲ့ ေအာင္ျမင္မႈ မရရွိခဲ့သူျဖစ္ၿပီး ကတ္တလန္ထိပ္သီးအသင္းႀကီးဟာ ျပင္သစ္တိုက္စစ္မႉးအတြက္ ေပါင္ ၁၃၅ သန္းဝန္းက်င္ ေပးေခ်ခဲ့ရတာျဖစ္ပါတယ္။ ဒမ္ဘီလီဟာ ဒဏ္ရာျပႆနာေတြနဲ႔ ေျခစြမ္းမတည္ၿငိမ္မႈတို႔ကို ရင္ဆိုင္ခဲ့ရၿပီး ယခုရာသီကုန္မွာေတာ့ ဘာစီလိုနာအသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာ ျဖစ္ပါတယ္။

မၾကာေသးမီက သတင္းေတြအရ ဘာစီလိုနာအသင္းဟာ အသက္ ၂၄ ႏွစ္အရြယ္ တိုက္စစ္မႉးနဲ႔ မူအားျဖင့္ သေဘာတူညီမႈ ရရွိထားၿပီလို႔ ယုံၾကည္ေနေပမယ့္ ဒမ္ဘီလီကေတာ့ အဲဒီစာခ်ဳပ္ကို လက္မွတ္ထိုးျခင္းမရွိေသးဘူးလို႔ သိရပါတယ္။ တကယ္လို႔ ဇန္နဝါရီလအထိ စာခ်ဳပ္မွာ လက္မွတ္ မထိုးရေသးဘူးဆိုရင္ေတာ့ အျခားအသင္းေတြနဲ႔ စတင္ ညႇိႏွိုင္း ေဆြးေႏြးနိုင္မွာျဖစ္ေပမယ့္ ဘာစီလိုနာအသင္းကေတာ့ ညႇိႏွိုင္းေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ၿပီးသားလို႔ ထင္ျမင္ေနေၾကာင္း Cuatro က ေဖာ္ျပခဲ့ပါတယ္။

စပိန္သတင္းဌာနရဲ့ သတင္းအရ ကတ္တလန္ထိပ္သီးအသင္းႀကီးက ဒမ္ဘီလီရဲ့ ေအးဂ်င့္ဟာ ေနာက္ကြယ္ကေန လီဗာပူးလ္၊ မန္ခ်က္စတာယူနိုက္တက္အသင္းတို႔နဲ႔ စကားေျပာဆိုခဲ့ၿပီးၿပီလို႔ ထင္ျမင္ေနေၾကာင္း သိရၿပီး လာမယ့္ေႏြရာသီမွာ ဒမ္ဘီလီအေနနဲ႔ အသင္းေျပာင္းေရႊ႕နိုင္တာေၾကာင့္ ပီအက္စ္ဂ်ီအသင္းနဲ႔ ဂ်ဴဗင္တပ္အသင္းတို႔ကိုလည္း ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ပရီးမီးယားလိဂ္ကလပ္အသင္းႀကီး ၂ သင္းစလုံးဟာ ေဒါ့မြန္တိုက္စစ္မႉးေဟာင္းနဲ႔ အရင္ကတည္းက သတင္းေတြ ထြက္ေပၚခဲ့ဖူးၿပီး မန္ခ်က္စတာယူနိုက္တက္ဟာ ၂၀၂၀ ေႏြရာသီကတည္းက ဆန္ခ်ိဳအျပင္ အျခားေရြးခ်ယ္စရာအျဖစ္ ျပင္သစ္တိုက္စစ္မႉးနဲ႔ သတင္းေတြထြက္ေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာယူနိုက္တက္ဟာ ဆန္ခ်ိဳကို အရေခၚယူနိုင္ခဲ့ၿပီး ခရစၥတီယာနို ေရာ္နယ္ဒိုကလည္း တိုက္စစ္ေရြးခ်ယ္စရာကို အင္အားျမႇင့္တင္ေပးေနေပမယ့္ ဒမ္ဘီလီဟာ အန္သိုနီ မာစီယယ္လ္ရဲ့ေနရာမွာ အစားထိုးေခၚယူမႈျဖစ္နိုင္ေျခရွိေနေသးတယ္လို႔ သိရပါတယ္။

ဘာစီလိုနာအသင္းဟာ လာမယ့္ ဇန္နဝါရီလမွာ ရာဟင္း စတာလင္းကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတာေၾကာင့္ ဒမ္ဘီလီဟာ မန္စီးတီးၾကယ္ပြင့္အတြက္ ကမ္းလွမ္းမႈမွာ အလိုက္အေနနဲ႔ ပါဝင္သြားဖြယ္ရွိတယ္လို႔လည္း သိရၿပီး ေဆာ္ဒီလုပ္ငန္းစုက လက္လႊဲဝယ္ယူလိုက္တဲ့ နယူးကာဆယ္အသင္းကလည္း ျပင္သစ္တိုက္စစ္မႉးနဲ႔ သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.