Bundesliga

ဘယ်လွန်ဒေါရနိုင်မယ့်အခွင့်အရေးနဲ့ ဘိုင်ယန်နဲ့အနာဂတ်ကို ပြောလိုက်တဲ့ လီဗန်ဒေါ့ဗ်စကီး

ဘိုင်ယန်မြူးနစ် ကြယ်ပွင့်တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးက ကြောက်မက်ဖွယ် သွင်းဂိုး အရေအတွက်တွေ သွင်းယူနိုင်ခဲ့တဲ့ ထူးခြားတဲ့ ၂ နှစ်တာကာလအပြီး ၂၀၂၁ ခုနှစ် ဘယ်လွန်ဒေါဆုကို ရမယ်ဆိုရင် အလွန်ဂုဏ်ယူစွာနဲ့ လက်ခံရယူသွားမှာဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ်တိုက်စစ်မှူးဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာ အမြင့်မားဆုံးအဆင့်အတန်းမှာ စွမ်းဆောင်ပြနိုင်ခဲ့သူဖြစ်ပြီး ဘွန်ဒက်စ်လီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတို့က ခံစစ်တွေကို တစ်ပတ်ပြီး တစ်ပတ်၊ တစ်နှစ်ပြီး တစ်နှစ် ဘိုင်ယန်မြူးနစ်နဲ့ အရင်တုန်းက ဒေါ့မွန်အတွက် ပြိုလဲစေခဲ့သူဖြစ်ပါတယ်။

လီဗန်ဒေါ့ဗ်စကီးဟာ ၂၀၂၀-၂၀၂၁ ရာသီမှာတော့ ၎င်းရဲ့ ခြေစွမ်းအဆင့်အတန်းကို နောက်ထပ်အဆင့်အတန်းအသစ်တစ်ခုထိ မြှင့်တင်နိုင်ခဲ့ပြီး ဘွန်ဒက်စ်လီဂါ ၂၉ ပွဲမှာ အံ့အားသင့်ဖွယ် ၄၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက် တစ်ရာသီအတွင်း ဘွန်ဒက်စ်လီဂါမှာ ဂိုးအများဆုံးသွင်းယူထားတဲ့ကစားသမားအဖြစ် နှစ်ပေါင်းများစွာ စံချိန်တင်ခဲ့တဲ့ ဂတ် မူလာရဲ့စံချိန်ကို ချိုးဖျက်ခဲ့တာဖြစ်ပါတယ်။

လီဗန်ဒေါ့ဗ်စကီးအတွက် ၂၀၂၁-၂၀၂၂ ရာသီဟာလည်း အလားတူပဲ ဖြစ်ခဲ့ပြီး လက်ရှိမှာ ပြိုင်ပွဲစုံ ၁၀ ပွဲသာ ပါဝင်ကစားပေးထားချိန်မှာ ၁၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီးဖြစ်တာကြောင့် ဘွန်ဒက်စ်လီဂါမှာဆိုရင် တစ်ပွဲကို ၁ ဂိုးနှုန်းသွင်းယူနေတာဖြစ်ပါတယ်။ အများစုက ပိုလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ၂၀၂၀ ခုနှစ် ဘယ်လွန်ဒေါကို ရရှိလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ကြပြီး ကံမကောင်းစွာနဲ့ ကမ္ဘာ့ကပ်ရောဂါဆိုးဖြစ်တဲ့ ကိုဗစ်-၁၉ ကို ထိန်းချုပ်နိုင်တဲ့ အခြေအနေမှာ မရှိဘူးလို့ ယူဆတာကြောင့် ဆုပေးပွဲအခမ်းအနားကို ဖျက်သိမ်းကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

လီဗန်ဒေ့ါဗ်စကီးဟာ ယခုနှစ်မှာလည်း နောက်ထပ်တစ်ကြိမ် ဆုရရှိဖို့ ရေပန်းအစားဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် ပါဝင်နေပြီး ဘယ်လွန်ဒေါဆုကို ရရှိတာက ၎င်းအတွက် အရမ်းကောင်းမွန်တဲ့အရာဖြစ်လိမ့်မယ်လို့ ဝန်ခံ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဘယ်လွန်ဒေါဆုကို အနိုင်ရနိုင်ခြေရှိတာက ကျွန်တော့်အတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်။ အဲဒါက ကျွန်တော့်ကို ဂုဏ်ယူစေပါတယ်။ ဒီနှစ်မှာပဲ ကျွန်တော် ရသင့်တာမဟုတ်ဘဲ မနှစ်ကလည်း ကျွန်တော် ဆုဖလားတွေ အများကြီးရပြီး ဂိုးတွေ အများကြီးသွင်းခဲ့ပေမယ့် ဆုပေးပွဲက ဖျက်သိမ်းခြင်းခံခဲ့ရတယ်ဆိုတာ ခင်ဗျားလည်း အသိပဲ”

“ဘယ်လွန်ဒေါကို၊ ချန်ပီယံလိဂ်ကို၊ စူပါဖလားကို၊ ကလပ်ကမ္ဘာ့ဖလားကို၊ ဘွန်ဒက်စ်လီဂါက ဂတ် မူလာရဲ့ ၄၁ ဂိုးစံချိန်ကို ချိုးဖျက်နိုင်ခဲ့တာက ကျွန်တော့်အတွက် အရမ်းအဓိပ္ပာယ်ရှိပါတယ်။ အဲဒါက အထင်ကြီးစရာကောင်းတဲ့ အရာပါ။ အဲဒါက ကျွန်တော့်ကို အရမ်းဂုဏ်ယူပြီး ပျော်ရွှင်စေပါတယ်”

“ကျွန်တော် ဘာလုပ်ခဲ့လဲနဲ့ ဘာဆက်လုပ်နေလဲဆိုတာ အားလုံး မြင်ခဲ့ကြပါတယ်။ ကျွန်တော့်ရဲ့ အောင်မြင်မှုတွေက ဒီမေးခွန်းကို အဖြေပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ၂ နှစ်မှာ ရရှိခဲ့တဲ့ ကြီးမားတဲ့အောင်မြင်မှုတွေက ကျွန်တော့်အတွက်ချည်းပဲ မဟုတ်ဘဲ သမိုင်းကြောင်းထဲက ဘောလုံးသမားအားလုံးအတွက် ဖြစ်ခဲ့လို့ပါ”

ကံတရားက လီဗန်ဒေါ့ဗ်စကီးအပေါ် ဆုနဲ့ပတ်သက်ပြီး အကြွေးတင်နေတာာလားလို့ မေးမြန်းခဲ့ရာမှာ “ကျွန်တော် တကယ် မသိပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် ဘယ်ကနေ လာခဲ့တယ်ဆိုတာ အရေးမကြီးလို့ပါ။ ကျွန်တော့်မှာ ဘယ်လွန်ဒေါရရှိဖို့အတွက် အခွင့်အရေးရှိနေလို့ပါ”

“ကျွန်တော်က ခင်ဗျား ဘယ်ကနေ လာခဲ့လဲဆိုတာက အရေးမပါဘူးဆိုတာ၊ ခင်ဗျား ဘယ်လောက် အလုပ် ပြင်းပြင်းထန်ထန် လုပ်ခဲ့လဲဆိုတာ အရေးမပါဘူးဆိုတာကို ပြသခဲ့ပါတယ်။ အဲဒီနေရာကို ရောက်နိုင်ဖို့ ကျွန်တော့်ကစားသမားဘဝအစမှာ ခက်ခဲခဲ့ပေမယ့်လည်း ကျွန်တော် ပြသခဲ့တယ်။ ခင်ဗျား အရမ်းအောင်မြင်ပြီး ထိပ်ဆုံးကို ရောက်နိုင်တယ်ဆိုတာကိုပေါ့”

လီဗန်ဒေါ့ဗ်စကီးဟာ ဘိုင်ယန်မြူးနစ်အသင်းက ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီးလည်း တိုတိုတုတ်တုတ် ပြောဆိုသွားခဲ့ပြီး အသင်းမှာ ဟာလန်းနဲ့အတူ တွဲကစားဖို့ ဖြစ်နိုင်ခြေကို ဆွေးနွေးခဲ့ပါတယ်။ “သူနောက်ရာသီ ဘယ်မှာ ကစားမလဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော် တကယ် မတွေးနေပါဘူ။ ကျွန်တော်တို့က ရာသီအစပဲ ရှိသေးပြီး ၂ လ လောက်ပဲ ရောက်သေးတာပါ။ ကျွန်တော့်မှာက ၂ နှစ်စာချုပ် ရှိပါတယ်”

“ကျွန်တော်တို့ ၂ ယောက်က မတူညီတဲ့ ကစားသမားတွေပါ။ သူက အရမ်းကောင်းတဲ့အနာဂတ်တွေရှိနေတဲ့ လူငယ်ကစားသမားကောင်းတစ်ယောက်ပါ။ သူက တန်ပြန်တိုက်စစ်ကစားရတာကို နှစ်သက်တယ်။ သူ့မှာ အရမ်းအားကောင်းတဲ့ ဘယ်ခြေရှိပါတယ်။ ကျွန်တော်က တခြား တိုက်စစ်မှူးပုံစံပါ။ အတူတူ ကစားမှာလားဆိုရင်တော့ ကျွန်တော်တို့ အတူတူ မကစားနိုင်ဘူးလို့ ပြောရမယ့်သူက ကျွန်တော် မဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘိုင္ယန္ျမဴးနစ္ ၾကယ္ပြင့္တိုက္စစ္မႉး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးက ေၾကာက္မက္ဖြယ္ သြင္းဂိုး အေရအတြက္ေတြ သြင္းယူနိုင္ခဲ့တဲ့ ထူးျခားတဲ့ ၂ ႏွစ္တာကာလအၿပီး ၂၀၂၁ ခုႏွစ္ ဘယ္လြန္ေဒါဆုကို ရမယ္ဆိုရင္ အလြန္ဂုဏ္ယူစြာနဲ႔ လက္ခံရယူသြားမွာျဖစ္တယ္လို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။

အသက္ ၃၃ ႏွစ္အရြယ္တိုက္စစ္မႉးဟာ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ အျမင့္မားဆုံးအဆင့္အတန္းမွာ စြမ္းေဆာင္ျပနိုင္ခဲ့သူျဖစ္ၿပီး ဘြန္ဒက္စ္လီဂါနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတို႔က ခံစစ္ေတြကို တစ္ပတ္ၿပီး တစ္ပတ္၊ တစ္ႏွစ္ၿပီး တစ္ႏွစ္ ဘိုင္ယန္ျမဴးနစ္နဲ႔ အရင္တုန္းက ေဒါ့မြန္အတြက္ ၿပိဳလဲေစခဲ့သူျဖစ္ပါတယ္။

လီဗန္ေဒါ့ဗ္စကီးဟာ ၂၀၂၀-၂၀၂၁ ရာသီမွာေတာ့ ၎ရဲ့ ေျခစြမ္းအဆင့္အတန္းကို ေနာက္ထပ္အဆင့္အတန္းအသစ္တစ္ခုထိ ျမႇင့္တင္နိုင္ခဲ့ၿပီး ဘြန္ဒက္စ္လီဂါ ၂၉ ပြဲမွာ အံ့အားသင့္ဖြယ္ ၄၁ ဂိုးအထိ သြင္းယူနိုင္ခဲ့ၿပီးေနာက္ တစ္ရာသီအတြင္း ဘြန္ဒက္စ္လီဂါမွာ ဂိုးအမ်ားဆုံးသြင္းယူထားတဲ့ကစားသမားအျဖစ္ ႏွစ္ေပါင္းမ်ားစြာ စံခ်ိန္တင္ခဲ့တဲ့ ဂတ္ မူလာရဲ့စံခ်ိန္ကို ခ်ိဳးဖ်က္ခဲ့တာျဖစ္ပါတယ္။

လီဗန္ေဒါ့ဗ္စကီးအတြက္ ၂၀၂၁-၂၀၂၂ ရာသီဟာလည္း အလားတူပဲ ျဖစ္ခဲ့ၿပီး လက္ရွိမွာ ၿပိဳင္ပြဲစုံ ၁၀ ပြဲသာ ပါဝင္ကစားေပးထားခ်ိန္မွာ ၁၃ ဂိုးအထိ သြင္းယူထားနိုင္ခဲ့ၿပီးျဖစ္တာေၾကာင့္ ဘြန္ဒက္စ္လီဂါမွာဆိုရင္ တစ္ပြဲကို ၁ ဂိုးႏႈန္းသြင္းယူေနတာျဖစ္ပါတယ္။ အမ်ားစုက ပိုလန္လက္ေရြးစင္တိုက္စစ္မႉးဟာ ၂၀၂၀ ခုႏွစ္ ဘယ္လြန္ေဒါကို ရရွိလိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့ၾကၿပီး ကံမေကာင္းစြာနဲ႔ ကမၻာ့ကပ္ေရာဂါဆိုးျဖစ္တဲ့ ကိုဗစ္-၁၉ ကို ထိန္းခ်ဳပ္နိုင္တဲ့ အေျခအေနမွာ မရွိဘူးလို႔ ယူဆတာေၾကာင့္ ဆုေပးပြဲအခမ္းအနားကို ဖ်က္သိမ္းေၾကာင္း ေၾကညာခဲ့တာျဖစ္ပါတယ္။

လီဗန္ေဒ့ါဗ္စကီးဟာ ယခုႏွစ္မွာလည္း ေနာက္ထပ္တစ္ႀကိမ္ ဆုရရွိဖို႔ ေရပန္းအစားဆုံး ကစားသမားေတြထဲက တစ္ဦးအျဖစ္ ပါဝင္ေနၿပီး ဘယ္လြန္ေဒါဆုကို ရရွိတာက ၎အတြက္ အရမ္းေကာင္းမြန္တဲ့အရာျဖစ္လိမ့္မယ္လို႔ ဝန္ခံ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ဘယ္လြန္ေဒါဆုကို အနိုင္ရနိုင္ေျခရွိတာက ကၽြန္ေတာ့္အတြက္ အမ်ားႀကီး အဓိပၸာယ္ရွိပါတယ္။ အဲဒါက ကၽြန္ေတာ့္ကို ဂုဏ္ယူေစပါတယ္။ ဒီႏွစ္မွာပဲ ကၽြန္ေတာ္ ရသင့္တာမဟုတ္ဘဲ မႏွစ္ကလည္း ကၽြန္ေတာ္ ဆုဖလားေတြ အမ်ားႀကီးရၿပီး ဂိုးေတြ အမ်ားႀကီးသြင္းခဲ့ေပမယ့္ ဆုေပးပြဲက ဖ်က္သိမ္းျခင္းခံခဲ့ရတယ္ဆိုတာ ခင္ဗ်ားလည္း အသိပဲ”

“ဘယ္လြန္ေဒါကို၊ ခ်န္ပီယံလိဂ္ကို၊ စူပါဖလားကို၊ ကလပ္ကမၻာ့ဖလားကို၊ ဘြန္ဒက္စ္လီဂါက ဂတ္ မူလာရဲ့ ၄၁ ဂိုးစံခ်ိန္ကို ခ်ိဳးဖ်က္နိုင္ခဲ့တာက ကၽြန္ေတာ့္အတြက္ အရမ္းအဓိပၸာယ္ရွိပါတယ္။ အဲဒါက အထင္ႀကီးစရာေကာင္းတဲ့ အရာပါ။ အဲဒါက ကၽြန္ေတာ့္ကို အရမ္းဂုဏ္ယူၿပီး ေပ်ာ္ရႊင္ေစပါတယ္”

“ကၽြန္ေတာ္ ဘာလုပ္ခဲ့လဲနဲ႔ ဘာဆက္လုပ္ေနလဲဆိုတာ အားလုံး ျမင္ခဲ့ၾကပါတယ္။ ကၽြန္ေတာ့္ရဲ့ ေအာင္ျမင္မႈေတြက ဒီေမးခြန္းကို အေျဖေပးနိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ၿပီးခဲ့တဲ့ ၂ ႏွစ္မွာ ရရွိခဲ့တဲ့ ႀကီးမားတဲ့ေအာင္ျမင္မႈေတြက ကၽြန္ေတာ့္အတြက္ခ်ည္းပဲ မဟုတ္ဘဲ သမိုင္းေၾကာင္းထဲက ေဘာလုံးသမားအားလုံးအတြက္ ျဖစ္ခဲ့လို႔ပါ”

ကံတရားက လီဗန္ေဒါ့ဗ္စကီးအေပၚ ဆုနဲ႔ပတ္သက္ၿပီး အေႂကြးတင္ေနတာာလားလို႔ ေမးျမန္းခဲ့ရာမွာ “ကၽြန္ေတာ္ တကယ္ မသိပါဘူး။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္ ဘယ္ကေန လာခဲ့တယ္ဆိုတာ အေရးမႀကီးလို႔ပါ။ ကၽြန္ေတာ့္မွာ ဘယ္လြန္ေဒါရရွိဖို႔အတြက္ အခြင့္အေရးရွိေနလို႔ပါ”

“ကၽြန္ေတာ္က ခင္ဗ်ား ဘယ္ကေန လာခဲ့လဲဆိုတာက အေရးမပါဘူးဆိုတာ၊ ခင္ဗ်ား ဘယ္ေလာက္ အလုပ္ ျပင္းျပင္းထန္ထန္ လုပ္ခဲ့လဲဆိုတာ အေရးမပါဘူးဆိုတာကို ျပသခဲ့ပါတယ္။ အဲဒီေနရာကို ေရာက္နိုင္ဖို႔ ကၽြန္ေတာ့္ကစားသမားဘဝအစမွာ ခက္ခဲခဲ့ေပမယ့္လည္း ကၽြန္ေတာ္ ျပသခဲ့တယ္။ ခင္ဗ်ား အရမ္းေအာင္ျမင္ၿပီး ထိပ္ဆုံးကို ေရာက္နိုင္တယ္ဆိုတာကိုေပါ့”

လီဗန္ေဒါ့ဗ္စကီးဟာ ဘိုင္ယန္ျမဴးနစ္အသင္းက ၎ရဲ့အနာဂတ္နဲ႔ပတ္သက္ၿပီးလည္း တိုတိုတုတ္တုတ္ ေျပာဆိုသြားခဲ့ၿပီး အသင္းမွာ ဟာလန္းနဲ႔အတူ တြဲကစားဖို႔ ျဖစ္နိုင္ေျခကို ေဆြးေႏြးခဲ့ပါတယ္။ “သူေနာက္ရာသီ ဘယ္မွာ ကစားမလဲဆိုတာနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္ တကယ္ မေတြးေနပါဘူ။ ကၽြန္ေတာ္တို႔က ရာသီအစပဲ ရွိေသးၿပီး ၂ လ ေလာက္ပဲ ေရာက္ေသးတာပါ။ ကၽြန္ေတာ့္မွာက ၂ ႏွစ္စာခ်ဳပ္ ရွိပါတယ္”

“ကၽြန္ေတာ္တို႔ ၂ ေယာက္က မတူညီတဲ့ ကစားသမားေတြပါ။ သူက အရမ္းေကာင္းတဲ့အနာဂတ္ေတြရွိေနတဲ့ လူငယ္ကစားသမားေကာင္းတစ္ေယာက္ပါ။ သူက တန္ျပန္တိုက္စစ္ကစားရတာကို ႏွစ္သက္တယ္။ သူ႔မွာ အရမ္းအားေကာင္းတဲ့ ဘယ္ေျခရွိပါတယ္။ ကၽြန္ေတာ္က တျခား တိုက္စစ္မႉးပုံစံပါ။ အတူတူ ကစားမွာလားဆိုရင္ေတာ့ ကၽြန္ေတာ္တို႔ အတူတူ မကစားနိုင္ဘူးလို႔ ေျပာရမယ့္သူက ကၽြန္ေတာ္ မဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.