Other Leagues Premier League Transfer News

အီဂါလိုကို ယူႏုိက္တက္နဲ႔ သက္တမ္းတုိးႏုိင္မယ္လို႔ ယုံၾကည္ေနတဲ့ သူ႕ရဲ႕ ေအးဂ်င့္

တုိက္စစ္မွဴး အိုဒီယြန္ အီဂါလိုအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ရာသီကုန္အထိ ဆက္ေနဖို႔အတြက္ ရွန္ဟိုင္းရွင္ဟြာနဲ႔ သေဘာ တူညီမွဳရဖို႔ မ်ားေနၿပီး အသင္းမွာ ဆက္ေနႏုိင္ဖို႔ ရွိေနတယ္လို႔ သူ႕ရဲ႕ေအးဂ်င့္ျဖစ္သူ လာဒီ ဆလာမီက ေျပာၾကားလုိက္ပါတယ္။

ဒါေပမယ့္ ယူႏိုက္တက္အသင္းအေနနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ ေငြေၾကးအေတာ္မ်ားမ်ား ထပ္မံအသုံးျပဳရဦးမယ္လို႔ ယူဆရၿပီး တ႐ုတ္ ဆူပါလိဂ္ကလပ္အေနနဲ႔ သူတုိ႔ရဲ႕ ကစားသမားကို စာခ်ဳပ္သစ္ ခ်ဳပ္ခ်င္ေနသလို မဟုတ္ရင္လည္း ေပါင္သန္း ၃၀ နဲ႔ ေရာင္းခ်သြားဖို႔ စဥ္းစားေနတာ ျဖစ္ပါတယ္။

နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားကေတာ့ သူတုိ႔ေတြအေနနဲ႔ အသက္ ၃၀ အရြယ္ ႏုိင္ဂ်ီးရီးယားတုိက္စစ္မွဴးအတြက္ ဆက္လက္ေဆြးေႏြးေနဆဲ ျဖစ္သလို အတတ္ႏုိင္ဆုံး ႀကဳိးစားေနတယ္လို႔ ဆိုခဲ့ခ်ိန္မွာ ေအးဂ်င့္ျဖစ္သူကေတာ့ သေဘာတူညီဖို႔ ေတာ္ေတာ္ေလး နီးစပ္ေနၿပီလို႔ ေျပာပါတယ္။

“တစ္ဖက္မွာေတာ့ ဆူပါလင္းယုန္(ႏိုင္ဂ်ီးရီးယားသား အီဂါလိုကို ရည္ညႊန္း)အေနနဲ႔ မန္ခ်က္စတာမွာ သိပ္ေပ်ာ္ေနတာပဲဗ်။ လစာေငြကိစၥအတြက္ ထပ္မံ ညႇိႏွဳိင္းဖို႔က ဒီအတြက္ အဆင္ေျပႏုိင္ပါတယ္။ တျခားတစ္ဖက္မွာေတာ့ ေတာင္းဆုိမွဳေတြ ရွိေနၿပီး ဒီအတြက္ေတာ့ ေတာ္ေတာ္ေလး ေဆြးေႏြးရဦးမွာ ျဖစ္ပါတယ္”လို႔ ရွန္ဟိုင္းရွင္ဟြာဘက္က အေျခအေနကိုလည္း ထုတ္ေဖာ္သြားခဲ့ပါတယ္။

အီဂါလိုဟာ မန္ခ်က္စတာယူႏုိက္တက္အသင္းကို ငယ္စဥ္ကတည္းက အားေပးခဲ့သူျဖစ္ၿပီး ဒီအသင္းမွာ ကစားဖို႔အတြက္ ညႀကီးမင္းႀကီး အေလာသုံးဆယ္ ထေျပးခဲ့ရတဲ့အထိ စိတ္အားထက္သန္ခဲ့သူျဖစ္သလို သူ႕ရဲ႕ အိပ္မက္ထဲက အသင္းမွာ အနည္းဆုံး ဒီရာသီကုန္အထိ ဆက္ရွိေနဖို႔ ဆႏၵျပင္းျပေနတာျဖစ္ၿပီး သူ႕ကို ဆက္လက္ထိန္းသိမ္းသြားဖို႔လည္း တာဝန္ရွိသူေတြအားလုံးက အလိုရွိေနေၾကာင္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: တိုက်စစ်မှူး အိုဒီယွန် အီဂါလိုအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ ရာသီကုန်အထိ ဆက်နေဖို့အတွက် ရှန်ဟိုင်းရှင်ဟွာနဲ့ သဘော တူညီမှုရဖို့ များနေပြီး အသင်းမှာ ဆက်နေနိုင်ဖို့ ရှိနေတယ်လို့ သူ့ရဲ့အေးဂျင့်ဖြစ်သူ လာဒီ ဆလာမီက ပြောကြားလိုက်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်အသင်းအနေနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငွေကြေးအတော်များများ ထပ်မံအသုံးပြုရဦးမယ်လို့ ယူဆရပြီး တရုတ် ဆူပါလိဂ်ကလပ်အနေနဲ့ သူတို့ရဲ့ ကစားသမားကို စာချုပ်သစ် ချုပ်ချင်နေသလို မဟုတ်ရင်လည်း ပေါင်သန်း ၃၀ နဲ့ ရောင်းချသွားဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။

နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားကတော့ သူတို့တွေအနေနဲ့ အသက် ၃၀ အရွယ် နိုင်ဂျီးရီးယားတိုက်စစ်မှူးအတွက် ဆက်လက်ဆွေးနွေးနေဆဲ ဖြစ်သလို အတတ်နိုင်ဆုံး ကြိုးစားနေတယ်လို့ ဆိုခဲ့ချိန်မှာ အေးဂျင့်ဖြစ်သူကတော့ သဘောတူညီဖို့ တော်တော်လေး နီးစပ်နေပြီလို့ ပြောပါတယ်။

“တစ်ဖက်မှာတော့ ဆူပါလင်းယုန်(နိုင်ဂျီးရီးယားသား အီဂါလိုကို ရည်ညွှန်း)အနေနဲ့ မန်ချက်စတာမှာ သိပ်ပျော်နေတာပဲဗျ။ လစာငွေကိစ္စအတွက် ထပ်မံ ညှိနှိုင်းဖို့က ဒီအတွက် အဆင်ပြေနိုင်ပါတယ်။ တခြားတစ်ဖက်မှာတော့ တောင်းဆိုမှုတွေ ရှိနေပြီး ဒီအတွက်တော့ တော်တော်လေး ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်”လို့ ရှန်ဟိုင်းရှင်ဟွာဘက်က အခြေအနေကိုလည်း ထုတ်ဖော်သွားခဲ့ပါတယ်။

အီဂါလိုဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ငယ်စဉ်ကတည်းက အားပေးခဲ့သူဖြစ်ပြီး ဒီအသင်းမှာ ကစားဖို့အတွက် ညကြီးမင်းကြီး အလောသုံးဆယ် ထပြေးခဲ့ရတဲ့အထိ စိတ်အားထက်သန်ခဲ့သူဖြစ်သလို သူ့ရဲ့ အိပ်မက်ထဲက အသင်းမှာ အနည်းဆုံး ဒီရာသီကုန်အထိ ဆက်ရှိနေဖို့ ဆန္ဒပြင်းပြနေတာဖြစ်ပြီး သူ့ကို ဆက်လက်ထိန်းသိမ်းသွားဖို့လည်း တာဝန်ရှိသူတွေအားလုံးက အလိုရှိနေကြောင်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.