Article Premier League

လက်ရှိခြေစွမ်းအရ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးဖြစ်နေတဲ့ တိုက်စစ်မှူး ၅ ဦး

၂၀၂၁-၂၀၂၂ ပရီးမီးယားလိဂ်ရာသီကတော့ ၇ ပွဲ ကစားပြီးချိန်မှာ ဒီနှစ်ပိုင်းတွေအတွင်း စိတ်လှုပ်ရှားစရာ ဆုဖလားပြိုင်ပွဲတွေထဲကတစ်ခု ဖြစ်နေပုံရပြီး အမှတ်ပေးဇယား ဦးဆောင်နေတဲ့ ချဲလ်ဆီးနဲ့ အဆင့် ၆ နေရာက ဘရိုက်တန်တို့ဟာ ၂ မှတ်သာ ကွာဟနေတာဖြစ်ပါတယ်။

ဒီရာသီရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ထိပ်ဆုံးလေးနေရာကို ချဲလ်ဆီး၊ လီဗာပူးလ်၊ မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက်တို့က နေရာယူထားကြပြီးဖြစ်ပြီး မြောက်လန်ဒန်ပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးတို့ကတော့ နိုင်လိုက်၊ ရှုံးလိုက်နဲ့ ဖြစ်နေကြဆဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဟာ ကမ္ဘာပေါ်က အကောင်းဆုံးတိုက်စစ်မှူးတွေထဲက အချို့ အမြဲတမ်းရှိနေခဲ့တဲ့လိဂ်ဖြစ်ပြီး ဒီရာသီမှာလည်း အတူတူပါပဲ။

တိုက်စစ်မှူးအများစုဟာ လက်ရှိအချိန်အထိ ၎င်းတို့ရဲ့ အသင်းအတွက် ကောင်းကောင်းစွမ်းဆောင်ပြထားပြီး အမှတ်ပေးဇယားထိပ်ပိုင်းကို တက်ရောက်နိုင်ဖို့ ကူညီထားကြတာဖြစ်ပါတယ်။ အခုလက်ရှိ ပြသထားတဲ့ ခြေစွမ်းအရ ပရီးမီးယားလိဂ်က အကောင်းဆုံးတိုက်စစ်မှူး ၅ ဦးကို ဒီရာသီ အသင်းအတွက် ရယူပေးထားတဲ့ ဂိုးပမာဏအပေါ် မူတည်ပြီး ရွေးချယ်မယ်ဆိုရင် အဲဒီတိုက်စစ်မှူးတွေက ဘယ်သူတွေဖြစ်မလဲ…

၅။ ဆာအိဒ် ဘန်ရာမာ- ဝက်စ်ဟမ်းယူနိုက်တက်
ဘန်ရာမာဟာ ဝက်စ်ဟမ်းမှာ ပွဲဦးထွက်ရာသီတွေထဲက အကောင်းဆုံးကို ပိုင်ဆိုင်ခဲ့သူမဟုတ်ဘဲ ပြီးခဲ့တဲ့ရာသီအစမှာ ဘရန့်တ်ဖို့ဒ်ကနေ ကနဦးအငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ ဘန်ရာမာဟာ ပရီးမီးယားလိဂ်မှာ ပွဲ ၃၀ ပါဝင်ကစားပေးထားရာမှာ ၁၄ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့်ရခဲ့ပြီး အဲဒီအချိန်အတွင်း သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အယ်လ်ဂျီးရီးယားတောင်ပံကစားသမားဟာ ဒီရာသီမှာတော့ ဝက်စ်ဟမ်းရဲ့ပရီးမီးယားလိဂ် ၇ ပွဲစလုံးမှာ ပွဲထွက်ကစားပြီး မတူညီတဲ့ပုံစံနဲ့ ရာသီသစ်ကို စတင်ခဲ့ပြီး သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားတာဖြစ်ပါတယ်။ ပထမဆုံး ၃ ပွဲမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီးနောက် သြဂုတ်လအတွက် ပရီးမီးယားလိဂ်ရဲ့တစ်လတာအကောင်းဆုံးကစားသမားဆု ဆန်ခါတင်ထဲမှာတောင် ပါဝင်စေခဲ့တဲ့အထိ ဘန်ရာမာရဲ့ စွမ်းဆောင်ရည်က ကောင်းမွန်ခဲ့ပါတယ်။

၄။ ဂါဘရီယယ်လ် ဂျေဆူးစ်-မန်ချက်စတာစီးတီး
မန်ချက်စတာစီးတီးနဲ့ပတ်သက်ပြီး အများစုပြောကြတာက ရာသီအစမှာ တိုက်စစ်မှူး မရှိတဲ့ကိစ္စဖြစ်ပြီး အဂူရို နွေရာသီမှာအသင်းကို စွန့်ခွာပြီးနောက် ဟာရီ ကိန်းကို အစားထိုး ခေါ်ယူနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးအသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အများစုက အသင်းအနေနဲ့ တိုက်စစ်မှူးအစစ်အမှန်မရှိဘဲ ရုန်းကန်ရလိမ့်မယ်လို့ ထင်မြင်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီလိုမဖြစ်ခဲ့ဘဲ မန်စီးတီးဟာ နောက် ၂ ပွဲမှာ ပိုကောင်းမွန်တဲ့ပုံစံနဲ့ ပြန်လာနိုင်ခဲ့ပြီး အိမ်ကွင်းမှာ နော်ဝေစ်ချ်နဲ့ အာဆင်နယ်ကို ၅-၀ နဲ့ ဂိုးပြတ်အနိုင်ယူခဲ့တာဖြစ်ပါတယ်။ မန်စီးတီးရဲ့ ဒီရာသီ ပုံမှန်ခြေစွမ်း ပြန်ရလာတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုဟာ ဂျေဆူးစ်ကို ညာတောင်ပံမှာ အသုံးပြုတာဖြစ်ပြီး အသက် ၂၄ နှစ်အရွယ် ဘရာဇီးလ်တိုက်စစ်မှူးဟာ ၎င်းရဲ့ လျင်မြန်မှု၊ ပြေအားနဲ့အတူ ခံစစ်မှူးတွေကို ဖရိုဖရဲဖြစ်စေခဲ့တာဖြစ်ပါတယ်။ ဂျေဆူးစ်ဟာ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ် ၇ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ်အထိ ပြုလုပ်ထားခဲ့ပြီးဖြစ်ပါတယ်။

၃။ ဂျေမီ ဗာဒီ-လက်စတာစီးတီး
လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ပူးတွဲထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ ဂျေမီ ဗာဒီဟာ သူမတူတဲ့အဆင့်အတန်းမှာ ဆက်လက်ပြီး စွမ်းဆောင်ပြသနေတာဖြစ်ပြီး အင်္ဂလိပ်တိုက်စစ်မှူးဟာ ဝိုင်လိုမျိုး သက်တမ်းရင့်လေ ကောင်းလေဆိုသလို တစ်နှစ်ထက်တစ်နှစ် ပိုပိုကောင်းလာနေတာဖြစ်ပါတယ်။

လက်စတာစီးတီးဟာ ၂၀၂၁-၂၀၂၂ ရာသီကို အကောင်းဆုံးစတင်နိုင်ခဲ့တာမဟုတ်ဘဲ လိဂ်ပွဲစဉ် ၇ ပွဲမှာ ၂ ပွဲသာအနိုင်ရရှိခဲ့ပြီး အဆင့် ၁၃ နေရာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။ ဒါပေမယ့် ဗာဒီက ဂိုးရှေ့မှာ ဆက်လက်ပြီး အထင်ကြီးဖွယ်ခြေစွမ်းပြသနေပြီး ပရီးမီးယားလိဂ်သွင်းဂိုး ၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ လက်စတာစီးတီးရဲ့ အားနည်းတဲ့ ခံစစ်ကြောင့်သာမဟုတ်ဘူးဆိုရင် ဗာဒီရဲ့ ဂိုးတွေဟာ လက်စတာစီးတီးအသင်း လက်ရှိရှိနေတဲ့နေရာထက် ပိုမိုမြင့်မားတဲ့အဆင့်မှာ ရပ်တည်နိုင်တဲ့ ရမှတ်တွေ ပိုမို ရှာဖွေပေးနိုင်မှာ သေချာပါတယ်။

၂။ မီခေးလ် အန်တိုနီယို – ဝက်စ်ဟမ်းယူနိုက်တက်
ဝက်စ်ဟမ်းကြယ်ပွင့်တိုက်စစ်မှူး အန်တိုနီယိုဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ လန်ဒန်ကလပ်အသင်းအတွက် လုံးဝကို ထက်မြက်တဲ့ခြေစွမ်း ပြသနေခဲ့တာဖြစ်ပါတယ်။ ဂျမေကာလက်ရွေးစင်တိုက်စစ်မှူးဟာ တစ်ရာသီကို ၁၀ ဂိုးထက်ပိုပြီး ဘယ်တုန်းကမှ ဂိုးမသွင်းယူခဲ့ဖူးသူဖြစ်ပေမယ့် ဒီရာသီမှာတော့ အဲဒီစံချိန်ကို ချိုးမယ့်အနေအထားမှာ ရှိနေပြီဖြစ်ပါတယ်။

အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ ဝက်စ်ဟမ်းအတွက် လိဂ်ပွဲစဉ် ၆ ပွဲမှာ သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပေးထားပြီး အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ ပါအိုလို ဒီကာနီယိုကို ကျော်ဖြတ်ပြီး ၄၈ ဂိုးနဲ့ အသင်းရဲ့တသက်တာထိပ်တန်းဂိုးသွင်းရှင်လည်း ဖြစ်လာခဲ့သူဖြစ်ပါတယ်။ အန်တိုနီယိုဟာ ရာသီအစ ၃ ပွဲမှာ သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီးနောက် သြဂုတ်လအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

၁။ မိုဟာမက် ဆာလား-လီဗာပူးလ်
ဆာလားဟာ လက်ရှိဘောလုံးလောကမှာ အကောင်းဆုံးကစားသမားဆိုတာ ငြင်းစရာမရှိဘဲ နွေရာသီမှာ အခြားပရီးမီးယားလိဂ်ကစားသမားတွေက နိုင်ငံတကာပွဲစဉ်တွေမှာ ပါဝင်ကစားပေးနေချိန်မှာ အနားယူနေခဲ့ရတာကြောင့် လန်းဆန်းစွာနဲ့ ရာသီကို စတင်ခဲ့သူလည်းဖြစ်ပါတယ်။ ဆာလားဟာ ပရီးမီးယားလိဂ် ၇ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီး ဂျေမီ ဗာဒီနဲ့အတူ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ အဲဒါတင်မကသေးဘဲ ဆာလားဟာ ချန်ပီယံလိဂ်မှာလည်း သွင်းဂိုး ၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၉ ပွဲမှာ သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

မန်ချက်စတာစီးတီးနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ သူ့ရဲ့ တကိုယ်တော်သွင်းဂိုးဟာ လက်ဖျားခါရလောက်အောင် ကောင်းမွန်ခဲ့တဲ့ အီဂျစ်သားအနေနဲ့ အန်းဖီးလ်မှာ ဘန်လေအသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာသာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိတာဖြစ်ပြီး အဲဒီပွဲပြီးကတည်းက အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးဟာ ၇ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ စက်တင်ဘာလက လိဒ်စ်ယူနိုက်တက်နဲ့ပွဲမှာ ဂိုးသွင်းယူပြီးနောက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ ကို အမြန်ဆုံးပြည့်မြောက်ခဲ့တဲ့ စတုတ္ထမြောက်ကစားသမားဖြစ်လာခဲ့ပြီး လီဗာပူးလ်အတွက်လည်း ဘရန့်ဖို့ဒ်နဲ့ တစ်ဖက် ၃ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀၀ ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၂၀၂၁-၂၀၂၂ ပရီးမီးယားလိဂ္ရာသီကေတာ့ ၇ ပြဲ ကစားၿပီးခ်ိန္မွာ ဒီႏွစ္ပိုင္းေတြအတြင္း စိတ္လႈပ္ရွားစရာ ဆုဖလားၿပိဳင္ပြဲေတြထဲကတစ္ခု ျဖစ္ေနပုံရၿပီး အမွတ္ေပးဇယား ဦးေဆာင္ေနတဲ့ ခ်ဲလ္ဆီးနဲ႔ အဆင့္ ၆ ေနရာက ဘ႐ိုက္တန္တို႔ဟာ ၂ မွတ္သာ ကြာဟေနတာျဖစ္ပါတယ္။

ဒီရာသီရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ထိပ္ဆုံးေလးေနရာကို ခ်ဲလ္ဆီး၊ လီဗာပူးလ္၊ မန္ခ်က္စတာစီးတီးနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔က ေနရာယူထားၾကၿပီးျဖစ္ၿပီး ေျမာက္လန္ဒန္ၿပိဳင္ဘက္ေတြျဖစ္တဲ့ အာဆင္နယ္နဲ႔ စပါးတို႔ကေတာ့ ႏိုင္လိုက္၊ ရႈံးလိုက္နဲ႔ ျဖစ္ေနၾကဆဲျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ဟာ ကမာၻေပၚက အေကာင္းဆုံးတိုက္စစ္မႉးေတြထဲက အခ်ိဳ႕ အၿမဲတမ္းရွိေနခဲ့တဲ့လိဂ္ျဖစ္ၿပီး ဒီရာသီမွာလည္း အတူတူပါပဲ။

တိုက္စစ္မႉးအမ်ားစုဟာ လက္ရွိအခ်ိန္အထိ ၎တို႔ရဲ႕ အသင္းအတြက္ ေကာင္းေကာင္းစြမ္းေဆာင္ျပထားၿပီး အမွတ္ေပးဇယားထိပ္ပိုင္းကို တက္ေရာက္ႏိုင္ဖို႔ ကူညီထားၾကတာျဖစ္ပါတယ္။ အခုလက္ရွိ ျပသထားတဲ့ ေျခစြမ္းအရ ပရီးမီးယားလိဂ္က အေကာင္းဆုံးတိုက္စစ္မႉး ၅ ဦးကို ဒီရာသီ အသင္းအတြက္ ရယူေပးထားတဲ့ ဂိုးပမာဏအေပၚ မူတည္ၿပီး ေ႐ြးခ်ယ္မယ္ဆိုရင္ အဲဒီတိုက္စစ္မႉးေတြက ဘယ္သူေတြျဖစ္မလဲ…

၅။ ဆာအိဒ္ ဘန္ရာမာ- ဝက္စ္ဟမ္းယူႏိုက္တက္
ဘန္ရာမာဟာ ဝက္စ္ဟမ္းမွာ ပြဲဦးထြက္ရာသီေတြထဲက အေကာင္းဆုံးကို ပိုင္ဆိုင္ခဲ့သူမဟုတ္ဘဲ ၿပီးခဲ့တဲ့ရာသီအစမွာ ဘရန႔္တ္ဖို႔ဒ္ကေန ကနဦးအငွားစာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ပါတယ္။ ဘန္ရာမာဟာ ပရီးမီးယားလိဂ္မွာ ပြဲ ၃၀ ပါဝင္ကစားေပးထားရာမွာ ၁၄ ပြဲသာ ပြဲထြက္ပါဝင္ကစားခြင့္ရခဲ့ၿပီး အဲဒီအခ်ိန္အတြင္း သြင္းဂိုး ၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၆ ႀကိမ္ျပဳလုပ္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ အယ္လ္ဂ်ီးရီးယားေတာင္ပံကစားသမားဟာ ဒီရာသီမွာေတာ့ ဝက္စ္ဟမ္းရဲ႕ပရီးမီးယားလိဂ္ ၇ ပြဲစလုံးမွာ ပြဲထြက္ကစားၿပီး မတူညီတဲ့ပုံစံနဲ႔ ရာသီသစ္ကို စတင္ခဲ့ၿပီး သြင္းဂိုး ၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ထားတာျဖစ္ပါတယ္။ ပထမဆုံး ၃ ပြဲမွာ သြင္းဂိုး ၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ၿပီးေနာက္ ၾသဂုတ္လအတြက္ ပရီးမီးယားလိဂ္ရဲ႕တစ္လတာအေကာင္းဆုံးကစားသမားဆု ဆန္ခါတင္ထဲမွာေတာင္ ပါဝင္ေစခဲ့တဲ့အထိ ဘန္ရာမာရဲ႕ စြမ္းေဆာင္ရည္က ေကာင္းမြန္ခဲ့ပါတယ္။

၄။ ဂါဘရီယယ္လ္ ေဂ်ဆူးစ္-မန္ခ်က္စတာစီးတီး
မန္ခ်က္စတာစီးတီးနဲ႔ပတ္သက္ၿပီး အမ်ားစုေျပာၾကတာက ရာသီအစမွာ တိုက္စစ္မႉး မရွိတဲ့ကိစၥျဖစ္ၿပီး အဂူ႐ို ေႏြရာသီမွာအသင္းကို စြန႔္ခြာၿပီးေနာက္ ဟာရီ ကိန္းကို အစားထိုး ေခၚယူႏိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္မွာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အမ်ားစုက အသင္းအေနနဲ႔ တိုက္စစ္မႉးအစစ္အမွန္မရွိဘဲ ႐ုန္းကန္ရလိမ့္မယ္လို႔ ထင္ျမင္ခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္ အဲဒီလိုမျဖစ္ခဲ့ဘဲ မန္စီးတီးဟာ ေနာက္ ၂ ပြဲမွာ ပိုေကာင္းမြန္တဲ့ပုံစံနဲ႔ ျပန္လာႏိုင္ခဲ့ၿပီး အိမ္ကြင္းမွာ ေနာ္ေဝစ္ခ်္နဲ႔ အာဆင္နယ္ကို ၅-၀ နဲ႔ ဂိုးျပတ္အႏိုင္ယူခဲ့တာျဖစ္ပါတယ္။ မန္စီးတီးရဲ႕ ဒီရာသီ ပုံမွန္ေျခစြမ္း ျပန္ရလာတဲ့ အဓိကအေၾကာင္းအရင္းေတြထဲက တစ္ခုဟာ ေဂ်ဆူးစ္ကို ညာေတာင္ပံမွာ အသုံးျပဳတာျဖစ္ၿပီး အသက္ ၂၄ ႏွစ္အ႐ြယ္ ဘရာဇီးလ္တိုက္စစ္မႉးဟာ ၎ရဲ႕ လ်င္ျမန္မႈ၊ ေျပအားနဲ႔အတူ ခံစစ္မႉးေတြကို ဖ႐ိုဖရဲျဖစ္ေစခဲ့တာျဖစ္ပါတယ္။ ေဂ်ဆူးစ္ဟာ လက္ရွိအခ်ိန္အထိ ပရီးမီးယားလိဂ္ ၇ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၄ ႀကိမ္အထိ ျပဳလုပ္ထားခဲ့ၿပီးျဖစ္ပါတယ္။

၃။ ေဂ်မီ ဗာဒီ-လက္စတာစီးတီး
လက္ရွိ ပရီးမီးယားလိဂ္ရဲ႕ ပူးတြဲထိပ္တန္းဂိုးသြင္းရွင္ျဖစ္တဲ့ ေဂ်မီ ဗာဒီဟာ သူမတူတဲ့အဆင့္အတန္းမွာ ဆက္လက္ၿပီး စြမ္းေဆာင္ျပသေနတာျဖစ္ၿပီး အဂၤလိပ္တိုက္စစ္မႉးဟာ ဝိုင္လိုမ်ိဳး သက္တမ္းရင့္ေလ ေကာင္းေလဆိုသလို တစ္ႏွစ္ထက္တစ္ႏွစ္ ပိုပိုေကာင္းလာေနတာျဖစ္ပါတယ္။

လက္စတာစီးတီးဟာ ၂၀၂၁-၂၀၂၂ ရာသီကို အေကာင္းဆုံးစတင္ႏိုင္ခဲ့တာမဟုတ္ဘဲ လိဂ္ပြဲစဥ္ ၇ ပြဲမွာ ၂ ပြဲသာအႏိုင္ရရွိခဲ့ၿပီး အဆင့္ ၁၃ ေနရာမွာ ရပ္တည္ေနရတာျဖစ္ပါတယ္။ ဒါေပမယ့္ ဗာဒီက ဂိုးေရွ႕မွာ ဆက္လက္ၿပီး အထင္ႀကီးဖြယ္ေျခစြမ္းျပသေနၿပီး ပရီးမီးယားလိဂ္သြင္းဂိုး ၆ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။ လက္စတာစီးတီးရဲ႕ အားနည္းတဲ့ ခံစစ္ေၾကာင့္သာမဟုတ္ဘူးဆိုရင္ ဗာဒီရဲ႕ ဂိုးေတြဟာ လက္စတာစီးတီးအသင္း လက္ရွိရွိေနတဲ့ေနရာထက္ ပိုမိုျမင့္မားတဲ့အဆင့္မွာ ရပ္တည္ႏိုင္တဲ့ ရမွတ္ေတြ ပိုမို ရွာေဖြေပးႏိုင္မွာ ေသခ်ာပါတယ္။

၂။ မီေခးလ္ အန္တိုနီယို – ဝက္စ္ဟမ္းယူႏိုက္တက္
ဝက္စ္ဟမ္းၾကယ္ပြင့္တိုက္စစ္မႉး အန္တိုနီယိုဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာ လန္ဒန္ကလပ္အသင္းအတြက္ လုံးဝကို ထက္ျမက္တဲ့ေျခစြမ္း ျပသေနခဲ့တာျဖစ္ပါတယ္။ ဂ်ေမကာလက္ေ႐ြးစင္တိုက္စစ္မႉးဟာ တစ္ရာသီကို ၁၀ ဂိုးထက္ပိုၿပီး ဘယ္တုန္းကမွ ဂိုးမသြင္းယူခဲ့ဖူးသူျဖစ္ေပမယ့္ ဒီရာသီမွာေတာ့ အဲဒီစံခ်ိန္ကို ခ်ိဳးမယ့္အေနအထားမွာ ရွိေနၿပီျဖစ္ပါတယ္။

အသက္ ၃၀ အ႐ြယ္ တိုက္စစ္မႉးဟာ ဝက္စ္ဟမ္းအတြက္ လိဂ္ပြဲစဥ္ ၆ ပြဲမွာ သြင္းဂိုး ၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္ ျပဳလုပ္ေပးထားၿပီး အသင္းရဲ႕ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္တဲ့ ပါအိုလို ဒီကာနီယိုကို ေက်ာ္ျဖတ္ၿပီး ၄၈ ဂိုးနဲ႔ အသင္းရဲ႕တသက္တာထိပ္တန္းဂိုးသြင္းရွင္လည္း ျဖစ္လာခဲ့သူျဖစ္ပါတယ္။ အန္တိုနီယိုဟာ ရာသီအစ ၃ ပြဲမွာ သြင္းဂိုး ၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ၿပီးေနာက္ ၾသဂုတ္လအတြက္ ပရီးမီးယားလိဂ္ တစ္လတာ အေကာင္းဆုံး ကစားသမားဆုကို ထိုက္ထိုက္တန္တန္ ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။

၁။ မိုဟာမက္ ဆာလား-လီဗာပူးလ္
ဆာလားဟာ လက္ရွိေဘာလုံးေလာကမွာ အေကာင္းဆုံးကစားသမားဆိုတာ ျငင္းစရာမရွိဘဲ ေႏြရာသီမွာ အျခားပရီးမီးယားလိဂ္ကစားသမားေတြက ႏိုင္ငံတကာပြဲစဥ္ေတြမွာ ပါဝင္ကစားေပးေနခ်ိန္မွာ အနားယူေနခဲ့ရတာေၾကာင့္ လန္းဆန္းစြာနဲ႔ ရာသီကို စတင္ခဲ့သူလည္းျဖစ္ပါတယ္။ ဆာလားဟာ ပရီးမီးယားလိဂ္ ၇ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၆ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့ၿပီး ေဂ်မီ ဗာဒီနဲ႔အတူ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။ အဲဒါတင္မကေသးဘဲ ဆာလားဟာ ခ်န္ပီယံလိဂ္မွာလည္း သြင္းဂိုး ၃ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီး ၿပိဳင္ပြဲစုံ ၉ ပြဲမွာ သြင္းဂိုး ၉ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးနဲ႔ပြဲမွာ သြင္းယူခဲ့တဲ့ သူ႔ရဲ႕ တကိုယ္ေတာ္သြင္းဂိုးဟာ လက္ဖ်ားခါရေလာက္ေအာင္ ေကာင္းမြန္ခဲ့တဲ့ အီဂ်စ္သားအေနနဲ႔ အန္းဖီးလ္မွာ ဘန္ေလအသင္းကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာသာ ဂိုးသြင္းယူႏိုင္ခဲ့ျခင္းမရွိတာျဖစ္ၿပီး အဲဒီပြဲၿပီးကတည္းက အသက္ ၂၉ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၇ ပြဲဆက္တိုက္ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ စက္တင္ဘာလက လိဒ္စ္ယူႏိုက္တက္နဲ႔ပြဲမွာ ဂိုးသြင္းယူၿပီးေနာက္ ပရီးမီးယားလိဂ္သြင္းဂိုး ၁၀၀ ကို အျမန္ဆုံးျပည့္ေျမာက္ခဲ့တဲ့ စတုတၳေျမာက္ကစားသမားျဖစ္လာခဲ့ၿပီး လီဗာပူးလ္အတြက္လည္း ဘရန႔္ဖို႔ဒ္နဲ႔ တစ္ဖက္ ၃ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္မွာ ပရီးမီးယားလိဂ္သြင္းဂိုး ၁၀၀၀ ျပည့္ေျမာက္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.