La Liga Ligue1

မက်ဆီကို နောက်ဆုံးမိနစ်အထိ လစာမယူဘဲ ကစားပေးမယ်ပြောမလား မျှော်လင့်နေခဲ့တာလို့ ဝန်ခံခဲ့တဲ့ လာပေါ်တာ

ဘာစီလိုနာအသင်းဥက္ကဌ လာပေါ်တာက မက်ဆီအနေနဲ့ အသင်းအတွက် ငွေကြေးတပြားတချပ်မှ မယူဘဲ ကစားပေးလိမ့်မယ်လို့ မျှော်လင့်မိခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပြီး နူးကမ့်မှာ ဆက်နေအောင် ပီအက်စ်ဂျီအသင်းဆီက ကြီးမားတဲ့ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအခြေအနေ မကြုံစဖူး ဆိုးရွားနေချိန်မှာ ၎င်းတို့ရဲ့ တသက်တာအကောင်းဆုံးကစားသမားကို ထိန်းသိမ်းနိုင်ဖို့ မတတ်နိုင်ခဲ့တာဖြစ်ပြီး ကတ်တလန်ထိပ်သီးအသင်းကြီးဟာ ပြီးခဲ့တဲ့ရာသီမှာ စံချိန်တင် ပေါင် ၄၀၉ သန်းအရှုံးပေါ်ခဲ့ပြီးနောက် ကြွေးမြီစုစုပေါင်း ပေါင် ၁ ဘီလီယံကျော်အထိ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ အသင်းဥက္ကဌ လာပေါ်တာက ယခုနွေရာသီအစောပိုင်းမှာ ဘယ်လွန်ဒေါ ၆ ဆုရှင် မက်ဆီရဲ့ လစာပါဝင်တဲ့ အသင်းရဲ့လစာပေးချေရမှု ပမာဏဟာ ဘာစီလိုနာအသင်း ဝင်ငွေရဲ့ ၁၁၀ ရာခိုင်နှုန်းနဲ့ ညီမျှတယ်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

ရလဒ်အနေနဲ့ အသင်းအတွက် ၆၇၂ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ အာဂျင်တီးနားကြယ်ပွင့်ဟာ လီဂူးဝမ်းထိပ်သီးအသင်းကြီးနဲ့ ၂ နှစ်စာချုပ် မချုပ်ဆိုမီ သတင်းစာရှင်းလင်းပွဲမှာ မျက်ရည်လည်ရွဲနဲ့ ဘာစီလိုနာအသင်းနဲ့ ပရိသတ်တွေကို နှုတ်ဆက်စကားပြောကြားခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် လာပေါ်တာက အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ လစာ တပြားတချပ်မှ မယူဘဲ ကစားပေးဖို့ သဘောတူညီပြီး ၂၁ နှစ်ကြာရှိနေခဲ့တဲ့အသင်းမှာ ဆက်နေလိမ့်မယ်လို့ နောက်ဆုံးအချိန်အထိ မျှော်လင့်ချက် ထားရှိခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပေမယ့် ၎င်းအနေနဲ့ မက်ဆီလို အဆင့်အတန်းမျိုးက ကစားသမားအနေနဲ့ အထူးသဖြင့် ပီအက်စ်ဂျီအသင်းဆီကနေ အားကောင်းလှတဲ့ ကမ်းလှမ်းမှုမျိုးရှိနေချိန်မှာ ဒီလို လုပ်ပေးမှာမဟုတ်ဘူးဆိုတာ နောက်ဆုံးမှာတော့ သိရှိသွားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“မက်ဆီနဲ့ပတ်သက်ပြီး ကျွန်တော် ဒေါသမထွက်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် သူ့ကို ကျေးဇူးတင်နေလို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ သူ မနေတော့ဘူးဆိုတာ သိလိုက်ရတဲ့အချိန်မှာ ၂ ဖက်စလုံး စိတ်ပျက်မှုတွေ ကျိန်းသေရှိခဲ့ပါတယ်။ သူက အသင်းမှာ ဆက်နေဖို့အတွက် ကြီးကြီးမားမား စိတ်ဆန္ဒရှိနေပေမယ့် သူရထားတဲ့ ကမ်းလှမ်းမှုကြောင့် ဖိအားတွေလည်း အများကြီး ရှိနေခဲ့တယ်ဆိုတာ ကျွန်တော် သိပါတယ်”

“အရာအားလုံးက သူ ပီအက်စ်ဂျီအသင်းဆီကနေ ကမ်းလှမ်းမှု ရရှိထားပြီးပြီဆိုတာကို ညွှန်ပြနေပါတယ်။ အားလုံးက သူ့မှာ အရမ်းအားကောင်းတဲ့ကမ်းလှမ်းမှုရထားတယ်ဆိုတာ သိခဲ့ကြတယ်။ ကျွန်တော်တို့ မက်ဆီရဲ့ဘက်ကနေကြည့်လိုက်ရင် သူတို့ အရမ်းကောင်းတဲ့ ကမ်းလှမ်းမှု ရထားတယ်ဆိုတာ သိခဲ့ပါတယ်”

“နောက်ဆုံးမိနစ်အထိ မက်ဆီက အသင်းအတွက် မေတ္တာနဲ့ လစာမယူဘဲ ကစားပေးပါ့မယ်လို့ ပြောမလားဆိုပြီး ကျွန်တော် မျှော်လင့်ခဲ့မိပါတယ်။ ကျွန်တော် အဲဒီလို ဖြစ်စေချင်ခဲ့ပြီး သူကလည်း ကျွန်တော့်ကို အယုံသွင်းထားခဲ့ပါတယ်။ လိဂ်က အဲဒီလို လုပ်မယ်ဆိုရင် လက်ခံမယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သူ့လို အဆင့်အတန်းမျိုးရှိတဲ့ ကစားသမားတစ်ယောက်ဆီက အဲဒီလို တောင်းဆိုလို့ မရနိုင်ပါဘူး”

“အဲဒါကို ကျွန်တော် တွေးခဲ့မိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် သူ့ကို သိပါတယ်။ ကျွန်တော် အသင်းမှာ ရှိနေခဲ့တဲ့ ပထမအကြိမ်မှာ သူ ပထမအသင်းကို ရောက်လာတယ်။ သူ့မိသားစုကို ကျွန်တော် အများကြီး ကူညီပေးခဲ့တယ်။ ကျွန်တော်တို့ရဲ့ စီးပွားရေးအခြေအနေက ပြန်လည်ကောင်းမွန်လာဖို့ လုပ်နေတဲ့အချိန်မှာ သူ့အနေနဲ့ ပြန်လုပ်ပေးရမယ်ဆိုတာ သူ သိခဲ့ပါတယ်”

လာပေါ်တာက ဘာစီလိုနာအသင်းက ပြီးခဲ့တဲ့နွေရာသီမှာ နေမာကို ပြန်လည်ခေါ်ယူဖို့အတွက် ကြိုးပမ်းခဲ့ပေမယ့် ဘရာဇီးလ်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းမှာပဲ ဆက်နေဖို့ စာချုပ်သစ်နဲ့ ဆွဲဆောင်ခြင်း ခံခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။ လာပေါ်တာက ပြင်သစ်လီဂူးဝမ်းချန်ပီယံဟာ ဘာစီလိုနာကို သဘောတူညီမှုအတွက် မျှော်လင့်ချက်အမှားတွေ ပေးခဲ့တယ်လို့ စွပ်စွဲခဲ့ပေမယ့် နေမာကို ပြန်လည်မခေါ်ယူနိုင်ခဲ့တာက အသင်းမှာဖြစ်ပေါ်နေတဲ့ ဘဏ္ဍာရေးအကြပ်အတည်းတွေကြောင့်ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

“ကျွန်တော်တို့မှာ လုံ့လဝီရိယစိုက်ထုတ်မှုမရှိခဲ့ပါဘူး။ ကျွန်တော်တို့ သဘောတူညီမှု ရထားခဲ့တယ်လို့ တွေးမိခဲ့တာပါ။ ကျွန်တော်တို့ ကြိုးပမ်းခဲ့ပေမယ့် နေမာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို သူတို့ပြောတာက မမှန်ပါဘူး။ သူတို့တွေက နေမာက အသင်းမှာ ဆက်နေမှာဖြစ်ပြီး သူတို့တွေ သူ့ကို စည်းရုံးနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ သူ(နေမာ)က ကျွန်တော့်ကို စိတ်မပျက်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဒါက ဘောလုံးမို့လို့ပါ”

“သူ့ကို အကောင်းဆုံး ကမ်းလှမ်းမှု လုပ်နိုင်တဲ့သူက ရသွားတာပါ။ နေမာက ဝင်ငွေအများကြီး ရှာဖွေနိုင်ပါလိမ့်မယ်။ သူက မော်ဒယ်လ်အဖြစ် စံပြထားရမယ့် ကစားသမားပါ။ သူ့ကို မခေါ်ယူနိုင်ခဲ့တဲ့ရလဒ်ကတော့ ကောင်းမွန်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာအသင္းဥကၠဌ လာေပၚတာက မက္ဆီအေနနဲ႔ အသင္းအတြက္ ေငြေၾကးတျပားတခ်ပ္မွ မယူဘဲ ကစားေပးလိမ့္မယ္လို႔ ေမွ်ာ္လင့္မိခဲ့တယ္လို႔ ဝန္ခံေျပာၾကားခဲ့ၿပီး ႏူးကမ့္မွာ ဆက္ေနေအာင္ ပီအက္စ္ဂ်ီအသင္းဆီက ႀကီးမားတဲ့ကမ္းလွမ္းမႈေတြကို ပယ္ခ်ခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ဘ႑ာေရးအေျခအေန မႀကဳံစဖူး ဆိုး႐ြားေနခ်ိန္မွာ ၎တို႔ရဲ႕ တသက္တာအေကာင္းဆုံးကစားသမားကို ထိန္းသိမ္းႏိုင္ဖို႔ မတတ္ႏိုင္ခဲ့တာျဖစ္ၿပီး ကတ္တလန္ထိပ္သီးအသင္းႀကီးဟာ ၿပီးခဲ့တဲ့ရာသီမွာ စံခ်ိန္တင္ ေပါင္ ၄၀၉ သန္းအရႈံးေပၚခဲ့ၿပီးေနာက္ ေႂကြးၿမီစုစုေပါင္း ေပါင္ ၁ ဘီလီယံေက်ာ္အထိ ျမင့္တက္လာခဲ့တာျဖစ္ပါတယ္။ အသင္းဥကၠဌ လာေပၚတာက ယခုေႏြရာသီအေစာပိုင္းမွာ ဘယ္လြန္ေဒါ ၆ ဆုရွင္ မက္ဆီရဲ႕ လစာပါဝင္တဲ့ အသင္းရဲ႕လစာေပးေခ်ရမႈ ပမာဏဟာ ဘာစီလိုနာအသင္း ဝင္ေငြရဲ႕ ၁၁၀ ရာခိုင္ႏႈန္းနဲ႔ ညီမွ်တယ္လို႔ ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

ရလဒ္အေနနဲ႔ အသင္းအတြက္ ၆၇၂ ဂိုးအထိ သြင္းယူေပးခဲ့တဲ့ အာဂ်င္တီးနားၾကယ္ပြင့္ဟာ လီဂူးဝမ္းထိပ္သီးအသင္းႀကီးနဲ႔ ၂ ႏွစ္စာခ်ဳပ္ မခ်ဳပ္ဆိုမီ သတင္းစာရွင္းလင္းပြဲမွာ မ်က္ရည္လည္႐ြဲနဲ႔ ဘာစီလိုနာအသင္းနဲ႔ ပရိသတ္ေတြကို ႏႈတ္ဆက္စကားေျပာၾကားခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္ လာေပၚတာက အသက္ ၃၄ ႏွစ္အ႐ြယ္ တိုက္စစ္မႉးအေနနဲ႔ လစာ တျပားတခ်ပ္မွ မယူဘဲ ကစားေပးဖို႔ သေဘာတူညီၿပီး ၂၁ ႏွစ္ၾကာရွိေနခဲ့တဲ့အသင္းမွာ ဆက္ေနလိမ့္မယ္လို႔ ေနာက္ဆုံးအခ်ိန္အထိ ေမွ်ာ္လင့္ခ်က္ ထားရွိခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ေပမယ့္ ၎အေနနဲ႔ မက္ဆီလို အဆင့္အတန္းမ်ိဳးက ကစားသမားအေနနဲ႔ အထူးသျဖင့္ ပီအက္စ္ဂ်ီအသင္းဆီကေန အားေကာင္းလွတဲ့ ကမ္းလွမ္းမႈမ်ိဳးရွိေနခ်ိန္မွာ ဒီလို လုပ္ေပးမွာမဟုတ္ဘူးဆိုတာ ေနာက္ဆုံးမွာေတာ့ သိရွိသြားခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“မက္ဆီနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ ေဒါသမထြက္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ သူ႔ကို ေက်းဇူးတင္ေနလို႔ပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ သူ မေနေတာ့ဘူးဆိုတာ သိလိုက္ရတဲ့အခ်ိန္မွာ ၂ ဖက္စလုံး စိတ္ပ်က္မႈေတြ က်ိန္းေသရွိခဲ့ပါတယ္။ သူက အသင္းမွာ ဆက္ေနဖို႔အတြက္ ႀကီးႀကီးမားမား စိတ္ဆႏၵရွိေနေပမယ့္ သူရထားတဲ့ ကမ္းလွမ္းမႈေၾကာင့္ ဖိအားေတြလည္း အမ်ားႀကီး ရွိေနခဲ့တယ္ဆိုတာ ကြၽန္ေတာ္ သိပါတယ္”

“အရာအားလုံးက သူ ပီအက္စ္ဂ်ီအသင္းဆီကေန ကမ္းလွမ္းမႈ ရရွိထားၿပီးၿပီဆိုတာကို ၫႊန္ျပေနပါတယ္။ အားလုံးက သူ႔မွာ အရမ္းအားေကာင္းတဲ့ကမ္းလွမ္းမႈရထားတယ္ဆိုတာ သိခဲ့ၾကတယ္။ ကြၽန္ေတာ္တို႔ မက္ဆီရဲ႕ဘက္ကေနၾကည့္လိုက္ရင္ သူတို႔ အရမ္းေကာင္းတဲ့ ကမ္းလွမ္းမႈ ရထားတယ္ဆိုတာ သိခဲ့ပါတယ္”

“ေနာက္ဆုံးမိနစ္အထိ မက္ဆီက အသင္းအတြက္ ေမတၱာနဲ႔ လစာမယူဘဲ ကစားေပးပါ့မယ္လို႔ ေျပာမလားဆိုၿပီး ကြၽန္ေတာ္ ေမွ်ာ္လင့္ခဲ့မိပါတယ္။ ကြၽန္ေတာ္ အဲဒီလို ျဖစ္ေစခ်င္ခဲ့ၿပီး သူကလည္း ကြၽန္ေတာ့္ကို အယုံသြင္းထားခဲ့ပါတယ္။ လိဂ္က အဲဒီလို လုပ္မယ္ဆိုရင္ လက္ခံမယ္ဆိုတာ ကြၽန္ေတာ္ နားလည္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ သူ႔လို အဆင့္အတန္းမ်ိဳးရွိတဲ့ ကစားသမားတစ္ေယာက္ဆီက အဲဒီလို ေတာင္းဆိုလို႔ မရႏိုင္ပါဘူး”

“အဲဒါကို ကြၽန္ေတာ္ ေတြးခဲ့မိတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ သူ႔ကို သိပါတယ္။ ကြၽန္ေတာ္ အသင္းမွာ ရွိေနခဲ့တဲ့ ပထမအႀကိမ္မွာ သူ ပထမအသင္းကို ေရာက္လာတယ္။ သူ႔မိသားစုကို ကြၽန္ေတာ္ အမ်ားႀကီး ကူညီေပးခဲ့တယ္။ ကြၽန္ေတာ္တို႔ရဲ႕ စီးပြားေရးအေျခအေနက ျပန္လည္ေကာင္းမြန္လာဖို႔ လုပ္ေနတဲ့အခ်ိန္မွာ သူ႔အေနနဲ႔ ျပန္လုပ္ေပးရမယ္ဆိုတာ သူ သိခဲ့ပါတယ္”

လာေပၚတာက ဘာစီလိုနာအသင္းက ၿပီးခဲ့တဲ့ေႏြရာသီမွာ ေနမာကို ျပန္လည္ေခၚယူဖို႔အတြက္ ႀကိဳးပမ္းခဲ့ေပမယ့္ ဘရာဇီးလ္တိုက္စစ္မႉးဟာ ပီအက္စ္ဂ်ီအသင္းမွာပဲ ဆက္ေနဖို႔ စာခ်ဳပ္သစ္နဲ႔ ဆြဲေဆာင္ျခင္း ခံခဲ့ရတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ လာေပၚတာက ျပင္သစ္လီဂူးဝမ္းခ်န္ပီယံဟာ ဘာစီလိုနာကို သေဘာတူညီမႈအတြက္ ေမွ်ာ္လင့္ခ်က္အမွားေတြ ေပးခဲ့တယ္လို႔ စြပ္စြဲခဲ့ေပမယ့္ ေနမာကို ျပန္လည္မေခၚယူႏိုင္ခဲ့တာက အသင္းမွာျဖစ္ေပၚေနတဲ့ ဘ႑ာေရးအၾကပ္အတည္းေတြေၾကာင့္ျဖစ္တယ္လို႔ ယုံၾကည္ေနပါတယ္။

“ကြၽန္ေတာ္တို႔မွာ လုံ႔လဝီရိယစိုက္ထုတ္မႈမရွိခဲ့ပါဘူး။ ကြၽန္ေတာ္တို႔ သေဘာတူညီမႈ ရထားခဲ့တယ္လို႔ ေတြးမိခဲ့တာပါ။ ကြၽန္ေတာ္တို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ေနမာနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ကို သူတို႔ေျပာတာက မမွန္ပါဘူး။ သူတို႔ေတြက ေနမာက အသင္းမွာ ဆက္ေနမွာျဖစ္ၿပီး သူတို႔ေတြ သူ႔ကို စည္း႐ုံးႏိုင္ခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။ သူ(ေနမာ)က ကြၽန္ေတာ့္ကို စိတ္မပ်က္ခဲ့ပါဘူး။ ဘာလို႔လဲဆိုေတာ့ ဒါက ေဘာလုံးမို႔လို႔ပါ”

“သူ႔ကို အေကာင္းဆုံး ကမ္းလွမ္းမႈ လုပ္ႏိုင္တဲ့သူက ရသြားတာပါ။ ေနမာက ဝင္ေငြအမ်ားႀကီး ရွာေဖြႏိုင္ပါလိမ့္မယ္။ သူက ေမာ္ဒယ္လ္အျဖစ္ စံျပထားရမယ့္ ကစားသမားပါ။ သူ႔ကို မေခၚယူႏိုင္ခဲ့တဲ့ရလဒ္ကေတာ့ ေကာင္းမြန္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.