Article Premier League

ပွဲစဉ်တိုင်းမှာ တူဟယ်လ် ထည့်မသုံးပဲ မရတဲ့အထိ အရေးပါလာတဲ့ ဟာဇက်လက်သစ် မေဆန် မောင့်

ပြီးခဲ့တဲ့ စနေနေ့က ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်က မေဆန် မောင့်ရဲ့ ပါဝင်မှုက အားလုံးကို အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ဘယ်လောက်ကောင်းမွန်ပြီး နည်းပြ သောမတ်စ် တူဟယ်ရဲ့ ဆုဖလားရည်မှန်းချက်အတွက် ဘယ်လောက်အရေးပါလဲဆိုတာကို သတိပေးခဲ့ပါတယ်။

မေဆန် မောင့်ရဲ့ ခြေထောက်နဲ့ ဘောလုံး ပထမဆုံးတချက် ထိမိချိန်မှာပဲ ချဲလ်ဆီးအသင်းရဲ့ ပွဲစဉ်တစ်ခုလုံး အရည်အသွေးဟာ တိုးမြင့်လာခဲ့တယ်လို့ ပြောရင် လွန်ရာကျမယ်လို့ မထင်ပါဘူး။ မေဆန်မောင့်ဟာ ၎င်းရဲ့ ထိပ်တန်းအရည်အသွေးကို အားလုံး သတိပြန်ရအောင် လုပ်ဖို့ အချိန်အများကြီး မယူခဲ့ရပေမယ့် ချဲလ်ဆီးအသင်းဟာ ၎င်းမပါဝင်ခဲ့တဲ့ မန်ချက်စတာစီးတီး၊ ဂျူဗင်တပ်တို့နဲ့ပွဲစဉ်မှာ ဘယ်လောက်တောင် ဒုက္ခရောက်ခဲ့လဲဆိုတာ အားလုံးမြင်တွေ့ခဲ့တဲ့အတိုင်းပဲ ဖြစ်ပါတယ်။

မေဆန် မောင့်ရဲ့ ပထမဆုံးဘောလုံးထိချက်ဟာ ရူဘင် လော့ဖ်တပ်စ်-ချိခရဲ့ ပေးပို့မှုကို ညာနောက်ဖနောင့်နဲ့ ထိန်းပြီး ဆောက်သမ်တန်နောက်ခံကစားသမား မိုဟာမက် ဆာလီဆူကို ဂျင်ပေါ်ကထုံးလို မွှေနှောက်ရင်း တီမို ဗာနာဆီကို ဘောလုံး ပေးပို့ခဲ့တာဖြစ်ပါတယ်။ နောက်ထပ် ထိချက်ကတော့ ထရီဗို ချာလိုဘက်ဆီက ပေးပို့မှုကို ပြောင်းပြန်လှည့်ယူပြီး လျင်လျင်မြန်မြန်နဲ့ အက်ဇ်ပလီကွေတာဆီကို ဖြန့်ပေးခဲ့ပြီးနောက် အသင်းခေါင်းဆောင်ဆီကနေ ပြန်ပေးဘောရောက်လာမယ့် နေရာလွတ်ဆီ ပြေးလွှားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ ပြီးတဲ့နောက်မှာတော့ လူကာကူ မတော်တဆ ပိတ်ဆို့သလို ဖြစ်သွားခဲ့တဲ ဘန် ချေးဝဲလ် ကန်သွင်းမှု ပြုလုပ်နိုင်ဖို့ ပင်နယ်တီ ဧရိယာထဲကို ပထမဆုံးအကြိမ် ဖြတ်တင်ပေးလိုက်တာဖြစ်ပါတယ်။ ၂ မိနစ်ဆိုတဲ့အချိန်အတွင်းမှာ မေဆန် မောင့်ဟာ ဆောက်သမ်တန်အသင်းအတွက် ပင်နယ်တီကနေ ဂျိမ်းစ် ဝါ့ဒ်-ပရောက်စ် သွင်းယူပေးခဲ့တဲ့ ချေပဂိုးနောက်ပိုင်း ချဲလ်ဆီးအသင်းရဲ့ ထိန်းချုပ်မှုကနေ လွတ်ထွက်သွားနိုင်တဲ့ ပွဲရဲ့ ပေါက်ကွဲအားကို လုံးဝအပြောင်းအလဲ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

ဟဒ်ဆန်-အိုဒွိုင်းအစား ပွဲချိန် ၆၅ မိနစ်မှာ လူစားဝင်ကစားပြီး မိနစ် ၂၀ ကျော်ကစားရတဲ့အတောအတွင်း မေဆန် မောင့်အနေနဲ့ အသင်းကို အနိုင်ဂိုးတွေရရှိအောင် ထိန်းမတ်ပေးနိုင်မှုခြေစွမ်းက ချဲလ်ဆီးကစားသမားဟောင်း ဘယ်လ်ဂျီယမ်မှော်ဆရာ အီဒင် ဟာဇက်ကို ပြေးမြင်မိစေပါတယ်။ မောင့်ရဲ့ပင်ကိုယ် အစွမ်းအစနဲ့ ကစားပုံဟန်ပန်က အီဒင် ဟာဇက်နဲ့ တထပ်တည်းမကျပေမယ့် ချဲလ်ဆီးကွင်းလယ်ကို အကောင်းဆုံးထိန်းကျောင်းပြီး အသင်းအတွက် အရေးပါဆုံး ကစားသမားဖြစ်တည်လာချင်းနဲ့ မဆုတ်မနစ် ကစားပေးပုံချင်းကတော့ တထပ်တည်းကျနေပါတယ်။

မေဆန် မောင့်ရဲ့ အရေးပါမှု ကြီးထွားလာခြင်းနဲ့ တာဝန်ယူမှု အနေအထားဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်၊ ပေါ်တို၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အရေးပါတဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေက အဓိကသွင်းဂိုးတွေနဲ့အတူ ဖြစ်တည်လာခဲ့တာဖြစ်ပါတယ်။ လူတန်တောင်း၊ ရှက်ဖီးယူနိုက်တက်တို့နဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ မတူညီတဲ့ နည်းပြ ၂ ဦးလက်အောက် အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ကစားပေးခဲ့တဲ့ မေဆန် မောင့်ဟာ ပြီးခဲ့တဲ့မေလက ချဲလ်ဆီးအသင်းကို ဥရောပဖလား ရရှိစေမယ့် ပေးပို့မှုကို ပြုလုပ်ခဲ့ပြီးနောက် ၎င်းရဲ့ကစားသမားဘဝ အမြင့်မားဆုံးအချိန်ကို ရောက်ရှိခဲ့ပုံရပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်က စပါးအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်အတွင်း ကွန်တေနဲ့ လူစားလဲလှယ်ခြင်း ခံရတဲ့အထိ အသိသာဆုံးဖြစ်ခဲ့တဲ့ တိကျမှုကင်းမဲ့တဲ့ စွမ်းဆောင်ရည်အတွက် ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် မေဆန် မောင့်ရဲ့ ဒီရာသီမှာ စတင်ခဲ့မှုက စိတ်ပျက်ဖွယ်ကောင်းခဲ့တယ်ဆိုရင်တောင် အောက်မှာ ပြသထားတဲ့ ကိန်းဂဏန်းတွေက ဒီကစားသမားဟာ ချဲလ်ဆီးအတွက် ဘယ်လောက်အထိ မရှိမဖြစ် အရေးပါနေဆဲဆိုတာ သက်သေထူနေပါတယ်။

စနေနေ့က စွမ်းဆောင်ရည်အပြီးမှာ မေဆန်မောင့်ဟာ လက်ရှိမှာတော့ ယခုရာသီ ကြီးမားတဲ့အခွင့်အရေးဖန်တီးနိုင်ဆုံးကစားသမားအဖြစ် ပူးတွဲရပ်တည်နေပြီဖြစ်ပြီး အဲဒီဖန်တီးမှုအားလုံးဟာ တည်ကန်ဘောတွေကမဟုတ်ဘဲ ကစားကွက်ကနေ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အဆင့်မြင့် မက်ထရစ် ဒေတာဘေ့စ်ဖြစ်တဲ့ The Analyst က မေဆန် မောင့်နဲ့ ရီးစ် ဂျိမ်းစ်တို့ အင်္ဂလိပ်လူငယ်အတွဲဟာ ၂၀၂၁-၂၀၂၂ ပရီးမီးယားလိဂ်ရာသီမှာ လီဗာပူးလ်နောက်ခံကစားသမား အလက်ဇန္ဒား-အာနိုးလ်ရဲ့အထက် ဂိုးဖန်တီးမှု ပြုလုပ်နိုင်မယ်လို့ အမြင့်မားဆုံး မျှော်မှန်းခြင်းခံထားရတယ်လို့ ပြသနေပါတယ်။

မေဆန် မောင့်အနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ပုံမှန်ပွဲထွက်လူစာရင်းထဲမှာ ပုံမှန်ကစားရတဲ့ကစားသမားဖြစ်လာခဲ့တဲ့ အကြောင်းအရင်းကတော့ နည်းပြဟောင်း လမ်းပတ်ရော လက်ရှိနည်းပြ တူဟယ်ကပါ အင်္ဂလန်ကြယ်ပွင့်ဟာ ဘယ်လောက်တောင် ထူးခြားတဲ့ပါရမီရှိလဲဆိုတာ သိနေကြတာကြောင့်ဖြစ်ပါတယ်။ ကစားသမားတွေရဲ့ ကောင်းမွန်တဲ့ခြေစွမ်းရရှိနေတဲ့ ကာလ သို့မဟုတ် ထူးခြားတဲ့ အခိုက်အတံ့ကို ဖော်ပြဖို့ လူမှုကွန်ရက်မှာ Generational၊ World Class စတဲ့ စကားလုံးတွေဟာ အလွန်အကျွံအသုံးပြုတဲ့ အသုံးအနှုန်းတွေ ဖြစ်လာပေမယ့် မေဆန် မောင့်ကို မျိုးဆက်ကြယ်ပွင့်လို့ ပြောရင်တော့ အလွန်အကျွံအသုံးပြုတဲ့ စကားလုံးမဖြစ်နိုင်ဘူးဆိုတာ အားလုံးလက်ခံကြမယ်လို့ ယူဆမိပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ၿပီးခဲ့တဲ့ စေနေန႔က ေဆာက္သမ္တန္အသင္းနဲ႔ပြဲစဥ္က ေမဆန္ ေမာင့္ရဲ့ ပါဝင္မႈက အားလုံးကို အသက္ ၂၂ ႏွစ္အရြယ္ ကစားသမားဟာ ဘယ္ေလာက္ေကာင္းမြန္ၿပီး နည္းၿပ ေသာမတ္စ္ တူဟယ္ရဲ့ ဆုဖလားရည္မွန္းခ်က္အတြက္ ဘယ္ေလာက္အေရးပါလဲဆိုတာကို သတိေပးခဲ့ပါတယ္။

ေမဆန္ ေမာင့္ရဲ့ ေျခေထာက္နဲ႔ ေဘာလုံး ပထမဆုံးတခ်က္ ထိမိခ်ိန္မွာပဲ ခ်ဲလ္ဆီးအသင္းရဲ့ ပြဲစဥ္တစ္ခုလုံး အရည္အေသြးဟာ တိုးျမင့္လာခဲ့တယ္လို႔ ေျပာရင္ လြန္ရာက်မယ္လို႔ မထင္ပါဘူး။ ေမဆန္ေမာင့္ဟာ ၎ရဲ့ ထိပ္တန္းအရည္အေသြးကို အားလုံး သတိျပန္ရေအာင္ လုပ္ဖို႔ အခ်ိန္အမ်ားႀကီး မယူခဲ့ရေပမယ့္ ခ်ဲလ္ဆီးအသင္းဟာ ၎မပါဝင္ခဲ့တဲ့ မန္ခ်က္စတာစီးတီး၊ ဂ်ဴဗင္တပ္တို႔နဲ႔ပြဲစဥ္မွာ ဘယ္ေလာက္ေတာင္ ဒုကၡေရာက္ခဲ့လဲဆိုတာ အားလုံးျမင္ေတြ႕ခဲ့တဲ့အတိုင္းပဲ ျဖစ္ပါတယ္။

ေမဆန္ ေမာင့္ရဲ့ ပထမဆုံးေဘာလုံးထိခ်က္ဟာ ႐ူဘင္ ေလာ့ဖ္တပ္စ္-ခ်ိခရဲ့ ေပးပို႔မႈကို ညာေနာက္ဖေနာင့္နဲ႔ ထိန္းၿပီး ေဆာက္သမ္တန္ေနာက္ခံကစားသမား မိုဟာမက္ ဆာလီဆူကို ဂ်င္ေပၚကထုံးလို ေမႊေႏွာက္ရင္း တီမို ဗာနာဆီကို ေဘာလုံး ေပးပို႔ခဲ့တာျဖစ္ပါတယ္။ ေနာက္ထပ္ ထိခ်က္ကေတာ့ ထရီဗို ခ်ာလိုဘက္ဆီက ေပးပို႔မႈကို ေျပာင္းျပန္လွည့္ယူၿပီး လ်င္လ်င္ျမန္ျမန္နဲ႔ အက္ဇ္ပလီေကြတာဆီကို ျဖန႔္ေပးခဲ့ၿပီးေနာက္ အသင္းေခါင္းေဆာင္ဆီကေန ျပန္ေပးေဘာေရာက္လာမယ့္ ေနရာလြတ္ဆီ ေျပးလႊားခဲ့တာျဖစ္ပါတယ္။

အဂၤလန္လက္ေရြးစင္ကြင္းလယ္ကစားသမားဟာ ၿပီးတဲ့ေနာက္မွာေတာ့ လူကာကူ မေတာ္တဆ ပိတ္ဆို႔သလို ျဖစ္သြားခဲ့တဲ ဘန္ ေခ်းဝဲလ္ ကန္သြင္းမႈ ျပဳလုပ္နိုင္ဖို႔ ပင္နယ္တီ ဧရိယာထဲကို ပထမဆုံးအႀကိမ္ ျဖတ္တင္ေပးလိုက္တာျဖစ္ပါတယ္။ ၂ မိနစ္ဆိုတဲ့အခ်ိန္အတြင္းမွာ ေမဆန္ ေမာင့္ဟာ ေဆာက္သမ္တန္အသင္းအတြက္ ပင္နယ္တီကေန ဂ်ိမ္းစ္ ဝါ့ဒ္-ပေရာက္စ္ သြင္းယူေပးခဲ့တဲ့ ေခ်ပဂိုးေနာက္ပိုင္း ခ်ဲလ္ဆီးအသင္းရဲ့ ထိန္းခ်ဳပ္မႈကေန လြတ္ထြက္သြားနိုင္တဲ့ ပြဲရဲ့ ေပါက္ကြဲအားကို လုံးဝအေျပာင္းအလဲ ျပဳလုပ္ေပးခဲ့တာျဖစ္ပါတယ္။

ဟဒ္ဆန္-အိုဒြိဳင္းအစား ပြဲခ်ိန္ ၆၅ မိနစ္မွာ လူစားဝင္ကစားၿပီး မိနစ္ ၂၀ ေက်ာ္ကစားရတဲ့အေတာအတြင္း ေမဆန္ ေမာင့္အေနနဲ႔ အသင္းကို အႏိုင္ဂိုးေတြရရွိေအာင္ ထိန္းမတ္ေပးႏိုင္မႈေျခစြမ္းက ခ်ဲလ္ဆီးကစားသမားေဟာင္း ဘယ္လ္ဂ်ီယမ္ေမွာ္ဆရာ အီဒင္ ဟာဇက္ကို ေျပးျမင္မိေစပါတယ္။ ေမာင့္ရဲ႕ပင္ကိုယ္ အစြမ္းအစနဲ႔ ကစားပုံဟန္ပန္က အီဒင္ ဟာဇက္နဲ႔ တထပ္တည္းမက်ေပမယ့္ ခ်ဲလ္ဆီးကြင္းလယ္ကို အေကာင္းဆုံးထိန္းေက်ာင္းၿပီး အသင္းအတြက္ အေရးပါဆုံး ကစားသမားျဖစ္တည္လာခ်င္းနဲ႔ မဆုတ္မနစ္ ကစားေပးပုံခ်င္းကေတာ့ တထပ္တည္းက်ေနပါတယ္။

ေမဆန္ ေမာင့္ရဲ့ အေရးပါမႈ ႀကီးထြားလာျခင္းနဲ႔ တာဝန္ယူမႈ အေနအထားဟာ ၿပီးခဲ့တဲ့ရာသီက လီဗာပူးလ္၊ ေပၚတို၊ ရီးရဲလ္မက္ဒရစ္တို႔နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အေရးပါတဲ့ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေတြက အဓိကသြင္းဂိုးေတြနဲ႔အတူ ျဖစ္တည္လာခဲ့တာျဖစ္ပါတယ္။ လူတန္ေတာင္း၊ ရွက္ဖီးယူနိုက္တက္တို႔နဲ႔ ကစားခဲ့တဲ့ အက္ဖ္ေအဖလားပြဲစဥ္မွာ မတူညီတဲ့ နည္းၿပ ၂ ဦးလက္ေအာက္ အသင္းေခါင္းေဆာင္လက္ပတ္ကို ဝတ္ဆင္ကစားေပးခဲ့တဲ့ ေမဆန္ ေမာင့္ဟာ ၿပီးခဲ့တဲ့ေမလက ခ်ဲလ္ဆီးအသင္းကို ဥေရာပဖလား ရရွိေစမယ့္ ေပးပို႔မႈကို ျပဳလုပ္ခဲ့ၿပီးေနာက္ ၎ရဲ့ကစားသမားဘဝ အျမင့္မားဆုံးအခ်ိန္ကို ေရာက္ရွိခဲ့ပုံရပါတယ္။

ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္က စပါးအသင္းနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္အတြင္း ကြန္ေတနဲ႔ လူစားလဲလွယ္ျခင္း ခံရတဲ့အထိ အသိသာဆုံးျဖစ္ခဲ့တဲ့ တိက်မႈကင္းမဲ့တဲ့ စြမ္းေဆာင္ရည္အတြက္ ေဝဖန္မႈေတြ ရွိေနခဲ့ပါတယ္။ ဒါေပမယ့္ ေမဆန္ ေမာင့္ရဲ့ ဒီရာသီမွာ စတင္ခဲ့မႈက စိတ္ပ်က္ဖြယ္ေကာင္းခဲ့တယ္ဆိုရင္ေတာင္ ေအာက္မွာ ျပသထားတဲ့ ကိန္းဂဏန္းေတြက ဒီကစားသမားဟာ ခ်ဲလ္ဆီးအတြက္ ဘယ္ေလာက္အထိ မရွိမျဖစ္ အေရးပါေနဆဲဆိုတာ သက္ေသထူေနပါတယ္။

စေနေန႔က စြမ္းေဆာင္ရည္အၿပီးမွာ ေမဆန္ေမာင့္ဟာ လက္ရွိမွာေတာ့ ယခုရာသီ ႀကီးမားတဲ့အခြင့္အေရးဖန္တီးနိုင္ဆုံးကစားသမားအျဖစ္ ပူးတြဲရပ္တည္ေနၿပီျဖစ္ၿပီး အဲဒီဖန္တီးမႈအားလုံးဟာ တည္ကန္ေဘာေတြကမဟုတ္ဘဲ ကစားကြက္ကေန ျပဳလုပ္ေပးခဲ့တာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ရဲ့ အဆင့္ျမင့္ မက္ထရစ္ ေဒတာေဘ့စ္ျဖစ္တဲ့ The Analyst က ေမဆန္ ေမာင့္နဲ႔ ရီးစ္ ဂ်ိမ္းစ္တို႔ အဂၤလိပ္လူငယ္အတြဲဟာ ၂၀၂၁-၂၀၂၂ ပရီးမီးယားလိဂ္ရာသီမွာ လီဗာပူးလ္ေနာက္ခံကစားသမား အလက္ဇႏၵား-အာနိုးလ္ရဲ့အထက္ ဂိုးဖန္တီးမႈ ျပဳလုပ္နိုင္မယ္လို႔ အျမင့္မားဆုံး ေမၽွာ္မွန္းျခင္းခံထားရတယ္လို႔ ျပသေနပါတယ္။

ေမဆန္ ေမာင့္အေနနဲ႔ လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္ကတည္းက ပုံမွန္ပြဲထြက္လူစာရင္းထဲမွာ ပုံမွန္ကစားရတဲ့ကစားသမားျဖစ္လာခဲ့တဲ့ အေၾကာင္းအရင္းကေတာ့ နည္းျပေဟာင္း လမ္းပတ္ေရာ လက္ရွိနည္းၿပ တူဟယ္ကပါ အဂၤလန္ၾကယ္ပြင့္ဟာ ဘယ္ေလာက္ေတာင္ ထူးျခားတဲ့ပါရမီရွိလဲဆိုတာ သိေနၾကတာေၾကာင့္ျဖစ္ပါတယ္။ ကစားသမားေတြရဲ့ ေကာင္းမြန္တဲ့ေျခစြမ္းရရွိေနတဲ့ ကာလ သို႔မဟုတ္ ထူးျခားတဲ့ အခိုက္အတံ့ကို ေဖာ္ျပဖို႔ လူမႈကြန္ရက္မွာ Generational၊ World Class စတဲ့ စကားလုံးေတြဟာ အလြန္အကၽြံအသုံးျပဳတဲ့ အသုံးအႏႈန္းေတြ ျဖစ္လာေပမယ့္ ေမဆန္ ေမာင့္ကို မ်ိဳးဆက္ၾကယ္ပြင့္လို႔ ေျပာရင္ေတာ့ အလြန္အကၽြံအသုံးျပဳတဲ့ စကားလုံးမျဖစ္နိုင္ဘူးဆိုတာ အားလုံးလက္ခံၾကမယ္လို႔ ယူဆမိပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.