Serie A

ဂိုးသွင်းကြမ်းလွန်းလို့ ကင်းထောက်တွေတောင် မျက်လုံးပြူးနေရတဲ့ အေစီလူငယ်ကြယ်ပွင့်လေး

အသက် ၁၃ နှစ်အရွယ် အေစီမီလန် လူငယ်တိုက်စစ်မှူးဟာ ကမ္ဘာပေါ်က အသင်းတိုင်းရဲ့ အကယ်ဒမီက လူငယ်ကစားသမားတွေအားလုံးထက် ထူးခြားသာလွန်တဲ့ ဂိုးသွင်းစံချိန်ကို ပိုင်ဆိုင်ထားပြီး အသင်းရဲ့ အမျိုးမျိုးသော လူငယ်အသင်းတွေအတွက် ၈၇ ပွဲပါဝင်ကစားပေးခဲ့ရာမှာ ၄၈၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဖရန်စစ်စ်ကို ကမာဒါဟာ ကျွန်တော်တို့ မကြာသေးမီက မြင်တွေ့ခဲ့ဖူးတဲ့ ပထမဆုံးလူငယ်ကြယ်ပွင့်တော့မဟုတ်ဘဲ ပြီးခဲ့တဲ့နှစ်က ဒေါ့မွန်အတွက် ယူဆွတ်ဖာ မူကိုကိုရဲ့ ထူးခြားတဲ့စံချိန်အကြောင်းကို ပထမဆုံးကြားဖူးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကမာဒါရဲ့ ကိုယ်ပိုင်စံချိန်တွေက ကိန်းဂဏန်းအချက်အလက် ရှုထောင့်တွေကနေ ကြည့်မယ်ဆိုရင် လစ်လျူရှုထားလို့ မဖြစ်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

ဘောလုံးကင်းထောက်တစ်ဦးဖြစ်တဲ့ ရှာဘိုလာတာ မော်ဘီဒါ တင်ခဲ့တဲ့ တွစ်တာလူမှုကွန်ရက်က ပို့စ်မှာ အင်တာမီလန်အသင်းအတွက် ကစားပေးနေတဲ့ အသက် ၁၃ နှစ်အရွယ် ကစားသမားရဲ့ ခြေစွမ်းအခြေအနေကို အသေးစိတ်မြင်တွေ့ခဲ့ရပြီး လူမှုကွန်ရက်မှာ လူအများရဲ့စိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။

“သူက အေစီမီလန်အသင်းမှာ ရှိနေတာ ၅ နှစ်ထဲ ရောက်နေပြီဖြစ်တဲ့ ၂၀၀၈ ခုနှစ်ဖွား တိုက်စစ်မှူး ဖရန်စစ်စ်ကို ကမာဒါပါ။ ကျွန်တော်တို့ ပွဲအမျိုးအစားကို ထည့်မတွက်ဘူးဆိုရင် သူကဟာ ဒီနိုင်ငံက ဂိုးသွင်းအကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးပါ။ သူ့ရဲ့ ကိန်းဂဏန်းတွေက တကယ်ကို အထင်ကြီးစရာပါပဲ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ကမာဒါ ပါဝင်ကစားပေးခဲ့တဲ့ ၈၇ ပွဲထဲမှာ ပြိုင်ဘက်ရဲ့ အဆင့်အတန်းဟာ ကြီးကြီးမားမား ကွာခြားမှုရှိခဲ့တယ်ဆိုတာကို သိထားရမှာဖြစ်ပြီး အဲဒီပွဲစဉ်တွေထဲက အများစုဟာ တစ်ဖက် ၁၁ ယောက်စီ အပြည့်ကစားခဲ့ရတဲ့ပွဲစဉ်တွေ မဟုတ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကမာဒါဟာ အေစီမီလန်ယူ-၁၅ အဆင့်ကို လျင်လျင်မြန်မြန်နဲ့ တက်ရောက်နိုင်ခဲ့ပြီးဖြစ်ပြီး အေစီမီလန်ဂန္တဝင်ကွင်းလယ်ကစားသမား ကလဲရင့်စ် ဆီးဒေါ့ဖ်ရဲ့သားဖြစ်သူ ဒန်ဇယ် မီဂယ် ဗီရာနာ ဆီးဒေါ့ဖ်နဲ့အတူ အေစီမီလန်လူငယ်အသင်းအတွက် ကစားပေးနေတာဖြစ်ပါတယ်။

ဆွီဒင်ဂန္တဝင်တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ် ငယ်စဉ်တုန်းကအတိုင်း ရုပ်ရည်ချင်း ဆင်တူတယ်လို့ ပြောကြားခြင်းခံထားရတဲ့ ကမာဒါဟာ ၎င်းထက် ရုပ်ပိုင်းဆိုင်ရာအရ အများကြီး ပိုမိုဖွံ့ဖြိုးပြီးသားဖြစ်တဲ့ လူငယ်တွေ ယှဉ်ပြိုင်ကစားတဲ့ ယခုနှစ်ရဲ့ ယူ-၁၅ နေရှင်နယ် A/B ချန်ပီယံရှစ်ပြိုင်ပွဲမှာလည်း ပါဝင်ကစားခဲ့ပြီး ပြီးခဲ့တဲ့အပတ် ယူ-၁၅ ချန်ပီယံရှစ်မှာ ဟယ်လက်စ် ဗီရိုနာကို ၂ ဂိုးသွင်းပြီး ၎င်းရဲ့ ကြီးမားတဲ့ အလားအလာကို နောက်ထပ်တစ်ကြိမ် ထပ်မံ ပြသခဲ့တာဖြစ်ပါတယ်။

မော်ဒီဘာက လူငယ်ကစားသမားရဲ့ စံချိန်နဲ့ပတ်သက်ပြီး ဘာစီလိုနာလူငယ်ကြယ်ပွင့် ဘိုဂျန် ကာကစ်ကို ဥပမာယူပြီး သတိထားဖို့ ပြောကြားခြင်းခံခဲ့ရပေမယ့် “သူ့လိုအရွယ်မှာ ကောင်လေးတွေ ဘယ်လောက်များများက ဒီလောက် အထင်ကြီးစရာကောင်းတဲ့ကိန်းဂဏန်းတွေကို ရရှိနေလဲ ကျွန်တော် မသိပါဘူး”လို့ ပြောကြားနေဆဲဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အသက္ ၁၃ ႏွစ္အရြယ္ ေအစီမီလန္ လူငယ္တိုက္စစ္မႉးဟာ ကမၻာေပၚက အသင္းတိုင္းရဲ့ အကယ္ဒမီက လူငယ္ကစားသမားေတြအားလုံးထက္ ထူးျခားသာလြန္တဲ့ ဂိုးသြင္းစံခ်ိန္ကို ပိုင္ဆိုင္ထားၿပီး အသင္းရဲ့ အမ်ိဳးမ်ိဳးေသာ လူငယ္အသင္းေတြအတြက္ ၈၇ ပြဲပါဝင္ကစားေပးခဲ့ရာမွာ ၄၈၃ ဂိုးအထိ သြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။

ဖရန္စစ္စ္ကို ကမာဒါဟာ ကၽြန္ေတာ္တို႔ မၾကာေသးမီက ျမင္ေတြ႕ခဲ့ဖူးတဲ့ ပထမဆုံးလူငယ္ၾကယ္ပြင့္ေတာ့မဟုတ္ဘဲ ၿပီးခဲ့တဲ့ႏွစ္က ေဒါ့မြန္အတြက္ ယူဆြတ္ဖာ မူကိုကိုရဲ့ ထူးျခားတဲ့စံခ်ိန္အေၾကာင္းကို ပထမဆုံးၾကားဖူးခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ကမာဒါရဲ့ ကိုယ္ပိုင္စံခ်ိန္ေတြက ကိန္းဂဏန္းအခ်က္အလက္ ရႈေထာင့္ေတြကေန ၾကည့္မယ္ဆိုရင္ လစ္လ်ဴရႈထားလို႔ မျဖစ္နိုင္တဲ့ အေျခအေနျဖစ္ပါတယ္။

ေဘာလုံးကင္းေထာက္တစ္ဦးျဖစ္တဲ့ ရွာဘိုလာတာ ေမာ္ဘီဒါ တင္ခဲ့တဲ့ တြစ္တာလူမႈကြန္ရက္က ပို႔စ္မွာ အင္တာမီလန္အသင္းအတြက္ ကစားေပးေနတဲ့ အသက္ ၁၃ ႏွစ္အရြယ္ ကစားသမားရဲ့ ေျခစြမ္းအေျခအေနကို အေသးစိတ္ျမင္ေတြ႕ခဲ့ရၿပီး လူမႈကြန္ရက္မွာ လူအမ်ားရဲ့စိတ္ဝင္စားျခင္းကို ခံခဲ့ရပါတယ္။

“သူက ေအစီမီလန္အသင္းမွာ ရွိေနတာ ၅ ႏွစ္ထဲ ေရာက္ေနၿပီျဖစ္တဲ့ ၂၀၀၈ ခုႏွစ္ဖြား တိုက္စစ္မႉး ဖရန္စစ္စ္ကို ကမာဒါပါ။ ကၽြန္ေတာ္တို႔ ပြဲအမ်ိဳးအစားကို ထည့္မတြက္ဘူးဆိုရင္ သူကဟာ ဒီနိုင္ငံက ဂိုးသြင္းအေကာင္းဆုံးတိုက္စစ္မႉးေတြထဲက တစ္ဦးပါ။ သူ႔ရဲ့ ကိန္းဂဏန္းေတြက တကယ္ကို အထင္ႀကီးစရာပါပဲ”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

ကမာဒါ ပါဝင္ကစားေပးခဲ့တဲ့ ၈၇ ပြဲထဲမွာ ၿပိဳင္ဘက္ရဲ့ အဆင့္အတန္းဟာ ႀကီးႀကီးမားမား ကြာျခားမႈရွိခဲ့တယ္ဆိုတာကို သိထားရမွာျဖစ္ၿပီး အဲဒီပြဲစဥ္ေတြထဲက အမ်ားစုဟာ တစ္ဖက္ ၁၁ ေယာက္စီ အျပည့္ကစားခဲ့ရတဲ့ပြဲစဥ္ေတြ မဟုတ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ကမာဒါဟာ ေအစီမီလန္ယူ-၁၅ အဆင့္ကို လ်င္လ်င္ျမန္ျမန္နဲ႔ တက္ေရာက္နိုင္ခဲ့ၿပီးျဖစ္ၿပီး ေအစီမီလန္ဂႏၲဝင္ကြင္းလယ္ကစားသမား ကလဲရင့္စ္ ဆီးေဒါ့ဖ္ရဲ့သားျဖစ္သူ ဒန္ဇယ္ မီဂယ္ ဗီရာနာ ဆီးေဒါ့ဖ္နဲ႔အတူ ေအစီမီလန္လူငယ္အသင္းအတြက္ ကစားေပးေနတာျဖစ္ပါတယ္။

ဆြီဒင္ဂႏၲဝင္တိုက္စစ္မႉး ဇလာတန္ အီဘရာဟီမိုဗစ္ ငယ္စဥ္တုန္းကအတိုင္း ႐ုပ္ရည္ခ်င္း ဆင္တူတယ္လို႔ ေျပာၾကားျခင္းခံထားရတဲ့ ကမာဒါဟာ ၎ထက္ ႐ုပ္ပိုင္းဆိုင္ရာအရ အမ်ားႀကီး ပိုမိုဖြံ့ၿဖိဳးၿပီးသားျဖစ္တဲ့ လူငယ္ေတြ ယွဥ္ၿပိဳင္ကစားတဲ့ ယခုႏွစ္ရဲ့ ယူ-၁၅ ေနရွင္နယ္ A/B ခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာလည္း ပါဝင္ကစားခဲ့ၿပီး ၿပီးခဲ့တဲ့အပတ္ ယူ-၁၅ ခ်န္ပီယံရွစ္မွာ ဟယ္လက္စ္ ဗီရိုနာကို ၂ ဂိုးသြင္းၿပီး ၎ရဲ့ ႀကီးမားတဲ့ အလားအလာကို ေနာက္ထပ္တစ္ႀကိမ္ ထပ္မံ ျပသခဲ့တာျဖစ္ပါတယ္။

ေမာ္ဒီဘာက လူငယ္ကစားသမားရဲ့ စံခ်ိန္နဲ႔ပတ္သက္ၿပီး ဘာစီလိုနာလူငယ္ၾကယ္ပြင့္ ဘိုဂ်န္ ကာကစ္ကို ဥပမာယူၿပီး သတိထားဖို႔ ေျပာၾကားျခင္းခံခဲ့ရေပမယ့္ “သူ႔လိုအရြယ္မွာ ေကာင္ေလးေတြ ဘယ္ေလာက္မ်ားမ်ားက ဒီေလာက္ အထင္ႀကီးစရာေကာင္းတဲ့ကိန္းဂဏန္းေတြကို ရရွိေနလဲ ကၽြန္ေတာ္ မသိပါဘူး”လို႔ ေျပာၾကားေနဆဲျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.