Match Report Other Other Leagues

ဒိုင်လူကြီးကို သတိလစ်သွားအောင် ဆောင့်ကန်ခဲ့လို့ ဖမ်းခံထားရတဲ့ ဝီလီယံ

ဘရာဇီးလ်ဘောလုံးသမား ဝီလီယံဟာ ကွင်းလယ်ဒိုင်ကို ပွဲစဉ်အတွင်း တိုက်ခိုက်ခဲ့တဲ့အတွက် ဖမ်းဆီးခြင်းခံခဲ့ရပြီး ဒိုင်လူကြီး ရိုဒရီဂို ခရီဗယ်လာရိုဟာ ဦးခေါင်းကို အပြင်းအထန် ထိခိုက်မိခဲ့တဲ့အတွက် သတိပါလစ်သွားခဲ့တာကြောင့် ဆေးရုံကို အမြန်ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။

ဆော်ပေါ်လိုအသင်းအတွက် ကစားပေးနေတဲ့ ဝီလီယံ ရီဘဲရိုးဟာ တနင်္လာနေ့က ဂူရာနီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြည်နယ်လိဂ်ပွဲစဉ်အတွင်း တိုက်ခိုက်မှုကို ကျူးလွန်ခဲ့တာဖြစ်ပြီး ၎င်းရဲ့အသင်းဟာ အဲဒီအချိန်မှာ ဂိုးသွင်းခံထားရလို့ နောက်ကနေ လိုက်ကစားနေရတာဖြစ်ပါတယ်။ ကွင်းလယ်ဒိုင် ရိုဒရီဂို ခရီဗယ်ရိုဟာ ဦးခေါင်းကို ပြင်းပြင်းထန်ထန် ကန်ကျောက်ခြင်းခံခဲ့ရတာကြောင့် ကွင်းအတွင်း သတိလစ်သွားခဲ့ပြီးနောက် ဆေးရုံကို အရေးပေါ်ကားနဲ့ အမြန်ဆုံး ပို့ဆောင်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ဘာကြောင့် ရီဘဲရိုးဟာ တနင်္လာနေ့ညမှာ ဘာကြောင့် စိတ်မထိန်းနိုင်ဘဲ ဘီလူးသရဲစီးသလို ဖြစ်ခဲ့လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ၂ ဖက်အသင်းကစားသမားတွေ ဝိုင်းပြီး ဆွဲနေတဲ့ကြားကနေ ကွင်းထဲမှာ အကူအညီမဲ့ လဲကျနေတဲ့ ဒိုင်လူကြီးကို ကန်ကျောက်ခဲ့တာဖြစ်ပါတယ်။ လူနာတင်ယာဉ်ဟာ ကွင်းထဲကို အလျင်အမြန် မောင်းဝင်လာခဲ့ပြီး ကွင်းလယ်ဒိုင်ကို ဘရာဇီးလ်နိုင်ငံ တောင်ပိုင်း ပေါ်တို အယ်လယ်ဂရီအနီးနား ဗီနန်စီီယို အိုင်းရက်စ်က ဆေးရုံကို ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ကံကောင်းစွာနဲ့ အဲဒီနေ့ညပိုင်းမှာ ဒိုင်လူကြီးဟာ ဆေးရုံက ဆရာဝန်တွေရဲ့ စောင့်ကြည့်ကုသခြင်းကို ခံခဲ့ရပြီးနောက် သတိလစ်နေခဲ့တာသာဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ရီဘဲရိုးဟာ ရဲစခန်းကို ခေါ်ဆောင်သွားခြင်းမခံရမီမှာ တပ်ရဲတွေရဲ့ ဘောလုံးကွင်းအတွင်း ထိန်းသိမ်းထားခြင်းကို ခံခဲ့ရပြီး ဆော်ပေါ်လို အာရက်စ်နဲ့ ဂူရာနီအသင်းတို့ပွဲစဉ်ဟာ နာရီဝက်ကစားဖို့ ကျန်ရှိနေသေးချိန်မှာ ဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။

နှစ်ဖက်အသင်းဟာ ကွင်းလယ်ဒိုင် ခရီဗယ်ရိုကို အားပေးစကားတွေ ပြောကြားခဲ့ကြပြီး ဆော်ပေါ်လို အာရက်စ်ရဲ့ တွစ်တာစာမျက်နှာကို ကိုင်တွယ်နေတဲ့ တာဝန်ရှိသူက “ပွဲကို ရွှေ့ဆိုင်းလိုက်ပါတယ်။ ချန်ပီယံရှစ်ပွဲစဉ်က အသက်တစ်ချောင်းလောက် တန်ဖိုးမရှိပါဘူး။ ဒိုင်လူကြီး ရိုဒရီဂီု ခရီဗယ်ရိုရဲ့ အခြေအနေ တိုးတက်ကောင်းမွန်လာဖို့အတွက် နောက်ထပ် ဆုတောင်းပေးပါတယ်။ လုံးဝပဲ၊ ကလေးတွေ။ ရန်လိုမှုက ဘာတရားမျှတမှုကိုမှ မဖြစ်စေနိုင်ဘူး။ ရှေ့ဆက်ဘာဖြစ်မလဲ ကျွန်တော်တို့ ကြည့်ကြတာပေါ့။ ပွဲက ပိတ်သိမ်းမလား ဒါမှမဟုတ် အချိန်စာရင်း ပြန်ပြောင်းမလားဆိုတာ”

“ဒီမှာရှိနေတဲ့ အလုပ်သင်တွေအားလုံးက ဝမ်းနည်းနေကြတယ်။ ရှက်ရွံ့နေကြပြီး ဒီနေ့ ဗီနန်စီယို အိုင်းရက်စ်မှာ ဖြစ်ပျက်ခဲ့တဲ့ သူရဲဘောကြောင်တဲ့ ဒီလိုလုပ်ရပ်မျိုးကို ခင်ဗျားတို့အားလုံးလိုပဲ စိတ်ပျက်ရွံရှာနေပါတယ်။ ကျွန်တော်တို့ ဒိုင်လူကြီး ပြန်လည်သက်သာလာဖို့အတွက် အလေးအနက် ဆုတောင်းပေးနေပါတယ်”လို့ ရေးသားခဲ့ပါတယ်။

“ဂူရာနီ ဒီ ဗီနန်စီယို အိုင်းရက်စ်အနေနဲ့ ဒီနေ့ ဆော်ပေါ်လိုနဲ့ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ဝီလီယံ ရီဘဲရိုးက ကွင်းလယ်ဒိုင် ရိုဒရီဂို ခရီဗယ်ရိုကို တိုက်ခိုက်ခဲ့တဲ့ ကိစ္စကြောင့် လေးလေးနက်နက် စိတ်မကောင်းဖြစ်ရပါတယ်။ အဲဒီကိစ္စဖြစ်ပြီးတဲ့နောက်မှာ ဂူရာနီက ဒိုင်လူကြီးအတွက် အထောက်အပံ့တွေအားလုံး ပေးခဲ့ပြီး လူနာတင်ယာဉ်နဲ့ ဆရာဝန်ဆီကနေ ချက်ချင်း အကူအညီတောင်းခံခဲ့ပါတယ်”

“ဂူရာနီအနေနဲ့ ကွင်းတွင်းဖြစ်ဖြစ် ကွင်းပြင်ပမှာဖြစ်ဖြစ် ဘယ်လို ရုန့်ရင်းကြမ်းတမ်းတဲ့ အပြုအမူမျိုးကိုမဆို ရွံရှာစက်ဆုပ်ပါတယ်။ အခု ကျွန်တော်တို့အားလုံး ခရီဗယ်ရို တတ်နိုင်သမျှ အမြန်ဆုံး ပြန်သက်သာလာဖို့ မျှော်လင့်ပါတယ်။ အသင်းက ဒိုင်လူကြီးနဲ့ သူ့မိသားစုအတွက် တတ်နိုင်သမျှ အထောက်အပံ့တွေ ပေးသွားမှာဖြစ်ပါတယ်”လို့ ဂူရာနီအသင်းကလည်း ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘရာဇီးလ္ေဘာလုံးသမား ဝီလီယံဟာ ကြင္းလယ္ဒိုင္ကို ပြဲစဥ္အတြင္း တိုက္ခိုက္ခဲ့တဲ့အတြက္ ဖမ္းဆီးျခင္းခံခဲ့ရၿပီး ဒိုင္လူႀကီး ရိုဒရီဂို ခရီဗယ္လာရိုဟာ ဦးေခါင္းကို အျပင္းအထန္ ထိခိုက္မိခဲ့တဲ့အတြက္ သတိပါလစ္သြားခဲ့တာေၾကာင့္ ေဆး႐ုံကို အျမန္ပို႔ေဆာင္ျခင္းခံခဲ့ရပါတယ္။

ေဆာ္ေပၚလိုအသင္းအတြက္ ကစားေပးေနတဲ့ ဝီလီယံ ရီဘဲရိုးဟာ တနလၤာေန႔က ဂူရာနီအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ျပည္နယ္လိဂ္ပြဲစဥ္အတြင္း တိုက္ခိုက္မႈကို က်ဴးလြန္ခဲ့တာျဖစ္ၿပီး ၎ရဲ့အသင္းဟာ အဲဒီအခ်ိန္မွာ ဂိုးသြင္းခံထားရလို႔ ေနာက္ကေန လိုက္ကစားေနရတာျဖစ္ပါတယ္။ ကြင္းလယ္ဒိုင္ ရိုဒရီဂို ခရီဗယ္ရိုဟာ ဦးေခါင္းကို ျပင္းျပင္းထန္ထန္ ကန္ေက်ာက္ျခင္းခံခဲ့ရတာေၾကာင့္ ကြင္းအတြင္း သတိလစ္သြားခဲ့ၿပီးေနာက္ ေဆး႐ုံကို အေရးေပၚကားနဲ႔ အျမန္ဆုံး ပို႔ေဆာင္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

လက္ရွိအခ်ိန္အထိ ဘာေၾကာင့္ ရီဘဲရိုးဟာ တနလၤာေန႔ညမွာ ဘာေၾကာင့္ စိတ္မထိန္းနိုင္ဘဲ ဘီလူးသရဲစီးသလို ျဖစ္ခဲ့လဲဆိုတာ ရွင္းရွင္းလင္းလင္း မသိရေသးဘဲ ၂ ဖက္အသင္းကစားသမားေတြ ဝိုင္းၿပီး ဆြဲေနတဲ့ၾကားကေန ကြင္းထဲမွာ အကူအညီမဲ့ လဲက်ေနတဲ့ ဒိုင္လူႀကီးကို ကန္ေက်ာက္ခဲ့တာျဖစ္ပါတယ္။ လူနာတင္ယာဥ္ဟာ ကြင္းထဲကို အလ်င္အျမန္ ေမာင္းဝင္လာခဲ့ၿပီး ကြင္းလယ္ဒိုင္ကို ဘရာဇီးလ္နိုင္ငံ ေတာင္ပိုင္း ေပၚတို အယ္လယ္ဂရီအနီးနား ဗီနန္စီီယို အိုင္းရက္စ္က ေဆး႐ုံကို ပို႔ေဆာင္ေပးခဲ့တာျဖစ္ပါတယ္။

ကံေကာင္းစြာနဲ႔ အဲဒီေန႔ညပိုင္းမွာ ဒိုင္လူႀကီးဟာ ေဆး႐ုံက ဆရာဝန္ေတြရဲ့ ေစာင့္ၾကည့္ကုသျခင္းကို ခံခဲ့ရၿပီးေနာက္ သတိလစ္ေနခဲ့တာသာျဖစ္တယ္လို႔ အတည္ျပဳေျပာၾကားခဲ့တယ္ဆိုတဲ့ သတင္းထြက္ေပၚလာခဲ့ပါတယ္။ ရီဘဲရိုးဟာ ရဲစခန္းကို ေခၚေဆာင္သြားျခင္းမခံရမီမွာ တပ္ရဲေတြရဲ့ ေဘာလုံးကြင္းအတြင္း ထိန္းသိမ္းထားျခင္းကို ခံခဲ့ရၿပီး ေဆာ္ေပၚလို အာရက္စ္နဲ႔ ဂူရာနီအသင္းတို႔ပြဲစဥ္ဟာ နာရီဝက္ကစားဖို႔ က်န္ရွိေနေသးခ်ိန္မွာ ဖ်က္သိမ္းခဲ့ရတာျဖစ္ပါတယ္။

ႏွစ္ဖက္အသင္းဟာ ကြင္းလယ္ဒိုင္ ခရီဗယ္ရိုကို အားေပးစကားေတြ ေျပာၾကားခဲ့ၾကၿပီး ေဆာ္ေပၚလို အာရက္စ္ရဲ့ တြစ္တာစာမ်က္ႏွာကို ကိုင္တြယ္ေနတဲ့ တာဝန္ရွိသူက “ပြဲကို ေရႊ႕ဆိုင္းလိုက္ပါတယ္။ ခ်န္ပီယံရွစ္ပြဲစဥ္က အသက္တစ္ေခ်ာင္းေလာက္ တန္ဖိုးမရွိပါဘူး။ ဒိုင္လူႀကီး ရိုဒရီဂီု ခရီဗယ္ရိုရဲ့ အေျခအေန တိုးတက္ေကာင္းမြန္လာဖို႔အတြက္ ေနာက္ထပ္ ဆုေတာင္းေပးပါတယ္။ လုံးဝပဲ၊ ကေလးေတြ။ ရန္လိုမႈက ဘာတရားမၽွတမႈကိုမွ မျဖစ္ေစနိုင္ဘူး။ ေရွ႕ဆက္ဘာျဖစ္မလဲ ကၽြန္ေတာ္တို႔ ၾကည့္ၾကတာေပါ့။ ပြဲက ပိတ္သိမ္းမလား ဒါမွမဟုတ္ အခ်ိန္စာရင္း ျပန္ေျပာင္းမလားဆိုတာ”

“ဒီမွာရွိေနတဲ့ အလုပ္သင္ေတြအားလုံးက ဝမ္းနည္းေနၾကတယ္။ ရွက္ရြံ့ေနၾကၿပီး ဒီေန႔ ဗီနန္စီယို အိုင္းရက္စ္မွာ ျဖစ္ပ်က္ခဲ့တဲ့ သူရဲေဘာေၾကာင္တဲ့ ဒီလိုလုပ္ရပ္မ်ိဳးကို ခင္ဗ်ားတို႔အားလုံးလိုပဲ စိတ္ပ်က္ရြံရွာေနပါတယ္။ ကၽြန္ေတာ္တို႔ ဒိုင္လူႀကီး ျပန္လည္သက္သာလာဖို႔အတြက္ အေလးအနက္ ဆုေတာင္းေပးေနပါတယ္”လို႔ ေရးသားခဲ့ပါတယ္။

“ဂူရာနီ ဒီ ဗီနန္စီယို အိုင္းရက္စ္အေနနဲ႔ ဒီေန႔ ေဆာ္ေပၚလိုနဲ႔ ကစားခဲ့တဲ့ပြဲစဥ္အတြင္း ျဖစ္ပ်က္ခဲ့တဲ့ ဝီလီယံ ရီဘဲရိုးက ကြင္းလယ္ဒိုင္ ရိုဒရီဂို ခရီဗယ္ရိုကို တိုက္ခိုက္ခဲ့တဲ့ ကိစၥေၾကာင့္ ေလးေလးနက္နက္ စိတ္မေကာင္းျဖစ္ရပါတယ္။ အဲဒီကိစၥျဖစ္ၿပီးတဲ့ေနာက္မွာ ဂူရာနီက ဒိုင္လူႀကီးအတြက္ အေထာက္အပံ့ေတြအားလုံး ေပးခဲ့ၿပီး လူနာတင္ယာဥ္နဲ႔ ဆရာဝန္ဆီကေန ခ်က္ခ်င္း အကူအညီေတာင္းခံခဲ့ပါတယ္”

“ဂူရာနီအေနနဲ႔ ကြင္းတြင္းျဖစ္ျဖစ္ ကြင္းျပင္ပမွာျဖစ္ျဖစ္ ဘယ္လို ႐ုန႔္ရင္းၾကမ္းတမ္းတဲ့ အျပဳအမူမ်ိဳးကိုမဆို ရြံရွာစက္ဆုပ္ပါတယ္။ အခု ကၽြန္ေတာ္တို႔အားလုံး ခရီဗယ္ရို တတ္နိုင္သမၽွ အျမန္ဆုံး ျပန္သက္သာလာဖို႔ ေမၽွာ္လင့္ပါတယ္။ အသင္းက ဒိုင္လူႀကီးနဲ႔ သူ႔မိသားစုအတြက္ တတ္နိုင္သမၽွ အေထာက္အပံ့ေတြ ေပးသြားမွာျဖစ္ပါတယ္”လို႔ ဂူရာနီအသင္းကလည္း ထုတ္ျပန္ေၾကညာခ်က္ထဲမွာ ေဖာ္ျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.