Ligue1 Premier League Serie A Transfer News

ပီအက္စ္ဂ်ီနဲ႔ သေဘာတူညီမွဳ မရတဲ့ အီကာဒီကို ေခၚယူဖို႔ ခ်ဲလ္ဆီး စိတ္ဝင္စားေန

အင္တာမီလန္အသင္းတာဝန္ရွိသူေတြနဲ႔ အဆင္မေျပခဲ့လို႔ ၿပီးခဲ့တဲ့ ရာသီအစက ပီအက္စ္ဂ်ီအသင္းကို အငွားနဲ႔ သြားေရာက္ကစားထားခဲ့တဲ့ တုိက္စစ္မွဴး ေမာ္႐ို အီကာဒီရဲ႕ ေျပာင္းေရႊ႕ေၾကးအတြက္ ႏွစ္သင္းၾကား သေဘာတူညီမွဳ မရရွိခဲ့တာကို အခြင့္ေကာင္းယူၿပီး ေခၚယူႏိုင္ဖို႔ ခ်ဲလ္ဆီးအသင္းက စိတ္ဝင္စားေနတယ္လုိ႔ ဆုိပါတယ္။

ပီအက္စ္ဂ်ီအသင္းအေနနဲ႔ သူတုိ႔အသင္းမွာ ေျခစြမ္းျပခဲ့တဲ့ အီကာဒီအတြက္ ကနဦးေျပာင္းေရႊ႕ေၾကး ေပါင္ ၄၄.၇ သန္း(ယူ႐ိုသန္း ၅၀)နဲ႔ စတင္ကမ္းလွမ္းခဲ့တာျဖစ္ၿပီး ေျခစြမ္းအေပၚ ခံစားခြင့္အတြက္ေတာ့ ေပါင္ ၈.၉ သန္း(ယူ႐ို ၁၀ သန္း) ထပ္မံေပးေခ်မယ္လုိ႔ ကမ္းလွမ္းခဲ့ေပမယ့္ အင္တာမီလန္ဘက္ကေတာ့ ေပါင္ ၆၂.၇ သန္း(ယူ႐ိုသန္း ၇၀) အလိုရွိေနပါတယ္။

ဒီရာသီမွာ ပီအက္စ္ဂ်ီအသင္းအတြက္ လီဂူးဝမ္း ပြဲ ၂၀ မွာ ၁၂ ဂိုး သြင္းယူႏုိင္ခဲ့တဲ့အျပင္ ၿပဳိင္ပြဲစုံ သြင္းဂိုး ၂၀ ရယူထားတဲ့ အီကာဒီအေနနဲ႔ အင္တာမီလန္အသင္းနဲ႔ ၂၀၂၂ အထိ ႏွစ္ႏွစ္စာခ်ဳပ္ က်န္ရွိေနေသးတာေၾကာင့္ ပီအက္စ္ဂ်ီအသင္းက ေပးတဲ့ ေဈးေလာက္အထိ ေလွ်ာ့ခ်ေပးဖို႔ မရွိႏုိင္ခ်ိန္မွာ ခ်ဲလ္ဆီးနည္းျပ ဖရန္႔ လမ္းပတ္က မ်က္စိက်ေနတာျဖစ္ပါတယ္။

အသင္းကို ခ်န္ပီယံဆုေတြကို စိန္ေခၚႏုိင္မယ့္ တုိက္စစ္မ်ဳိးကို တမ္မီ ေအဘရာဟမ္ကို ဦးေဆာင္ခိုင္းလို႔ေတာ့ မျဖစ္ဘူးလို႔ ခ်ဲလ္ဆီးပရိသတ္ေတြနဲ႔ ကၽြမ္းက်င္သူေတြက တစ္ညီတစ္ညြတ္တည္း သုံးသပ္ထားၾကၿပီး လမ္းပတ္ကေတာ့ ႀကံ့ခိုင္မွဳေကာင္းတဲ့ အာဂ်င္တီးနားသားကို သူ႕ရဲ႕ တုိက္စစ္အတြက္ အလိုရွိေနတယ္လို႔ ဆုိပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ တုိက္စစ္မွဴးအတြက္ အင္တာမီလန္အသင္းအေနနဲ႔ ေပါင္သန္း ၆၀ အထိ အနိမ့္ဆုံး ေဈးခ်ေပးလိမ့္မယ္လို႔ နီးစပ္တဲ့ အသုိင္းအဝိုင္းက ခန္႔မွန္းေနၾကၿပီး လြန္ခဲ့တဲ့ ၅ ႏွစ္ကတည္းက အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူခဲ့တဲ့ အီကာဒီကို နည္းျပ အန္တိုနီယို ကြန္တီက အလိုမရွိေတာ့တာေၾကာင့္ သင့္ေတာ္တဲ့ ေဈးနဲ႔ ကမ္းလွမ္းႏုိင္ရင္ ခ်ဲလ္ဆီးတုိ႔ ပုိင္ဆုိင္ႏိုင္ဖြယ္ရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အင်တာမီလန်အသင်းတာဝန်ရှိသူတွေနဲ့ အဆင်မပြေခဲ့လို့ ပြီးခဲ့တဲ့ ရာသီအစက ပီအက်စ်ဂျီအသင်းကို အငှားနဲ့ သွားရောက်ကစားထားခဲ့တဲ့ တိုက်စစ်မှူး မော်ရို အီကာဒီရဲ့ ပြောင်းရွှေ့ကြေးအတွက် နှစ်သင်းကြား သဘောတူညီမှု မရရှိခဲ့တာကို အခွင့်ကောင်းယူပြီး ခေါ်ယူနိုင်ဖို့ ချဲလ်ဆီးအသင်းက စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။

ပီအက်စ်ဂျီအသင်းအနေနဲ့ သူတို့အသင်းမှာ ခြေစွမ်းပြခဲ့တဲ့ အီကာဒီအတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၄၄.၇ သန်း(ယူရိုသန်း ၅၀)နဲ့ စတင်ကမ်းလှမ်းခဲ့တာဖြစ်ပြီး ခြေစွမ်းအပေါ် ခံစားခွင့်အတွက်တော့ ပေါင် ၈.၉ သန်း(ယူရို ၁၀ သန်း) ထပ်မံပေးချေမယ်လို့ ကမ်းလှမ်းခဲ့ပေမယ့် အင်တာမီလန်ဘက်ကတော့ ပေါင် ၆၂.၇ သန်း(ယူရိုသန်း ၇၀) အလိုရှိနေပါတယ်။

ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် လီဂူးဝမ်း ပွဲ ၂၀ မှာ ၁၂ ဂိုး သွင်းယူနိုင်ခဲ့တဲ့အပြင် ပြိုင်ပွဲစုံ သွင်းဂိုး ၂၀ ရယူထားတဲ့ အီကာဒီအနေနဲ့ အင်တာမီလန်အသင်းနဲ့ ၂၀၂၂ အထိ နှစ်နှစ်စာချုပ် ကျန်ရှိနေသေးတာကြောင့် ပီအက်စ်ဂျီအသင်းက ပေးတဲ့ ဈေးလောက်အထိ လျှော့ချပေးဖို့ မရှိနိုင်ချိန်မှာ ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်က မျက်စိကျနေတာဖြစ်ပါတယ်။

အသင်းကို ချန်ပီယံဆုတွေကို စိန်ခေါ်နိုင်မယ့် တိုက်စစ်မျိုးကို တမ်မီ အေဘရာဟမ်ကို ဦးဆောင်ခိုင်းလို့တော့ မဖြစ်ဘူးလို့ ချဲလ်ဆီးပရိသတ်တွေနဲ့ ကျွမ်းကျင်သူတွေက တစ်ညီတစ်ညွတ်တည်း သုံးသပ်ထားကြပြီး လမ်းပတ်ကတော့ ကြံ့ခိုင်မှုကောင်းတဲ့ အာဂျင်တီးနားသားကို သူ့ရဲ့ တိုက်စစ်အတွက် အလိုရှိနေတယ်လို့ ဆိုပါတယ်။

အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးအတွက် အင်တာမီလန်အသင်းအနေနဲ့ ပေါင်သန်း ၆၀ အထိ အနိမ့်ဆုံး ဈေးချပေးလိမ့်မယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ခန့်မှန်းနေကြပြီး လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ အီကာဒီကို နည်းပြ အန်တိုနီယို ကွန်တီက အလိုမရှိတော့တာကြောင့် သင့်တော်တဲ့ ဈေးနဲ့ ကမ်းလှမ်းနိုင်ရင် ချဲလ်ဆီးတို့ ပိုင်ဆိုင်နိုင်ဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.