Bundesliga Premier League Transfer News

မာတြန္ဒိုအတြက္ ျပန္လည္ေခၚယူခြင့္ကို ပုိင္ဆုိင္ထားတဲ့ မန္ခ်က္စတာစီးတီး

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူတို႔ရဲ႕ လူငယ္ကစားသမားေဟာင္း ရက္ဘီ မာတြန္ဒိုကုိ ၿမဳိ႕ခံၿပဳိင္ဘက္ မန္ခ်က္စတာယူႏိုက္တက္အသင္းက ေခၚယူဖို႔ ႀကံရြယ္ေနတာကို တားဆီးသြားႏုိင္တဲ့ အခြင့္အေရးရွိေနၿပီး ေရွာ္လ္ကာအသင္းဆီ ေရာင္းခ်စဥ္က သေဘာတူညီမွဳ ရယူထားတယ္လို႔ ဆိုပါတယ္။

အသက္ ၁၉ ႏွစ္အရြယ္ ေဝးလ္စ္ေတာင္ပံကစားသမားဟာ မန္ခ်က္စတာယူႏုိက္တက္ကစားသမားေဟာင္း ႐ိုင္ယန္ဂစ္ရဲ႕ လက္ေရြးစင္အသင္းသားတစ္ဦးျဖစ္ၿပီး သူ႕ရဲ႕ ေထာက္ခံမွဳနဲ႔ အိုးလ္ထရက္ဖို႔ဒ္ကို ေရာက္ရွိႏိုင္ေျခရွိေနတာျဖစ္သလို ေပါင္သန္း ၆၀ ဝန္းက်င္နဲ႔ အေျပာင္းအေရႊ႕ ျဖစ္လာႏုိင္တယ္လုိ႔ ခန္႔မွန္းေနၾကတာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ဇန္နဝါရီက ဂ်ာမန္ေျမကို ေပါင္ ၁၁ သန္းနဲ႔ ေျပာင္းေရႊ႕သြားတဲ့ ခ်ာတိတ္အတြက္ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ျပန္လည္ေခၚယူခြင့္ကို ထည့္သြင္းခ်ဳပ္ဆုိထားခဲ့ၿပီး သူတုိ႔အေနနဲ႔ တျခားအသင္းကို မေရာင္းခ်ခင္မွာ ေပါင္ ၄၆.၅ သန္းနဲ႔ ေခၚယူႏုိင္တယ္လုိ႔လည္း ဆုိပါတယ္။

လက္ရွိမွာေတာ့ မန္စီးတီးကစားသမားေဟာင္း ေတာင္ပံကစားသမားႏွစ္ဦးကို ၿမဳိ႕ခံၿပဳိင္ဘက္ မန္ယူတုိ႔က ဆက္သြယ္ေနတာျဖစ္ၿပီး ဦးစားေပး ပစ္မွတ္အျဖစ္ ရည္ရြယ္ထားတဲ့ ေဒါ့မြန္ကစားသမား ေဂ်ဒန္ ဆန္ခ်ဳိကို မရရွိခဲ့ရင္ မာတြန္ဒိုကို ေခၚယူဖို႔ ခ်ိတ္ဆက္ထားတာလည္းျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူတုိ႔ကစားသမားေဟာင္းကို ၿမဳိ႕ခံၿပဳိင္ဘက္ဆီ မေရာက္ေစခ်င္ရင္ တားဆီးသြားခြင့္ ရွိေနေပမယ့္ မာတြန္ဒိုကို ၄၆.၅ သန္း ေပးၿပီး ေခၚယူမယ့္အစား သူ႕ထက္ ေပါင္သန္းအနည္းငယ္သက္သာႏုိင္တဲ့ ဝုလ္ဗာဟမ့္ပတန္ ဝမ္းဒါးရားစ္ရဲ႕ အဒါမာ ထရာအုိေရးကိုသာ ေခၚယူေစဖို႔ ပရိသတ္ေတြက အလိုရွိေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: TRIBAL FOOTBALL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ လူငယ်ကစားသမားဟောင်း ရက်ဘီ မာတွန်ဒိုကို မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ ကြံရွယ်နေတာကို တားဆီးသွားနိုင်တဲ့ အခွင့်အရေးရှိနေပြီး ရှော်လ်ကာအသင်းဆီ ရောင်းချစဉ်က သဘောတူညီမှု ရယူထားတယ်လို့ ဆိုပါတယ်။

အသက် ၁၉ နှစ်အရွယ် ဝေးလ်စ်တောင်ပံကစားသမားဟာ မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ရိုင်ယန်ဂစ်ရဲ့ လက်ရွေးစင်အသင်းသားတစ်ဦးဖြစ်ပြီး သူ့ရဲ့ ထောက်ခံမှုနဲ့ အိုးလ်ထရက်ဖို့ဒ်ကို ရောက်ရှိနိုင်ခြေရှိနေတာဖြစ်သလို ပေါင်သန်း ၆၀ ဝန်းကျင်နဲ့ အပြောင်းအရွှေ့ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ဇန်နဝါရီက ဂျာမန်မြေကို ပေါင် ၁၁ သန်းနဲ့ ပြောင်းရွှေ့သွားတဲ့ ချာတိတ်အတွက် မန်ချက်စတာစီးတီးအသင်းအနေနဲ့ ပြန်လည်ခေါ်ယူခွင့်ကို ထည့်သွင်းချုပ်ဆိုထားခဲ့ပြီး သူတို့အနေနဲ့ တခြားအသင်းကို မရောင်းချခင်မှာ ပေါင် ၄၆.၅ သန်းနဲ့ ခေါ်ယူနိုင်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ မန်စီးတီးကစားသမားဟောင်း တောင်ပံကစားသမားနှစ်ဦးကို မြို့ခံပြိုင်ဘက် မန်ယူတို့က ဆက်သွယ်နေတာဖြစ်ပြီး ဦးစားပေး ပစ်မှတ်အဖြစ် ရည်ရွယ်ထားတဲ့ ဒေါ့မွန်ကစားသမား ဂျေဒန် ဆန်ချိုကို မရရှိခဲ့ရင် မာတွန်ဒိုကို ခေါ်ယူဖို့ ချိတ်ဆက်ထားတာလည်းဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ကစားသမားဟောင်းကို မြို့ခံပြိုင်ဘက်ဆီ မရောက်စေချင်ရင် တားဆီးသွားခွင့် ရှိနေပေမယ့် မာတွန်ဒိုကို ၄၆.၅ သန်း ပေးပြီး ခေါ်ယူမယ့်အစား သူ့ထက် ပေါင်သန်းအနည်းငယ်သက်သာနိုင်တဲ့ ဝုလ်ဗာဟမ့်ပတန် ဝမ်းဒါးရားစ်ရဲ့ အဒါမာ ထရာအိုရေးကိုသာ ခေါ်ယူစေဖို့ ပရိသတ်တွေက အလိုရှိနေကြကြောင်းလည်း သိရှိရပါတယ်။

REF: TRIBAL FOOTBALL
PHOTOS CREDIT TO OWNERS
SPORTS A2Z.