Other Leagues Premier League Transfer News

ဖီယင္ႏုကစားသမားအတြက္ ေဈးႏွဳန္းေလ်ာ့က်လာၿပီး ေပါင္သန္း ၂၀ နဲ႔ အာဆင္နယ္ ရရွိႏုိင္

အာဆင္နယ္အသင္းအေနနဲ႔ သူတုိ႔အလိုရွိေနတဲ့ နယ္သာလန္ကလပ္ ဖီယင္ႏုရဲ႕ ကြင္းလယ္ဖန္တီးရွင္ ေအာ္ကြန္ ေကာ့ခ်ဴးအတြက္ လာမယ့္ အေျပာင္းအေရႊ႕ ဖြင့္လွစ္ခ်ိန္မွာ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၂၀ ေလာက္နဲ႔ ေခၚယူႏုိင္ဖို႔ ရွိေနၿပီး ေဈးႏွဳန္းေလ်ာ့က်သြားခဲ့တယ္လို႔ သိရပါတယ္။

ဥေရာပရဲ႕ အလားအလာအရွိဆုံးလူငယ္ေတြထဲက တစ္ဦးျဖစ္တဲ့ တူရကီ ယူ-၂၁ လက္ေရြးစင္ဟာ အသင္းနဲ႔ စာခ်ဳပ္သစ္ကို ျငင္းဆန္ထားသူျဖစ္ၿပီး သူ႕ကိုေတာ့ ခ်ဲလ္ဆီးအျပင္ ဒီေနာက္ပုိင္းႏွစ္ေတြမွာ အာဆင္နယ္အသင္းနဲ႔ အျမဲတမ္း ယွဥ္ၿပဳိင္ေခၚယူဘက္ျဖစ္ေနတဲ့ ဆီဗီလာအသင္းကလည္း ခ်ဥ္းကပ္ေနခဲ့ပါတယ္။

အသက္အရြယ္ ငယ္ေသးေပမယ့္ ေဘာလုံးအျမင္နဲ႔ ဖန္တီးမွဳ ေကာင္းမြန္တဲ့ ၁၉ ႏွစ္သားကို အာဆင္နယ္အသင္းအေနနဲ႔ အသင္းကေန ထြက္ခြာေစခ်င္ေနတဲ့ ကြင္းလယ္လူ မီဆြတ္ အုိေဇးလ္ရဲ႕ ေရရွည္အစားထိုးမွဳအျဖစ္ ရွဳျမင္ထားၿပီး ဂ်ာမန္သားႀကီးအေနနဲ႔ အသင္းမွာ စာခ်ဳပ္ကုန္ခ်ိန္အထိ ဆက္ရွိေနဦးမယ္ ဆုိရင္လည္း ေကာ့ခ်ဴးအတြက္ေတာ့ ေလ့လာသင္ယူစရာေတြ ရွိလာႏုိင္ဦးမွာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရာသီက ဖီယင္ႏုအသင္းႀကီးလူစာရင္းကို ထိုးေဖာက္ႏုိင္ခဲ့တဲ့ ေကာ့ခ်ဴးဟာ ဒီႏွစ္မွာေတာ့ ၿပီးခဲ့တဲ့ ရာသီက ပြဲ ၃၀ ကစား၊ ၉ ဂိုးသြင္း၊ ၁၀ ဂိုး ဖန္တီးေပးခဲ့ၿပီး ဒီရာသီမွာေတာ့ ကစားထားတဲ့ စုစုေပါင္း ၃၅ ပြဲမွာ ၃ ဂိုးသြင္း ၆ ဂိုး ဖန္တီးေပးထားႏုိင္ခဲ့ပါတယ္။

ေနာက္ဆုံးအႀကိမ္ စုံစမ္းထားမွဳေတြအရ ေပါင္ ၂၃ သန္း ေတာင္းဆုိထားခဲ့တဲ့ ေကာ့ခ်ဴးအတြက္ တကယ္တမ္း ေဆြးေႏြးႏုိင္တဲ့အခါမွာေတာ့ အာဆင္နယ္အသင္းအေနနဲ႔ ေပါင္သန္း ၂၀ နဲ႔ ရရွိႏုိင္ဖြယ္ရွိၿပီး ဖီယင္ႏုဘက္ကလည္း လက္ခံသြားမွာျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပထားေၾကာင္း သိရွိရပါတယ္။

REF: MUNDO DEPORTIVO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ သူတို့အလိုရှိနေတဲ့ နယ်သာလန်ကလပ် ဖီယင်နုရဲ့ ကွင်းလယ်ဖန်တီးရှင် အော်ကွန် ကော့ချူးအတွက် လာမယ့် အပြောင်းအရွှေ့ ဖွင့်လှစ်ချိန်မှာ ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ လောက်နဲ့ ခေါ်ယူနိုင်ဖို့ ရှိနေပြီး ဈေးနှုန်းလျော့ကျသွားခဲ့တယ်လို့ သိရပါတယ်။

ဥရောပရဲ့ အလားအလာအရှိဆုံးလူငယ်တွေထဲက တစ်ဦးဖြစ်တဲ့ တူရကီ ယူ-၂၁ လက်ရွေးစင်ဟာ အသင်းနဲ့ စာချုပ်သစ်ကို ငြင်းဆန်ထားသူဖြစ်ပြီး သူ့ကိုတော့ ချဲလ်ဆီးအပြင် ဒီနောက်ပိုင်းနှစ်တွေမှာ အာဆင်နယ်အသင်းနဲ့ အမြဲတမ်း ယှဉ်ပြိုင်ခေါ်ယူဘက်ဖြစ်နေတဲ့ ဆီဗီလာအသင်းကလည်း ချဉ်းကပ်နေခဲ့ပါတယ်။

အသက်အရွယ် ငယ်သေးပေမယ့် ဘောလုံးအမြင်နဲ့ ဖန်တီးမှု ကောင်းမွန်တဲ့ ၁၉ နှစ်သားကို အာဆင်နယ်အသင်းအနေနဲ့ အသင်းကနေ ထွက်ခွာစေချင်နေတဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ရဲ့ ရေရှည်အစားထိုးမှုအဖြစ် ရှုမြင်ထားပြီး ဂျာမန်သားကြီးအနေနဲ့ အသင်းမှာ စာချုပ်ကုန်ချိန်အထိ ဆက်ရှိနေဦးမယ် ဆိုရင်လည်း ကော့ချူးအတွက်တော့ လေ့လာသင်ယူစရာတွေ ရှိလာနိုင်ဦးမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ဖီယင်နုအသင်းကြီးလူစာရင်းကို ထိုးဖောက်နိုင်ခဲ့တဲ့ ကော့ချူးဟာ ဒီနှစ်မှာတော့ ပြီးခဲ့တဲ့ ရာသီက ပွဲ ၃၀ ကစား၊ ၉ ဂိုးသွင်း၊ ၁၀ ဂိုး ဖန်တီးပေးခဲ့ပြီး ဒီရာသီမှာတော့ ကစားထားတဲ့ စုစုပေါင်း ၃၅ ပွဲမှာ ၃ ဂိုးသွင်း ၆ ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

နောက်ဆုံးအကြိမ် စုံစမ်းထားမှုတွေအရ ပေါင် ၂၃ သန်း တောင်းဆိုထားခဲ့တဲ့ ကော့ချူးအတွက် တကယ်တမ်း ဆွေးနွေးနိုင်တဲ့အခါမှာတော့ အာဆင်နယ်အသင်းအနေနဲ့ ပေါင်သန်း ၂၀ နဲ့ ရရှိနိုင်ဖွယ်ရှိပြီး ဖီယင်နုဘက်ကလည်း လက်ခံသွားမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြထားကြောင်း သိရှိရပါတယ်။

REF: MUNDO DEPORTIVO
PHOTOS CREDIT TO OWNERS
SPORTS A2Z.