Ligue1 Premier League

မာဆေးရောက် စဆရက ဂန်ဒူဇီအနေနဲ့ အာဆင်နယ်ကို မျက်နှာပျက်စေဦးမှာလား

အာဆင်နယ်အသင်းမှာ အူနိုင်း အမ်မရီလက်ထက်က တောက်ပလာခဲ့ပေမယ့် လက်ရှိနည်းပြ မီခယ်လ် အာတီတာလက်ထက်မှာတော့ နေရာပေးခံရခြင်း မရှိတော့ဘဲ အငှားနဲ့သာ အချိန်ကုန်နေရတဲ့ ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီအနေနဲ့ မာဆေးလ်အသင်းမှာပါ အဆင်မပြေဘူးလို့ သိရပြီး သူ့ရဲ့ ဆက်ဆံရေးနဲ့ ဆရာကြီးလုပ်တဲ့ ပုံစံတွေအရ တာဝန်ရှိသူတွေ ခေါင်းခဲနေရတယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ်က ပြင်သစ်ကလပ် လိုရီယန့်ကတော့ ပေါင် ၇.၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်လူဟာ တိုက်စစ်မှာရော ခံစစ်မှာ ကစားနိုင်သလို ဘောလုံးဆွဲပြေးပုံနဲ့ ကစားအားကောင်းမွန်ပြီး အသင်းနိုင်ဖို့အတွက် ဘာမဆို လုပ်နိုင်တဲ့ သူမျိုးဖြစ်ပေမယ့် သူများတွေကို သဘောမကျဘဲ ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်နေတဲ့ စိတ်ဓာတ်က အာဆင်နယ်အသင်းမှာ အခြေပျက်စေခဲ့တာပါ။

လက်ရှိမှာလည်း သူ့ကို မာဆေးလ်အသင်းဖော်တွေက မကျေမနပ်ဖြစ်နေကြပြီး ကွင်းထဲမှာ ထေ့ငေါ့အော်ဟစ်တဲ့ ပုံစံတွေက အသင်းဖော်ချင်း ငြိစေသလို လိုကိုမိုးတစ် မော်စကို၊ အွန်းဂျေး၊ လန်းစ်တို့နဲ့ပွဲတွေမှာ သူ့ရဲ့ အပြုအမူတွေက လက်ခံနိုင်စရာ မရှိဘူးလို့ နီးစပ်ရာ အသိုင်းအဝိုင်းကလည်း ထုတ်ဖော်ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ လန်းစ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပေးခဲ့ရတဲ့ ဒုတိယဂိုးအတွက် ဂန်ဒူဇီအနေနဲ့ အသင်းဖော် ဘရာဇီးလ်သား ဂါဆန်ကို ပေါက်ကွဲခဲ့ပြီး “မင်းဘယ်တော့ ကွင်းထဲမှာ စပြေးဖို့လုပ်မှာလဲ”လို့ ပြစ်တင်ပြောကြားခဲ့ရာမှာ ရန်ပွဲစခဲ့ပြီး အသင်းဖော်တွေနဲ့ အသင်းခေါင်းဆောင် ဒမီထရီ ပါယက်တို့က ဝင်ရောက်ဖြန်ဖြေခဲ့ရတာလည်းဖြစ်ပါတယ်။

ဂန်ဒူဇီနဲ့ ပြဿနာတက်ခဲ့တဲ့အထဲမှာ ဂါဆန်က တစ်ဦးတည်းသောသူ မဟုတ်ဘဲ တခြားအသင်းဖော်တွေမှာလည်း သူ့ရဲ့ ကွင်းတွင်းက ညည်းညူ အပြစ်တင်မှုတွေကို စိတ်ပျက်နေခဲ့ကြသလို ကွင်းထဲမှာ ဘောလုံးထိန်းပုံ မသေသပ်တာကအစ လိုက်ပြီး အော်ဟစ်နေသလို စိတ်ပျက်ပြီး ဒရာမာဆန်ဆန် သရုပ်ဆောင်ပြနေတဲ့ သူ့ကို တော်တော်များများက ဝေဖန်ခဲ့ကြတာပါ။

အဓိကအားဖြင့်တော့ ဂန်ဒူဇီကို ကန့်ကွက်သူတွေက မာဆေးလ်အသင်းရဲ့ နိုင်ငံခြားသား ကစားသမားတွေဖြစ်နေကြပြီး သေးသေးလေးကအစ လိုက်ပြောနေတဲ့ ပုံစံကို ရပ်တန့်စေဖို့ အလိုရှိနေကြတယ်လို့ သိရသလို အာဆင်နယ်အသင်းနဲ့ ဟာသာဘာလင်အသင်းတွေမှာလည်း သူ့ရဲ့ Over-confidence ပုံစံက ဘေးရောက်စေခဲ့တဲ့ အချိန်မှာ သင်ခန်းစာ ယူတတ်ဖို့တော့ မျှော်လင့်နေကြပါတယ်။

ရာသီကုန်မှာ သတ်မှတ်ပွဲအရေအတွက် ပြည့်မီခဲ့ရင် ပေါင် ၁၀ သန်းနဲ့ ခေါ်ယူဖို့ အာဆင်နယ်အသင်းနဲ့ အငှားစာချုပ်မှာ သဘောတူညီထားတဲ့ မာဆေးလ်အသင်းအနေနဲ့ ကွင်းတွင်းခြေစွမ်းကောင်းပေမယ့် အများတကာ စိတ်ညစ်စရာပုံစံတွေကို လုပ်ပြနေတဲ့ အသက် ၂၂ နှစ်သားကို ခေါ်ယူဖို့ကတော့ ဗြဟ္မာကြီးဦးခေါင်းလိုဖြစ်နေလို့ အထပ်ထပ် စဉ်းစားရတော့မှာဖြစ်လို့ အမ်းမရိတ်က လူတွေပါ ပိုက်ဆံဆုံးရဖွယ် ရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းမွာ အူႏိုင္း အမ္မရီလက္ထက္က ေတာက္ပလာခဲ့ေပမယ့္ လက္ရွိနည္းျပ မီခယ္လ္ အာတီတာလက္ထက္မွာေတာ့ ေနရာေပးခံရျခင္း မရွိေတာ့ဘဲ အငွားနဲ႔သာ အခ်ိန္ကုန္ေနရတဲ့ ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီအေနနဲ႔ မာေဆးလ္အသင္းမွာပါ အဆင္မေျပဘူးလို႔ သိရၿပီး သူ႔ရဲ႕ ဆက္ဆံေရးနဲ႔ ဆရာႀကီးလုပ္တဲ့ ပုံစံေတြအရ တာဝန္ရွိသူေတြ ေခါင္းခဲေနရတယ္လို႔ သိရပါတယ္။

၂၀၁၈ ခုႏွစ္က ျပင္သစ္ကလပ္ လိုရီယန႔္ကေတာ့ ေပါင္ ၇.၅ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ ကြင္းလယ္လူဟာ တိုက္စစ္မွာေရာ ခံစစ္မွာ ကစားႏိုင္သလို ေဘာလုံးဆြဲေျပးပုံနဲ႔ ကစားအားေကာင္းမြန္ၿပီး အသင္းႏိုင္ဖို႔အတြက္ ဘာမဆို လုပ္ႏိုင္တဲ့ သူမ်ိဳးျဖစ္ေပမယ့္ သူမ်ားေတြကို သေဘာမက်ဘဲ ကိုယ့္ကိုယ္ကို အဟုတ္ႀကီးထင္ေနတဲ့ စိတ္ဓာတ္က အာဆင္နယ္အသင္းမွာ အေျခပ်က္ေစခဲ့တာပါ။

လက္ရွိမွာလည္း သူ႔ကို မာေဆးလ္အသင္းေဖာ္ေတြက မေက်မနပ္ျဖစ္ေနၾကၿပီး ကြင္းထဲမွာ ေထ့ေငါ့ေအာ္ဟစ္တဲ့ ပုံစံေတြက အသင္းေဖာ္ခ်င္း ၿငိေစသလို လိုကိုမိုးတစ္ ေမာ္စကို၊ အြန္းေဂ်း၊ လန္းစ္တို႔နဲ႔ပြဲေတြမွာ သူ႔ရဲ႕ အျပဳအမူေတြက လက္ခံႏိုင္စရာ မရွိဘူးလို႔ နီးစပ္ရာ အသိုင္းအဝိုင္းကလည္း ထုတ္ေဖာ္ထားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ လန္းစ္အသင္းကို ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္မွာ ေပးခဲ့ရတဲ့ ဒုတိယဂိုးအတြက္ ဂန္ဒူဇီအေနနဲ႔ အသင္းေဖာ္ ဘရာဇီးလ္သား ဂါဆန္ကို ေပါက္ကြဲခဲ့ၿပီး “မင္းဘယ္ေတာ့ ကြင္းထဲမွာ စေျပးဖို႔လုပ္မွာလဲ”လို႔ ျပစ္တင္ေျပာၾကားခဲ့ရာမွာ ရန္ပြဲစခဲ့ၿပီး အသင္းေဖာ္ေတြနဲ႔ အသင္းေခါင္းေဆာင္ ဒမီထရီ ပါယက္တို႔က ဝင္ေရာက္ျဖန္ေျဖခဲ့ရတာလည္းျဖစ္ပါတယ္။

ဂန္ဒူဇီနဲ႔ ျပႆနာတက္ခဲ့တဲ့အထဲမွာ ဂါဆန္က တစ္ဦးတည္းေသာသူ မဟုတ္ဘဲ တျခားအသင္းေဖာ္ေတြမွာလည္း သူ႔ရဲ႕ ကြင္းတြင္းက ညည္းညဴ အျပစ္တင္မႈေတြကို စိတ္ပ်က္ေနခဲ့ၾကသလို ကြင္းထဲမွာ ေဘာလုံးထိန္းပုံ မေသသပ္တာကအစ လိုက္ၿပီး ေအာ္ဟစ္ေနသလို စိတ္ပ်က္ၿပီး ဒရာမာဆန္ဆန္ သ႐ုပ္ေဆာင္ျပေနတဲ့ သူ႔ကို ေတာ္ေတာ္မ်ားမ်ားက ေဝဖန္ခဲ့ၾကတာပါ။

အဓိကအားျဖင့္ေတာ့ ဂန္ဒူဇီကို ကန႔္ကြက္သူေတြက မာေဆးလ္အသင္းရဲ႕ ႏိုင္ငံျခားသား ကစားသမားေတြျဖစ္ေနၾကၿပီး ေသးေသးေလးကအစ လိုက္ေျပာေနတဲ့ ပုံစံကို ရပ္တန႔္ေစဖို႔ အလိုရွိေနၾကတယ္လို႔ သိရသလို အာဆင္နယ္အသင္းနဲ႔ ဟာသာဘာလင္အသင္းေတြမွာလည္း သူ႔ရဲ႕ Over-confidence ပုံစံက ေဘးေရာက္ေစခဲ့တဲ့ အခ်ိန္မွာ သင္ခန္းစာ ယူတတ္ဖို႔ေတာ့ ေမွ်ာ္လင့္ေနၾကပါတယ္။

ရာသီကုန္မွာ သတ္မွတ္ပြဲအေရအတြက္ ျပည့္မီခဲ့ရင္ ေပါင္ ၁၀ သန္းနဲ႔ ေခၚယူဖို႔ အာဆင္နယ္အသင္းနဲ႔ အငွားစာခ်ဳပ္မွာ သေဘာတူညီထားတဲ့ မာေဆးလ္အသင္းအေနနဲ႔ ကြင္းတြင္းေျခစြမ္းေကာင္းေပမယ့္ အမ်ားတကာ စိတ္ညစ္စရာပုံစံေတြကို လုပ္ျပေနတဲ့ အသက္ ၂၂ ႏွစ္သားကို ေခၚယူဖို႔ကေတာ့ ျဗဟၼာႀကီးဦးေခါင္းလိုျဖစ္ေနလို႔ အထပ္ထပ္ စဥ္းစားရေတာ့မွာျဖစ္လို႔ အမ္းမရိတ္က လူေတြပါ ပိုက္ဆံဆုံးရဖြယ္ ရွိေနေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.