သီယာရီ အွန်နရီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ခရစ္စတီယာနို ရော်နယ်ဒိုက အကောင်းဆုံးတိုက်စစ်မှူးလို့ ယုံကြည်နေပြီး မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟာ ၎င်းရဲ့ ထူးခြားလှတဲ့ကစားသမားဘဝတလျှောက် လုပ်ခဲ့တဲ့ အရာတွေအတွက် ချီးကျူးမှုခံရသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်အသင်းတို့မှာ ကစားပေးရင်း ချန်ပီယံလိဂ်ဖလား ၅ ကြိမ်နဲ့ ဘယ်လွန်ဒေါ ၅ ကြိမ် အပါအဝင် တစ်ဦးချင်းနဲ့ အသင်းလိုက် ဆုတံဆိပ်များစွာ ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ မန်ချက်စတာယူနိုက်တက်အနေနဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည် ပြသခဲ့ပေမယ့်လည်း ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ အိုးထရက်ဖို့ဒ်ကို ပြန်လည်ပြောင်းရွှေ့လာပြီးကတည်းက ပရီးမီးယားလိဂ် ၃ ပွဲမှာ ၃ ဂိုး သွင်းယူပေးထားခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ အွန်နရီက ပေါ်တူဂီကြယ်ပွင့်ကို ဥရောပပြိုင်ပွဲကြီးရဲ့ အကောင်းဆုံး ကျောနံပါတ် ၉ အဖြစ် ရွေးချယ်ခဲ့ပြီးနောက် ရော်နယ်ဒိုရဲ့ စံချိန်တွေက သူ့အလိုလို စကားပြောလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
“ခင်ဗျား ဒီလူကို အများကြီး ချီးကျူးဂုဏ်ပြုမှုတွေ ပြုလုပ်ရမှာပါ။ ဘာလို့လဲဆိုတော့ သူ လက်ရွေးစင်အသင်းနဲ့ လုပ်ခဲ့တာတွေ၊ အခု ယူနိုက်တက်အတွက် သူ လုပ်နေတာတွေအတွက်ကြောင့် ဆိုတာ ရှင်းပါတယ်”
“သူ ဂျူဗင်တပ်၊ ရီးရဲလ်မက်ဒရစ်နဲ့ ယူနိုက်တက်တို့အတွက် အရင်က လုပ်ပေးခဲ့တာတွေက ဘယ်သူမှ လိုက်မလုပ်နိုင်တော့ပါဘူး။ တကယ်လို့ ကျွန်တော်တို့ ကျောနံပါတ် ၉ အကြောင်း ပြောနေတာဆိုရင် သူ့ကို လေးစားမှု ခင်ဗျား ပြသရမှာပါ”
ပြင်သစ်ဂန္တဝင်တိုက်စစ်မှူးက ၎င်းရဲ့ လက်ရွေးစင်အသင်းဖော်ဟောင်း ကာရင် ဘန်ဇီးမားကို ချန်ပီယံလိဂ်မှာ ဒုတိယအကောင်းဆုံး တိုက်စစ်မှူးအဖြစ် သတ်မှတ်ခဲ့ပြီး ဘိုင်ယန်မြူးနစ် ဂိုးသွင်းစက် လီဗန်ဒေါ့ဗ်စကီးကိုတော့ တတိယအဖြစ် သတ်မှတ်ခဲ့ပါတယ်။
“ဘန်ဇီးမားက ကမ္ဘာပေါ်က အပြီးပြည့်စုံဆုံး တိုက်စစ်မှူးလို့ ကျွန်တော် ထင်ပါတယ်။ သူက အရာအားလုံးကို လွယ်လွယ်ကူကူ လုပ်နိုင်ပြီး ရော်နယ်ဒို ထွက်ခွာသွားပြီးကတည်းက သွင်းဂိုးတွေကို ဒိုင်ခံသွင်းပေးနေတာပါ။ သူ ချန်ပီယံလိဂ်ဖလားကို အကြိမ်ပေါင်းများစွာ ရရှိခဲ့ပြီး နံပါတ် ၂ အတွက် ဒီလောက်ဆို တော်တော်ကောင်းနေပြီလို့ ကျွန်တော် ထင်ပါတယ်”
“လီဗန်ဒေါ့ဗ်စကီးကတော့ အချိန်အကြာကြီး ဂိုးတွေသွင်းယူနေခဲ့တဲ့သူလို့ ကျွန်တော် ထင်ပါတယ်။ ပြိုင်ပွဲထဲမှာ ကျွန်တော် မြင်ခဲ့ဖူးသမျှ အကောင်းဆုံး သားကောင်းလိုက်သမားတွေထဲက တစ်ဦးပါ။ ဒါပေမယ့် သူ ချန်ပီယံလိဂ်ကို တစ်ကြိမ်ပဲ ရရှိခဲ့ဖူးပါတယ်။ သူ့ရှေ့မှာရှိနေတဲ့သူတွေက အဲဒါကို အကြိမ်ပေါင်းများစွာ ရရှိခဲ့ဖူးတဲ့သူတွေပါ”လို့ ပြောကြားခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:သီယာရီ အြန္နရီက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ခရစၥတီယာနို ေရာ္နယ္ဒိုက အေကာင္းဆုံးတိုက္စစ္မႉးလို႔ ယုံၾကည္ေနၿပီး မန္ခ်က္စတာယူနိုက္တက္ၾကယ္ပြင့္ဟာ ၎ရဲ့ ထူးျခားလွတဲ့ကစားသမားဘဝတေလၽွာက္ လုပ္ခဲ့တဲ့ အရာေတြအတြက္ ခ်ီးက်ဴးမႈခံရသင့္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။
ေပၚတူဂီလက္ေရြးစင္တိုက္စစ္မႉးဟာ မန္ခ်က္စတာယူနိုက္တက္၊ ရီးရဲလ္မက္ဒရစ္နဲ႔ ဂ်ဴဗင္တပ္အသင္းတို႔မွာ ကစားေပးရင္း ခ်န္ပီယံလိဂ္ဖလား ၅ ႀကိမ္နဲ႔ ဘယ္လြန္ေဒါ ၅ ႀကိမ္ အပါအဝင္ တစ္ဦးခ်င္းနဲ႔ အသင္းလိုက္ ဆုတံဆိပ္မ်ားစြာ ပိုင္ဆိုင္ခဲ့သူျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရက္သတၱပတ္မွာ မန္ခ်က္စတာယူနိုက္တက္အေနနဲ႔ ဆိုးရြားတဲ့ စြမ္းေဆာင္ရည္ ျပသခဲ့ေပမယ့္လည္း ေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အိုးထရက္ဖို႔ဒ္ကို ျပန္လည္ေျပာင္းေရႊ႕လာၿပီးကတည္းက ပရီးမီးယားလိဂ္ ၃ ပြဲမွာ ၃ ဂိုး သြင္းယူေပးထားခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္အသင္းရဲ့ တသက္တာထိပ္တန္းဂိုးသြင္းရွင္ျဖစ္တဲ့ အြန္နရီက ေပၚတူဂီၾကယ္ပြင့္ကို ဥေရာပၿပိဳင္ပြဲႀကီးရဲ့ အေကာင္းဆုံး ေက်ာနံပါတ္ ၉ အျဖစ္ ေရြးခ်ယ္ခဲ့ၿပီးေနာက္ ေရာ္နယ္ဒိုရဲ့ စံခ်ိန္ေတြက သူ႔အလိုလို စကားေျပာလိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။
“ခင္ဗ်ား ဒီလူကို အမ်ားႀကီး ခ်ီးက်ဴးဂုဏ္ျပဳမႈေတြ ျပဳလုပ္ရမွာပါ။ ဘာလို႔လဲဆိုေတာ့ သူ လက္ေရြးစင္အသင္းနဲ႔ လုပ္ခဲ့တာေတြ၊ အခု ယူနိုက္တက္အတြက္ သူ လုပ္ေနတာေတြအတြက္ေၾကာင့္ ဆိုတာ ရွင္းပါတယ္”
“သူ ဂ်ဴဗင္တပ္၊ ရီးရဲလ္မက္ဒရစ္နဲ႔ ယူနိုက္တက္တို႔အတြက္ အရင္က လုပ္ေပးခဲ့တာေတြက ဘယ္သူမွ လိုက္မလုပ္နိုင္ေတာ့ပါဘူး။ တကယ္လို႔ ကၽြန္ေတာ္တို႔ ေက်ာနံပါတ္ ၉ အေၾကာင္း ေျပာေနတာဆိုရင္ သူ႔ကို ေလးစားမႈ ခင္ဗ်ား ျပသရမွာပါ”
ျပင္သစ္ဂႏၲဝင္တိုက္စစ္မႉးက ၎ရဲ့ လက္ေရြးစင္အသင္းေဖာ္ေဟာင္း ကာရင္ ဘန္ဇီးမားကို ခ်န္ပီယံလိဂ္မွာ ဒုတိယအေကာင္းဆုံး တိုက္စစ္မႉးအျဖစ္ သတ္မွတ္ခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္ ဂိုးသြင္းစက္ လီဗန္ေဒါ့ဗ္စကီးကိုေတာ့ တတိယအျဖစ္ သတ္မွတ္ခဲ့ပါတယ္။
“ဘန္ဇီးမားက ကမၻာေပၚက အၿပီးျပည့္စုံဆုံး တိုက္စစ္မႉးလို႔ ကၽြန္ေတာ္ ထင္ပါတယ္။ သူက အရာအားလုံးကို လြယ္လြယ္ကူကူ လုပ္နိုင္ၿပီး ေရာ္နယ္ဒို ထြက္ခြာသြားၿပီးကတည္းက သြင္းဂိုးေတြကို ဒိုင္ခံသြင္းေပးေနတာပါ။ သူ ခ်န္ပီယံလိဂ္ဖလားကို အႀကိမ္ေပါင္းမ်ားစြာ ရရွိခဲ့ၿပီး နံပါတ္ ၂ အတြက္ ဒီေလာက္ဆို ေတာ္ေတာ္ေကာင္းေနၿပီလို႔ ကၽြန္ေတာ္ ထင္ပါတယ္”
“လီဗန္ေဒါ့ဗ္စကီးကေတာ့ အခ်ိန္အၾကာႀကီး ဂိုးေတြသြင္းယူေနခဲ့တဲ့သူလို႔ ကၽြန္ေတာ္ ထင္ပါတယ္။ ၿပိဳင္ပြဲထဲမွာ ကၽြန္ေတာ္ ျမင္ခဲ့ဖူးသမၽွ အေကာင္းဆုံး သားေကာင္းလိုက္သမားေတြထဲက တစ္ဦးပါ။ ဒါေပမယ့္ သူ ခ်န္ပီယံလိဂ္ကို တစ္ႀကိမ္ပဲ ရရွိခဲ့ဖူးပါတယ္။ သူ႔ေရွ႕မွာရွိေနတဲ့သူေတြက အဲဒါကို အႀကိမ္ေပါင္းမ်ားစြာ ရရွိခဲ့ဖူးတဲ့သူေတြပါ”လို႔ ေျပာၾကားခဲ့ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.