Analysis Ligue1 Premier League UCL&UEL

ပါရီမြေက မှော်ဝင်ညဖြစ်ခဲ့တဲ့ ပီအက်စ်ဂျီ 2-0 မန်စီးတီး ပွဲအပြီး ပြောစရာ 7 ချက်

ပီအက်စ်ဂျီအသင်းဟာ အင်္ဂါနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ပွဲစဉ်မှာ မက်ဆီ၊ ဂေးယီတို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး မန်စီးတီးဟာ ပီအက်စ်ဂျီ ခံစစ်ကို ဘယ်လိုမှ ထိုးဖောက်လို့ မရနိုင်ခဲ့ဘဲ အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းအတွက် ရှားရှားပါပါး ရရှိခဲ့တဲ့ အခွင့်အရေးတွေကို ရာဟင်း စတားလင်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ ၂ လုံးစလုံးကလည်း ဖြုန်းတီးပစ်ခဲ့ပြီး ဒီပွဲစဉ်မှာ ပြောစရာအချက် ၇ ချက် ရှိနေခဲ့ပါတယ်။

၁။ ကိုယ့်ပုံစံအတိုင်း ဂိုးသွင်းယူနိုင်ခဲ့တဲ့ မက်ဆီ

အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူးဟာ အင်္ဂါနေ့ညမှာ ကြောက်မက်ဖွယ် တိုက်စစ် ၃ ဦးအတွဲမှာ ပါဝင်ကစားပေးခဲ့ပြီး ပီအက်စ်ဂျီအသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ခြင်းမရှိသေးပေမယ့် ၎င်းရဲ့ကစားသမားဘဝအပေါ် အကြီးမားဆုံးလွှမ်းမိုးမှုရှိခဲ့တဲ့လူနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ အဲဒါကို ပြောင်းလဲပစ်ခဲ့ပါတယ်။ ပွဲမတိုင်မီက မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက မက်ဆီကို ဘယ်လိုရပ်တန့်ရမလဲဆိုတာ မသိဘူးလို့ ပြောကြားခဲ့တဲ့အတိုင်း မက်ဆီဟာ ကွင်းလယ်ကနေ ဆွဲပြေးလာခဲ့ပြီး ဘောလုံးအပြန်အလှန်ပေးခြင်းပြုလုပ်ပြီးနောက် အီဒါဆန်ရဲ့နောက်က ဂိုးပိုက်ထဲကို အပြင်းကန်သွင်းပြီး အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

၂။ မြင့်မားတဲ့အရည်အသွေးချင်း တွေ့ဆုံခဲ့တဲ့ည

နှစ်သင်းစလုံးဟာ တူညီမှုအမျာအပြားရှိခဲ့ပြီး နည်းပြ ၂ ဦးစလုံးတောင် တူညီတဲ့ နည်းဗျူဟာတွေကို အသုံးပြုခဲ့ကြပါတယ်။ ပိုချက်တီနိုဟာ နောက်ဆုံးမှာတော့ ၎င်းရဲ့အကြံအစည်ကို စတင်ပြီး အပြောင်းအလဲလုပ်ခဲ့ပြီး မန်စီးတီးကို ဖိကစားနိုင်ဖို့ ဘောလုံးပိုင်ဆိုင်မှုက အဓိကဖြစ်တယ်လို့ ယုံကြည်ချက်ရှိခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဟာ ပီအက်စ်ဂျီအသင်းကို လွှမ်းမိုးထားနိုင်ခဲ့ပေမယ့် လိုချင်တဲ့ ရှင်းလင်းပြတ်သားတဲ့အခွင့်အရေးတစ်ခုတောင် မဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။ နှစ်သင်းစလုံးဟာ ချန်ပီယံလိဂ်နောက်ဆုံးအဆင့်တွေမှာ စိန်ခေါ်နိုင်ဖို့ မျှော်မှန်းခြင်းခံထားရတာဖြစ်ပြီး ယခုနှစ် ချန်ပီယံလိဂ်ဖလားကို ရယူဖို့ လိုအပ်တဲ့အရာတွေအားလုံးရှိနေတယ်ဆိုတာကို ပြသခဲ့တဲ့အတွက် လာမယ့်မေလ စိန့် ပီတာစ်ဘတ်မှာ ဒီ ၂ သင်း ဗိုလ်လုပွဲမှာ ကစားတာကို မမြင်တွေ့ချင်တဲ့သူ ရှိမယ်မထင်ပါဘူး။

၃။ ဘယ်သူမှ မမျှော်လင့်ထားတဲ့သူတစ်ယောက်

ဂေးယီဟာ ပဲရစ်မှာ အဖွင့်ဂိုးသွင်းယူပေးလိမ့်မယ်လို့ ဘယ်သူကမှ ထင်မှတ်ထားခြင်း မခံခဲ့ရသူဖြစ်ပြီး မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့နဲ့အတူ မန်စီးတီးရဲ့ တိုက်စစ်ကို ဖျက်ဆီးပြီး ၎င်းရဲ့တိုက်စစ်မှူးတွေကို အထောက်အကူပေးရမယ့် အခန်းကဏ္ဍမှာ ကစားခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂေးယီဟာ ပင်နယ်တီဧရိယာထဲမှာ ရှေ့ရောက်လာတဲ့ ဘောလုံးကို ဂိုးအပေါ်ဘက်ထောင့်ထဲကို အားပါပါနဲ့ ကန်သွင်းယူပြီး အရေးကြီးတဲ့အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

၄။ လွဲချက်နာတဲ့ ဘာနာဒို ဆေးလ်ဗား

ဘာနာဒို ဆေးလ်ဗားအနေနဲ့ သူ့ရဲ့ လွဲချော်ခဲ့တဲ့ အခွင့်အရေးကို နောက်ထပ်တစ်ကြိမ် မမြင်ချင်လောက်အောင် စိတ်နာနေမှာ သေချာပါတယ်။ စတားလင်ရဲ့ ခေါင်းတိုက်သွင်းယူခဲ့တဲ့ ဘောလုံးဟာ အပေါ်ဘားတန်းထိပြီး ပြန်ထွက်လာတာကို ပေါ်တူဂီကြယ်ပွင့်က ဂိုးပေါက်နဲ့ ၂ ကိုက်အကွာက ပိတ်သွင်းခဲ့တာတောင် နောက်ထပ်တစ်ကြိမ် အပေါ်ဘားတန်းထပ်ထိပြီး လွဲချော်သွားခဲ့တယ်ဆိုတာ တော်တော်လေးကို ထူးဆန်းအံ့အားသင့်ဖွယ်ပဲ ဖြစ်ပါတယ်။ သေချာတာကတော့ ဘာနာဒို ဆေးလ်ဗားရဲ့နေရာမှာ ငုတ်ရိုက်ထားရင်တောင် ထိချက်မှန်မှန်နဲ့ ဂိုးထဲ ပြန်ဝင်သွားနိုင်တဲ့သွင်းဂိုးဖြစ်တာကြောင့် ဘာနာဒို ဆေးလ်ဗားတစ်ယောက်ကတော့ လွဲချက်တော်တော်နာခဲ့တာပါ။

၅။ နားချိန်မရတဲ့ ပွဲချိန်ဇယား

ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီအသင်းကတော့ အခုအချိန်မှာ အသက်ရှူနိုင်ပြီလို့ပြောရမလား၊ မရှူနိုင်သေးဘူးပဲ ပြောရမလား။ မန်စီးတီးရဲ့ ကြောက်မက်ဖွယ် ၈ ရက်တာအချိန်ဇယားအရ တနင်္ဂနွေနေ့မှာ အန်းဖီးကို သွားရောက်ပြီး လီဗာပူးလ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာအတွက် တိုက်ပွဲဝင်ရဦးမှာပါ။ ဂွါဒီယိုလာရဲ့အသင်းဟာ ယခုနှစ်အစောပိုင်းမှာ လီဗာပူးလ်ကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အန်းဖီးမှာ နိုင်ပွဲရရှိခဲ့တာဖြစ်ပေမယ့် အဲဒီတုန်းက ပရိသတ်မရှိတဲ့ အန်းဖီးနဲ့ ဒီတနင်္ဂနွေမှာ ပရိသတ်တွေပြည့်နှက်နေမယ့် အန်းဖီးကတော့ လုံးဝကွဲပြားတဲ့ စိန်ခေါ်မှုဖြစ်လာမှာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ လိုက်ပ်ဇစ်ကို အနိုင်ရရှိခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းကို ရှုံးနိမ့်တာက အုပ်စု ၂ ပွဲမှာ ၁ ပွဲ ၁ ပွဲရှုံးသာရှိသေးတာကြောင့် အားလုံးအဆုံးသတ်သွားတာမဟုတ်သေးပါဘူး။

၆။ ၂၀၁၈ နောက်ပိုင်း ပထမဆုံး အုပ်စုရှုံးပွဲကြုံခဲ့ရတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းဟာ ပီအက်ဂျီအသင်းကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အုပ်စုအဆင့်မှာ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အုပ်စုအဆင့် ၁၈ ပွဲရှုံးပွဲမရှိစံချိန်ဟာ ကျိုးပျက်သွားခဲ့ပြီဖြစ်ပါတယ်။ မန်စီးတီးဟာ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း ဘောလုံးပိုင်ဆိုင်မှု ၅၄ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု ၁၈ ကြိမ်(၇ ကြိမ် ဂိုးပေါက်တည့်)၊ ထောင့်ကန်ဘော ၁၀ ကြိမ် ရရှိခဲ့တာကြောင့် ဂွါဒီယိုလာအနေနဲ့ ဒီပွဲစဉ်ကနေ အကောင်းဘက်ကနေလည်း လှည့်တွေးနိုင်ပါသေးတယ်။

၇။ ချန်ပီယံလိဂ်က အင်္ဂလိပ်အသင်းတွေကို ဂိုးသွင်းစွမ်းရည်ပြသခဲ့တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ မန်ချက်စတာစီးတီးအသင်းနဲ့ ပွဲစဉ်မှာ ပီအက်စ်ဂျီကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အင်္ဂလိပ်အသင်းတွေနဲ့ ရင်ဆိုင်တွေ့ခဲ့တဲ့ ၃၅ ပွဲမှာ ၂၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပြီး မက်ဆီထက် ချန်ပီယံလိဂ်မှာ အင်္ဂလိပ်အသင်းတွေကို ဂိုးပိုမိုသွင်းယူထားနိုင်တဲ့ ကစားသမား မရှိသေးပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပီအက္စ္ဂ်ီအသင္းဟာ အဂၤါေန႔ညက ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းနဲ႔ပြဲစဥ္မွာ မက္ဆီ၊ ေဂးယီတို႔ရဲ့ သြင္းဂိုးေတြေၾကာင့္ ၂-၀ နဲ႔ အနိုင္ရရွိခဲ့ၿပီး မန္စီးတီးဟာ ပီအက္စ္ဂ်ီ ခံစစ္ကို ဘယ္လိုမွ ထိုးေဖာက္လို႔ မရနိုင္ခဲ့ဘဲ အရႈံးေပးခဲ့ရတာျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးအသင္းအတြက္ ရွားရွားပါပါး ရရွိခဲ့တဲ့ အခြင့္အေရးေတြကို ရာဟင္း စတားလင္နဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ ၂ လုံးစလုံးကလည္း ျဖဳန္းတီးပစ္ခဲ့ၿပီး ဒီပြဲစဥ္မွာ ေျပာစရာအခ်က္ ၇ ခ်က္ ရွိေနခဲ့ပါတယ္။

၁။ ကိုယ့္ပုံစံအတိုင္း ဂိုးသြင္းယူနိုင္ခဲ့တဲ့ မက္ဆီ

အာဂ်င္တီးနားၾကယ္ပြင့္တိုက္စစ္မႉးဟာ အဂၤါေန႔ညမွာ ေၾကာက္မက္ဖြယ္ တိုက္စစ္ ၃ ဦးအတြဲမွာ ပါဝင္ကစားေပးခဲ့ၿပီး ပီအက္စ္ဂ်ီအသင္းအတြက္ ဂိုးသြင္းယူေပးနိုင္ခဲ့ျခင္းမရွိေသးေပမယ့္ ၎ရဲ့ကစားသမားဘဝအေပၚ အႀကီးမားဆုံးလႊမ္းမိုးမႈရွိခဲ့တဲ့လူနဲ႔ ရင္ဆိုင္ရတဲ့အခ်ိန္မွာ အဲဒါကို ေျပာင္းလဲပစ္ခဲ့ပါတယ္။ ပြဲမတိုင္မီက မန္စီးတီးနည္းၿပ ပက္ဂြါဒီယိုလာက မက္ဆီကို ဘယ္လိုရပ္တန႔္ရမလဲဆိုတာ မသိဘူးလို႔ ေျပာၾကားခဲ့တဲ့အတိုင္း မက္ဆီဟာ ကြင္းလယ္ကေန ဆြဲေျပးလာခဲ့ၿပီး ေဘာလုံးအျပန္အလွန္ေပးျခင္းျပဳလုပ္ၿပီးေနာက္ အီဒါဆန္ရဲ့ေနာက္က ဂိုးပိုက္ထဲကို အျပင္းကန္သြင္းၿပီး အဆုံးသတ္ခဲ့တာျဖစ္ပါတယ္။

၂။ ျမင့္မားတဲ့အရည္အေသြးခ်င္း ေတြ႕ဆုံခဲ့တဲ့ည

ႏွစ္သင္းစလုံးဟာ တူညီမႈအမ်ာအျပားရွိခဲ့ၿပီး နည္းၿပ ၂ ဦးစလုံးေတာင္ တူညီတဲ့ နည္းဗ်ဴဟာေတြကို အသုံးျပဳခဲ့ၾကပါတယ္။ ပိုခ်က္တီနိုဟာ ေနာက္ဆုံးမွာေတာ့ ၎ရဲ့အႀကံအစည္ကို စတင္ၿပီး အေျပာင္းအလဲလုပ္ခဲ့ၿပီး မန္စီးတီးကို ဖိကစားနိုင္ဖို႔ ေဘာလုံးပိုင္ဆိုင္မႈက အဓိကျဖစ္တယ္လို႔ ယုံၾကည္ခ်က္ရွိခဲ့တာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ခ်န္ပီယံဟာ ပီအက္စ္ဂ်ီအသင္းကို လႊမ္းမိုးထားနိုင္ခဲ့ေပမယ့္ လိုခ်င္တဲ့ ရွင္းလင္းျပတ္သားတဲ့အခြင့္အေရးတစ္ခုေတာင္ မဖန္တီးနိုင္ခဲ့တာျဖစ္ပါတယ္။ ႏွစ္သင္းစလုံးဟာ ခ်န္ပီယံလိဂ္ေနာက္ဆုံးအဆင့္ေတြမွာ စိန္ေခၚနိုင္ဖို႔ ေမၽွာ္မွန္းျခင္းခံထားရတာျဖစ္ၿပီး ယခုႏွစ္ ခ်န္ပီယံလိဂ္ဖလားကို ရယူဖို႔ လိုအပ္တဲ့အရာေတြအားလုံးရွိေနတယ္ဆိုတာကို ျပသခဲ့တဲ့အတြက္ လာမယ့္ေမလ စိန႔္ ပီတာစ္ဘတ္မွာ ဒီ ၂ သင္း ဗိုလ္လုပြဲမွာ ကစားတာကို မျမင္ေတြ႕ခ်င္တဲ့သူ ရွိမယ္မထင္ပါဘူး။

၃။ ဘယ္သူမွ မေမၽွာ္လင့္ထားတဲ့သူတစ္ေယာက္

ေဂးယီဟာ ပဲရစ္မွာ အဖြင့္ဂိုးသြင္းယူေပးလိမ့္မယ္လို႔ ဘယ္သူကမွ ထင္မွတ္ထားျခင္း မခံခဲ့ရသူျဖစ္ၿပီး မက္ဆီ၊ ေနမာနဲ႔ အမ္ဘာေပတို႔နဲ႔အတူ မန္စီးတီးရဲ့ တိုက္စစ္ကို ဖ်က္ဆီးၿပီး ၎ရဲ့တိုက္စစ္မႉးေတြကို အေထာက္အကူေပးရမယ့္ အခန္းက႑မွာ ကစားခဲ့ရသူျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေဂးယီဟာ ပင္နယ္တီဧရိယာထဲမွာ ေရွ႕ေရာက္လာတဲ့ ေဘာလုံးကို ဂိုးအေပၚဘက္ေထာင့္ထဲကို အားပါပါနဲ႔ ကန္သြင္းယူၿပီး အေရးႀကီးတဲ့အဖြင့္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

၄။ လြဲခ်က္နာတဲ့ ဘာနာဒို ေဆးလ္ဗား

ဘာနာဒို ေဆးလ္ဗားအေနနဲ႔ သူ႔ရဲ့ လြဲေခ်ာ္ခဲ့တဲ့ အခြင့္အေရးကို ေနာက္ထပ္တစ္ႀကိမ္ မျမင္ခ်င္ေလာက္ေအာင္ စိတ္နာေနမွာ ေသခ်ာပါတယ္။ စတားလင္ရဲ့ ေခါင္းတိုက္သြင္းယူခဲ့တဲ့ ေဘာလုံးဟာ အေပၚဘားတန္းထိၿပီး ျပန္ထြက္လာတာကို ေပၚတူဂီၾကယ္ပြင့္က ဂိုးေပါက္နဲ႔ ၂ ကိုက္အကြာက ပိတ္သြင္းခဲ့တာေတာင္ ေနာက္ထပ္တစ္ႀကိမ္ အေပၚဘားတန္းထပ္ထိၿပီး လြဲေခ်ာ္သြားခဲ့တယ္ဆိုတာ ေတာ္ေတာ္ေလးကို ထူးဆန္းအံ့အားသင့္ဖြယ္ပဲ ျဖစ္ပါတယ္။ ေသခ်ာတာကေတာ့ ဘာနာဒို ေဆးလ္ဗားရဲ့ေနရာမွာ ငုတ္ရိုက္ထားရင္ေတာင္ ထိခ်က္မွန္မွန္နဲ႔ ဂိုးထဲ ျပန္ဝင္သြားနိုင္တဲ့သြင္းဂိုးျဖစ္တာေၾကာင့္ ဘာနာဒို ေဆးလ္ဗားတစ္ေယာက္ကေတာ့ လြဲခ်က္ေတာ္ေတာ္နာခဲ့တာပါ။

၅။ နားခ်ိန္မရတဲ့ ပြဲခ်ိန္ဇယား

ခ်ဲလ္ဆီးနဲ႔ ပီအက္စ္ဂ်ီအသင္းကေတာ့ အခုအခ်ိန္မွာ အသက္ရႉနိုင္ၿပီလို႔ေျပာရမလား၊ မရႉနိုင္ေသးဘူးပဲ ေျပာရမလား။ မန္စီးတီးရဲ့ ေၾကာက္မက္ဖြယ္ ၈ ရက္တာအခ်ိန္ဇယားအရ တနဂၤေႏြေန႔မွာ အန္းဖီးကို သြားေရာက္ၿပီး လီဗာပူးလ္နဲ႔ အမွတ္ေပးဇယားထိပ္ဆုံးေနရာအတြက္ တိုက္ပြဲဝင္ရဦးမွာပါ။ ဂြါဒီယိုလာရဲ့အသင္းဟာ ယခုႏွစ္အေစာပိုင္းမွာ လီဗာပူးလ္ကို ၄-၁ နဲ႔ အနိုင္ရရွိခဲ့တာေၾကာင့္ ၂၀၀၃ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ အန္းဖီးမွာ နိုင္ပြဲရရွိခဲ့တာျဖစ္ေပမယ့္ အဲဒီတုန္းက ပရိသတ္မရွိတဲ့ အန္းဖီးနဲ႔ ဒီတနဂၤေႏြမွာ ပရိသတ္ေတြျပည့္ႏွက္ေနမယ့္ အန္းဖီးကေတာ့ လုံးဝကြဲျပားတဲ့ စိန္ေခၚမႈျဖစ္လာမွာျဖစ္ပါတယ္။ မန္စီးတီးအသင္းဟာ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲမွာ လိုက္ပ္ဇစ္ကို အနိုင္ရရွိခဲ့တာေၾကာင့္ ပီအက္စ္ဂ်ီအသင္းကို ရႈံးနိမ့္တာက အုပ္စု ၂ ပြဲမွာ ၁ ပြဲ ၁ ပြဲရႈံးသာရွိေသးတာေၾကာင့္ အားလုံးအဆုံးသတ္သြားတာမဟုတ္ေသးပါဘူး။

၆။ ၂၀၁၈ ေနာက္ပိုင္း ပထမဆုံး အုပ္စုရႈံးပြဲၾကဳံခဲ့ရတဲ့ မန္စီးတီး

မန္ခ်က္စတာစီးတီးအသင္းဟာ ပီအက္ဂ်ီအသင္းကို ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္ ၂၀၁၈ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ အုပ္စုအဆင့္မွာ ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး အုပ္စုအဆင့္ ၁၈ ပြဲရႈံးပြဲမရွိစံခ်ိန္ဟာ က်ိဳးပ်က္သြားခဲ့ၿပီျဖစ္ပါတယ္။ မန္စီးတီးဟာ ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္လည္း ေဘာလုံးပိုင္ဆိုင္မႈ ၅၄ ရာခိုင္ႏႈန္း၊ ဂိုးေပါက္ကန္သြင္းမႈ ၁၈ ႀကိမ္(၇ ႀကိမ္ ဂိုးေပါက္တည့္)၊ ေထာင့္ကန္ေဘာ ၁၀ ႀကိမ္ ရရွိခဲ့တာေၾကာင့္ ဂြါဒီယိုလာအေနနဲ႔ ဒီပြဲစဥ္ကေန အေကာင္းဘက္ကေနလည္း လွည့္ေတြးနိုင္ပါေသးတယ္။

၇။ ခ်န္ပီယံလိဂ္က အဂၤလိပ္အသင္းေတြကို ဂိုးသြင္းစြမ္းရည္ျပသခဲ့တဲ့ မက္ဆီ

လီယြန္နယ္ မက္ဆီဟာ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ပြဲစဥ္မွာ ပီအက္စ္ဂ်ီကစားသမားဘဝ ပထမဆုံးသြင္းဂိုးကို သြင္းယူနိုင္ခဲ့တာျဖစ္သလို ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ အဂၤလိပ္အသင္းေတြနဲ႔ ရင္ဆိုင္ေတြ႕ခဲ့တဲ့ ၃၅ ပြဲမွာ ၂၇ ဂိုးအထိ သြင္းယူထားနိုင္ခဲ့ၿပီျဖစ္ၿပီး မက္ဆီထက္ ခ်န္ပီယံလိဂ္မွာ အဂၤလိပ္အသင္းေတြကို ဂိုးပိုမိုသြင္းယူထားနိုင္တဲ့ ကစားသမား မရွိေသးပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.