Ligue1 Premier League

ဒီဆာဆီရဲ႕ ေနာက္အသင္းက အာဆင္နယ္ျဖစ္ႏုိင္တယ္လို႔ ရိမ္းစ္ဥကၠဌေျပာၾကား

သူတုိ႔ရဲ႕ ကစားသမား အိတ္ဇယ္လ္ ဒီဆာဆီရဲ႕ ေနာက္ထပ္ေျပာင္းေရႊ႕သြားႏုိင္တဲ့အသင္းက တစ္ႏွစ္လုံး ေစာင့္ၾကည့္ေနခဲ့တဲ့ စပိန္ကလပ္ ဆီဗီလာအသင္းထက္ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္အသင္းလို႔ပဲ ထင္ေနမိတယ္လို႔ ရိမ္းစ္အသင္းဥကၠဌ ယြန္း-ပ်ယ္ ကယ္ယိုက ေျပာၾကားလိုက္ပါတယ္။

လီဂူးဝမ္းရဲ႕ အသင္းငယ္ေတြထဲက တစ္သင္းျဖစ္တဲ့ စေတဒီ ရိမ္းစ္ဟာ တစ္ခ်ိန္ကေတာ့ ဥေရာပအဆင့္အထိ တက္ေရာက္ကစားခဲ့ဖူးေပမယ့္ လက္ရွိမွာေတာ့ အနည္းငယ္ နိမ့္ပါးေနရၿပီး ဒီရာသီမွာေတာ့ ျပင္သစ္လိဂ္ၿပဳိင္ပြဲေတြ ရပ္နားလိုက္ခ်ိန္မွာ အဆင့္ ၆ ေနရာမွာ ရပ္တည္ႏုိင္ခဲ့တာပါ။

ဒီလိုမ်ဳိး ရပ္တည္မွဳ ျမင့္မားခဲ့တဲ့ အသင္းရဲ႕ ရလဒ္ေတြက ခံစစ္ပုိင္းမွာ ျမစ္ဖ်ားခံခဲ့ၿပီး လီဂူးဝမ္းရဲ႕ အေကာင္းဆုံးရဲ႕ ခံစစ္ကို ပုိင္ဆုိင္ထားတဲ့ ရိမ္းစ္အသင္းရဲ႕ အဓိက ခံစစ္အတြဲကေတာ့ ဒီဆာဆီနဲ႔ ေမာ္႐ိုကိုသား ယူနစၥ အက္ဘ္ဒဲဟာမစ္တုိ႔ျဖစ္ၾကၿပီး သူတုိ႔ႏွစ္ေယာက္ထဲက အသက္ ၂၂ ႏွစ္သာ ရွိေသးတဲ့ ဒီဆာဆီကိုေတာ့ ဥေရာပအသင္းေတြက မ်က္စိက်ေနခဲ့ၾကတာပါ။

“ဆီဗီလာက စိတ္ဝင္စားတာကေတာ့ ဘာမွ မထူးဆန္းပါဘူးဗ်ာ။ သူတုိ႔ေတြ ပဲြတုိင္းနီးပါး လာေစာင့္ၾကည့္ေနၾကတာ ကၽြန္ေတာ္ သိသားပဲ။ သူ႕အတြက္လည္း ေဆြးေႏြးမွဳေတြ ရွိေနေပမယ့္ လြယ္ေတာ့ မလြယ္ေသးပါဘူး။ ကၽြန္ေတာ္ေျပာႏုိင္တာကေတာ့ ကစားသမားက ပရီးမီးယားလိဂ္ကို သြားခ်င္ေနတာပါ။ အာဆင္နယ္ျဖစ္ႏုိင္သလားဆုိရင္ ျဖစ္ႏိုင္တယ္လို႔ပဲ ေျပာရမွာပါပဲ”လို႔ ကယ္ယိုက ဆုိပါတယ္။

ကယ္ယိုက သူ႕ရဲ႕ကစားသမားအတြက္ အီတလီနဲ႔ ဂ်ာမနီက ဆက္သြယ္မွဳေတြ ရရွိထားသလို စပိန္ကေတာ့ ဆီဗီလာက ဆက္သြယ္ေနၿပီး ပရီးမီးယားလိဂ္ရဲ႕ သုံးေလးသင္းကလည္း ဆက္သြယ္ေနေပမယ့္ သူ႕အတြက္ေတာ့ မအံ့ၾသဘူးလို႔ ေျပာခဲ့ၿပီး ဒီဆာဆီရဲ႕ ႀကံ့ခိုင္မွဳနဲ႔ နည္းစနစ္ပုိင္းက အဆင့္အတန္းတစ္ခုမွာ ရွိေနသလို အသင္းကို ဂိုးအနည္းဆုံးပဲ ေပးရေအာင္ ကူညီထားႏုိင္လို႔ပဲ ျဖစ္တယ္လို႔ ခ်ီးက်ဴးသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: သူတို့ရဲ့ ကစားသမား အိတ်ဇယ်လ် ဒီဆာဆီရဲ့ နောက်ထပ်ပြောင်းရွှေ့သွားနိုင်တဲ့အသင်းက တစ်နှစ်လုံး စောင့်ကြည့်နေခဲ့တဲ့ စပိန်ကလပ် ဆီဗီလာအသင်းထက် ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းလို့ပဲ ထင်နေမိတယ်လို့ ရိမ်းစ်အသင်းဥက္ကဌ ယွန်း-ပျယ် ကယ်ယိုက ပြောကြားလိုက်ပါတယ်။

လီဂူးဝမ်းရဲ့ အသင်းငယ်တွေထဲက တစ်သင်းဖြစ်တဲ့ စတေဒီ ရိမ်းစ်ဟာ တစ်ချိန်ကတော့ ဥရောပအဆင့်အထိ တက်ရောက်ကစားခဲ့ဖူးပေမယ့် လက်ရှိမှာတော့ အနည်းငယ် နိမ့်ပါးနေရပြီး ဒီရာသီမှာတော့ ပြင်သစ်လိဂ်ပြိုင်ပွဲတွေ ရပ်နားလိုက်ချိန်မှာ အဆင့် ၆ နေရာမှာ ရပ်တည်နိုင်ခဲ့တာပါ။

ဒီလိုမျိုး ရပ်တည်မှု မြင့်မားခဲ့တဲ့ အသင်းရဲ့ ရလဒ်တွေက ခံစစ်ပိုင်းမှာ မြစ်ဖျားခံခဲ့ပြီး လီဂူးဝမ်းရဲ့ အကောင်းဆုံးရဲ့ ခံစစ်ကို ပိုင်ဆိုင်ထားတဲ့ ရိမ်းစ်အသင်းရဲ့ အဓိက ခံစစ်အတွဲကတော့ ဒီဆာဆီနဲ့ မော်ရိုကိုသား ယူနစ္စ အက်ဘ်ဒဲဟာမစ်တို့ဖြစ်ကြပြီး သူတို့နှစ်ယောက်ထဲက အသက် ၂၂ နှစ်သာ ရှိသေးတဲ့ ဒီဆာဆီကိုတော့ ဥရောပအသင်းတွေက မျက်စိကျနေခဲ့ကြတာပါ။

“ဆီဗီလာက စိတ်ဝင်စားတာကတော့ ဘာမှ မထူးဆန်းပါဘူးဗျာ။ သူတို့တွေ ပွဲတိုင်းနီးပါး လာစောင့်ကြည့်နေကြတာ ကျွန်တော် သိသားပဲ။ သူ့အတွက်လည်း ဆွေးနွေးမှုတွေ ရှိနေပေမယ့် လွယ်တော့ မလွယ်သေးပါဘူး။ ကျွန်တော်ပြောနိုင်တာကတော့ ကစားသမားက ပရီးမီးယားလိဂ်ကို သွားချင်နေတာပါ။ အာဆင်နယ်ဖြစ်နိုင်သလားဆိုရင် ဖြစ်နိုင်တယ်လို့ပဲ ပြောရမှာပါပဲ”လို့ ကယ်ယိုက ဆိုပါတယ်။

ကယ်ယိုက သူ့ရဲ့ကစားသမားအတွက် အီတလီနဲ့ ဂျာမနီက ဆက်သွယ်မှုတွေ ရရှိထားသလို စပိန်ကတော့ ဆီဗီလာက ဆက်သွယ်နေပြီး ပရီးမီးယားလိဂ်ရဲ့ သုံးလေးသင်းကလည်း ဆက်သွယ်နေပေမယ့် သူ့အတွက်တော့ မအံ့သြဘူးလို့ ပြောခဲ့ပြီး ဒီဆာဆီရဲ့ ကြံ့ခိုင်မှုနဲ့ နည်းစနစ်ပိုင်းက အဆင့်အတန်းတစ်ခုမှာ ရှိနေသလို အသင်းကို ဂိုးအနည်းဆုံးပဲ ပေးရအောင် ကူညီထားနိုင်လို့ပဲ ဖြစ်တယ်လို့ ချီးကျူးသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.