Premier League

၂၂.၅.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ နယုန္လဆန္း ၁ ရက္၊ ေသာၾကာေန႔။

၂၂.၅.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ နယုန္လဆန္း ၁ ရက္၊ ေသာၾကာေန႔၊ အၿမိတၱစုတ္။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
တစ္ေန႔လုံးႏွင့္ ညသန္းေခါင္ေက်ာ္ ၁၂:၀၇ အထိ တိထီ ၁၅ လုံး။ ေက်ာ္လွ်င္ ၁ လုံး။ အထူးယုဂ္ေကာင္း (သို႔) ယုဂ္ဆုိးမရွိ။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၄:၀၈ အထိ ၾကတၱိကာနကၡတ္။ ေက်ာ္လွ်င္ ေရာဟိဏီနကၡတ္။ နံနက္ ၇:၂၄ အထိ ေသာဘဏယုဂ္၊ လွပမွဳ၊ က်က္သေရတင့္တယ္ျခင္း၊ စိတ္ေပ်ာ္ေမြ႕ျခင္း၊ သက္ဆုိင္ရာ ေနရာမ်ားအား အလွဆင္ျခင္း၊ သန္႔ရွင္းစင္ၾကယ္ေအာင္လုပ္ျခင္းျဖင့္ ကံဖြင့္ လာဘ္ဖြင့္ပါ။ ေက်ာ္လွ်င္ အတိဂ႑ယုဂ္၊ အႏၲရာယ္၊ အတားအဆီးႏွင့္ ႀကဳံရျခင္း၊ အေႏွာင့္အယွက္၊ အဖ်က္အဆီးမ်ားအား လိမၼာပါးနပ္စြာ ေက်ာ္လႊားပါ။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၁၁:၂၄ အထိ စတုပၸါဒက႐ိုဏ္း၊ အႀကီးအကဲ၊ ဘိုးဘြား၊ သူေတာ္စင္မ်ားႏွင့္ သက္ဆိုင္သည့္ တစ္လတြင္ တစ္ခါသာရွိသည့္ က႐ိုဏ္းျဖစ္သည္။ အေလးအျမတ္ျပဳ ပူေဇာ္ပါ။ အႀကံဉာဏ္၊ အဆုံးအမအား ခံယူပါ။ ညသန္းေခါင္ေက်ာ္ ၁၂:၀၇ အထိ နာဂဝက႐ိုဏ္း၊ ရက္စက္ၾကမ္းၾကဳတ္ေသာ အလိုဆႏၵရွိျခင္း၊ စိတ္ေကာင္းမရွိျခင္း၊ အႏၲရာယ္မ်ားျခင္း၊ မတည္ၿငိမ္ျခင္းစသည့္ ထိန္းခ်ဳပ္ထားသင့္သည့္ ဆႏၵမ်ား ေပၚထြက္လာတတ္၍ သူေတာ္ေကာင္းတရားႏွင့္ ဆင္ျခင္ပါေလ။ ေက်ာ္လွ်င္ ကိတုဃနက႐ိုဏ္း၊ ေပ်ာ္ရႊင္ျခင္း၊ ထိမ္းျမားျခင္း၊ အခမ္းအနားေဆာင္ရြက္ရျခင္း၊ အနစ္နာခံရျခင္း၊ စိတ္ေကာင္းထား၍ ေပ်ာ္ရႊင္ႏုိင္မည့္သူမ်ားအား ကူညီျခင္းျဖင့္ မိမိအေပၚ သူတပါး၏ အေလးထားမွဳအား ရယူပါ။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
တစ္ေန႔လုံးႏွင့္ ညသန္းေခါင္ေက်ာ္ ၁၂:၀၇ အထိ ေတာင္ႏွင့္ အေရွ႕၊ အနက္ေရာင္။ ေက်ာ္လွ်င္ အေနာက္ႏွင့္ ေတာင္၊ အနီေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၂၂.၅.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ သောကြာနေ့၊ အမြိတ္တစုတ်။

တစ်နေ့တာ တိထီနှင့် ယုဂ်။
တစ်နေ့လုံးနှင့် ညသန်းခေါင်ကျော် ၁၂:၀၇ အထိ တိထီ ၁၅ လုံး။ ကျော်လျှင် ၁ လုံး။ အထူးယုဂ်ကောင်း (သို့) ယုဂ်ဆိုးမရှိ။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၄:၀၈ အထိ ကြတ္တိကာနက္ခတ်။ ကျော်လျှင် ရောဟိဏီနက္ခတ်။ နံနက် ၇:၂၄ အထိ သောဘဏယုဂ်၊ လှပမှု၊ ကျက်သရေတင့်တယ်ခြင်း၊ စိတ်ပျော်မွေ့ခြင်း၊ သက်ဆိုင်ရာ နေရာများအား အလှဆင်ခြင်း၊ သန့်ရှင်းစင်ကြယ်အောင်လုပ်ခြင်းဖြင့် ကံဖွင့် လာဘ်ဖွင့်ပါ။ ကျော်လျှင် အတိဂဏ္ဍယုဂ်၊ အန္တရာယ်၊ အတားအဆီးနှင့် ကြုံရခြင်း၊ အနှောင့်အယှက်၊ အဖျက်အဆီးများအား လိမ္မာပါးနပ်စွာ ကျော်လွှားပါ။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၁၁:၂၄ အထိ စတုပ္ပါဒကရိုဏ်း၊ အကြီးအကဲ၊ ဘိုးဘွား၊ သူတော်စင်များနှင့် သက်ဆိုင်သည့် တစ်လတွင် တစ်ခါသာရှိသည့် ကရိုဏ်းဖြစ်သည်။ အလေးအမြတ်ပြု ပူဇော်ပါ။ အကြံဉာဏ်၊ အဆုံးအမအား ခံယူပါ။ ညသန်းခေါင်ကျော် ၁၂:၀၇ အထိ နာဂဝကရိုဏ်း၊ ရက်စက်ကြမ်းကြုတ်သော အလိုဆန္ဒရှိခြင်း၊ စိတ်ကောင်းမရှိခြင်း၊ အန္တရာယ်များခြင်း၊ မတည်ငြိမ်ခြင်းစသည့် ထိန်းချုပ်ထားသင့်သည့် ဆန္ဒများ ပေါ်ထွက်လာတတ်၍ သူတော်ကောင်းတရားနှင့် ဆင်ခြင်ပါလေ။ ကျော်လျှင် ကိတုဃနကရိုဏ်း၊ ပျော်ရွှင်ခြင်း၊ ထိမ်းမြားခြင်း၊ အခမ်းအနားဆောင်ရွက်ရခြင်း၊ အနစ်နာခံရခြင်း၊ စိတ်ကောင်းထား၍ ပျော်ရွှင်နိုင်မည့်သူများအား ကူညီခြင်းဖြင့် မိမိအပေါ် သူတပါး၏ အလေးထားမှုအား ရယူပါ။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
တစ်နေ့လုံးနှင့် ညသန်းခေါင်ကျော် ၁၂:၀၇ အထိ တောင်နှင့် အရှေ့၊ အနက်ရောင်။ ကျော်လျှင် အနောက်နှင့် တောင်၊ အနီရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)