Premier League

စပါးကို နိုင်ပြီးနောက် ပရီးမီးယားလိဂ်ဖလားပါ ပစ်မှတ်ထားနေပြီလို့ ပြောလိုက်တဲ့ ဆာကာ

အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့်က အာတီတာရဲ့ အာဆင်နယ်အသင်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ပွဲစဉ်မှာ ဘာလုပ်နိုင်လဲဆိုတာကို ပြသခဲ့ပြီးနောက် အဓိကဆုဖလားတွေကို ရယူနိုင်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ဘူကာယို ဆာကာဟာ ယခုရာသီ အစောပိုင်း ရုန်းကန်ခဲ့ရမှုကို ပရီးမီးယားလိဂ် ၃ ပွဲဆက်နိုင်ပွဲနဲ့ အဓိကပြိုင်ဘက် စပါးအသင်းကို အနိုင်ရရှိခဲ့တဲ့ ဒါဘီနိုင်ပွဲအပြီးမှာ ချေဖျက်နိုင်ခဲ့ပြီးနောက် ယခုရာသီမှာ အာဆင်နယ်အသင်းက ဆုဖလားတွေကို အနိုင်ရရှိနိုင်တယ်လို့ အလေးအနက် ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အမ်းမရိတ်စ်မှာ စပါးအသင်းကို ၃-၁ နဲ့ အထင်ကြီးဖွယ်နိုင်ပွဲ ရယူခဲ့တာဖြစ်ပြီး ယင်းပွဲစဉ်မှာ ဆာကာက အသင်းအတွက် ပထမပိုင်းမှာပဲ ၃-၀ နဲ့ ဦးဆောင်နိုင်စေမယ့် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

လူငယ်ကစားသမားတွေဟာ အတွေ့အကြုံတွေနဲ့ အဆင့်အတန်းတစ်ခုရှိတဲ့ ခြေစွမ်းပိုင်ဆိုင်လာနေပြီး နွေရာသီခေါ်ယူမှုဖြစ်တဲ့ ကစားသမား ၆ ဦးကလည်း ပွဲကစားချိန် ရရှိလာခဲ့ပြီးနောက် အာဆင်နယ်အသင်းဟာ အဓိကဆုဖလားတွေအတွက် ယှဉ်ပြိုင်နိုင်တဲ့အနေအထားကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ဘာမဆို ရရှိနိုင်ပါတယ်။ အသက်က အရေးမပါပါဘူး။ အသက်အရွယ်နဲ့အတူ အတွေ့အကြုံရှိလာမှာဖြစ်ပေမယ့် ကျွန်တော်တို့ လူစာရင်းထဲမှာ အသင်းအတွက် အကူအညီဖြစ်စေတဲ့ အတွေ့အကြုံတွေ အများကြီးရှိနေပါတယ်”

“ကျွန်တော်တို့မှာ ဆုဖလားတွေအများကြီး ရယူနိုင်ဖို့အတွက် လုံလောက်တဲ့ အတွေ့အကြုံနဲ့ အရည်အသွေးတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ တစ်ပွဲချင်းစီ ကစားသွားရမှာဖြစ်ပေမယ့်လည်း ကျွန်တော်တို့သာ ဒီလို ကစားနိုင်မယ်ဆိုရင် ဆုဖလားတွေကို ရရှိဖို့အတွက် လုံလောက်တဲ့အရည်အသွေးရှိပါတယ်”

“အဲဒါက ဘယ်လောက်တောင် ခံစားလို့ကောင်းလဲဆိုတာ ကျွန်တော် ပြောမပြတတ်ပါဘူး။ ကွင်းထဲမှာ အဲဒီလိုမျိုး ခံစားမှုနဲ့ စတင်ရတာက ရူးသွပ်စရာပါပဲ။ ပရိသတ်တွေက ကျွန်တော်တို့အတွက် အင်အားတွေ အများကြီးပေးတယ်။ ကျွန်တော်တို့အတွက်ကတော့ သူတို့ကို ဒီကွင်းထဲမှာ ဒီလိုမျိုး နိုင်ပွဲမျိုး ရယူပြီး ပြန်ပေးဆပ်ရမှာပါ။ အဲဒါက ကျွန်တော်တို့အတွက် အရာအားလုံးပဲလို့ အဓိပ္ပာယ်ရပါတယ်”

“ကျွန်တော်တို့ ပရိသတ်တွေနဲ့ မြောက်လန်ဒန်ဒါဘီကို ကစားခဲ့တာ ၂ နှစ်နီးပါးလောက်ရှိပါပြီ။ ခင်ဗျားက သူတို့တွေ ၂ နှစ်နီးပါးကြာတဲ့အခါမှာ ကျွန်တော်တို့ဆီက နိုင်ပွဲ လက်ခံရရှိခဲ့ပြီး ကျွန်တော်တို့ကို အားပေးခဲ့တာပဲလို့ ပြောမှာပါ။ အဲဒီပွဲက တကယ်ထူးခြားတဲ့ပွဲစဉ်ဖြစ်ခဲ့ပါတယ်”

“ကျွန်တော်တို့အားလုံး အဲဒါကို လိုချင်ခဲ့တာပါ။ ဒီပွဲက ပရိသတ်တွေအတွက် ဘယ်လောက်အဓိပ္ပာယ်ရှိလဲဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ်။ ကျွန်တော်တို့အတွက်လည်း ဘယ်လောက်အဓိပ္ပာယ်ရှိလဲဆိုတာ သိခဲ့ပါတယ်။ ၃ ပွဲဆက်တိုက် အနိုင်ရရှိပြီး အနိုင်အဟုန်ကို တည်ဆောက်နိုင်တာက ကျွန်တော်တို့အတွက် တကယ်ကို ကောင်းမွန်ပါတယ်”

“ကျွန်တော်တို့ အသင်းစိတ်ဓာတ်ပိုမိုရရှိလာပြီး အစုအဖွဲ့အဖြစ် ပိုမိုနီးကပ်လာပါတယ်။ အဲဒီတော့ အရာအားလုံးက ကောင်းမွန်နေတဲ့ပုံပါပဲ”

“ကျွန်တော်တို့ တချိန်လုံး ဒီလို ကစားနိုင်မယ်ဆိုရင် ဒီရာသီမှာ ကောင်းကောင်းလုပ်နိုင်မယ့် အခွင့်အရေး အားကောင်းလာပြီး ဆုဖလားအချို့ကို အနိုင်ရနိုင်ပါတယ်။ ဒါက ပွဲစဉ်တစ်ပွဲပါ။ ကျွန်တော်တို့ နောက်လာမယ့်အပတ်နဲ့ နောက်လာမယ့်အပတ်အပတ်တွေမှာ နောက်ထပ်တစ်ကြိမ် ထပ်လုပ်ပြရမှာပါ”

“ကျွန်တော်တို့ အများကြီး ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေပေမယ့် ဂိုးတွေ ပိုသွင်းယူနိုင်ဖို့ လိုအပ်ပါတယ်။ မနေ့က ကျွန်တော်တို့ အများကြီးပိုပြီး ဂိုးသွင်းကောင်းခဲ့တယ်။ အဲဒီအတွက် ကျွန်တော်တို့ ပျော်ရွှင်ပေမယ့် အဲဒါကို ပုံမှန်လေး လုပ်နိုင်ဖို့ လိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အဂၤလန္လက္ေရြးစင္ၾကယ္ပြင့္က အာတီတာရဲ့ အာဆင္နယ္အသင္းဟာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းနဲ႔ပြဲစဥ္မွာ ဘာလုပ္နိုင္လဲဆိုတာကို ျပသခဲ့ၿပီးေနာက္ အဓိကဆုဖလားေတြကို ရယူနိုင္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

ဘူကာယို ဆာကာဟာ ယခုရာသီ အေစာပိုင္း ႐ုန္းကန္ခဲ့ရမႈကို ပရီးမီးယားလိဂ္ ၃ ပြဲဆက္နိုင္ပြဲနဲ႔ အဓိကၿပိဳင္ဘက္ စပါးအသင္းကို အနိုင္ရရွိခဲ့တဲ့ ဒါဘီနိုင္ပြဲအၿပီးမွာ ေခ်ဖ်က္နိုင္ခဲ့ၿပီးေနာက္ ယခုရာသီမွာ အာဆင္နယ္အသင္းက ဆုဖလားေတြကို အနိုင္ရရွိနိုင္တယ္လို႔ အေလးအနက္ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က အမ္းမရိတ္စ္မွာ စပါးအသင္းကို ၃-၁ နဲ႔ အထင္ႀကီးဖြယ္နိုင္ပြဲ ရယူခဲ့တာျဖစ္ၿပီး ယင္းပြဲစဥ္မွာ ဆာကာက အသင္းအတြက္ ပထမပိုင္းမွာပဲ ၃-၀ နဲ႔ ဦးေဆာင္နိုင္ေစမယ့္ တတိယေျမာက္ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

လူငယ္ကစားသမားေတြဟာ အေတြ႕အၾကဳံေတြနဲ႔ အဆင့္အတန္းတစ္ခုရွိတဲ့ ေျခစြမ္းပိုင္ဆိုင္လာေနၿပီး ေႏြရာသီေခၚယူမႈျဖစ္တဲ့ ကစားသမား ၆ ဦးကလည္း ပြဲကစားခ်ိန္ ရရွိလာခဲ့ၿပီးေနာက္ အာဆင္နယ္အသင္းဟာ အဓိကဆုဖလားေတြအတြက္ ယွဥ္ၿပိဳင္နိုင္တဲ့အေနအထားကို ျပန္လည္ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔ ဘာမဆို ရရွိနိုင္ပါတယ္။ အသက္က အေရးမပါပါဘူး။ အသက္အရြယ္နဲ႔အတူ အေတြ႕အၾကဳံရွိလာမွာျဖစ္ေပမယ့္ ကၽြန္ေတာ္တို႔ လူစာရင္းထဲမွာ အသင္းအတြက္ အကူအညီျဖစ္ေစတဲ့ အေတြ႕အၾကဳံေတြ အမ်ားႀကီးရွိေနပါတယ္”

“ကၽြန္ေတာ္တို႔မွာ ဆုဖလားေတြအမ်ားႀကီး ရယူနိုင္ဖို႔အတြက္ လုံေလာက္တဲ့ အေတြ႕အၾကဳံနဲ႔ အရည္အေသြးေတြ အမ်ားႀကီးရွိပါတယ္။ ကၽြန္ေတာ္တို႔ တစ္ပြဲခ်င္းစီ ကစားသြားရမွာျဖစ္ေပမယ့္လည္း ကၽြန္ေတာ္တို႔သာ ဒီလို ကစားနိုင္မယ္ဆိုရင္ ဆုဖလားေတြကို ရရွိဖို႔အတြက္ လုံေလာက္တဲ့အရည္အေသြးရွိပါတယ္”

“အဲဒါက ဘယ္ေလာက္ေတာင္ ခံစားလို႔ေကာင္းလဲဆိုတာ ကၽြန္ေတာ္ ေျပာမျပတတ္ပါဘူး။ ကြင္းထဲမွာ အဲဒီလိုမ်ိဳး ခံစားမႈနဲ႔ စတင္ရတာက ႐ူးသြပ္စရာပါပဲ။ ပရိသတ္ေတြက ကၽြန္ေတာ္တို႔အတြက္ အင္အားေတြ အမ်ားႀကီးေပးတယ္။ ကၽြန္ေတာ္တို႔အတြက္ကေတာ့ သူတို႔ကို ဒီကြင္းထဲမွာ ဒီလိုမ်ိဳး နိုင္ပြဲမ်ိဳး ရယူၿပီး ျပန္ေပးဆပ္ရမွာပါ။ အဲဒါက ကၽြန္ေတာ္တို႔အတြက္ အရာအားလုံးပဲလို႔ အဓိပၸာယ္ရပါတယ္”

“ကၽြန္ေတာ္တို႔ ပရိသတ္ေတြနဲ႔ ေျမာက္လန္ဒန္ဒါဘီကို ကစားခဲ့တာ ၂ ႏွစ္နီးပါးေလာက္ရွိပါၿပီ။ ခင္ဗ်ားက သူတို႔ေတြ ၂ ႏွစ္နီးပါးၾကာတဲ့အခါမွာ ကၽြန္ေတာ္တို႔ဆီက နိုင္ပြဲ လက္ခံရရွိခဲ့ၿပီး ကၽြန္ေတာ္တို႔ကို အားေပးခဲ့တာပဲလို႔ ေျပာမွာပါ။ အဲဒီပြဲက တကယ္ထူးျခားတဲ့ပြဲစဥ္ျဖစ္ခဲ့ပါတယ္”

“ကၽြန္ေတာ္တို႔အားလုံး အဲဒါကို လိုခ်င္ခဲ့တာပါ။ ဒီပြဲက ပရိသတ္ေတြအတြက္ ဘယ္ေလာက္အဓိပၸာယ္ရွိလဲဆိုတာ ကၽြန္ေတာ္တို႔ သိခဲ့ပါတယ္။ ကၽြန္ေတာ္တို႔အတြက္လည္း ဘယ္ေလာက္အဓိပၸာယ္ရွိလဲဆိုတာ သိခဲ့ပါတယ္။ ၃ ပြဲဆက္တိုက္ အနိုင္ရရွိၿပီး အနိုင္အဟုန္ကို တည္ေဆာက္နိုင္တာက ကၽြန္ေတာ္တို႔အတြက္ တကယ္ကို ေကာင္းမြန္ပါတယ္”

“ကၽြန္ေတာ္တို႔ အသင္းစိတ္ဓာတ္ပိုမိုရရွိလာၿပီး အစုအဖြဲ႕အျဖစ္ ပိုမိုနီးကပ္လာပါတယ္။ အဲဒီေတာ့ အရာအားလုံးက ေကာင္းမြန္ေနတဲ့ပုံပါပဲ”

“ကၽြန္ေတာ္တို႔ တခ်ိန္လုံး ဒီလို ကစားနိုင္မယ္ဆိုရင္ ဒီရာသီမွာ ေကာင္းေကာင္းလုပ္နိုင္မယ့္ အခြင့္အေရး အားေကာင္းလာၿပီး ဆုဖလားအခ်ိဳ႕ကို အနိုင္ရနိုင္ပါတယ္။ ဒါက ပြဲစဥ္တစ္ပြဲပါ။ ကၽြန္ေတာ္တို႔ ေနာက္လာမယ့္အပတ္နဲ႔ ေနာက္လာမယ့္အပတ္အပတ္ေတြမွာ ေနာက္ထပ္တစ္ႀကိမ္ ထပ္လုပ္ျပရမွာပါ”

“ကၽြန္ေတာ္တို႔ အမ်ားႀကီး ေကာင္းမြန္တဲ့ အေျခအေနမွာ ရွိေနေပမယ့္ ဂိုးေတြ ပိုသြင္းယူနိုင္ဖို႔ လိုအပ္ပါတယ္။ မေန႔က ကၽြန္ေတာ္တို႔ အမ်ားႀကီးပိုၿပီး ဂိုးသြင္းေကာင္းခဲ့တယ္။ အဲဒီအတြက္ ကၽြန္ေတာ္တို႔ ေပ်ာ္ရႊင္ေပမယ့္ အဲဒါကို ပုံမွန္ေလး လုပ္နိုင္ဖို႔ လိုပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.