Premier League UCL&UEL

မက်ဆီတို့ တိုက်စစ်အတွဲကို ထိုင်ကြည့်နေရုံပဲတတ်နိုင်တယ်လို့ ဂွါဒီယိုလာ ဝန်ခံ

မန်ချက်စတာစီးတီးအသင်းနည်းပြ ပက် ဂွါဒီယိုလာက ပီအက်စ်ဂျီအသင်းရဲ့ နေမာ၊ အမ်ဘာပေနဲ့ လီယွန်နယ် မက်ဆီတို့ တိုက်စစ် ၃ ဦးအတွဲကို ဘယ်လို တားဆီးသွားမှာလဲလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ အရိုးရှင်းဆုံးအဖြေကို ပြန်ပေးသွားခဲ့ပါတယ်။

ကမ္ဘာ့အဆင့်တိုက်စစ်မှူး ၃ ဦးဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူးတွေက အသင်းကို ပြဿနာမပေးနိုင်အောင် အသင်းလိုက်အားထုတ်မှုနဲ့ ကာကွယ်ဖို့ လိုအပ်မှာဖြစ်ပြီး ဂွါဒီယိုလာကတော့ ဘယ်လို ကာကွယ်ရမလဲမသိဘူးလို့သာ ပြုံးပြီး ပြန်ဖြေသွားခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ နေမာနဲ့ အမ်ဘာပေတို့ကို လှုပ်မရအောင် ကောင်းကောင်း ထိန်းသိမ်းထားနိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းက ယခုနွေရာသီမှာ လီယွန်နယ် မက်ဆီကို ခေါ်ယူခဲ့ပြီးကတည်းက တိုက်စစ်က ပိုမိုအင်အားကြီးမားလာခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာက ပီအက်စ်ဂျီ တိုက်စစ်မှူး ၃ ဦးကို ချီးကျူးစကားပြောကြားခဲ့ပြီး ၎င်းတို့ကို တားဆီးဖို့အတွက် ကစားသမားတွေကို အလုပ်လုပ်ကြဖို့ စိန်ခေါ်ခဲ့ပါတယ်။

“ဒီလို အရည်အသွေးပမာဏနဲ့ သူတို့ကို ဘယ်လို ရပ်တန့်ရမလဲဆိုတာ ကျွန်တော် မသိပါဘူး။ သူတို့တွေက အရမ်းကောင်းတယ်။ သူတို့အားလုံး ပေါင်းထားတဲ့ ပါရမီကို ထိန်းချုပ်ဖို့ဆိုတာက အရမ်းခက်ပါတယ်။ ကျွန်တော်တို့ ဘောလုံးမပါဘဲ ကောင်းကောင်းခုခံဖို့ ကြိုးပမ်းရမှာဖြစ်ပြီး ကျွန်တော်တို့ ဘောလုံးရတဲ့အချိန်မှပဲ သူတို့ကို ပြေးလွှားခွင့်ပေးရမှာပါ။ အဲဒါက ကျွန်တော်တို့ လုပ်ရမယ့်ဟာပဲ”

“သူတို့က သူမတူ ထူးခြားတဲ့ ကစားသမားတွေဖြစ်ပြီး အားလုံးကလည်း အဲဒါကို သိကြပါတယ်။ သူတို့အားလုံးက အရမ်းကောငး်ပါတယ်။ တစ်ဦးချင်းလည်း ကစားနိုင်ပြီး သူတို့တွေ စုပေါင်းချိတ်ဆက်ပြီးလည်း ကစားနိုင်ပါတယ်”

ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအသင်းကို ၂ ကြိမ်အနိုင်ရရှိခဲ့ပေမယ့်လည်း ယခုရာသီမှာတော့ လုံးဝကို မတူညီတဲ့ အခြေအနေဖြစ်လိမ့်မယ်လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

“ခံစားမိတာက သူတို့ကို ရှုံးထွက်အဆင့်မှာ ကျွန်တော်တို့ အနိုင်ယူမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ အဲဒါက ယုံကြည်ချက်ရှိတာ မဟုတ်ပါဘူး။ ဒါက ရာသီသစ်ပါ။ စိန်ခေါ်မှုအသစ်ပါ။ ခင်ဗျား ၃ ပွဲဆက်တိုက်ပွဲနိုင်နိုင်၊ ၃ ပွဲဆက်တိုက်ပဲ ရှုံးရှုံး ကျွန်တော် ဂရုမစိုက်ပါဘူး။ အရေးကြီးတာက ကျွန်တော်တို့ လွန်ခဲ့တဲ့ ၃ ရက်လောက်က ကစားခဲ့တဲ့ပွဲစဉ်က ကျွန်တော်တို့အတွက် အပေါင်းလက္ခဏာဆောင်တဲ့ အင်အားတွေအများကြီး ပေးခဲ့တယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ လွန်ခဲ့တဲ့ ၆ ရက်လောက်က ဆောက်သမ်တန်နဲ့ ကျွန်တော်တို့ သရေကျခဲ့တယ်။ ဘောလုံးက နိမ့်လိုက်၊ မြင့်လိုက် အရမ်းလျင်လျင်မြန်မြန် အရာအားလုံးပြောင်းလဲနေတဲ့အရာမျိုးပါ”

“ပီအက်စ်ဂျီနဲ့ ကစားခဲ့ပွဲစဉ်ဆိုရင်လည်း ပဲရစ်မှာ သူတို့တွေ ပထမပိုင်း ပိုပြီးကောင်းခဲ့တယ်။ ကျွန်တော်တို့က ဒုတိယပိုင်း ပိုပြီးကောင်းခဲ့တယ်။ ဒီမှာ ကျွန်တော်တို့ မျှော်လင့်ထားတာထက် ပိုကောင်းကောင်းခုခံနိုင်ခဲ့တယ်။ ပထမပိုင်းမှာ အများကြီး တောင့်ခံနိုင်ခဲ့တယ်။ ကျွန်တော်တို့ သူတို့ကို တန်ပြန်တိုက်စစ်ကနေ ဒုက္ခပေးခဲ့ပြီး အဲဒါက ကောင်းကောင်းအလုပ်ဖြစ်ခဲ့တယ်”

“သူတို့က ထူးခြားဆန်းကြယ်တဲ့အသင်းပါ။ သူတို့မှာရှိတဲ့ ကစားသမားတွေနဲ့ပတ်သက်ပြီး ကျွန်တော် ဘာပြောနိုင်လဲဆိုတော့ မားကင်ညို့စ်ရဲ့ အမာခံပရိသတ်ပါ။ ဟာကီမီနဲ့ တခြားကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ပါရီဒက်စ်၊ ဒါနီလိုတို့က ပုံစံကောင်းမှာ ရှိနေတယ်။ ဗာရက်တီကရောပဲ။ အထူးသဖြင့် တိုက်စစ်က ၃ ဦးက သူတို့လုပ်ချင်တာမှန်သမျှကို လုပ်နိုင်ပါတယ်”

“သူတို့တွေ တောင်ပံဖြန့် ကစားနိုင်တယ်။ အကျဉ်းလည်း ကစားနိုင်တယ်။ တစ်ယောက်က ဘယ်တောင်ပံထွက်ရင် မက်ဆီက ညာတောင်ပံ ဒါမှမဟုတ် အလယ်မှာ ကစားနိုင်တယ်။ အမ်ဘာပေက တောင်ပံ ဘယ် ဒါမှမဟုတ် ညာ ကစားနိုင်တယ်။ သူတို့တွေပေါင်းစပ်မှုက အရမ်းကောင်းပါတယ်။ ရပ်တန့်လို့ မရတဲ့ ပါရမီတွေပါ။ ကျွန်တော်တို့ အဲဒါကို အသင်းအဖွဲ့အနေနဲ့ တားဆီးဖို့ လုပ်ရပါမယ်။ ကျွန်တော်တို့ သူတို့မှာရှိနေတဲ့ ဒီစွမ်းရည်တွေနဲ့ ပါရမီတွေကို ရပ်တန့်ဖို့ ကစားသမားတစ်ဦးချင်းအပေါ်မှာ တစ်ဦးချင်းစီ လိုက်ဖိအားပေးလို့ မရနိုင်ပါဘူး”

“ကျွန်တော်တို့ အသင်းအဖွဲ့အနေနဲ့ အကျိုးသက်ရောက်မှုရှိဖို့၊ အတူတကွစည်းလုံးဖို့၊ တစ်ဦးနဲ့တစ်ဦး ကူညီဖို့ မလုပ်နိုင်ရင် ကျွန်တော်တို့ ခံစားသွားရမယ်ဆိုတာ သိပါတယ်။ ကျွန်တော်တို့ နာကျင်ရပါလိမ့်မယ်။ နာကျင်မှုကို အဲဒီလိုအခိုက်အတံ့မှာ ခင်ဗျား ဘယ်လိုကိုင်တွယ်မလဲ။ သူတို့တွေက အရမ်းကောင်းပြီး ဒီလိုမျိုး အသင်းတွေက ခင်ဗျားကို မိနစ် ၉၀ စလုံး ခံစားနေရအောင် လုပ်နိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာစီးတီးအသင္းနည္းၿပ ပက္ ဂြါဒီယိုလာက ပီအက္စ္ဂ်ီအသင္းရဲ့ ေနမာ၊ အမ္ဘာေပနဲ႔ လီယြန္နယ္ မက္ဆီတို႔ တိုက္စစ္ ၃ ဦးအတြဲကို ဘယ္လို တားဆီးသြားမွာလဲလို႔ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ အရိုးရွင္းဆုံးအေျဖကို ျပန္ေပးသြားခဲ့ပါတယ္။

ကမၻာ့အဆင့္တိုက္စစ္မႉး ၃ ဦးျဖစ္တဲ့ ပီအက္စ္ဂ်ီအသင္းရဲ့ တိုက္စစ္မႉးေတြက အသင္းကို ျပႆနာမေပးနိုင္ေအာင္ အသင္းလိုက္အားထုတ္မႈနဲ႔ ကာကြယ္ဖို႔ လိုအပ္မွာျဖစ္ၿပီး ဂြါဒီယိုလာကေတာ့ ဘယ္လို ကာကြယ္ရမလဲမသိဘူးလို႔သာ ျပဳံးၿပီး ျပန္ေျဖသြားခဲ့တာျဖစ္ပါတယ္။

မန္စီးတီးဟာ ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္အဆင့္မွာ ေနမာနဲ႔ အမ္ဘာေပတို႔ကို လႈပ္မရေအာင္ ေကာင္းေကာင္း ထိန္းသိမ္းထားနိုင္ခဲ့ေပမယ့္ ပီအက္စ္ဂ်ီအသင္းက ယခုေႏြရာသီမွာ လီယြန္နယ္ မက္ဆီကို ေခၚယူခဲ့ၿပီးကတည္းက တိုက္စစ္က ပိုမိုအင္အားႀကီးမားလာခဲ့တာျဖစ္ပါတယ္။ ဂြါဒီယိုလာက ပီအက္စ္ဂ်ီ တိုက္စစ္မႉး ၃ ဦးကို ခ်ီးက်ဴးစကားေျပာၾကားခဲ့ၿပီး ၎တို႔ကို တားဆီးဖို႔အတြက္ ကစားသမားေတြကို အလုပ္လုပ္ၾကဖို႔ စိန္ေခၚခဲ့ပါတယ္။

“ဒီလို အရည္အေသြးပမာဏနဲ႔ သူတို႔ကို ဘယ္လို ရပ္တန႔္ရမလဲဆိုတာ ကၽြန္ေတာ္ မသိပါဘူး။ သူတို႔ေတြက အရမ္းေကာင္းတယ္။ သူတို႔အားလုံး ေပါင္းထားတဲ့ ပါရမီကို ထိန္းခ်ဳပ္ဖို႔ဆိုတာက အရမ္းခက္ပါတယ္။ ကၽြန္ေတာ္တို႔ ေဘာလုံးမပါဘဲ ေကာင္းေကာင္းခုခံဖို႔ ႀကိဳးပမ္းရမွာျဖစ္ၿပီး ကၽြန္ေတာ္တို႔ ေဘာလုံးရတဲ့အခ်ိန္မွပဲ သူတို႔ကို ေျပးလႊားခြင့္ေပးရမွာပါ။ အဲဒါက ကၽြန္ေတာ္တို႔ လုပ္ရမယ့္ဟာပဲ”

“သူတို႔က သူမတူ ထူးျခားတဲ့ ကစားသမားေတြျဖစ္ၿပီး အားလုံးကလည္း အဲဒါကို သိၾကပါတယ္။ သူတို႔အားလုံးက အရမ္းေကာငး္ပါတယ္။ တစ္ဦးခ်င္းလည္း ကစားနိုင္ၿပီး သူတို႔ေတြ စုေပါင္းခ်ိတ္ဆက္ၿပီးလည္း ကစားနိုင္ပါတယ္”

ၿပီးခဲ့တဲ့ရာသီက ပီအက္စ္ဂ်ီအသင္းကို ၂ ႀကိမ္အနိုင္ရရွိခဲ့ေပမယ့္လည္း ယခုရာသီမွာေတာ့ လုံးဝကို မတူညီတဲ့ အေျခအေနျဖစ္လိမ့္မယ္လို႔ ဂြါဒီယိုလာက ေျပာၾကားခဲ့ပါတယ္။

“ခံစားမိတာက သူတို႔ကို ရႈံးထြက္အဆင့္မွာ ကၽြန္ေတာ္တို႔ အနိုင္ယူမယ္ဆိုတာမ်ိဳး မဟုတ္ပါဘူး။ အဲဒါက ယုံၾကည္ခ်က္ရွိတာ မဟုတ္ပါဘူး။ ဒါက ရာသီသစ္ပါ။ စိန္ေခၚမႈအသစ္ပါ။ ခင္ဗ်ား ၃ ပြဲဆက္တိုက္ပြဲနိုင္နိုင္၊ ၃ ပြဲဆက္တိုက္ပဲ ရႈံးရႈံး ကၽြန္ေတာ္ ဂ႐ုမစိုက္ပါဘူး။ အေရးႀကီးတာက ကၽြန္ေတာ္တို႔ လြန္ခဲ့တဲ့ ၃ ရက္ေလာက္က ကစားခဲ့တဲ့ပြဲစဥ္က ကၽြန္ေတာ္တို႔အတြက္ အေပါင္းလကၡဏာေဆာင္တဲ့ အင္အားေတြအမ်ားႀကီး ေပးခဲ့တယ္။ ဒါေပမယ့္ တစ္ခ်ိန္တည္းမွာပဲ လြန္ခဲ့တဲ့ ၆ ရက္ေလာက္က ေဆာက္သမ္တန္နဲ႔ ကၽြန္ေတာ္တို႔ သေရက်ခဲ့တယ္။ ေဘာလုံးက နိမ့္လိုက္၊ ျမင့္လိုက္ အရမ္းလ်င္လ်င္ျမန္ျမန္ အရာအားလုံးေျပာင္းလဲေနတဲ့အရာမ်ိဳးပါ”

“ပီအက္စ္ဂ်ီနဲ႔ ကစားခဲ့ပြဲစဥ္ဆိုရင္လည္း ပဲရစ္မွာ သူတို႔ေတြ ပထမပိုင္း ပိုၿပီးေကာင္းခဲ့တယ္။ ကၽြန္ေတာ္တို႔က ဒုတိယပိုင္း ပိုၿပီးေကာင္းခဲ့တယ္။ ဒီမွာ ကၽြန္ေတာ္တို႔ ေမၽွာ္လင့္ထားတာထက္ ပိုေကာင္းေကာင္းခုခံနိုင္ခဲ့တယ္။ ပထမပိုင္းမွာ အမ်ားႀကီး ေတာင့္ခံနိုင္ခဲ့တယ္။ ကၽြန္ေတာ္တို႔ သူတို႔ကို တန္ျပန္တိုက္စစ္ကေန ဒုကၡေပးခဲ့ၿပီး အဲဒါက ေကာင္းေကာင္းအလုပ္ျဖစ္ခဲ့တယ္”

“သူတို႔က ထူးျခားဆန္းၾကယ္တဲ့အသင္းပါ။ သူတို႔မွာရွိတဲ့ ကစားသမားေတြနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္ ဘာေျပာနိုင္လဲဆိုေတာ့ မားကင္ညိဳ႕စ္ရဲ့ အမာခံပရိသတ္ပါ။ ဟာကီမီနဲ႔ တျခားကြင္းလယ္ကစားသမားေတြျဖစ္တဲ့ ပါရီဒက္စ္၊ ဒါနီလိုတို႔က ပုံစံေကာင္းမွာ ရွိေနတယ္။ ဗာရက္တီကေရာပဲ။ အထူးသျဖင့္ တိုက္စစ္က ၃ ဦးက သူတို႔လုပ္ခ်င္တာမွန္သမၽွကို လုပ္နိုင္ပါတယ္”

“သူတို႔ေတြ ေတာင္ပံျဖန႔္ ကစားနိုင္တယ္။ အက်ဥ္းလည္း ကစားနိုင္တယ္။ တစ္ေယာက္က ဘယ္ေတာင္ပံထြက္ရင္ မက္ဆီက ညာေတာင္ပံ ဒါမွမဟုတ္ အလယ္မွာ ကစားနိုင္တယ္။ အမ္ဘာေပက ေတာင္ပံ ဘယ္ ဒါမွမဟုတ္ ညာ ကစားနိုင္တယ္။ သူတို႔ေတြေပါင္းစပ္မႈက အရမ္းေကာင္းပါတယ္။ ရပ္တန႔္လို႔ မရတဲ့ ပါရမီေတြပါ။ ကၽြန္ေတာ္တို႔ အဲဒါကို အသင္းအဖြဲ႕အေနနဲ႔ တားဆီးဖို႔ လုပ္ရပါမယ္။ ကၽြန္ေတာ္တို႔ သူတို႔မွာရွိေနတဲ့ ဒီစြမ္းရည္ေတြနဲ႔ ပါရမီေတြကို ရပ္တန႔္ဖို႔ ကစားသမားတစ္ဦးခ်င္းအေပၚမွာ တစ္ဦးခ်င္းစီ လိုက္ဖိအားေပးလို႔ မရနိုင္ပါဘူး”

“ကၽြန္ေတာ္တို႔ အသင္းအဖြဲ႕အေနနဲ႔ အက်ိဳးသက္ေရာက္မႈရွိဖို႔၊ အတူတကြစည္းလုံးဖို႔၊ တစ္ဦးနဲ႔တစ္ဦး ကူညီဖို႔ မလုပ္နိုင္ရင္ ကၽြန္ေတာ္တို႔ ခံစားသြားရမယ္ဆိုတာ သိပါတယ္။ ကၽြန္ေတာ္တို႔ နာက်င္ရပါလိမ့္မယ္။ နာက်င္မႈကို အဲဒီလိုအခိုက္အတံ့မွာ ခင္ဗ်ား ဘယ္လိုကိုင္တြယ္မလဲ။ သူတို႔ေတြက အရမ္းေကာင္းၿပီး ဒီလိုမ်ိဳး အသင္းေတြက ခင္ဗ်ားကို မိနစ္ ၉၀ စလုံး ခံစားေနရေအာင္ လုပ္နိုင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.