Premier League

ျပန္လည္စတင္ရတာ ေကာင္းမြန္ေၾကာင္း ေျပာလိုက္တဲ့ ယူႏိုက္တက္ကပၸတိန္ မက္ဂြဳိင္းယား

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြဳိင္းယားက သူတုိ႔အေနနဲ႔ ႏွစ္လအၾကာမွာ ပထမဆုံး ထရိန္နင္ ျပန္လည္ဆင္းတာျဖစ္ေပမယ့္ ဒီလို လုပ္ေဆာင္ခြင့္ရတဲ့ အေနအထားက ေကာင္းမြန္တဲ့ စတင္မွဳတစ္ခုလို႔ပဲ ခံစားရတယ္လို႔ ေျပာၾကားလုိက္ပါတယ္။

တခ်ဳိ႕အသင္းေတြရဲ႕ ကို႐ိုနာဗိုင္းရပ္စ္ စစ္ေဆးမွဳေတြမွာ ေပါ့စစ္တစ္ေတြ ေတြ႕ေနေပမယ့္ မက္ဂြဳိင္းယားကေတာ့ သူ႕အေနနဲ႔ အသင္းရဲ႕ ေလ့က်င့္ေရးကြင္းကို လာေရာက္ရတာဟာ လုံၿခဳံစိတ္ခ်ရတဲ့ အေနအထားမွာ ရွိတယ္လို႔လည္း ဆုိလုိက္ၿပီး ယူႏုိက္တက္ရဲ႕ ျပင္ဆင္ထားမွဳေတြကိုလည္း ေက်နပ္ေၾကာင္း ဆုိပါတယ္။

“ၿပီးခဲ့တဲ့ လအနည္းငယ္ကေတာ့ ေတာ္ေတာ္ေလး ထူးထူးဆန္းဆန္းျဖစ္ေနတာေပါ့ဗ်ာ။ ဒါေပမယ့္ သေဘာတူညီမွဳအားလုံးနဲ႔ က်န္းမာေရးဆုိင္ရာ သတိေပးခ်က္ေတြအားလုံးကို လုိက္နာလုပ္ေဆာင္ေနၾကခ်ိန္မွာ အားလုံး ေဘးကင္းၾကလိမ့္မယ္လုိ႔ ယူဆပါတယ္”လို႔ အသက္ ၂၇ ႏွစ္အရြယ္ ေနာက္ခံလူက ဆုိပါတယ္။

“အခု ကၽြန္ေတာ္တုိ႔ ပထမဆုံးေန႔ေပါ့ဗ်ာ။ အေျခအေနေတြက လုံျခံဳစိတ္ခ်ရတယ္ထင္ပါတယ္။ အားလုံးကလည္း စည္းမ်ဥ္းစည္းကမ္းေတြကို ေလးေလးစားစား လုိက္နာၾကၿပီး ဒီပုံစံအတုိင္း ဆက္သြားႏုိင္မယ္ဆုိရင္ ဘာျပႆနာမွ ရွိလာမွာ မဟုတ္ဘူးလို႔ ကၽြန္ေတာ္ကေတာ့ ေသေသခ်ာခ်ာ ယုံၾကည္ေနပါတယ္”လုိ႔ မက္ဂြဳိင္းယားက ေျပာပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားတုိ႔အေနနဲ႔ အသင္းရဲ႕ ကစားသမားေတြကို အုပ္စု ၅ စုအျဖစ္ ခြဲထုတ္ၿပီး ေလ့က်င့္ခန္းဆင္းေနၾကရသလို နည္းျပတစ္ဦးကိုလည္း မိနစ္ ၃၀ စီပဲ ေလ့က်င့္ေစတယ္လို႔ သိရၿပီး မက္ဂြဳိင္းယားကေတာ့ ဒါဟာ ေကာင္းမြန္တဲ့ ပထမဆုံးေျခလွမ္းျဖစ္တယ္လုိ႔ ေျပာၾကားသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားက သူတို့အနေနဲ့ နှစ်လအကြာမှာ ပထမဆုံး ထရိန်နင် ပြန်လည်ဆင်းတာဖြစ်ပေမယ့် ဒီလို လုပ်ဆောင်ခွင့်ရတဲ့ အနေအထားက ကောင်းမွန်တဲ့ စတင်မှုတစ်ခုလို့ပဲ ခံစားရတယ်လို့ ပြောကြားလိုက်ပါတယ်။

တချို့အသင်းတွေရဲ့ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုတွေမှာ ပေါ့စစ်တစ်တွေ တွေ့နေပေမယ့် မက်ဂွိုင်းယားကတော့ သူ့အနေနဲ့ အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို လာရောက်ရတာဟာ လုံခြုံစိတ်ချရတဲ့ အနေအထားမှာ ရှိတယ်လို့လည်း ဆိုလိုက်ပြီး ယူနိုက်တက်ရဲ့ ပြင်ဆင်ထားမှုတွေကိုလည်း ကျေနပ်ကြောင်း ဆိုပါတယ်။

“ပြီးခဲ့တဲ့ လအနည်းငယ်ကတော့ တော်တော်လေး ထူးထူးဆန်းဆန်းဖြစ်နေတာပေါ့ဗျာ။ ဒါပေမယ့် သဘောတူညီမှုအားလုံးနဲ့ ကျန်းမာရေးဆိုင်ရာ သတိပေးချက်တွေအားလုံးကို လိုက်နာလုပ်ဆောင်နေကြချိန်မှာ အားလုံး ဘေးကင်းကြလိမ့်မယ်လို့ ယူဆပါတယ်”လို့ အသက် ၂၇ နှစ်အရွယ် နောက်ခံလူက ဆိုပါတယ်။

“အခု ကျွန်တော်တို့ ပထမဆုံးနေ့ပေါ့ဗျာ။ အခြေအနေတွေက လုံခြုံစိတ်ချရတယ်ထင်ပါတယ်။ အားလုံးကလည်း စည်းမျဉ်းစည်းကမ်းတွေကို လေးလေးစားစား လိုက်နာကြပြီး ဒီပုံစံအတိုင်း ဆက်သွားနိုင်မယ်ဆိုရင် ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူးလို့ ကျွန်တော်ကတော့ သေသေချာချာ ယုံကြည်နေပါတယ်”လို့ မက်ဂွိုင်းယားက ပြောပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားတို့အနေနဲ့ အသင်းရဲ့ ကစားသမားတွေကို အုပ်စု ၅ စုအဖြစ် ခွဲထုတ်ပြီး လေ့ကျင့်ခန်းဆင်းနေကြရသလို နည်းပြတစ်ဦးကိုလည်း မိနစ် ၃၀ စီပဲ လေ့ကျင့်စေတယ်လို့ သိရပြီး မက်ဂွိုင်းယားကတော့ ဒါဟာ ကောင်းမွန်တဲ့ ပထမဆုံးခြေလှမ်းဖြစ်တယ်လို့ ပြောကြားသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.